LNCrawler

Part : 8 [ U & Z ]

Apologize , My Baby'S Father ( Complete ) — www.wattpad.com · All chapters

Part : 8 [ U & Z ]

Uni❤️

ပထမရက် ဒုတိယရက်ပြီးသွားသည့်တိုင်ရှောင်းကျန့်တစ်ယောက်သတိမထားမိခဲ့ဘူး ။ သုံးရက်မြောက်နေ့မှာတော့နည်းနည်းသတိထားမိလာခဲ့တယ် ဒါပေမဲ့စိတ်အထင်ဆိုပြီးဖာသိဖာသာပဲနေခဲ့သည် ။ အခုတစ်ပတ်တင်းတင်းပြည့်မှလုံးဝကိုသေချာသွားခဲ့ပြီ ကိုငယ်ကသူ့ကိုရှောင်နေတာ ။

ဘာအတွက်လဲ ?
ဘာအတွက်သူကရှောင်ရတာတဲ့လဲ ?
သူစွတ်စွဲတာခံရတဲ့သူဟာကိုယ်မလား ?
သူအတင်းနမ်းတာကိုခံခဲ့ရတာကိုယ်မလား ?
အရင်းနှီးဆုံးလူတစ်ယောက်ရဲ့မယုံကြည်တာခံရတာကိုယ်မလား ?

ဒါတောင်သူ့ဘက်ကဘာတွေနစ်နာနေလို့ရှောင်နေရတာတဲ့လဲ .. ကိုယ့်အပေါ်တမင်ဖြစ်စေမတော်တဆဖြစ်စေကျူးလွန်မိခဲ့တဲ့အမှားတွေကိုသိလို့ မဝံ့မရဲဖြစ်လို့ရှောင်နေတာလား ?

သူလား အဲ့လိုမျိုးမဝံ့မရဲဖြစ်မှာ !

ကိုကြီးကကုပ္မဏီမှာဖြစ်တဲ့ပြဿနာကတော်တော်ကြီးလို့လားတော့မသိဘူး ဂျပန်ကိုအရေးတကြီးသွားတာ တစ်ပတ်တောင်ပြည့်တော့မယ် ။ အဲ့ကတည်းကကိုငယ်ကနေ့တိုင်း ညနေမိုးချုပ်ခြောက်ခွဲခုနှစ်နာရီလောက်မှအိမ်ပြန်လာတတ်တယ် ။

ညဆိုထမင်းလည်းဆင်းမစားဘူး ကြီးကြီးကိုတော့စီနီယာယူဘင့်အိမ်မှာစားလာကြောင်း မစားဘူးငြင်းလည်းအတင်းထိုးကျွေးလို့အားနာလို့စားခဲ့ရကြောင်း စာလုပ်နေလို့နေ့တိုင်းနောက်ကျကြောင်းပြောပြသည်တဲ့ ။

ကိုယ်လည်းဟုတ်ကဲ့လို့သာပြန်ဖြေလိုက်ပါတယ် ကိုငယ်ကသူတစ်ပါးကိုလုံးဝအားမနာတတ်တဲ့သူဆိုတာကိုတော့ ကျွန်တော်မပြောလည်းငယ်ငယ်ကတည်းကအတူတူနေလာတဲ့ကြီးကြီးကပိုသိမှာပေါ့လို့တော့ပြောမနေချင်တော့ဘူး ။

ဒီညတော့သေချာရှင်းအောင်မေးမှဖြစ်တော့မည် ။

ရိပေါ်တစ်ယောက်ရေချိုးပြီးရေချိုးခန်းထဲကထွက်လာစဉ်သူ့ကုတင်ပေါ်မှာငုတ်တုတ်ထိုင်နေတဲ့ရှောင်းကျန့်ကိုမြင်တော့အနည်းငယ်လန့်သွားသယောင်ဖြစ်သည် ။

" ဘာဝင်လုပ်နေတာလဲကိုငယ့်အခန်းထဲ "

" ကိုငယ်နဲ့စာရင်းရှင်းစရာရှိလို့ "

" ဘာစာရင်းလဲ "

" ကျွန်တော့်ကိုဘာလို့ရှောင်နေတာလဲသိချင်တယ် "

" ဘာလို့အဲ့လိုထင်ရတာလဲ အငယ့်ကိုရှောင်နေတယ်လို့ "

" အဲ့တာတော့ကာယကံရှင်ဖြစ်တဲ့ကိုငယ်ကအသိဆုံးနေမှာပေါ့ "

ရိပေါ်လည်းကုတင်ထက်ကအကောင်ပေါက်ကိုလျစ်လျှူရှုကာဗီရိုထဲကညအိပ်ဝတ်စုံတစ်စုံထုတ်ကာသူ့ရှေ့တင်ပဲလဲလိုက်သည် ။ သူမကြည့်ချင်ရင်ဟိုဘက်လှည့်နေလိမ့်မယ် ဒါကိုယ့်အခန်းပဲလွတ်လွတ်လပ်လပ်နေတာမှားသလား ။

" ကိုငယ်မသိချင်ယောင်မဆောင်နဲ့ ဖြေ "

" အငယ်ဘာကိုကြည့်ပြီးအထင်လွဲနေသလဲတော့ကိုငယ်မသိဘူး ကိုငယ်သိတာတစ်ခုကတော့ကိုငယ်နေတတ်သလိုနေနေတာပဲအငယ့်ကိုရှောင်နေတယ်ဆိုတာတော့မဟုတ်ဘူး "

အေးပေါ့ သူခိုးကတော့ခိုးတယ်ပြောမလား !
မဖြေချင်လည်းမမေးရုံပေါ့ သိရတော့ရောဘာအဖက်တင်မှာမလို့လဲ !

" မဟုတ်ရင်လည်းပြီးသာပါပဲ "

ရှောင်းကျန့်လည်း အိပ်ချင်ယောင်ဆောင်နေတဲ့သူကိုမနှိုးချင်တော့တာနဲ့ကိုယ့်အခန်းကိုသာပြန်လာခဲ့လိုက်သည် ။

ခနကြာတော့ကြီးကြီးကတံခါးလာခေါက်လို့ဖွင့်ပေးလိုက်တော့ ကိုကြီးအခုလေယာဉ်စိုက်ပြီမလို့ဒရိုင်ဘာဦးလေး ဦးလေးမုသွားကြိုမှာမလို့ လိုက်မလားတဲ့ ။

အပေါ်ထည်လေးဝတ်ပြီးတော့ရပ်ထားတဲ့ကားထဲဝင်ထိုင်လိုက်တော့ဘေးမှာကိုငယ်ကထိုင်နေသည် ။ အေးပေါ့ သူလည်းလိုက်ကြိုမှာပေါ့ ။

တစ်လမ်းလုံးကားထဲမှာလေထုကအရမ်းကိုအေးစက်‌နေခဲ့ပါတယ် ။ လေဆိပ်ကိုရောက်တော့ကိုကိုကလေဆိပ်အတွင်းကဆိုင်တစ်ဆိုင်မှာထိုင်နေပြီးညစာစားနေလေသည် ။

ကိုကိုကသူတို့ကိုတွေ့တော့ထလာပြီး လာဖက်လေသည် ။ ဘေးကိုမျက်လုံးကစားကြည့်လိုက်တော့ဟိုကျက်သတုံးကောင် ဝမ်ချင်းလုံ ! အဲ့ကောင်ကဘယ်ကနေဘယ်လိုပါလာတာလဲ ။

ကိုကိုကလဲစားလို့ပြီးပြီဆိုတော့အိမ်ကိုပြန်လာကြသည် ။ အပြန်လမ်းတွင်တော့အလာတုန်းကလိုကားအတွင်းတိတ်ဆိတ်မနေတော့ဘဲ ဟိုကျက်သတုံးချင်းလုံအသံကတစ်ဆာဆာနဲ့ ။

ဦးလေးမုနဲ့ကိုကိုကရှေ့ခေါင်းခန်းမှာထိုင်ကြသည် ။ ကိုယ်ကတော့ကျက်သတုံးချင်းလုံနဲ့အငယ့်ကြားမှာထိုင်ရတာပေါ့ ။ အဲ့ကောင်ကဘယ်ကနေဘယ်လိုလမ်းမှားပြီးပါလာတာလဲမသိ ။

အသက်ကရွယ်တူပေမဲ့ကိုယ်ကအထက်တန်းနောက်ဆုံးနှစ်တတ်တုန်း အဲ့ကောင်ကတော့အထက်တန်းပြီးသွားပြီ ။ သူတို့နိုင်ငံနဲ့ကိုယ့်နိုင်ငံပညာရေးကသိပ်တူတာမဟုတ်ဘူး ။

အိမ်ပြန်ရောက်တော့ညရောက်နေပြီမလို့ ကျန့်ကျန့်နဲ့အားလုံကိုမိတ်ဆက်ပေးမနေတော့ဘူး ။ မနက်မှမိတ်ဆက်ပေးတော့မယ် ။ အားလုံကလည်းဘာမပြောညာမပြောလိုက်ချလာတာဆိုတော့အခန်းကလည်းကြိုမပြင်ရသေးတာမို့ ဝမ်လေးနဲ့သာဒီညအိပ်ခိုင်းရတော့သည် ။

××××××××××

မနက်ထမင်းဝိုင်းမှာရှောင်းကျန့်တစ်ယောက်ထဲထိုင်နေရှာသည် ။ ကိုငယ်ကလည်းဆင်းမလာသေးဘူး ကိုကြီးတို့ကလည်းညကမှခရီးကပြန်ရောက်တာဆိုတော့ထရောထနိုင်လားမသိ ။

စဉ်းစားလို့မဆုံးသေးဘူးကိုငယ်နဲ့ ညကကိုကြီးနဲ့အတူပါလာတဲ့အစ်ကိုကအပေါ်ကထက်ကအတူတူဆင်းလာကြပြီးထမင်းဝိုင်းမှာဝင်ထိုင်ကြသည် ။

လူစုံမှကြီးကြီးကလာပြောသွားသည် ။ ကိုကြီးဆင်းလာမှာမို့ခနစောင့်ကြပါတဲ့ ။ ကြီးကြီးပြောပြီးမကြာပါဘူး ကိုကြီးကအိမ်နေရင်းပေါ့ပေါ့ပါးပါးဝတ်တဲ့အဝတ်အစားပုံစံမျိုးနဲ့ထမင်းဝိုင်းမှာဝင်ထိုင်လေသည် ။

" ကဲ ကျန့်ကျန့် .. ဒါကဦးငယ်ရဲ့သား ဝမ်ချင်းလုံတဲ့ ဝမ်လေးနဲ့ရွယ်တူပဲ .. ဝမ်လေးထက်လပိုင်းလေးပဲကြီးတာ .. သူကလည်းကျန့်ကျန့်အစ်ကိုပဲ အားလုံကိုတော့ကိုလတ်လို့ခေါ်ပေါ့ "

" ဟုတ်ကဲ့ဗျ တွေ့ရတာဝမ်းသာပါတယ် "

" အင်း ကျန့်ကျန့်လေး "

" အားလုံကတော့ကျန့်ကျန့်ကိုသိပြီးသာပါ လေယာဉ်ပေါ်မှာပြောပြပြီးပြီပဲ နော့ "

" ဟုတ်ကဲ့ ကိုကို "

အားလုံကလည်းသူ့ကို ကိုကိုလို့သာခေါ်သည် ။ ငယ်ငယ်ကဆိုဝမ်လေးနဲ့အားလုံကရန်ဖြစ်နေကြ ဒါငါ့ကိုကို မင်းကိုကိုမဟုတ်ဘူးဆိုပြီး …

ချင်းလုံးရဲ့ကျန့်ကျန့်လေးဆိုတဲ့ခေါ်သံကြောင့်ရိပေါ်တစ်ယောက်အန်ချင်စိတ်တောင်ပေါက်တယ် အဲ့ဒီကောင်လိုလက်ရဲဇက်ရဲကြမ်းကြမ်းတမ်းတမ်းကောင်ကဘယ်တုန်းကနူးညံ့သွားတာတဲ့လဲ ။

မိတ်ဆက်ပေးပြီးတော့မှ ကိုငယ်နဲ့ကိုယ်ကစာမေးပွဲအရမ်းနီးနေပြီမလို့ကျောင်းပျက်လို့အဆင်မပြေတာကြောင့်ကျောင်းသွားဖို့ပြင်ပြီးမနက်စာစားလိုက်သည် ။ ကိုကြီးကတော့ဒီနေ့ကုပ္မဏီမသွားတော့ဘူးထင်ပါရဲ့ ။ ဒီကြားထဲကုပ္မဏီမှာပြဿနာအများကြီးဖြစ်သွားတာပဲ ပင်ပန်းနေရောပေါ့ ။

××××××××××

" ကျန့်ကျန့်လေး !! "

" အမလေး !!! လန့်လိုက်တာကိုလတ်ရာ .. "

" အာ .. sorry နော် ကိုယ်ကအဲ့လောက်လန့်သွားမယ်မထင်လို့ "

" အာ .. ရပါတယ်ဗျ "

သူကရုပ်တည်ကြီးနဲ့စိတ်မကောင်းသလိုလာပြောနေတော့လည်း ပြန်အားနာရသူကကျွန်တော်ပါပဲ ဒါပေမဲ့တကယ်လည်းလန့်သွားတာပဲ ။ စာမေးပွဲပြီးလို့အခုတလောအိမ်မှာသာယာနေတာပဲ အခုလည်းခြံထဲမှာဝတ္ထုဖတ်နေတာကိုလာခြောက်လို့လန့်သွားတာ ။

စာမေးပွဲလည်းပြီးပြီဆိုတော့ကိုလတ်လဲဒီမှာနေတာသုံးလနီးပါးရှိနေပြီမို့ ခင်တော့ခင်လာပါပြီ ။ သဘောလည်းကောင်းပြီးကိုယ့်အပေါ်လည်းနွေးထွေးတော့ခင်ဖို့ကအချိန်အများကြီးမလိုလိုက်ဘူး ။ အခန်းထဲမှာဂိမ်းဆော့နေတဲ့ကိုငယ်နဲ့ကွာပါ့ နှစ်တွေအကြာကြီးတစ်အိမ်ထဲနေလာတာတောင်အရမ်းမရင်းနှီးသလိုခံစားရတယ် ။ ကိုကြီးပဲအကောင်းဆုံး ။

ကိုလတ်နဲ့ကိုကြီးဂျပန်ကပြန်လာတဲ့အခေါက်ကတည်းကကိုငယ်သူ့ကိုရှောင်နေတာကအခုထိပဲ ဘယ်လောက်တောင်ကြာနေပြီလဲ ။ တမင်ရှောင်နေမှန်းသိသာပေမဲ့အဲ့တုန်းကသူ့အခန်းထဲထိသွားမေးခဲ့တာကိုသူကငြင်းတယ်လေ ။

သူကပဲမာနကြီးတတ်သလား စိတ်ကြီးတတ်သလား ။ သူကမှမခေါ်ချင်တာကိုကိုယ်ကရောခေါ်စရာလား ။ ကိုယ်ကဘာအမှားတွေများလုပ်ထားလို့သုံးလကျော် လေးလနီးပါးလောက်အထိမခေါ်နိုင်မပြောနိုင်ဖြစ်နေရတာတဲ့လဲ အမှားကသူလုပ်တာပဲမဟုတ်လား ။

" ကျန့်ကျန့်လေး စာအုပ်ကြီးကိုင်ပြီးမဖတ်ပဲဘာတွေတွေးနေတာလဲ "

" အာ .. ဇာတ်ကောင်တွေအကြောင်းပါ "

" အော် .. နေ့လည်စာစားရအောင်လာခေါ်တာ "

" ဟုတ်ကဲ့ ကိုလတ် .. သွားနှင့်ပါ ကျွန်တော်လိုက်ခဲ့ပါမယ် "

ကိုလတ်ကသူ့အပေါ်ကိုနွေးထွေးတယ်ခင်တယ်ကြင်နာတယ်ဆိုတာမကောင်းတာတော့မဟုတ်ဘူး ။ ဒါပေမဲ့တခါတလေလိုတာထက်ပိုတာမျိုးတွေတော့မကြိုက်ဘူး ။ ကိုငယ်ကျတော့လည်းအခုလေးလအတွင်းမှာကိုယ်ဆိုတာသူတို့အိမ်မှာလုံးဝမရှိတဲ့လူတစ်ယောက်လိုကိုဆက်ဆံနေတာ ။

တစ်ခါတစ်လေတော့လည်းအားငယ်မိတယ် ကိုယ်ကသူတို့အိမ်မှာဘာသွေးသားမှမတော်စပ်ဘဲနေနေရတာ အခုလိုမျိုးအိမ်ရှင်ကကိုယ့်ကိုတမင်ရှောင်နေတော့စိတ်ထဲတော့မကောင်းဘူး ။ ကိုငယ်ပြောထားဖူးသလိုသူ့ပါးစပ်ကထုတ်မပြောသရွေ့ကိုယ်ထင်တာလျှောက်မတွေးနဲ့ဆိုပေမဲ့ အခုလိုမျိုးအခြေအနေနဲ့ကတော့မတွေးမိပဲနေနိုင်ရိုးလား ။

ကိုကြီးကတော့သူတို့ဒီလိုမခေါ်မပြောဖြစ်နေတာကိုလည်းသိပုံမပေါ်ပါဘူး တစ်နေကုန်ကုပ္မဏီမှာပဲအချိန်ကုန်နေရပြီး မိသားစုနဲ့ထမင်းဝိုင်းလောက်မှာပဲဆုံတဲ့လူကသူတို့အခုလိုဖြစ်နေကြတာကိုသိမတဲ့လား ။ အခုလည်းညီအစ်ကိုသုံးယောက်တစ်ဝိုင်းတည်းမျက်နှာချင်းဆိုင်စားရအုံးမည် ။

ထမင်းဝိုင်းရောက်တော့ကိုငယ်နဲ့သူကပုံမှန်စကားမပြောဖြစ်တဲ့ပုံစံနဲ့မတူပဲရန်ဖြစ်ထားကြလို့မခေါ်တဲ့ပုံမှန်းသိသာနေတယ် ။ ရှေ့ကကိုလတ်ကလည်း ကိုငယ်နဲ့သူ့ကိုမသိမသာအကဲခတ်နေလေရဲ့ ။ ကိုယ်ကသာထမင်းထဲစိတ်မပါလို့သိတာ ကိုငယ်ကတော့ရိပ်မိပုံတော့မပုံဘူးသူ့ထမင်းသူသာစိတ်ပါလက်ပါစားနေတယ် ။

" အဟမ်း .. ရိပေါ် "

ထမင်းကိုသာအားရပါးရငုံ့စားနေတဲ့ကောင်ကို ချင်းလုံခေါ်လိုက်တော့ ဘာလဲ ဆိုတဲ့အထာနဲ့မော့ကြည့်လာသည် ။ ရွယ်တူတွေဆိုတော့တကူးတကရိုကျိုးနေဖို့မလိုမှန်းနှစ်ယောက်လုံးသိထားကြသည် ။ အကြီးတွေခေါ်သလိုချစ်စနိုးနဲ့ အားဝမ်တို့ဝမ်လေးတို့အားလုံတို့လို့လည်းအချင်းချင်းခေါ်နေစရာမလိုဘူး ။

ယောက်ျားချင်း ရွယ်တူချင်းပဲ ဝမ်ရိပေါ်တို့ ရိပေါ်တို့ ဝမ်ချင်းလုံတို့ ချင်းလုံတို့ဆိုပြီးပြီပေါ့ ။

" ငါဝယ်စရာရှိလို့ မင်းလိုက်ပို့အုံး ငါကဒီကိုသိပ်မကျွမ်းသေးဘူး‌ "

" ဒီနေ့လား "

" ထမင်းစားပြီးရင်သွားမလို့ "

" အင်း "

" ကျန့်ကျန့်လေးလိုက်မလား "

" မလိုက်တော့ဘူးကိုလတ် "

" လိုက်ခဲ့ပါ "

" ကိုလတ်တို့ပဲအေးအေးဆေးဆေးလည်ခဲ့ကြပါ "

" အင်းပါ ဘာမှာအုံးမလဲ "

" မမှာတော့ဘူး ကိုလတ် "

ဘာလဲ .. ကိုယ်ပါလို့မလိုက်တာလားသူက !
အဟွန်း ! အဲ့ဒီလိုမာနကြီးနေတာကိုကြည့်မရတာ ဟိုတစ်ခါသူ့ကိုနမ်းလိုက်ကတည်းကခါးခါးသီးသီးဖြစ်သွားတာကိုကြည့်ပြီးစိတ်မကြည်တော့တာ ။

ကိုယ်နမ်းတာကသူ့အတွက် …
တောက်စ် !! တွေးလေဒေါသထွက်လေမလို့ပြန်ကိုမတွေးချင်ဘူး ။

" ဦးမုရောရှိလား ရိပေါ် "

" မရှိလဲငါ့မှာဆိုင်ကယ်ရှိတယ် "

အစကကိုယ်နဲ့မဆိုင်သလိုနေပေမဲ့ဆိုင်ကယ်ဆိုတဲ့အသံလည်းကြားရောရှောင်းကျန့် ဝမ်ရိပေါ်ဆီအကြည့်တစ်ချက်ပို့မိသည် ။ ဘာအရသာမှန်းတောင်မသိပဲစိတ်မပါလက်မပါထိုင်စားနေတဲ့ထမင်းတောင်နင်ချင်သွားလို့ရေတစ်ငုံမော့လိုက်ရသေးသည် ။

အသက်တောင်မပြည့်သေးပဲနဲ့သူကဆိုင်ကယ်ကိုတအားစီးချင်နေတယ်ပေါ့ ။ တစ်ခုခုဖြစ်မှာမကြောက်ဘူးတဲ့လား လိုင်စင်အစစ်ခံရမှာမကြောက်ဘူးတဲ့လားသူက ။ သူလုပ်ချင်ရင်ဇွတ် အဲ့တာတွေအမြင်ကတ်ချင်တာ ။

ဦးမုမရှိလည်းချင်းလုံကိုဆိုင်ကယ်နဲ့လိုက်ပို့ဖို့တကယ်ဆုံးဖြတ်ပြီးသား .. ကိုယ့်ဘက်ကရှောင်နေလို့ ကိုယ့်ကိုလည်းတကယ်လာမခေါ်တဲ့အငယ်က ဆိုင်ကယ်ဆိုတဲ့အသံလည်းကြားရောလူကိုလာကြည့်လေသည် ။ သိသားပဲ .. တမင်မသိချင်ယောင်ဆောင်နေတာ ။

ထမင်းစားနေတာကလဲစိတ်မပါလက်မပါနဲ့ .. မစားချင်ရင်လည်းဆာတဲ့အချိန်မှထစားပေါ့ အိမ်မှာကိုကိုလည်းရှိတာမဟုတ် သူတို့သုံးယောက်ထဲကို ဘာကျင့်ဝတ်တွေလာနားလည်ပြနေတာတဲ့လဲ မစားချင်တာကိုဘယ်သူကရိုက်ကျွေးနေလို့တဲ့လဲ  ။ ရှောင်းကျန့်ကတကယ်ဘာမှန်းကိုမသိ …

" လိုင်စင်မရှိသေးဘူးမလားမင်းမှာ "

" အင်း "

" ကိုကို့ကိုဖုန်းဆက်ပြီးဦးမုကိုပြန်လာခိုင်းလိုက်မယ် လိုင်စင်စစ်ရင်မင်းဒုက္ခရောက်လိမ့်မယ် "

" အေး သဘောကွာ "

" အဲ့တာဆိုဖုန်းဆက်ရင်းအဝတ်လဲလိုက်တော့မယ် ထမင်းတော်ပြီ "

ချင်းလုံထမင်းဝိုင်းကထသွားတော့သူတို့နှစ်ယောက်ပဲကျန်ခဲ့သည် ။ ရုတ်တရက်နှစ်ယောက်လုံးကပြိုင်တူထရပ်လိုက်ကြသည် ။ နှစ်ယောက်တည်းမို့အနေကျပ်တယ်ဆိုတဲ့အတွေးကနှစ်ယောက်လုံးမှာတွေးမိသွားတယ်ထင်ပါရဲ့ ။

ထမင်းဝိုင်းကထလာပြီးရှောင်းကျန့်လည်းကိုယ့်အခန်းထဲကိုယ်ဝင်ပြီးနားလိုက်သည် ။ ကိုငယ်တို့ကတော့အပြင်သွားဖို့ပြင်ဆင်နေကြသည်ထင်ပါ့ ။ အောက်မှာကားရပ်သံကြားလိုက်တယ် ဦးမုလည်းရောက်ပြီထင်တယ် ။

ထမင်းစားပြီးဗိုက်ကလေးလာပြီးမျက်လုံးကလည်းစင်းလာတာမို့အိပ်ပျော်သွားသည် ။ ကိုငယ်တို့သွားပြီလားဆိုတာတောင်မသိလိုက် ။

#############

Zawgyi❤️

ပထမရက္ ဒုတိယရက္ၿပီးသြားသၫ့္တိုင္ေရွာင္းက်န႔္တစ္ေယာက္သတိမထားမိခဲ့ဘူး ။ သံုးရက္ေျမာက္ေန့မွာေတာ့နည္းနည္းသတိထားမိလာခဲ့တယ္ ဒါေပမဲ့စိတ္အထင္ဆိုၿပီးဖာသိဖာသာပဲေနခဲ့သည္ ။ အခုတစ္ပတ္တင္းတင္းျပၫ့္မွလံုးဝကိုေသခ်ာသြားခဲ့ၿပီ ကိုငယ္ကသူ႔ကိုေရွာင္ေနတာ ။

ဘာအတြက္လဲ ?
ဘာအတြက္သူကေရွာင္ရတာတဲ့လဲ ?
သူစြတ္စြဲတာခံရတဲ့သူဟာကိုယ္မလား ?
သူအတင္းနမ္းတာကိုခံခဲ့ရတာကိုယ္မလား ?
အရင္းႏွီးဆံုးလူတစ္ေယာက္ရဲ့မယံုၾကည္တာခံရတာကိုယ္မလား ?

ဒါေတာင္သူ႔ဘက္ကဘာေတြနစ္နာေနလို႔ေရွာင္ေနရတာတဲ့လဲ .. ကိုယ့္အေပၚတမင္ျဖစ္ေစမေတာ္တဆျဖစ္ေစက်ူးလြန္မိခဲ့တဲ့အမွားေတြကိုသိလို႔ မဝံ့မရဲျဖစ္လို႔ေရွာင္ေနတာလား ?

သူလား အဲ့လိုမ်ိဳးမဝံ့မရဲျဖစ္မွာ !

ကိုႀကီးကကုပၼဏီမွာျဖစ္တဲ့ျပႆနာကေတာ္ေတာ္ႀကီးလို႔လားေတာ့မသိဘူး ဂ်ပန္ကိုအေရးတႀကီးသြားတာ တစ္ပတ္ေတာင္ျပၫ့္ေတာ့မယ္ ။ အဲ့ကတည္းကကိုငယ္ကေန့တိုင္း ညေနမိုးခ်ဳပ္ေျခာက္ခြဲခုႏွစ္နာရီေလာက္မွအိမ္ျပန္လာတတ္တယ္ ။

ညဆိုထမင္းလည္းဆင္းမစားဘူး ႀကီးႀကီးကိုေတာ့စီနီယာယူဘင့္အိမ္မွာစားလာေၾကာင္း မစားဘူးျငင္းလည္းအတင္းထိုးေကြၽးလို႔အားနာလို႔စားခဲ့ရေၾကာင္း စာလုပ္ေနလို႔ေန့တိုင္းေနာက္က်ေၾကာင္းေျပာျပသည္တဲ့ ။

ကိုယ္လည္းဟုတ္ကဲ့လို႔သာျပန္ေျဖလိုက္ပါတယ္ ကိုငယ္ကသူတစ္ပါးကိုလံုးဝအားမနာတတ္တဲ့သူဆိုတာကိုေတာ့ ကြၽန္ေတာ္မေျပာလည္းငယ္ငယ္ကတည္းကအတူတူေနလာတဲ့ႀကီးႀကီးကပိုသိမွာေပါ့လို႔ေတာ့ေျပာမေနခ်င္ေတာ့ဘူး ။

ဒီညေတာ့ေသခ်ာရွင္းေအာင္ေမးမျွဖစ္ေတာ့မည္ ။

ရိေပၚတစ္ေယာက္ေရခ်ိဳးၿပီးေရခ်ိဳးခန္းထဲကထြက္လာစဉ္သူ႔ကုတင္ေပၚမွာငုတ္တုတ္ထိုင္ေနတဲ့ေရွာင္းက်န႔္ကိုျမင္ေတာ့အနည္းငယ္လန႔္သြားသေယာင္ျဖစ္သည္ ။

" ဘာဝင္လုပ္ေနတာလဲကိုငယ့္အခန္းထဲ "

" ကိုငယ္နဲ႔စာရင္းရွင္းစရာရိွလို႔ "

" ဘာစာရင္းလဲ "

" ကြၽန္ေတာ့္ကိုဘာလို႔ေရွာင္ေနတာလဲသိခ်င္တယ္ "

" ဘာလို႔အဲ့လိုထင္ရတာလဲ အငယ့္ကိုေရွာင္ေနတယ္လို႔ "

" အဲ့တာေတာ့ကာယကံရွင္ျဖစ္တဲ့ကိုငယ္ကအသိဆံုးေနမွာေပါ့ "

ရိေပၚလည္းကုတင္ထက္ကအေကာင္ေပါက္ကိုလ်စ္လ်ွူရႈကာဗီရိုထဲကညအိပ္ဝတ္စံုတစ္စံုထုတ္ကာသူ႔ေရ႔ွတင္ပဲလဲလိုက္သည္ ။ သူမၾကၫ့္ခ်င္ရင္ဟိုဘက္လွၫ့္ေနလိမ့္မယ္ ဒါကိုယ့္အခန္းပဲလြတ္လြတ္လပ္လပ္ေနတာမွားသလား ။

" ကိုငယ္မသိခ်င္ေယာင္မေဆာင္နဲ႔ ေျဖ "

" အငယ္ဘာကိုၾကၫ့္ၿပီးအထင္လြဲေနသလဲေတာ့ကိုငယ္မသိဘူး ကိုငယ္သိတာတစ္ခုကေတာ့ကိုငယ္ေနတတ္သလိုေနေနတာပဲအငယ့္ကိုေရွာင္ေနတယ္ဆိုတာေတာ့မဟုတ္ဘူး "

ေအးေပါ့ သူခိုးကေတာ့ခိုးတယ္ေျပာမလား !
မေျဖခ်င္လည္းမေမးရံုေပါ့ သိရေတာ့ေရာဘာအဖက္တင္မွာမလို႔လဲ !

" မဟုတ္ရင္လည္းၿပီးသာပါပဲ "

ေရွာင္းက်န႔္လည္း အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့သူကိုမႏိႈးခ်င္ေတာ့တာနဲ႔ကိုယ့္အခန္းကိုသာျပန္လာခဲ့လိုက္သည္ ။

ခနၾကာေတာ့ႀကီးႀကီးကတံခါးလာေခါက္လို႔ဖြင့္ေပးလိုက္ေတာ့ ကိုႀကီးအခုေလယာဉ္စိုက္ၿပီမလို႔ဒရိုင္ဘာဦးေလး ဦးေလးမုသြားႀကိဳမွာမလို႔ လိုက္မလားတဲ့ ။

အေပၚထည္ေလးဝတ္ၿပီးေတာ့ရပ္ထားတဲ့ကားထဲဝင္ထိုင္လိုက္ေတာ့ေဘးမွာကိုငယ္ကထိုင္ေနသည္ ။ ေအးေပါ့ သူလည္းလိုက္ႀကိဳမွာေပါ့ ။

တစ္လမ္းလံုးကားထဲမွာေလထုကအရမ္းကိုေအးစက္‌ေနခဲ့ပါတယ္ ။ ေလဆိပ္ကိုေရာက္ေတာ့ကိုကိုကေလဆိပ္အတြင္းကဆိုင္တစ္ဆိုင္မွာထိုင္ေနၿပီးညစာစားေနေလသည္ ။

ကိုကိုကသူတို႔ကိုေတြ့ေတာ့ထလာၿပီး လာဖက္ေလသည္ ။ ေဘးကိုမ်က္လံုးကစားၾကၫ့္လိုက္ေတာ့ဟိုက်က္သတံုးေကာင္ ဝမ္ခ်င္းလံု ! အဲ့ေကာင္ကဘယ္ကေနဘယ္လိုပါလာတာလဲ ။

ကိုကိုကလဲစားလို႔ၿပီးၿပီဆိုေတာ့အိမ္ကိုျပန္လာၾကသည္ ။ အျပန္လမ္းတြင္ေတာ့အလာတုန္းကလိုကားအတြင္းတိတ္ဆိတ္မေနေတာ့ဘဲ ဟိုက်က္သတံုးခ်င္းလံုအသံကတစ္ဆာဆာနဲ႔ ။

ဦးေလးမုနဲ႔ကိုကိုကေရ႔ွေခါင္းခန္းမွာထိုင္ၾကသည္ ။ ကိုယ္ကေတာ့က်က္သတံုးခ်င္းလံုနဲ႔အငယ့္ၾကားမွာထိုင္ရတာေပါ့ ။ အဲ့ေကာင္ကဘယ္ကေနဘယ္လိုလမ္းမွားၿပီးပါလာတာလဲမသိ ။

အသက္ကရြယ္တူေပမဲ့ကိုယ္ကအထက္တန္းေနာက္ဆံုးႏွစ္တတ္တုန္း အဲ့ေကာင္ကေတာ့အထက္တန္းၿပီးသြားၿပီ ။ သူတို႔ႏိုင္ငံနဲ႔ကိုယ့္ႏိုင္ငံပညာေရးကသိပ္တူတာမဟုတ္ဘူး ။

အိမ္ျပန္ေရာက္ေတာ့ညေရာက္ေနၿပီမလို႔ က်န႔္က်န႔္နဲ႔အားလံုကိုမိတ္ဆက္ေပးမေနေတာ့ဘူး ။ မနက္မွမိတ္ဆက္ေပးေတာ့မယ္ ။ အားလံုကလည္းဘာမေျပာညာမေျပာလိုက္ခ်လာတာဆိုေတာ့အခန္းကလည္းႀကိဳမျပင္ရေသးတာမို႔ ဝမ္ေလးနဲ႔သာဒီညအိပ္ခိုင္းရေတာ့သည္ ။

××××××××××

မနက္ထမင္းဝိုင္းမွာေရွာင္းက်န႔္တစ္ေယာက္ထဲထိုင္ေနရွာသည္ ။ ကိုငယ္ကလည္းဆင္းမလာေသးဘူး ကိုႀကီးတို႔ကလည္းညကမွခရီးကျပန္ေရာက္တာဆိုေတာ့ထေရာထႏိုင္လားမသိ ။

စဉ္းစားလို႔မဆံုးေသးဘူးကိုငယ္နဲ႔ ညကကိုႀကီးနဲ႔အတူပါလာတဲ့အစ္ကိုကအေပၚကထက္ကအတူတူဆင္းလာၾကၿပီးထမင္းဝိုင္းမွာဝင္ထိုင္ၾကသည္ ။

လူစံုမွႀကီးႀကီးကလာေျပာသြားသည္ ။ ကိုႀကီးဆင္းလာမွာမို႔ခနေစာင့္ၾကပါတဲ့ ။ ႀကီးႀကီးေျပာၿပီးမၾကာပါဘူး ကိုႀကီးကအိမ္ေနရင္းေပါ့ေပါ့ပါးပါးဝတ္တဲ့အဝတ္အစားပံုစံမ်ိဳးနဲ႔ထမင္းဝိုင္းမွာဝင္ထိုင္ေလသည္ ။

" ကဲ က်န႔္က်န႔္ .. ဒါကဦးငယ္ရဲ့သား ဝမ္ခ်င္းလံုတဲ့ ဝမ္ေလးနဲ႔ရြယ္တူပဲ .. ဝမ္ေလးထက္လပိုင္းေလးပဲႀကီးတာ .. သူကလည္းက်န႔္က်န႔္အစ္ကိုပဲ အားလံုကိုေတာ့ကိုလတ္လို႔ေခၚေပါ့ "

" ဟုတ္ကဲ့ဗ် ေတြ့ရတာဝမ္းသာပါတယ္ "

" အင္း က်န႔္က်န႔္ေလး "

" အားလံုကေတာ့က်န႔္က်န႔္ကိုသိၿပီးသာပါ ေလယာဉ္ေပၚမွာေျပာျပၿပီးၿပီပဲ ေနာ့ "

" ဟုတ္ကဲ့ ကိုကို "

အားလံုကလည္းသူ႔ကို ကိုကိုလို႔သာေခၚသည္ ။ ငယ္ငယ္ကဆိုဝမ္ေလးနဲ႔အားလံုကရန္ျဖစ္ေနၾက ဒါငါ့ကိုကို မင္းကိုကိုမဟုတ္ဘူးဆိုၿပီး …

ခ်င္းလံုးရဲ့က်န႔္က်န႔္ေလးဆိုတဲ့ေခၚသံေၾကာင့္ရိေပၚတစ္ေယာက္အန္ခ်င္စိတ္ေတာင္ေပါက္တယ္ အဲ့ဒီေကာင္လိုလက္ရဲဇက္ရဲၾကမ္းၾကမ္းတမ္းတမ္းေကာင္ကဘယ္တုန္းကႏူးညံ့သြားတာတဲ့လဲ ။

မိတ္ဆက္ေပးၿပီးေတာ့မွ ကိုငယ္နဲ႔ကိုယ္ကစာေမးပြဲအရမ္းနီးေနၿပီမလို႔ေက်ာင္းပ်က္လို႔အဆင္မေျပတာေၾကာင့္ေက်ာင္းသြားဖို႔ျပင္ၿပီးမနက္စာစားလိုက္သည္ ။ ကိုႀကီးကေတာ့ဒီေန့ကုပၼဏီမသြားေတာ့ဘူးထင္ပါရဲ့ ။ ဒီၾကားထဲကုပၼဏီမွာျပႆနာအမ်ားႀကီးျဖစ္သြားတာပဲ ပင္ပန္းေနေရာေပါ့ ။

××××××××××

" က်န႔္က်န႔္ေလး !! "

" အမေလး !!! လန႔္လိုက္တာကိုလတ္ရာ .. "

" အာ .. sorry ေနာ္ ကိုယ္ကအဲ့ေလာက္လန႔္သြားမယ္မထင္လို႔ "

" အာ .. ရပါတယ္ဗ် "

သူကရုပ္တည္ႀကီးနဲ႔စိတ္မေကာင္းသလိုလာေျပာေနေတာ့လည္း ျပန္အားနာရသူကကြၽန္ေတာ္ပါပဲ ဒါေပမဲ့တကယ္လည္းလန႔္သြားတာပဲ ။ စာေမးပြဲၿပီးလို႔အခုတေလာအိမ္မွာသာယာေနတာပဲ အခုလည္းၿခံထဲမွာဝတၴုဖတ္ေနတာကိုလာေျခာက္လို႔လန႔္သြားတာ ။

စာေမးပြဲလည္းၿပီးၿပီဆိုေတာ့ကိုလတ္လဲဒီမွာေနတာသံုးလနီးပါးရိွေနၿပီမို႔ ခင္ေတာ့ခင္လာပါၿပီ ။ သေဘာလည္းေကာင္းၿပီးကိုယ့္အေပၚလည္းေနြးေထြးေတာ့ခင္ဖို႔ကအခ်ိန္အမ်ားႀကီးမလိုလိုက္ဘူး ။ အခန္းထဲမွာဂိမ္းေဆာ့ေနတဲ့ကိုငယ္နဲ႔ကြာပါ့ ႏွစ္ေတြအၾကာႀကီးတစ္အိမ္ထဲေနလာတာေတာင္အရမ္းမရင္းႏွီးသလိုခံစားရတယ္ ။ ကိုႀကီးပဲအေကာင္းဆံုး ။

ကိုလတ္နဲ႔ကိုႀကီးဂ်ပန္ကျပန္လာတဲ့အေခါက္ကတည္းကကိုငယ္သူ႔ကိုေရွာင္ေနတာကအခုထိပဲ ဘယ္ေလာက္ေတာင္ၾကာေနၿပီလဲ ။ တမင္ေရွာင္ေနမွန္းသိသာေပမဲ့အဲ့တုန္းကသူ႔အခန္းထဲထိသြားေမးခဲ့တာကိုသူကျငင္းတယ္ေလ ။

သူကပဲမာနႀကီးတတ္သလား စိတ္ႀကီးတတ္သလား ။ သူကမွမေခၚခ်င္တာကိုကိုယ္ကေရာေခၚစရာလား ။ ကိုယ္ကဘာအမွားေတြမ်ားလုပ္ထားလို႔သံုးလေက်ာ္ ေလးလနီးပါးေလာက္အထိမေခၚႏိုင္မေျပာႏိုင္ျဖစ္ေနရတာတဲ့လဲ အမွားကသူလုပ္တာပဲမဟုတ္လား ။

" က်န႔္က်န႔္ေလး စာအုပ္ႀကီးကိုင္ၿပီးမဖတ္ပဲဘာေတြေတြးေနတာလဲ "

" အာ .. ဇာတ္ေကာင္ေတြအေၾကာင္းပါ "

" ေအာ္ .. ေန့လည္စာစားရေအာင္လာေခၚတာ "

" ဟုတ္ကဲ့ ကိုလတ္ .. သြားႏွင့္ပါ ကြၽန္ေတာ္လိုက္ခဲ့ပါမယ္ "

ကိုလတ္ကသူ႔အေပၚကိုေနြးေထြးတယ္ခင္တယ္ၾကင္နာတယ္ဆိုတာမေကာင္းတာေတာ့မဟုတ္ဘူး ။ ဒါေပမဲ့တခါတေလလိုတာထက္ပိုတာမ်ိဳးေတြေတာ့မႀကိဳက္ဘူး ။ ကိုငယ္က်ေတာ့လည္းအခုေလးလအတြင္းမွာကိုယ္ဆိုတာသူတို႔အိမ္မွာလံုးဝမရိွတဲ့လူတစ္ေယာက္လိုကိုဆက္ဆံေနတာ ။

တစ္ခါတစ္ေလေတာ့လည္းအားငယ္မိတယ္ ကိုယ္ကသူတို႔အိမ္မွာဘာေသြးသားမွမေတာ္စပ္ဘဲေနေနရတာ အခုလိုမ်ိဳးအိမ္ရွင္ကကိုယ့္ကိုတမင္ေရွာင္ေနေတာ့စိတ္ထဲေတာ့မေကာင္းဘူး ။ ကိုငယ္ေျပာထားဖူးသလိုသူ႔ပါးစပ္ကထုတ္မေျပာသေရြ့ကိုယ္ထင္တာေလ်ွာက္မေတြးနဲ႔ဆိုေပမဲ့ အခုလိုမ်ိဳးအေျခအေနနဲ႔ကေတာ့မေတြးမိပဲေနႏိုင္ရိုးလား ။

ကိုႀကီးကေတာ့သူတို႔ဒီလိုမေခၚမေျပာျဖစ္ေနတာကိုလည္းသိပံုမေပၚပါဘူး တစ္ေနကုန္ကုပၼဏီမွာပဲအခ်ိန္ကုန္ေနရၿပီး မိသားစုနဲ႔ထမင္းဝိုင္းေလာက္မွာပဲဆံုတဲ့လူကသူတို႔အခုလိုျဖစ္ေနၾကတာကိုသိမတဲ့လား ။ အခုလည္းညီအစ္ကိုသံုးေယာက္တစ္ဝိုင္းတည္းမ်က္ႏွာခ်င္းဆိုင္စားရအံုးမည္ ။

ထမင္းဝိုင္းေရာက္ေတာ့ကိုငယ္နဲ႔သူကပံုမွန္စကားမေျပာျဖစ္တဲ့ပံုစံနဲ႔မတူပဲရန္ျဖစ္ထားၾကလို႔မေခၚတဲ့ပံုမွန္းသိသာေနတယ္ ။ ေရ႔ွကကိုလတ္ကလည္း ကိုငယ္နဲ႔သူ႔ကိုမသိမသာအကဲခတ္ေနေလရဲ့ ။ ကိုယ္ကသာထမင္းထဲစိတ္မပါလို႔သိတာ ကိုငယ္ကေတာ့ရိပ္မိပံုေတာ့မပံုဘူးသူ႔ထမင္းသူသာစိတ္ပါလက္ပါစားေနတယ္ ။

" အဟမ္း .. ရိေပၚ "

ထမင္းကိုသာအားရပါးရငံု႔စားေနတဲ့ေကာင္ကို ခ်င္းလံုေခၚလိုက္ေတာ့ ဘာလဲ ဆိုတဲ့အထာနဲ႔ေမာ့ၾကၫ့္လာသည္ ။ ရြယ္တူေတြဆိုေတာ့တကူးတကရိုက်ိဳးေနဖို႔မလိုမွန္းႏွစ္ေယာက္လံုးသိထားၾကသည္ ။ အႀကီးေတြေခၚသလိုခ်စ္စႏိုးနဲ႔ အားဝမ္တို႔ဝမ္ေလးတို႔အားလံုတို႔လို႔လည္းအခ်င္းခ်င္းေခၚေနစရာမလိုဘူး ။

ေယာက္်ားခ်င္း ရြယ္တူခ်င္းပဲ ဝမ္ရိေပၚတို႔ ရိေပၚတို႔ ဝမ္ခ်င္းလံုတို႔ ခ်င္းလံုတို႔ဆိုၿပီးၿပီေပါ့ ။

" ငါဝယ္စရာရိွလို႔ မင္းလိုက္ပို႔အံုး ငါကဒီကိုသိပ္မကြၽမ္းေသးဘူး‌ "

" ဒီေန့လား "

" ထမင္းစားၿပီးရင္သြားမလို႔ "

" အင္း "

" က်န႔္က်န႔္ေလးလိုက္မလား "

" မလိုက္ေတာ့ဘူးကိုလတ္ "

" လိုက္ခဲ့ပါ "

" ကိုလတ္တို႔ပဲေအးေအးေဆးေဆးလည္ခဲ့ၾကပါ "

" အင္းပါ ဘာမွာအံုးမလဲ "

" မမွာေတာ့ဘူး ကိုလတ္ "

ဘာလဲ .. ကိုယ္ပါလို႔မလိုက္တာလားသူက !
အဟြန္း ! အဲ့ဒီလိုမာနႀကီးေနတာကိုၾကၫ့္မရတာ ဟိုတစ္ခါသူ႔ကိုနမ္းလိုက္ကတည္းကခါးခါးသီးသီးျဖစ္သြားတာကိုၾကၫ့္ၿပီးစိတ္မၾကည္ေတာ့တာ ။

ကိုယ္နမ္းတာကသူ႔အတြက္ …
ေတာက္စ္ !! ေတြးေလေဒါသထြက္ေလမလို႔ျပန္ကိုမေတြးခ်င္ဘူး ။

" ဦးမုေရာရိွလား ရိေပၚ "

" မရိွလဲငါ့မွာဆိုင္ကယ္ရိွတယ္ "

အစကကိုယ္နဲ႔မဆိုင္သလိုေနေပမဲ့ဆိုင္ကယ္ဆိုတဲ့အသံလည္းၾကားေရာေရွာင္းက်န႔္ ဝမ္ရိေပၚဆီအၾကၫ့္တစ္ခ်က္ပို႔မိသည္ ။ ဘာအရသာမွန္းေတာင္မသိပဲစိတ္မပါလက္မပါထိုင္စားေနတဲ့ထမင္းေတာင္နင္ခ်င္သြားလို႔ေရတစ္ငံုေမာ့လိုက္ရေသးသည္ ။

အသက္ေတာင္မျပၫ့္ေသးပဲနဲ႔သူကဆိုင္ကယ္ကိုတအားစီးခ်င္ေနတယ္ေပါ့ ။ တစ္ခုခုျဖစ္မွာမေၾကာက္ဘူးတဲ့လား လိုင္စင္အစစ္ခံရမွာမေၾကာက္ဘူးတဲ့လားသူက ။ သူလုပ္ခ်င္ရင္ဇြတ္ အဲ့တာေတြအျမင္ကတ္ခ်င္တာ ။

ဦးမုမရိွလည္းခ်င္းလံုကိုဆိုင္ကယ္နဲ႔လိုက္ပို႔ဖို႔တကယ္ဆံုးျဖတ္ၿပီးသား .. ကိုယ့္ဘက္ကေရွာင္ေနလို႔ ကိုယ့္ကိုလည္းတကယ္လာမေခၚတဲ့အငယ္က ဆိုင္ကယ္ဆိုတဲ့အသံလည္းၾကားေရာလူကိုလာၾကၫ့္ေလသည္ ။ သိသားပဲ .. တမင္မသိခ်င္ေယာင္ေဆာင္ေနတာ ။

ထမင္းစားေနတာကလဲစိတ္မပါလက္မပါနဲ႔ .. မစားခ်င္ရင္လည္းဆာတဲ့အခ်ိန္မွထစားေပါ့ အိမ္မွာကိုကိုလည္းရိွတာမဟုတ္ သူတို႔သံုးေယာက္ထဲကို ဘာက်င့္ဝတ္ေတြလာနားလည္ျပေနတာတဲ့လဲ မစားခ်င္တာကိုဘယ္သူကရိုက္ေကြၽးေနလို႔တဲ့လဲ  ။ ေရွာင္းက်န႔္ကတကယ္ဘာမွန္းကိုမသိ …

" လိုင္စင္မရိွေသးဘူးမလားမင္းမွာ "

" အင္း "

" ကိုကို႔ကိုဖုန္းဆက္ၿပီးဦးမုကိုျပန္လာခိုင္းလိုက္မယ္ လိုင္စင္စစ္ရင္မင္းဒုကၡေရာက္လိမ့္မယ္ "

" ေအး သေဘာကြာ "

" အဲ့တာဆိုဖုန္းဆက္ရင္းအဝတ္လဲလိုက္ေတာ့မယ္ ထမင္းေတာ္ၿပီ "

ခ်င္းလံုထမင္းဝိုင္းကထသြားေတာ့သူတို႔ႏွစ္ေယာက္ပဲက်န္ခဲ့သည္ ။ ရုတ္တရက္ႏွစ္ေယာက္လံုးကၿပိဳင္တူထရပ္လိုက္ၾကသည္ ။ ႏွစ္ေယာက္တည္းမို႔အေနက်ပ္တယ္ဆိုတဲ့အေတြးကႏွစ္ေယာက္လံုးမွာေတြးမိသြားတယ္ထင္ပါရဲ့ ။

ထမင္းဝိုင္းကထလာၿပီးေရွာင္းက်န႔္လည္းကိုယ့္အခန္းထဲကိုယ္ဝင္ၿပီးနားလိုက္သည္ ။ ကိုငယ္တို႔ကေတာ့အျပင္သြားဖို႔ျပင္ဆင္ေနၾကသည္ထင္ပါ့ ။ ေအာက္မွာကားရပ္သံၾကားလိုက္တယ္ ဦးမုလည္းေရာက္ၿပီထင္တယ္ ။

ထမင္းစားၿပီးဗိုက္ကေလးလာၿပီးမ်က္လံုးကလည္းစင္းလာတာမို႔အိပ္ေပ်ာ္သြားသည္ ။ ကိုငယ္တို႔သြားၿပီလားဆိုတာေတာင္မသိလိုက္ ။

#############