LNCrawler

Part : 9 [ U & Z ]

Apologize , My Baby'S Father ( Complete ) — www.wattpad.com · All chapters

Part : 9 [ U & Z ]

Uni❤️

" ကိုကို !!! "

" ကိုကိုလုပ်မနေနဲ့ ဝမ်လေး ! အဲ့ဒါဝမ်လေးဘဝရှေ့ရေးကောင်းစားဖို့အတွက် ကိုကိုနဲ့ဦးငယ်စဉ်းစားထားတာ .. ကိုကိုတို့လည်းလုပ်ပေးနိုင်တဲ့အချိန်မှာအပြည့်အဝလုပ်ပေးနေတာ .. စီးပွားရေးဆိုတာကအနိမ့်အမြင့်အတတ်အကျရှိတယ် ကိုကိုတို့လည်းအမြဲတမ်းအဆင်ပြေချင်မှပြေမှာ အခွင့်အရေးရတဲ့အချိန်မှာမိမိရရယူထားရမှာဝမ်လေး "

" ကျွန်တော်လည်းနားလည်ပါတယ် .. အဲ့ဒီမှာချင်းလုံနဲ့အတူတူတတ်ရမှာလား "

" ဟုတ်တယ် ဝမ်လေး "

အောင်စာရင်းထွက်တော့အထက်တန်းအောင်တယ်တဲ့ အောင်မယ်လို့လဲသိတော့သိထားပါတယ် အမှတ်ပေါင်းကိုသာနည်းတာများတာမသေချာတာ ။ အမှတ်ပေါင်းကလည်းထင်ထားတဲ့ထက်တောင်အားရပါသေးတယ် ။ ဒီမှာဆိုတက္ကသိုလ်ကောင်းကောင်းတတ်လို့ရတယ် ။

အဲ့ဒါကို ကိုကိုနဲ့ဦးငယ်ကဂျပန်မှာတတ်ရမယ်တဲ့ ကိုယ့်ဘဝရှေ့ရေးကောင်းစားဖို့အတွက်သူတို့ဘက်ကလုပ်ပေးနိုင်တာလုပ်ပေးတာတဲ့ ။ အင်းလေ တသက်လုံးသူတို့အပေါ်မှီခိုနေဖို့ဆိုတာဖြစ်မှမဖြစ်နိုင်တာ ညီအစ်ကိုကညီအစ်ကိုပဲလေ ။

မိဘတွေကအမွေတွေထားခဲ့တယ်ဆိုပေမဲ့အရည်အချင်းမရှိရင်အဲ့ဒီအမွေတွေကိုဘယ်လိုစောင့်ရှောက်ရမလဲ ။ ကိုကိုပြောတာလည်းမှန်ပါသည် ကိုယ့်ဘဝအတွက်ကိုယ်ပဲကြိုးစားရမှာ ဘယ်သူမှလာကူပေးလို့မရဘူး ။

" ဘယ်တော့သွားရမှာလဲ "

" တစ်ပတ်လောက်လိုသေးတယ် "

" ဟုတ်ကဲ့ .. အဲ့ဒါဆိုသွားအိပ်တော့မယ် ကိုကိုလည်းစောစောနားအုံး "

" အေးအေး "

ကိုကို့ကိုနှုတ်ဆက်ပြီးတာနဲ့အိပ်ခန်းထဲဝင်ဖို့အလုပ်ဘေးခန်းကရယ်သံတွေကြားနေရတာကြောင့်တံခါးရှေ့သွားရပ်လိုက်ကာတံခါးကဟနေတာနဲ့ကြည့်လိုက်မိတော့ကုတင်ပေါ်မှာတဟီးဟီးတဟားဟားနဲ့လုံးထွေးနေတဲ့ချင်းလုံနဲ့ရှောင်းကျန့်ကိုတွေ့လိုက်ရသည် ။

သူလည်းမကြည့်ချင်တော့နဲ့လှည့်ထွက်ဖို့အလုပ်ချင်းလုံကမြင်သွားဟန်တူသည်'ရိပေါ်'ဆိုပြီးခေါ်လိုက်သည် ။ တစ်ဆက်တည်းမှာပင်'ရှောင်းကျန့်ကိုကလိထိုးပြီးဆုံးမနေတာ မင်းရောလာထိုးပါလား ရှောင်းကျန့်ကတအားယားတတ်တာ'တဲ့ ။ 'တော်ပါပြီ မင်းတို့ဘာသာဆော့ကြ'ဆိုပြီးကိုယ့်အခန်းထဲကိုယ်ပြန်လာခဲ့လိုက်တယ် ။

တပတ်နေရင်ဂျပန်ကိုသွားရတော့မယ်ဆိုတဲ့အသိကလူကိုနည်းနည်းတော့စိတ်မသက်မသာဖြစ်စေတယ် ။ ကိုကိုပြောလိုက်တဲ့အချိန်တုန်းကစိတ်ကထုံထိုင်းနေတာ အစောကကုတင်ပေါ်မှာဆော့နေတဲ့နှစ်ယောက်ကိုမြင်လိုက်တော့အသက်ရှူတွေပါကျပ်ချင်လာတယ် ။

ဒေါက် ဒေါက် !!

" ဝင်ခဲ့လို့ရတယ် "

ကျွီ !

" ဟို .. ကိုကြီးကပြောပြလိုက်တယ် ဂျပန်မှာကျောင်းသွားတတ်မှာဆို "

" အင်း "

" ဘယ်နှစ်နှစ်လောက်ကြာမှာလဲဟင် "

" ရိုးရိုးစီးပွားရေးဘွဲ့ပဲယူရင်လေးနှစ် "

" ကိုငယ်ကရိုးရိုးဘွဲ့ပဲယူမှာလား "

" ဘာလို့လဲ "

" ဘာမှမဖြစ်ပါဘူး ကျောင်းပိတ်ရက်တွေရောပြန်လာမှာလားဟင် ~ "

ငယ်ငယ်ကတည်းကအတူတူနေလာပြီးရုတ်တရက်ကြီးခွဲရမယ်ဆ်ိုတော့ရှောင်းကျန့်ဝမ်းနည်းနေတာတော့အမှန်ပဲ ။

" ဘာလို့ခေါင်းကငုံ့ထားတာလဲ လာ ဒီကိုလာထိုင် "

ကိုငယ်ကခေါ်သည်မို့သူမှီထိုင်နေတဲ့ကုတင်ခေါင်းရင်းနားသွားထိုင်လိုက်သည် ။

" ခေါင်းမော့လေ "

" ဟင့်အင်း ~ "

" မော့စမ်း !! ဘာဖြစ်နေတာလဲ အသံကရောဘာလို့တုန်နေတာလဲ "

ဆက်ကနဲမေးစေ့ကိုဆွဲမော့ခံလိုက်ရသည်မို့ရှောင်ချိန်လဲမရလိုက်ပါဘူး ။

" အငယ် .. မင်း !! ကျစ် .. မင်းကဘာကိစ္စမျက်ရည်ဝဲနေရတာလဲ "

" ဟင့်အင်း မသိဘူး "

" ကျစ် !! ကိုယ့်မျက်လုံးနဲ့ကိုယ်ဝဲနေတာတောင်မသိဘူးလား "

" … "

" … "

ဘာအသံမှထပ်ထွက်မလာလို့ကိုငယ့်ကိုမော့ကြည့်လိုက်တော့အပြင်ကိုငေးနေလေသည် ။

" ကိုငယ် ~ "

" … "

" အကြာကြီးမတွေ့ရတော့ဘူးဆိုတာသိလို့ဝမ်းနည်းလို့ပါ ~ "

ကိုငယ့်ဘက်ကသက်ပြင်းချသံတစ်ချက်ကြားရပြီး ဘာသံမှတော့ထွက်မလာဘူး ။

သုံးမိနစ်လောက်နေတော့မှအသံထွက်လာသည် ။

" ဒါ ကိုငယ့်ဘဝအတွက်အာမခံချက်တစ်ခုဘဲ အငယ် "

ထိုစကားကိုရှောင်းကျန့်ဘက်လှည့်ပြောခဲ့ခြင်းမဟုတ်ပေ ။ အပြင်ဘက်ကိုငေးမြဲအတိုင်းငေးနေရင်းနဲ့ …

" သိပါတယ် ~ အငယ်တားဖို့လာတာလဲမဟုတ်သလို တားဖို့အစီအစဉ်လဲမရှိပါဘူး ~
ပြီးတော့ … အငယ်ကတားရုံနဲ့ကိုငယ်ကလိုက်လျောမဲ့သူမလို့လား ~ "

အငယ်ထိုသို့ပြောလိုက်တော့ ရိပေါ်တစ်ယောက်သူ့ဘက်လှည့်ကြည့်လိုက်သည် ။ အငယ်ကတော့ကိုယ့်ကိုကြည့်နေသည် ။ ချက်ချင်းဘဲအပြင်ဘက်ကိုမျက်နှာပြန်မူလိုက်သည် ။

" အစီအစဉ်လုံးဝမရှိဘူး "

ဒီစကားကိုလည်းအငယ့်ကိုမကြည့်ဘဲပြောလိုက်သည် ။

" ဘာကိုလဲကိုငယ် "

ရှောင်းကျန့်ကတော့သေချာပေါက်ဝမ်ရိပေါ်ကိုကြည့်ပြီးမေးလိုက်ခြင်းဖြစ်သည် ။

" အငယ့်ဘက်ကတားဖို့အစီအစဉ်ရှိခဲ့ရင်လဲ ကိုငယ့်ဘက်ကလိုက်လျောဖို့လုံးဝအစီအစဉ်မရှိဘူး "

" အင်း .. ယုံပါတယ် "

နှစ်ယောက်ကြားစကားသံတွေဟာတဖန်ပြန်တိတ်သွားပြန်သည် ။ ဒီတစ်ခါတော့ရှောင်းကျန့်ကလည်းဝမ်ရိပေါ်ကိုကျောပေးလိုက်ပြီးကုတင်အောက်ကိုခြေထောက်ချကာထိုင်နေလိုက်သည် ။

ဒီအခန်းထဲကိုခြေချမိတာက ဒီလိုအချေအတင်မမည်တဲ့အေးအေးစက်စက်အချေအတင်စကားတွေပြောပြီးအေးစက်စက်အခြေအနေတွေဖန်တီးဖို့လာခဲ့တာမှမဟုတ်ဘဲ ။

" သိပ်မကြာခင်ပဲတစ်မြေကိုသွားတော့မှာကို အခုထိကျွန်တော့်ကိုရှောင်ချင်နေသေးတာလား "

" ကိုငယ်မင်းကိုရှောင်နေတာမဟုတ်ဘူးလို့ပြောခဲ့ဖူးတာကိုမမေ့လောက်ဘူးထင်တယ် "

" အဆုံးထိညာဖို့စဉ်းစားထားတဲ့ပုံပဲ ကိုငယ်ပျော်သလိုလုပ်ပါ "

" ... "

" သွားတဲ့နေ့လည်းလာမနှုတ်ဆက်ပါနဲ့ ကျွန်တော်ကအဲ့လောက်အဓိကျနေတဲ့သူမဟုတ်ပါဘူး "

ဘာမှပြန်မပြောချင်တော့လောက်အောင်ကိုဖြစ်နေပြီ တကယ် ။ သူထထွက်သွားတာလည်းသိတယ် လှည့်လည်းမကြည့်ချင်သလို ပြန်ပြောချင်စိတ်လည်းတကယ်မရှိဘူး ။ သူကလည်းသူ့အတွေး သူ့ခံယူချက် သူ့မာနနဲ့သူ ။ ကိုယ်ကလည်းအဲ့လိုပဲ ။

သူကတော့တွေးနေမှာပဲ အနမ်းခံရတာကသူပါ ဘာလို့ကိုယ့်ဘက်ကဖြစ်ပျက်နေရသလဲလို့ ။ ကိုယ်ကလဲကိုယ့်အတွေးနဲ့ကိုယ် .. သူကရောကိုယ်နမ်းလိုက်တာကိုဘာလို့ငိုတဲ့အထိခါးခါးသီးသီးဖြစ်သွားရသလဲ ။ အဲ့ဒါပဲသူနဲ့ကိုယ်ကြားလွဲနေတဲ့အတွေးတွေက ။ သူကတော့ကိုယ့်အတွေးကိုသိမှာမဟုတ် ကိုယ်ကတော့သူ့အတွေးတွေကိုသိသည် ။

လာမနှုတ်ဆက်နဲ့ဆိုတော့လာမနှုတ်ဆက်ရုံပဲပေါ့ဗျာ .. ကိုယ်ကအစကတည်းကဘယ်သူ့ကိုမဆ်ိုနှုတ်ဆက်စကားမပြောချင်ဘူး မပြောတတ်ဘူး နှုတ်ဆက်စကားပြောရတာကိုမုန်းတယ် ။

ရှောင်းကျန့်တစ်ယောက်အခန်းထဲရောက်မှတံခါးလော့ချပြီး အသံတိတ်ငိုမိတယ် ။ ကိုယ်ကဒီအိမ်ကတခြားသူတွေအတွက်အရေးပါကောင်းပါလိမ့်မယ် သူ့အတွက်တော့အရေးပါတဲ့သူတစ်ယောက်မဟုတ်လောက်ဘူးဆိုတာသိပေမဲ့ ကိုယ့်ကိုသူ့ညီတစ်ယောက်လိုသံယောဇဉ်မရှိလောက်ဘူးဆိုတာသိပေမဲ့ ကိုယ့်ကိုသူ့မိသားစုဝင်တစ်ယောက်လိုသဘောမထားချင်လောက်ဘူးဆိုတာသိပေမဲ့ ကိုယ်ကတော့သူ့ကိုကိုယ့်အစ်ကိုအရင်းတစ်ယောက်လိုတွယ်တာသည် သံယောဇဉ်ရှိသည် အားကိုးသည် ကိုကြီးအပေါ်ကိုလည်းအဲ့သည်လိုပဲ ။

တခြားညီအစ်ကိုတွေလိုနွေးထွေးတဲ့ဆက်ဆံရေးမျိုးလိုချင်သည် ။ ဒါပေမဲ့သူကတော့ ကိုယ့်ကိုလုံးဝအလိုအလိုရှိသည့်ပုံမပေါ် .. သူရုတ်တရက်ဂျပန်သွားရမယ်ဆိုတော့မခွဲချင်ဘူး ကိုယ့်မိသားစုဝင်တစ်ယောက်နဲ့နှစ်တွေအကြာကြီးခွဲရမယ်ဆိုတဲ့အသိကဝမ်းနည်းစရာကောင်းသည်မလား ။ သူကလူမဟုတ်ဘူး စက်ရုပ် ! သူ့မှာနွေးထွေးတဲ့နှလုံးသားမရှိဘူး .. ရှိချင်လည်းရှိမှာပေါ့ ဒါပေမဲ့ကိုယ့်အတွက်တော့မရှိပါဘူး ။

နှစ်တွေအကြာကြီးခွဲရမည့်သူနှင့်အရင်လိုပြန်တည့်ချင်ပါသည် ။ အခုကဘယ်သူကမှားသည်မှန်သည်ဆိုတာမတွေးတော့ဘဲ စကားသွားစစပြောနေသည်မှာကိုယ်ပဲ .. ဒါတောင်သူကဈေးကိုင်နေသည် ။ ခွဲရတော့မည့်နောက်ဆုံးအချိန်ထိတောင် အဲ့ဒီလိုသေချာပေါက်ရှောင်နေရမှကိုဖြစ်မှာလား ကိုဝမ်ရိပေါ်ရဲ့ !!!

ဒေါက် ဒေါက် !!

" ဝင်ခဲ့ပါ "

ကျွီ !

" အားကျန့်လေး ကြီးကြီးနွားနို့လာပို့တာ .. သားရဲ့ကိုငယ်ကသွားပို့ပေးပါဆိုလို့ ပြီးတော့သူဟိုကိုသွားတဲ့အတောအတွင်းနေ့တိုင်းတိုက်လိုက်ပါတဲ့ သောက်တဲ့အထိစောင့်ပြီးခွက်တစ်ခါတည်းသိမ်းဖို့မှာထားတယ် အားကျန့်သောက်မသောက်သိချင်လို့နေမယ် "

ဘာကိုသားရဲ့ကိုငယ်လဲ သူကကိုယ့်ရဲ့ကိုငယ်ဖြစ်စရာလား !
သောက်မသောက်ကိုစောင့်ကြည့်ခိုင်းတယ်တဲ့ ။  သောက်လာတာပဲဘယ်နှစ်နှစ်ရှိနေပြီလဲ အဲ့ဒီနွားနို့ကိုမကြိုက်ရင်တောင်ပါးစပ်ကလက်မခံတဲ့အထိတော့မဖြစ်တော့ပါဘူး ။

ဒါပေမဲ့သောက်လည်းမသောက်ချင်တော့ဘူး သူ့ကြောင့်ပဲဒီနွားနို့ကိုသောက်ခဲ့တာပဲ အခုသောက်တော့ရောဘာမှမထူးခြားတော့ဘူး သောက်လည်းမသောက်ချင်တော့ဘူး ။

" အားကျန့် ဘာတွေတွေးနေတာလဲ နွားနို့ခွက်ကိုကြည့်ပြီး "

" ဘာမှမဟုတ်ပါဘူး သားမသောက်ချင်ဘူးပြန်ယူသွားပါကြီးကြီး "

" ဟင် ! "

" မသောက်ချင်တဲ့သူရဲ့ပါးစပ်ထဲကိုအတင်းလောင်းထည့်လို့မှမရဘဲကြီးကြီးရယ် .. အဟင်း ! "

ကြီးကြီးကသက်ပြင်းတစ်ချက်ချပြီးထွက်သွားလေသည် ။

ဒီညီအစ်ကိုတွေစကားတွေများ များထားကြသလားမသိဘူး ။ သတိထားမိတာကြာနေပြီ သူတို့ရှောင်နေကြတာကို ။ အားချန်ကအလုပ်နဲ့အိမ်နဲ့ဗျာများနေရတဲ့သူဆိုတော့ဒီညီအစ်ကိုနှစ်ယောက်ပြောင်းလဲနေတာကိုသတိထားမိမှာမဟုတ်ဘူး ။

ဟင်းးးးးး ဘယ်လိုအကြောင်းကြောင့်မခေါ်ဘဲနေကြသလဲမသိပေမဲ့ အားကျန့်လေးကအားငယ်နေလောက်မှာအသေအချာပဲ .. သူကဒီအိမ်ကသူစိမ်းသက်သက်ပဲဆိုပြီးအားငယ်နေရှာပါ .. ဒါကမေးနေစရာတောင်မလိုဘူး သေချာပေါက်ကိုအဲ့အတွေးမျိုးဝင်တတ်သည် ။

#############

Zawgyi❤️

" ကိုကို !!! "

" ကိုကိုလုပ္မေနနဲ႔ ဝမ္ေလး ! အဲ့ဒါဝမ္ေလးဘဝေရ႔ွေရးေကာင္းစားဖို႔အတြက္ ကိုကိုနဲ႔ဦးငယ္စဉ္းစားထားတာ .. ကိုကိုတို႔လည္းလုပ္ေပးႏိုင္တဲ့အခ်ိန္မွာအျပၫ့္အဝလုပ္ေပးေနတာ .. စီးပြားေရးဆိုတာကအနိမ့္အျမင့္အတတ္အက်ရိွတယ္ ကိုကိုတို႔လည္းအၿမဲတမ္းအဆင္ေျပခ်င္မွေျပမွာ အခြင့္အေရးရတဲ့အခ်ိန္မွာမိမိရရယူထားရမွာဝမ္ေလး "

" ကြၽန္ေတာ္လည္းနားလည္ပါတယ္ .. အဲ့ဒီမွာခ်င္းလံုနဲ႔အတူတူတတ္ရမွာလား "

" ဟုတ္တယ္ ဝမ္ေလး "

ေအာင္စာရင္းထြက္ေတာ့အထက္တန္းေအာင္တယ္တဲ့ ေအာင္မယ္လို႔လဲသိေတာ့သိထားပါတယ္ အမွတ္ေပါင္းကိုသာနည္းတာမ်ားတာမေသခ်ာတာ ။ အမွတ္ေပါင္းကလည္းထင္ထားတဲ့ထက္ေတာင္အားရပါေသးတယ္ ။ ဒီမွာဆိုတကၠသိုလ္ေကာင္းေကာင္းတတ္လို႔ရတယ္ ။

အဲ့ဒါကို ကိုကိုနဲ႔ဦးငယ္ကဂ်ပန္မွာတတ္ရမယ္တဲ့ ကိုယ့္ဘဝေရ႔ွေရးေကာင္းစားဖို႔အတြက္သူတို႔ဘက္ကလုပ္ေပးႏိုင္တာလုပ္ေပးတာတဲ့ ။ အင္းေလ တသက္လံုးသူတို႔အေပၚမွီခိုေနဖို႔ဆိုတာျဖစ္မွမျဖစ္ႏိုင္တာ ညီအစ္ကိုကညီအစ္ကိုပဲေလ ။

မိဘေတြကအေမြေတြထားခဲ့တယ္ဆိုေပမဲ့အရည္အခ်င္းမရိွရင္အဲ့ဒီအေမြေတြကိုဘယ္လိုေစာင့္ေရွာက္ရမလဲ ။ ကိုကိုေျပာတာလည္းမွန္ပါသည္ ကိုယ့္ဘဝအတြက္ကိုယ္ပဲႀကိဳးစားရမွာ ဘယ္သူမွလာကူေပးလို႔မရဘူး ။

" ဘယ္ေတာ့သြားရမွာလဲ "

" တစ္ပတ္ေလာက္လိုေသးတယ္ "

" ဟုတ္ကဲ့ .. အဲ့ဒါဆိုသြားအိပ္ေတာ့မယ္ ကိုကိုလည္းေစာေစာနားအံုး "

" ေအးေအး "

ကိုကို႔ကိုႏႈတ္ဆက္ၿပီးတာနဲ႔အိပ္ခန္းထဲဝင္ဖို႔အလုပ္ေဘးခန္းကရယ္သံေတြၾကားေနရတာေၾကာင့္တံခါးေရ႔ွသြားရပ္လိုက္ကာတံခါးကဟေနတာနဲ႔ၾကည့္လိုက္မိေတာ့ကုတင္ေပၚမွာတဟီးဟီးတဟားဟားနဲ႔လံုးေထြးေနတဲ့ခ်င္းလံုနဲ႔ေရွာင္းက်န႔္ကိုေတြ့လိုက္ရသည္ ။

သူလည္းမၾကၫ့္ခ်င္ေတာ့နဲ႔လွၫ့္ထြက္ဖို႔အလုပ္ခ်င္းလံုကျမင္သြားဟန္တူသည္'ရိေပၚ'ဆိုၿပီးေခၚလိုက္သည္ ။ တစ္ဆက္တည္းမွာပင္'ေရွာင္းက်န႔္ကိုကလိထိုးၿပီးဆံုးမေနတာ မင္းေရာလာထိုးပါလား ေရွာင္းက်န႔္ကတအားယားတတ္တာ'တဲ့ ။ 'ေတာ္ပါၿပီ မင္းတို႔ဘာသာေဆာ့ၾက'ဆိုၿပီးကိုယ့္အခန္းထဲကိုယ္ျပန္လာခဲ့လိုက္တယ္ ။

တပတ္ေနရင္ဂ်ပန္ကိုသြားရေတာ့မယ္ဆိုတဲ့အသိကလူကိုနည္းနည္းေတာ့စိတ္မသက္မသာျဖစ္ေစတယ္ ။ ကိုကိုေျပာလိုက္တဲ့အခ်ိန္တုန္းကစိတ္ကထံုထိုင္းေနတာ အေစာကကုတင္ေပၚမွာေဆာ့ေနတဲ့ႏွစ္ေယာက္ကိုျမင္လိုက္ေတာ့အသက္ရႉေတြပါက်ပ္ခ်င္လာတယ္ ။

ေဒါက္ ေဒါက္ !!

" ဝင္ခဲ့လို႔ရတယ္ "

ကြၽီ !

" ဟို .. ကိုႀကီးကေျပာျပလိုက္တယ္ ဂ်ပန္မွာေက်ာင္းသြားတတ္မွာဆို "

" အင္း "

" ဘယ္ႏွစ္ႏွစ္ေလာက္ၾကာမွာလဲဟင္ "

" ရိုးရိုးစီးပြားေရးဘြဲ႔ပဲယူရင္ေလးႏွစ္ "

" ကိုငယ္ကရိုးရိုးဘြဲ႔ပဲယူမွာလား "

" ဘာလို႔လဲ "

" ဘာမွမျဖစ္ပါဘူး ေက်ာင္းပိတ္ရက္ေတြေရာျပန္လာမွာလားဟင္ ~ "

ငယ္ငယ္ကတည္းကအတူတူေနလာၿပီးရုတ္တရက္ႀကီးခြဲရမယ္ဆ္ိုေတာ့ေရွာင္းက်န႔္ဝမ္းနည္းေနတာေတာ့အမွန္ပဲ ။

" ဘာလို႔ေခါင္းကငံု႔ထားတာလဲ လာ ဒီကိုလာထိုင္ "

ကိုငယ္ကေခၚသည္မို႔သူမွီထိုင္ေနတဲ့ကုတင္ေခါင္းရင္းနားသြားထိုင္လိုက္သည္ ။

" ေခါင္းေမာ့ေလ "

" ဟင့္အင္း ~ "

" ေမာ့စမ္း !! ဘာျဖစ္ေနတာလဲ အသံကေရာဘာလို႔တုန္ေနတာလဲ "

ဆက္ကနဲေမးေစ့ကိုဆြဲေမာ့ခံလိုက္ရသည္မို႔ေရွာင္ခ်ိန္လဲမရလိုက္ပါဘူး ။

" အငယ္ .. မင္း !! က်စ္ .. မင္းကဘာကိစၥမ်က္ရည္ဝဲေနရတာလဲ "

" ဟင့္အင္း မသိဘူး "

" က်စ္ !! ကိုယ့္မ်က္လံုးနဲ႔ကိုယ္ဝဲေနတာေတာင္မသိဘူးလား "

" … "

" … "

ဘာအသံမွထပ္ထြက္မလာလို႔ကိုငယ့္ကိုေမာ့ၾကၫ့္လိုက္ေတာ့အျပင္ကိုေငးေနေလသည္ ။

" ကိုငယ္ ~ "

" … "

" အၾကာႀကီးမေတြ့ရေတာ့ဘူးဆိုတာသိလို႔ဝမ္းနည္းလို႔ပါ ~ "

ကိုငယ့္ဘက္ကသက္ျပင္းခ်သံတစ္ခ်က္ၾကားရၿပီး ဘာသံမွေတာ့ထြက္မလာဘူး ။

သံုးမိနစ္ေလာက္ေနေတာ့မွအသံထြက္လာသည္ ။

" ဒါ ကိုငယ့္ဘဝအတြက္အာမခံခ်က္တစ္ခုဘဲ အငယ္ "

ထိုစကားကိုေရွာင္းက်န႔္ဘက္လွၫ့္ေျပာခဲ့ျခင္းမဟုတ္ေပ ။ အျပင္ဘက္ကိုေငးၿမဲအတိုင္းေငးေနရင္းနဲ႔ …

" သိပါတယ္ ~ အငယ္တားဖို႔လာတာလဲမဟုတ္သလို တားဖို႔အစီအစဉ္လဲမရိွပါဘူး ~
ၿပီးေတာ့ … အငယ္ကတားရံုနဲ႔ကိုငယ္ကလိုက္ေလ်ာမဲ့သူမလို႔လား ~ "

အငယ္ထိုသို႔ေျပာလိုက္ေတာ့ ရိေပၚတစ္ေယာက္သူ႔ဘက္လွၫ့္ၾကၫ့္လိုက္သည္ ။ အငယ္ကေတာ့ကိုယ့္ကိုၾကၫ့္ေနသည္ ။ ခ်က္ခ်င္းဘဲအျပင္ဘက္ကိုမ်က္ႏွာျပန္မူလိုက္သည္ ။

" အစီအစဉ္လံုးဝမရိွဘူး "

ဒီစကားကိုလည္းအငယ့္ကိုမၾကၫ့္ဘဲေျပာလိုက္သည္ ။

" ဘာကိုလဲကိုငယ္ "

ေရွာင္းက်န႔္ကေတာ့ေသခ်ာေပါက္ဝမ္ရိေပၚကိုၾကၫ့္ၿပီးေမးလိုက္ျခင္းျဖစ္သည္ ။

" အငယ့္ဘက္ကတားဖို႔အစီအစဉ္ရိွခဲ့ရင္လဲ ကိုငယ့္ဘက္ကလိုက္ေလ်ာဖို႔လံုးဝအစီအစဉ္မရိွဘူး "

" အင္း .. ယံုပါတယ္ "

ႏွစ္ေယာက္ၾကားစကားသံေတြဟာတဖန္ျပန္တိတ္သြားျပန္သည္ ။ ဒီတစ္ခါေတာ့ေရွာင္းက်န႔္ကလည္းဝမ္ရိေပၚကိုေက်ာေပးလိုက္ၿပီးကုတင္ေအာက္ကိုေျခေထာက္ခ်ကာထိုင္ေနလိုက္သည္ ။

ဒီအခန္းထဲကိုေျခခ်မိတာက ဒီလိုအေခ်အတင္မမည္တဲ့ေအးေအးစက္စက္အေခ်အတင္စကားေတြေျပာၿပီးေအးစက္စက္အေျခအေနေတြဖန္တီးဖို႔လာခဲ့တာမွမဟုတ္ဘဲ ။

" သိပ္မၾကာခင္ပဲတစ္ေျမကိုသြားေတာ့မွာကို အခုထိကြၽန္ေတာ့္ကိုေရွာင္ခ်င္ေနေသးတာလား "

" ကိုငယ္မင္းကိုေရွာင္ေနတာမဟုတ္ဘူးလို႔ေျပာခဲ့ဖူးတာကိုမေမ့ေလာက္ဘူးထင္တယ္ "

" အဆံုးထိညာဖို႔စဉ္းစားထားတဲ့ပံုပဲ ကိုငယ္ေပ်ာ္သလိုလုပ္ပါ "

" ... "

" သြားတဲ့ေန့လည္းလာမႏႈတ္ဆက္ပါနဲ႔ ကြၽန္ေတာ္ကအဲ့ေလာက္အဓိက်ေနတဲ့သူမဟုတ္ပါဘူး "

ဘာမျွပန္မေျပာခ်င္ေတာ့ေလာက္ေအာင္ကိုျဖစ္ေနၿပီ တကယ္ ။ သူထထြက္သြားတာလည္းသိတယ္ လွၫ့္လည္းမၾကၫ့္ခ်င္သလို ျပန္ေျပာခ်င္စိတ္လည္းတကယ္မရိွဘူး ။ သူကလည္းသူ႔အေတြး သူ႔ခံယူခ်က္ သူ႔မာနနဲ႔သူ ။ ကိုယ္ကလည္းအဲ့လိုပဲ ။

သူကေတာ့ေတြးေနမွာပဲ အနမ္းခံရတာကသူပါ ဘာလို႔ကိုယ့္ဘက္ကျဖစ္ပ်က္ေနရသလဲလို႔ ။ ကိုယ္ကလဲကိုယ့္အေတြးနဲ႔ကိုယ္ .. သူကေရာကိုယ္နမ္းလိုက္တာကိုဘာလို႔ငိုတဲ့အထိခါးခါးသီးသီးျဖစ္သြားရသလဲ ။ အဲ့ဒါပဲသူနဲ႔ကိုယ္ၾကားလြဲေနတဲ့အေတြးေတြက ။ သူကေတာ့ကိုယ့္အေတြးကိုသိမွာမဟုတ္ ကိုယ္ကေတာ့သူ႔အေတြးေတြကိုသိသည္ ။

လာမႏႈတ္ဆက္နဲ႔ဆိုေတာ့လာမႏႈတ္ဆက္ရံုပဲေပါ့ဗ်ာ .. ကိုယ္ကအစကတည္းကဘယ္သူ႔ကိုမဆ္ိုႏႈတ္ဆက္စကားမေျပာခ်င္ဘူး မေျပာတတ္ဘူး ႏႈတ္ဆက္စကားေျပာရတာကိုမုန္းတယ္ ။

ေရွာင္းက်န႔္တစ္ေယာက္အခန္းထဲေရာက္မွတံခါးေလာ့ခ်ၿပီး အသံတိတ္ငိုမိတယ္ ။ ကိုယ္ကဒီအိမ္ကတျခားသူေတြအတြက္အေရးပါေကာင္းပါလိမ့္မယ္ သူ႔အတြက္ေတာ့အေရးပါတဲ့သူတစ္ေယာက္မဟုတ္ေလာက္ဘူးဆိုတာသိေပမဲ့ ကိုယ့္ကိုသူ႔ညီတစ္ေယာက္လိုသံေယာဇဉ္မရိွေလာက္ဘူးဆိုတာသိေပမဲ့ ကိုယ့္ကိုသူ႔မိသားစုဝင္တစ္ေယာက္လိုသေဘာမထားခ်င္ေလာက္ဘူးဆိုတာသိေပမဲ့ ကိုယ္ကေတာ့သူ႔ကိုကိုယ့္အစ္ကိုအရင္းတစ္ေယာက္လိုတြယ္တာသည္ သံေယာဇဉ္ရိွသည္ အားကိုးသည္ ကိုႀကီးအေပၚကိုလည္းအဲ့သည္လိုပဲ ။

တျခားညီအစ္ကိုေတြလိုေနြးေထြးတဲ့ဆက္ဆံေရးမ်ိဳးလိုခ်င္သည္ ။ ဒါေပမဲ့သူကေတာ့ ကိုယ့္ကိုလံုးဝအလိုအလိုရိွသၫ့္ပံုမေပၚ .. သူရုတ္တရက္ဂ်ပန္သြားရမယ္ဆိုေတာ့မခြဲခ်င္ဘူး ကိုယ့္မိသားစုဝင္တစ္ေယာက္နဲ႔ႏွစ္ေတြအၾကာႀကီးခြဲရမယ္ဆိုတဲ့အသိကဝမ္းနည္းစရာေကာင္းသည္မလား ။ သူကလူမဟုတ္ဘူး စက္ရုပ္ ! သူ႔မွာေနြးေထြးတဲ့ႏွလံုးသားမရိွဘူး .. ရိွခ်င္လည္းရိွမွာေပါ့ ဒါေပမဲ့ကိုယ့္အတြက္ေတာ့မရိွပါဘူး ။

ႏွစ္ေတြအၾကာႀကီးခြဲရမၫ့္သူႏွင့္အရင္လိုျပန္တၫ့္ခ်င္ပါသည္ ။ အခုကဘယ္သူကမွားသည္မွန္သည္ဆိုတာမေတြးေတာ့ဘဲ စကားသြားစစေျပာေနသည္မွာကိုယ္ပဲ .. ဒါေတာင္သူကေဈးကိုင္ေနသည္ ။ ခြဲရေတာ့မၫ့္ေနာက္ဆံုးအခ်ိန္ထိေတာင္ အဲ့ဒီလိုေသခ်ာေပါက္ေရွာင္ေနရမွကိုျဖစ္မွာလား ကိုဝမ္ရိေပၚရဲ့ !!!

ေဒါက္ ေဒါက္ !!

" ဝင္ခဲ့ပါ "

ကြၽီ !

" အားက်န႔္ေလး ႀကီးႀကီးႏြားႏို႔လာပို႔တာ .. သားရဲ့ကိုငယ္ကသြားပို႔ေပးပါဆိုလို႔ ၿပီးေတာ့သူဟိုကိုသြားတဲ့အေတာအတြင္းေန့တိုင္းတိုက္လိုက္ပါတဲ့ ေသာက္တဲ့အထိေစာင့္ၿပီးခြက္တစ္ခါတည္းသိမ္းဖို႔မွာထားတယ္ အားက်န႔္ေသာက္မေသာက္သိခ်င္လို႔ေနမယ္ "

ဘာကိုသားရဲ့ကိုငယ္လဲ သူကကိုယ့္ရဲ့ကိုငယ္ျဖစ္စရာလား !
ေသာက္မေသာက္ကိုေစာင့္ၾကၫ့္ခိုင္းတယ္တဲ့ ။  ေသာက္လာတာပဲဘယ္ႏွစ္ႏွစ္ရိွေနၿပီလဲ အဲ့ဒီႏြားႏို႔ကိုမႀကိဳက္ရင္ေတာင္ပါးစပ္ကလက္မခံတဲ့အထိေတာ့မျဖစ္ေတာ့ပါဘူး ။

ဒါေပမဲ့ေသာက္လည္းမေသာက္ခ်င္ေတာ့ဘူး သူ႔ေၾကာင့္ပဲဒီႏြားႏို႔ကိုေသာက္ခဲ့တာပဲ အခုေသာက္ေတာ့ေရာဘာမွမထူးျခားေတာ့ဘူး ေသာက္လည္းမေသာက္ခ်င္ေတာ့ဘူး ။

" အားက်န႔္ ဘာေတြေတြးေနတာလဲ ႏြားႏို႔ခြက္ကိုၾကၫ့္ၿပီး "

" ဘာမွမဟုတ္ပါဘူး သားမေသာက္ခ်င္ဘူးျပန္ယူသြားပါႀကီးႀကီး "

" ဟင္ ! "

" မေသာက္ခ်င္တဲ့သူရဲ့ပါးစပ္ထဲကိုအတင္းေလာင္းထၫ့္လို႔မွမရဘဲႀကီးႀကီးရယ္ .. အဟင္း ! "

ႀကီးႀကီးကသက္ျပင္းတစ္ခ်က္ခ်ၿပီးထြက္သြားေလသည္ ။

ဒီညီအစ္ကိုေတြစကားေတြမ်ား မ်ားထားၾကသလားမသိဘူး ။ သတိထားမိတာၾကာေနၿပီ သူတို႔ေရွာင္ေနၾကတာကို ။ အားခ်န္ကအလုပ္နဲ႔အိမ္နဲ႔ဗ်ာမ်ားေနရတဲ့သူဆိုေတာ့ဒီညီအစ္ကိုႏွစ္ေယာက္ေျပာင္းလဲေနတာကိုသတိထားမိမွာမဟုတ္ဘူး ။

ဟင္းးးးးး ဘယ္လိုအေၾကာင္းေၾကာင့္မေခၚဘဲေနၾကသလဲမသိေပမဲ့ အားက်န႔္ေလးကအားငယ္ေနေလာက္မွာအေသအခ်ာပဲ .. သူကဒီအိမ္ကသူစိမ္းသက္သက္ပဲဆိုၿပီးအားငယ္ေနရွာပါ .. ဒါကေမးေနစရာေတာင္မလိုဘူး ေသခ်ာေပါက္ကိုအဲ့အေတြးမ်ိဳးဝင္တတ္သည္ ။

#############