Part : 11 [ U & Z ]
Part : 11 [ U & Z ]
Uni❤️
" ဟေ့ရောင် ရိပေါ် "
" ဘာလဲ .. သူများအခန်းထဲဝင်ရင်တံခါးမခေါက်တတ်ဘူးလား "
" မင်းကလည်း တခါလာလည်းဒါပဲပြောပြောနေတာ "
" မင်းကရောဒီလောက်ပြောနေတာကိုမှတ်လို့လား "
ဝမ်ရိပေါ်ပြန်ပြောတော့မှချင်းလုံလဲပါးစပ်ပိတ်သွားရသည် ။ သူကလည်းသူပဲတံခါးခေါက်တတ်တဲ့အကျင့်ကမွေးကတည်းကပါမလာခဲ့ဘူးထင်ပါရဲ့ ။
" ရော့ .. ငါတို့အတန်းထဲကမိန်းကလေး EC ကမင်းကိုပေးခိုင်းလိုက်တာ "
" ဘာအတွက်တဲ့လဲ "
" အဲ့လိုတော့မပြောလိုက်ဘူး "
" ငါလက်မခံချင်ဘူးပြန်ပေးလိုက် "
" ဟာ မင်းကလည်း .. မိန်းကလေးမတန်မဲ့ပေးတာကိုပြန်ပေးလို့ကောင်းမလာကွ "
" အဲ့တာဆိုမင်းယူလိုက် "
" မယူချင်ပါဘူး .. ငါ့ကိုပေးတာမှမဟုတ်တာ "
" ကျစ် ! မင်းနော် .. သွားတော့ .. ထားခဲ့ "
ချင်းလုံကလည်းကိုယ့်ကိုယူမဲ့ဟာမယူပဲအပိုတွေပြောနေတယ်ဆိုတဲ့ဒီဇိုင်းနဲ့ကြည့်ပြီးအခန်းထဲကပြန်ထွက်သွားလေတယ် ။
ချင်းလုံတို့မိန်းကလေး EC ပေးတဲ့ပစ္စည်းကိုလည်းထုံးစံအတိုင်းမနက်ဖြန်ပြန်ပေးရအုံးမည် ။ အလုပ်ကရှုပ်အုံးမယ် ။ ရိပေါ်တို့ကထုံးစံကိုဖြစ်နေပြီ တချို့ကောင်မလေးတွေ တချို့ကောင်လေးတွေကရိပေါ့်အတွက်ချင်းလုံနဲ့ပစ္စည်းတွေလူကြုံထည့်ထည့်ပေးကြတယ် ။ ချင်းလုံကလည်းသူ့ကိုကပ်ဖားတဲ့အနေနဲ့ပေးတဲ့ပစ္စည်းတွေနဲ့သာယာပြီး ကိုယ်ကြိုက်မှန်းမသိမကြိုက်မှန်းမသိသူများပေးခိုင်းသမျှယူယူလာတတ်တယ် ။
ဒေါက် ဒေါက် !!
" ဝင်လာပြီနော်သား "
" ဟုတ်ကဲ့ ဦးငယ် "
ဦးငယ်ကအသံပြုရင်းအခန်းထဲဝင်လာပြီးသူ့ရဲ့စာကြည့်စားပွဲမှာဝင်ထိုင်သည် ။ သူကတော့ကုတင်ပေါ်မှာအိပ်နေရာမှထထိုင်လိုက်သည် ။
" ဦးငယ်ပြောစရာရှိလို့လား "
" သားတို့ကျောင်းသုံးလပိတ်ဖို့ကနှစ်လလောက်ပဲလိုတော့တာဆိုတော့ ပိတ်ရက်ပေကျင်းကိုပြန်ချင်လား "
" … "
" ချင်းလုံကတော့အလည်သွားအုံးမယ်လို့ပြောတယ် "
" ဟုတ်ကဲ့ ကျွန်တော်သေချာရင်ပြောပါ့မယ်ဦးငယ် .. အရင်ကရက်ရှည်ကျောင်းပိတ်ရက်တွေဆိုရင် ဒီမှာသင်တန်းတွေတတ်ဖို့စဉ်းစားထားတာဆိုတော့ပြန်ဖြစ်ဖို့ကတော့မသေချာလောက်ဘူးထင်တယ်ဦးငယ် "
" အေး အဲ့တာတော့ဟုတ်တယ် .. အိမ်ကအချိန်တန်လို့ဘွဲ့ရရင်ပြန်ရမှာပဲ ပညာအစုံကိုတခါတည်းတတ်မြောက်အောင်သင်သွား .. အဓိကနဲ့သာမညကိုခွဲပေါ့ကွာ အသက်တွေလည်းငယ်တော့တာမှမဟုတ်တာ စဉ်းစားတတ်နေပြီပဲ .. ဟိုကောင့်ကိုတော့ပြောမရလို့ဘာမှကိုမပြောချင်တော့ဘူး "
" ဟုတ်ကဲ့ ဦးငယ် "
" အေးအေး အဲ့ဒါဆိုဦးငယ်လဲသွားနားတော့မယ် .. စောစောနားအုံး ညည့်နက်ထိစာလုပ်မနေနဲ့ "
" ဟုတ်ကဲ့ "
ဦးငယ်ထွက်သွားမှသက်ပြင်းချမိသည် ။ အိမ်ကိုအလည်ပြန်ချင်လားတဲ့ ပြန်ချင်တာပေါ့ဦးငယ်ရဲ့ ဒါပေမဲ့မပြန်ချင်ဘူး ~
××××××××××
" ကျန့်ကျန့် "
" အာ .. ဘိုဝန် "
" တစ်ယောက်တည်းဘာထိုင်လုပ်နေတာလဲ "
" ဒီလိုပါပဲ လေညှင်းခံချင်လို့ပါ "
ဟုတ်လို့လား ကျန့်ကျန့်ရာ .. မင်းအကြောင်းကိုဘယ်သူမှမသိရင်တောင် ငါကမင်းမျက်နှာကြည့်ရုံနဲ့မင်းဘာဖြစ်နေလဲခန့်မှန်းတတ်နေပြီ ။ မင်းရဲ့အစ်ကိုထွက်သွားကတည်းက မင်းအရမ်းအေးစက်သွားတာ အခုလိုတစ်ယောက်တည်းတွေးဆွေးနေတာ အခုလည်းအဲ့လိုဖြစ်နေတာမလား ။
" မင်းတစ်စုံတစ်ခုကိုသတိရနေတာလား မင်းပုံကအဲ့လိုဖြစ်နေတယ်ကွ "
" မင်းထင်လို့ပါ "
" ဟေ့ရောင်တွေ ငါ့ကိုပလစ်ပြီးမင်းတို့နှစ်ယောက်ကဒီမှာလာထိုင်နေကြတယ်ပေါ့ "
ရှောင်းကျန့်အဖြေကိုအလိုမကျလို့ခွန့်တုံ့ပြန်မယ်လုပ်မှ ဟိုကောင်ဖန်ရှင်းကရောက်ချလာပြန်သည် ။
" ငါတို့ကမင်းကိုပလစ်တာလား မင်းကငါတို့ကိုပလစ်တာလား .. ဘဲနဲ့တစ်တီတူးနေတဲ့အချိန်ကျငါတို့ကိုမေ့ထားတာမလား အခုမှငါတို့ကိုအပြစ်လာပြောနေတယ် "
" ဟေ့ရောင်ဘိုဝန် မင်းခွေးစကားမပြောနဲ့ "
" ငါပြောတာမှားလို့လား "
" မင်းတို့ကလည်းတော်ကြပါတော့ .. ကန်တင်းသွားကြမယ် "
ရန်ဖြစ်နေတဲ့နှစ်ကောင်ကိုအာရုံပြောင်းအောင်ကန်တင်းကိုသာခေါ်လာခဲ့လိုက်သည် ။ အေးအေးဆေးဆေးလေးတစ်ယောက်တည်းနေချင်တာတောင် ဒင်းတို့သာသနာဖျက်လို့ပျက်သွားပြီ ။
××××××××××
" ကျန့်ကျန့် "
" ဗျာ ကိုကြီး "
" ဒီနှစ်ကျောင်းပိတ်ရက်ကျရင် အားလုံအလည်လာမယ်ကြားတယ် "
အားလုံလာမည်လို့ပြောတော့ကျန့်ကျန့်မျက်လုံးတွေအရောင်လက်သွားတာမြင်လိုက်သည် ။ ဝမ်လေးရောပါမယ်ထင်နေတာဖြစ်မယ် ။ ဝမ်လေးကလည်းဒီကောင်လေးနဲ့ခေါ်သာမခေါ်တာသွားခါနီးဂရုစိုက်ဖို့ကိုလည်းတဖွဖွမှာသွားသေးတာ ။ ဘာလို့မခေါ်ကြတာလဲမေးတော့လည်းမဖြေဘူး အချင်းချင်းမခေါ်ကြတာတောင်ကြီးကြီးပြောလို့သိရတာ ။
" ဝမ်လေးကတော့ဘွဲ့ယူပြီးမှပြန်လာမလားမသိဘူး ဒီနှစ်တော့ပြန်မလာဖြစ်ဘူးတဲ့ သင်တန်းတွေတတ်မလို့တဲ့ အိမ်ကအချိန်တန်ရင်ပြန်လာရမှာတဲ့လေ "
" အော် .. ဟုတ်ပါတယ် "
ရှောင်းကျန့်လည်း ဖတ်လက်စအထွေထွေဗဟုသုတစာအုပ်ကိုပိတ်ကာ Laptop နဲ့အလုပ်လုပ်ရင်းစကားပြောနေတဲ့ကိုကြီးကိုနှုတ်ဆက်ကာခြံထဲမှထလာပြီးအခန်းထဲပဲပြန်လာခဲ့လိုက်သည် ။
ကိုငယ့်စိတ်ထဲမှာဘယ်လိုဖြစ်နေလဲကျွန်တော်မသိဘူး ဒါပေမဲ့ကျွန်တော်တစ်နှစ်ထက်တစ်နှစ်အသက်ကြီးလာတဲ့အခါမှာကိုယ့်စိတ်ကိုပိုနားလည်လာတယ် ကိုငယ့်ပေါ်ကျွန်တော့်စိတ်တွေကမရိုးသားတော့တာကို …
ကိုယ့်ကိုယ်ကိုလည်းအရမ်းလန့်သွားခဲ့တယ် ။ ကိုယ့်ကျေးဇူးရှင်ကိုဘယ်လိုတောင်မရိုးမသားဖြစ်နိုင်ရတာလဲဆိုပြီး ။ ပြီးတော့ကိုယ်ကဂေးတစ်ယောက်လားလို့လဲတွေးမိတယ် ဒါပေမဲ့ကိုငယ့်တစ်ယောက်တည်းအပေါ်မှာလား တခြားယောက်ျားလေးတွေအပေါ်မှာရောဒီလိုလားဆိုပြီးသိချင်လာတယ် ။
အခုချိန်ထိဘယ်ယောက်ျားလေးနဲ့မှမပတ်သတ်ဖူးသေးဘဲ ကိုငယ်နဲ့ပဲလက်ပွန်းတတီးနေပြီးကိုငယ်နဲ့ပဲနမ်းဖူးတာမလို့စိတ်ကယောင်ချောက်ချားဖြစ်တာလားလို့လည်းသိချင်တယ် ။ လောလောဆယ်ဘယ်ယောက်ျားလေး ဘယ်မိန်းကလေးနဲ့မှမပတ်သတ်ဖူးတာမလို့ ကိုငယ်တစ်ယောက်တည်းကြောင့်နဲ့တော့ ကိုယ့်ကိုယ်ကိုဂေးတစ်ယောက်လို့ဘယ်နည်းနဲ့မှလက်မခံနိုင်ဘူး ။
××××××××××
" ရိပေါ် မင်းအကြောင်းတွေငါကြားတယ်နော် "
" မင်းကဘာကြားလို့လဲ "
" ကျောင်းမှာပြောနေကြတဲ့ကိစ္စပဲပေါ့ကွာ မင်းနဲ့ငါတို့ကျောင်းရဲ့ Queen နဲ့ကြိုက်နေတယ်ဆိုတာလေ "
" မဟုတ်ပါဘူးကွာ ဟိုတစ်နေ့ကသူ့စကတ်မှာအမဲတွေစွန်းနေတာမြင်မကောင်းလို့ ငါ့အပေါ်ထည်ချွတ်ပေးလိုက်တာ "
" အော် .. အဲ့တာကိုတမျိုးထင်နေကြတာဖြစ်မယ် "
" ဟုတ်မှာပေါ့ "
လူတွေလည်းတကယ်မလွယ်ပါဘူး ။
" ဒါပေမဲ့ သူကမင်းကိုကြိုက်နေတယ်လို့ငါကြားဖူးတယ်နော် ဟေ့ကောင် "
" ချင်းလုံ မင်းအားနေရင်စာလုပ်နေပါ့လား .. အားနေငါ့အခန်းထဲပဲလာလာနေတယ် ဦးငယ်ပြန်လာမှတိုင်အုံးမယ် "
" မင်းနော် ! တော်ပြီ ငါ့အခန်းငါပြန်ပြီ "
Ring ...
ချင်းလုံထွက်သွားတာနဲ့တပြိုင်တည်းဖုန်းဝင်လာလို့ကြည့်လိုက်တော့ ' ခိုအီချီ ' ...
ခိုအီချီဆိုတာ သူတို့ကျောင်းရဲ့ Queen ဂျပန်မလေး .. လှတာကတော့ Queen လို့ကိုပြောစရာမလိုဘူး တကယ်ကိုလှတာ .. စိတ်ထားလေးလည်းလှသည် အဲ့ဒါကြောင့်မျက်နှာလေးကပါလှနေတာဖြစ်မယ် ။ သူ့ကိုကြည့်လိုက်ရက်အမြဲပြုံးပြီး မျက်နှာလကအေးချမ်းနေသည် ။ နူးညံ့သည် သနားတတ်သည် ဖော်ရွေသည် Queen ဆိုပြီးမာနကြီးနေတာမဟုတ် ။ ယောက်ျားလေးတွေနဲ့တော့ ဟီးဟီးဟားဟားနေတတ်တဲ့သူမဟုတ် ။
ချင်းလုံပြောသွားတာမှန်တော့မှန်သည် အဲ့ဒီကောင်မလေးကသူ့ကိုသဘောကျနေတာသူသိသည် ။ ကောင်မလေးကပေါ်တင်မပြောပေမဲ့ ရေလာမြောင်းပေးတော့လုပ်သည် ။ သူ့လိုကောင်မလေးကိုငြင်းမဲ့ယောက်ျားရှိပါ့မလား သူလည်းကျားပဲအသားမြင်စားချင်တာပဲ ။ ဒါပေမဲ့ ဒီအသားက ရိပေါ်တပ်တပ်မက်မက်စားချင်နေတဲ့အသားမျိုးတော့မဟုတ်ဘူး ။ ဒီလိုလိမ်မာယဉ်ကျေးသိမ်မွေ့ပြီး ပြီးပြည့်စုံတဲ့မိန်းကလေးမျိုးကိုအပိုင်မရရင်တောင်တွဲဖူးတဲ့ကောင်လေးကတကယ်ကိုကံကောင်းတဲ့သူဖြစ်မှာ ။
ဝမ်ရိပေါ်ကရောကံကောင်းတဲ့သူဖြစ်ချင်လား …
" Hello "
" ရိပေါ်ကလည်း ဖုန်းကိုင်တာကြာလိုက်တာ "
" အင်း ကျွန်တော်စာလုပ်နေလို့ "
" အဲ့ဒါဆိုတောင်းပန်ပါတယ်နော် ကျွန်မမသိလို့ဆက်မိတာပါ "
" ရပါတယ် မခိုအီချီဘာပြောစရာရှိလို့လည်းမသိဘူး "
" အာ .. မရှိပါဘူး .. ဟို .. အချိန်ရရင်ရိပေါ်နဲ့မနက်ဖြန် date ချင်လို့ပါ သူငယ်ချင်းဖြစ်ချင်လို့ "
" အော် .. ဟုတ်ကဲ့ နေရာပြောပါဗျ "
" ကျွန်မစဉ်းစားပြီး message ပို့မယ်နော် "
" ဟုတ်ကဲ့ ဒါဆိုဒါပဲနော် .. ကျွန်တော်စာလုပ်လို့မပြီးသေးလို့ဗျ "
" ဟုတ်ကဲ့ရှင့် "
ဒီကောင်မလေးတကယ်ယဉ်ကျေးတာပဲ …
××××××××××
" ကျန့်ကျန့်လေး "
" အင်းးးးး "
အိပ်ချင်မူတူးနဲ့ပြန်ထူးတဲ့အသံလေးကတကယ်ချစ်စရာလေး …
" ကျန့်ကျန့်လေး ထတော့ကွာ !! "
ရှောင်းကျန့်လည်းဇွတ်လာနှိုးနေတဲ့သူကြောင့်မျက်လုံးကိုအားယူပြီးဖွင့်ကြည့်လိုက်တော့မိက်လုံးထဲမြင်လိုက်ရတဲ့သူက …
" ကိုလတ် !! "
တကယ်အံ့ဩသွားတာဗျာ ရုတ်တရက်ကြီး !
" ဘာလဲ အံ့ဩသွားတာလား "
" အံ့ဩတာပေါ့ဗျ "
" ဟဟ ! ထမျက်နှာသစ်တော့ "
" ဟုတ်ကဲ့ ကိုလတ် "
ကိုလတ်ကိုမြင်လိုက်ကတော့ ကိုငယ်ရောပါလာမလားသိချင်စိတ်နဲ့ရှာကြည့်ပေမဲ့ မတွေ့ပါဘူး ။ သူတကယ်ပြန်မလာဘူးပေါ့ အဲ့ဒါရောကိုယ့်ကြောင့်လား ? ကိုယ့်ကြောင့်ပြန်မလာတာလား သင်တန်းဆိုတာအကြောင်းပြချက်သက်သက်ပဲလား ?
" ဝမ်လေးစာတွေလုပ်ရလို့အရမ်းများပင်ပန်းနေမလားမသိဘူး "
" မပင်ပန်းပါဘူးကိုကိုရာ သူ့မှာဖြေဆေးရှ်ိတယ် "
" ဟုတ်လား ဘာဖြေဆေးလဲ "
" ကျွန်တော်တို့ကျောင်းက Queen နဲ့ကြည်နေတယ်လို့ကြားတယ် ညတိုင်းလိုလိုဖုန်းပြောနေကြတာလဲကြားတယ် တခါတလေပိတ်ရက်တွေလည်း date ကြတယ် ကိုကို "
" အော် .. ဝမ်လေးတောင်အရွယ်ရောက်လာပြီပဲ ဒါပေမဲ့သူ့ရည်မှန်းချက်တွေကိုတော့အဲ့ဒီကိစ္စကြောင့်နဲ့မလျော့နည်းသွားစေချင်ဘူး "
" သူကပညာရေးနဲ့အဲ့ဒါနဲ့ကိုတစ်ကန့်စီခွဲထားတာမို့ကိုကိုကစိတ်မပူပါနဲ့ "
" အင်းပါ ဖုန်းတော့ဆက်ပြီးသတိပေးထားရအုံးမယ် ပညာရေးနဲ့မရောပစ်ဖို့ "
" ကိုကိုကမတားဘူးမလား "
" သူ့အသက်လည်းမငယ်တော့ပါဘူး "
ကိုကိုကတော့စကားဆက်မပြောတော့ဘဲ ထမင်းသာဆက်စားနေသည် ။ မျက်နှာချင်းဆိုင်က ကျန့်ကျန့်လေးကိုကြည့်မိတော့လည်း ထမင်းသာစားနေတာ ထမင်းနဲ့ဟင်းရဲ့အရသာကဘာလည်းဆိုတာရောသိရဲ့လားတောင်မသိ ။ ဝတ္တရားအရသာစားနေရပြီးစိတ်နဲ့လူနဲ့မကပ်သလိုပုံပဲ ။ မနက်အစောကြီးကိုဒီကောင်လေးဘာဖြစ်နေတာလဲမသိဘူး ။
#############
Zawgyi ❤️
" ေဟ့ေရာင္ ရိေပၚ "
" ဘာလဲ .. သူမ်ားအခန္းထဲဝင္ရင္တံခါးမေခါက္တတ္ဘူးလား "
" မင္းကလည္း တခါလာလည္းဒါပဲေျပာေျပာေနတာ "
" မင္းကေရာဒီေလာက္ေျပာေနတာကိုမွတ္လို႔လား "
ဝမ္ရိေပၚျပန္ေျပာေတာ့မွခ်င္းလံုလဲပါးစပ္ပိတ္သြားရသည္ ။ သူကလည္းသူပဲတံခါးေခါက္တတ္တဲ့အက်င့္ကေမြးကတည္းကပါမလာခဲ့ဘူးထင္ပါရဲ့ ။
" ေရာ့ .. ငါတို႔အတန္းထဲကမိန္းကေလး EC ကမင္းကိုေပးခိုင္းလိုက္တာ "
" ဘာအတြက္တဲ့လဲ "
" အဲ့လိုေတာ့မေျပာလိုက္ဘူး "
" ငါလက္မခံခ်င္ဘူးျပန္ေပးလိုက္ "
" ဟာ မင္းကလည္း .. မိန္းကေလးမတန္မဲ့ေပးတာကိုျပန္ေပးလို႔ေကာင္းမလာကြ "
" အဲ့တာဆိုမင္းယူလိုက္ "
" မယူခ်င္ပါဘူး .. ငါ့ကိုေပးတာမွမဟုတ္တာ "
" က်စ္ ! မင္းေနာ္ .. သြားေတာ့ .. ထားခဲ့ "
ခ်င္းလံုကလည္းကိုယ့္ကိုယူမဲ့ဟာမယူပဲအပိုေတြေျပာေနတယ္ဆိုတဲ့ဒီဇိုင္းနဲ႔ၾကၫ့္ၿပီးအခန္းထဲကျပန္ထြက္သြားေလတယ္ ။
ခ်င္းလံုတို႔မိန္းကေလး EC ေပးတဲ့ပစၥည္းကိုလည္းထံုးစံအတိုင္းမနက္ျဖန္ျပန္ေပးရအံုးမည္ ။ အလုပ္ကရႈပ္အံုးမယ္ ။ ရိေပၚတို႔ကထံုးစံကိုျဖစ္ေနၿပီ တခ်ိဳ႕ေကာင္မေလးေတြ တခ်ိဳ႕ေကာင္ေလးေတြကရိေပၚ့အတြက္ခ်င္းလံုနဲ႔ပစၥည္းေတြလူႀကံဳထၫ့္ထၫ့္ေပးၾကတယ္ ။ ခ်င္းလံုကလည္းသူ႔ကိုကပ္ဖားတဲ့အေနနဲ႔ေပးတဲ့ပစၥည္းေတြနဲ႔သာယာၿပီး ကိုယ္ႀကိဳက္မွန္းမသိမႀကိဳက္မွန္းမသိသူမ်ားေပးခိုင္းသမ်ွယူယူလာတတ္တယ္ ။
ေဒါက္ ေဒါက္ !!
" ဝင္လာၿပီေနာ္သား "
" ဟုတ္ကဲ့ ဦးငယ္ "
ဦးငယ္ကအသံျပဳရင္းအခန္းထဲဝင္လာၿပီးသူ႔ရဲ့စာၾကၫ့္စားပြဲမွာဝင္ထိုင္သည္ ။ သူကေတာ့ကုတင္ေပၚမွာအိပ္ေနရာမွထထိုင္လိုက္သည္ ။
" ဦးငယ္ေျပာစရာရိွလို႔လား "
" သားတို႔ေက်ာင္းသံုးလပိတ္ဖို႔ကႏွစ္လေလာက္ပဲလိုေတာ့တာဆိုေတာ့ ပိတ္ရက္ေပက်င္းကိုျပန္ခ်င္လား "
" … "
" ခ်င္းလံုကေတာ့အလည္သြားအံုးမယ္လို႔ေျပာတယ္ "
" ဟုတ္ကဲ့ ကြၽန္ေတာ္ေသခ်ာရင္ေျပာပါ့မယ္ဦးငယ္ .. အရင္ကရက္ရွည္ေက်ာင္းပိတ္ရက္ေတြဆိုရင္ ဒီမွာသင္တန္းေတြတတ္ဖို႔စဉ္းစားထားတာဆိုေတာ့ျပန္ျဖစ္ဖို႔ကေတာ့မေသခ်ာေလာက္ဘူးထင္တယ္ဦးငယ္ "
" ေအး အဲ့တာေတာ့ဟုတ္တယ္ .. အိမ္ကအခ်ိန္တန္လို႔ဘြဲ႔ရရင္ျပန္ရမွာပဲ ပညာအစံုကိုတခါတည္းတတ္ေျမာက္ေအာင္သင္သြား .. အဓိကနဲ႔သာမညကိုခြဲေပါ့ကြာ အသက္ေတြလည္းငယ္ေတာ့တာမွမဟုတ္တာ စဉ္းစားတတ္ေနၿပီပဲ .. ဟိုေကာင့္ကိုေတာ့ေျပာမရလို႔ဘာမွကိုမေျပာခ်င္ေတာ့ဘူး "
" ဟုတ္ကဲ့ ဦးငယ္ "
" ေအးေအး အဲ့ဒါဆိုဦးငယ္လဲသြားနားေတာ့မယ္ .. ေစာေစာနားအံုး ညၫ့္နက္ထိစာလုပ္မေနနဲ႔ "
" ဟုတ္ကဲ့ "
ဦးငယ္ထြက္သြားမွသက္ျပင္းခ်မိသည္ ။ အိမ္ကိုအလည္ျပန္ခ်င္လားတဲ့ ျပန္ခ်င္တာေပါ့ဦးငယ္ရဲ့ ဒါေပမဲ့မျပန္ခ်င္ဘူး ~
××××××××××
" က်န႔္က်န႔္ "
" အာ .. ဘိုဝန္ "
" တစ္ေယာက္တည္းဘာထိုင္လုပ္ေနတာလဲ "
" ဒီလိုပါပဲ ေလၫွင္းခံခ်င္လို႔ပါ "
ဟုတ္လို႔လား က်န႔္က်န႔္ရာ .. မင္းအေၾကာင္းကိုဘယ္သူမွမသိရင္ေတာင္ ငါကမင္းမ်က္ႏွာၾကၫ့္ရံုနဲ႔မင္းဘာျဖစ္ေနလဲခန႔္မွန္းတတ္ေနၿပီ ။ မင္းရဲ့အစ္ကိုထြက္သြားကတည္းက မင္းအရမ္းေအးစက္သြားတာ အခုလိုတစ္ေယာက္တည္းေတြးေဆြးေနတာ အခုလည္းအဲ့လိုျဖစ္ေနတာမလား ။
" မင္းတစ္စံုတစ္ခုကိုသတိရေနတာလား မင္းပံုကအဲ့လိုျဖစ္ေနတယ္ကြ "
" မင္းထင္လို႔ပါ "
" ေဟ့ေရာင္ေတြ ငါ့ကိုပလစ္ၿပီးမင္းတို႔ႏွစ္ေယာက္ကဒီမွာလာထိုင္ေနၾကတယ္ေပါ့ "
ေရွာင္းက်န႔္အေျဖကိုအလိုမက်လို႔ခြန႔္တံု႔ျပန္မယ္လုပ္မွ ဟိုေကာင္ဖန္ရွင္းကေရာက္ခ်လာျပန္သည္ ။
" ငါတို႔ကမင္းကိုပလစ္တာလား မင္းကငါတို႔ကိုပလစ္တာလား .. ဘဲနဲ႔တစ္တီတူးေနတဲ့အခ်ိန္က်ငါတို႔ကိုေမ့ထားတာမလား အခုမွငါတို႔ကိုအျပစ္လာေျပာေနတယ္ "
" ေဟ့ေရာင္ဘိုဝန္ မင္းေခြးစကားမေျပာနဲ႔ "
" ငါေျပာတာမွားလို႔လား "
" မင္းတို႔ကလည္းေတာ္ၾကပါေတာ့ .. ကန္တင္းသြားၾကမယ္ "
ရန္ျဖစ္ေနတဲ့ႏွစ္ေကာင္ကိုအာရံုေျပာင္းေအာင္ကန္တင္းကိုသာေခၚလာခဲ့လိုက္သည္ ။ ေအးေအးေဆးေဆးေလးတစ္ေယာက္တည္းေနခ်င္တာေတာင္ ဒင္းတို႔သာသနာဖ်က္လို႔ပ်က္သြားၿပီ ။
××××××××××
" က်န႔္က်န႔္ "
" ဗ်ာ ကိုႀကီး "
" ဒီႏွစ္ေက်ာင္းပိတ္ရက္က်ရင္ အားလံုအလည္လာမယ္ၾကားတယ္ "
အားလံုလာမည္လို႔ေျပာေတာ့က်န႔္က်န႔္မ်က္လံုးေတြအေရာင္လက္သြားတာျမင္လိုက္သည္ ။ ဝမ္ေလးေရာပါမယ္ထင္ေနတာျဖစ္မယ္ ။ ဝမ္ေလးကလည္းဒီေကာင္ေလးနဲ႔ေခၚသာမေခၚတာသြားခါနီးဂရုစိုက္ဖို႔ကိုလည္းတဖြဖြမွာသြားေသးတာ ။ ဘာလို႔မေခၚၾကတာလဲေမးေတာ့လည္းမေျဖဘူး အခ်င္းခ်င္းမေခၚၾကတာေတာင္ႀကီးႀကီးေျပာလို႔သိရတာ ။
" ဝမ္ေလးကေတာ့ဘြဲ႔ယူၿပီးမျွပန္လာမလားမသိဘူး ဒီႏွစ္ေတာ့ျပန္မလာျဖစ္ဘူးတဲ့ သင္တန္းေတြတတ္မလို႔တဲ့ အိမ္ကအခ်ိန္တန္ရင္ျပန္လာရမွာတဲ့ေလ "
" ေအာ္ .. ဟုတ္ပါတယ္ "
ေရွာင္းက်န႔္လည္း ဖတ္လက္စအေထြေထြဗဟုသုတစာအုပ္ကိုပိတ္ကာ Laptop နဲ႔အလုပ္လုပ္ရင္းစကားေျပာေနတဲ့ကိုႀကီးကိုႏႈတ္ဆက္ကာၿခံထဲမွထလာၿပီးအခန္းထဲပဲျပန္လာခဲ့လိုက္သည္ ။
ကိုငယ့္စိတ္ထဲမွာဘယ္လိုျဖစ္ေနလဲကြၽန္ေတာ္မသိဘူး ဒါေပမဲ့ကြၽန္ေတာ္တစ္ႏွစ္ထက္တစ္ႏွစ္အသက္ႀကီးလာတဲ့အခါမွာကိုယ့္စိတ္ကိုပိုနားလည္လာတယ္ ကိုငယ့္ေပၚကြၽန္ေတာ့္စိတ္ေတြကမရိုးသားေတာ့တာကို …
ကိုယ့္ကိုယ္ကိုလည္းအရမ္းလန႔္သြားခဲ့တယ္ ။ ကိုယ့္ေက်းဇူးရွင္ကိုဘယ္လိုေတာင္မရိုးမသားျဖစ္ႏိုင္ရတာလဲဆိုၿပီး ။ ၿပီးေတာ့ကိုယ္ကေဂးတစ္ေယာက္လားလို႔လဲေတြးမိတယ္ ဒါေပမဲ့ကိုငယ့္တစ္ေယာက္တည္းအေပၚမွာလား တျခားေယာက္်ားေလးေတြအေပၚမွာေရာဒီလိုလားဆိုၿပီးသိခ်င္လာတယ္ ။
အခုခ်ိန္ထိဘယ္ေယာက္်ားေလးနဲ႔မွမပတ္သတ္ဖူးေသးဘဲ ကိုငယ္နဲ႔ပဲလက္ပြန္းတတီးေနၿပီးကိုငယ္နဲ႔ပဲနမ္းဖူးတာမလို႔စိတ္ကေယာင္ေခ်ာက္ခ်ားျဖစ္တာလားလို႔လည္းသိခ်င္တယ္ ။ ေလာေလာဆယ္ဘယ္ေယာက္်ားေလး ဘယ္မိန္းကေလးနဲ႔မွမပတ္သတ္ဖူးတာမလို႔ ကိုငယ္တစ္ေယာက္တည္းေၾကာင့္နဲ႔ေတာ့ ကိုယ့္ကိုယ္ကိုေဂးတစ္ေယာက္လို႔ဘယ္နည္းနဲ႔မွလက္မခံႏိုင္ဘူး ။
××××××××××
" ရိေပၚ မင္းအေၾကာင္းေတြငါၾကားတယ္ေနာ္ "
" မင္းကဘာၾကားလို႔လဲ "
" ေက်ာင္းမွာေျပာေနၾကတဲ့ကိစၥပဲေပါ့ကြာ မင္းနဲ႔ငါတို႔ေက်ာင္းရဲ့ Queen နဲ႔ႀကိဳက္ေနတယ္ဆိုတာေလ "
" မဟုတ္ပါဘူးကြာ ဟိုတစ္ေန့ကသူ႔စကတ္မွာအမဲေတြစြန္းေနတာျမင္မေကာင္းလို႔ ငါ့အေပၚထည္ခြၽတ္ေပးလိုက္တာ "
" ေအာ္ .. အဲ့တာကိုတမ်ိဳးထင္ေနၾကတာျဖစ္မယ္ "
" ဟုတ္မွာေပါ့ "
လူေတြလည္းတကယ္မလြယ္ပါဘူး ။
" ဒါေပမဲ့ သူကမင္းကိုႀကိဳက္ေနတယ္လို႔ငါၾကားဖူးတယ္ေနာ္ ေဟ့ေကာင္ "
" ခ်င္းလံု မင္းအားေနရင္စာလုပ္ေနပါ့လား .. အားေနငါ့အခန္းထဲပဲလာလာေနတယ္ ဦးငယ္ျပန္လာမွတိုင္အံုးမယ္ "
" မင္းေနာ္ ! ေတာ္ၿပီ ငါ့အခန္းငါျပန္ၿပီ "
Ring ...
ခ်င္းလံုထြက္သြားတာနဲ႔တၿပိဳင္တည္းဖုန္းဝင္လာလို႔ၾကၫ့္လိုက္ေတာ့ ' ခိုအီခ်ီ ' ...
ခိုအီခ်ီဆိုတာ သူတို႔ေက်ာင္းရဲ့ Queen ဂ်ပန္မေလး .. လွတာကေတာ့ Queen လို႔ကိုေျပာစရာမလိုဘူး တကယ္ကိုလွတာ .. စိတ္ထားေလးလည္းလွသည္ အဲ့ဒါေၾကာင့္မ်က္ႏွာေလးကပါလွေနတာျဖစ္မယ္ ။ သူ႔ကိုၾကၫ့္လိုက္ရက္အၿမဲျပံဳးၿပီး မ်က္ႏွာလကေအးခ်မ္းေနသည္ ။ ႏူးညံ့သည္ သနားတတ္သည္ ေဖာ္ေရြသည္ Queen ဆိုၿပီးမာနႀကီးေနတာမဟုတ္ ။ ေယာက္်ားေလးေတြနဲ႔ေတာ့ ဟီးဟီးဟားဟားေနတတ္တဲ့သူမဟုတ္ ။
ခ်င္းလံုေျပာသြားတာမွန္ေတာ့မွန္သည္ အဲ့ဒီေကာင္မေလးကသူ႔ကိုသေဘာက်ေနတာသူသိသည္ ။ ေကာင္မေလးကေပၚတင္မေျပာေပမဲ့ ေရလာေျမာင္းေပးေတာ့လုပ္သည္ ။ သူ႔လိုေကာင္မေလးကိုျငင္းမဲ့ေယာက္်ားရိွပါ့မလား သူလည္းက်ားပဲအသားျမင္စားခ်င္တာပဲ ။ ဒါေပမဲ့ ဒီအသားက ရိေပၚတပ္တပ္မက္မက္စားခ်င္ေနတဲ့အသားမ်ိဳးေတာ့မဟုတ္ဘူး ။ ဒီလိုလိမ္မာယဉ္ေက်းသိမ္ေမြ့ၿပီး ၿပီးျပၫ့္စံုတဲ့မိန္းကေလးမ်ိဳးကိုအပိုင္မရရင္ေတာင္တြဲဖူးတဲ့ေကာင္ေလးကတကယ္ကိုကံေကာင္းတဲ့သူျဖစ္မွာ ။
ဝမ္ရိေပၚကေရာကံေကာင္းတဲ့သူျဖစ္ခ်င္လား …
" Hello "
" ရိေပၚကလည္း ဖုန္းကိုင္တာၾကာလိုက္တာ "
" အင္း ကြၽန္ေတာ္စာလုပ္ေနလို႔ "
" အဲ့ဒါဆိုေတာင္းပန္ပါတယ္ေနာ္ ကြၽန္မမသိလို႔ဆက္မိတာပါ "
" ရပါတယ္ မခိုအီခ်ီဘာေျပာစရာရိွလို႔လည္းမသိဘူး "
" အာ .. မရိွပါဘူး .. ဟို .. အခ်ိန္ရရင္ရိေပၚနဲ႔မနက္ျဖန္ date ခ်င္လို႔ပါ သူငယ္ခ်င္းျဖစ္ခ်င္လို႔ "
" ေအာ္ .. ဟုတ္ကဲ့ ေနရာေျပာပါဗ် "
" ကြၽန္မစဉ္းစားၿပီး message ပို႔မယ္ေနာ္ "
" ဟုတ္ကဲ့ ဒါဆိုဒါပဲေနာ္ .. ကြၽန္ေတာ္စာလုပ္လို႔မၿပီးေသးလို႔ဗ် "
" ဟုတ္ကဲ့ရွင့္ "
ဒီေကာင္မေလးတကယ္ယဉ္ေက်းတာပဲ …
××××××××××
" က်န႔္က်န႔္ေလး "
" အင္းးးးး "
အိပ္ခ်င္မူတူးနဲ႔ျပန္ထူးတဲ့အသံေလးကတကယ္ခ်စ္စရာေလး …
" က်န႔္က်န႔္ေလး ထေတာ့ကြာ !! "
ေရွာင္းက်န႔္လည္းဇြတ္လာႏိႈးေနတဲ့သူေၾကာင့္မ်က္လံုးကိုအားယူၿပီးဖြင့္ၾကၫ့္လိုက္ေတာ့မိက္လံုးထဲျမင္လိုက္ရတဲ့သူက …
" ကိုလတ္ !! "
တကယ္အံ့ဩသြားတာဗ်ာ ရုတ္တရက္ႀကီး !
" ဘာလဲ အံ့ဩသြားတာလား "
" အံ့ဩတာေပါ့ဗ် "
" ဟဟ ! ထမ်က္ႏွာသစ္ေတာ့ "
" ဟုတ္ကဲ့ ကိုလတ္ "
ကိုလတ္ကိုျမင္လိုက္ကေတာ့ ကိုငယ္ေရာပါလာမလားသိခ်င္စိတ္နဲ႔ရွာၾကၫ့္ေပမဲ့ မေတြ့ပါဘူး ။ သူတကယ္ျပန္မလာဘူးေပါ့ အဲ့ဒါေရာကိုယ့္ေၾကာင့္လား ? ကိုယ့္ေၾကာင့္ျပန္မလာတာလား သင္တန္းဆိုတာအေၾကာင္းျပခ်က္သက္သက္ပဲလား ?
" ဝမ္ေလးစာေတြလုပ္ရလို႔အရမ္းမ်ားပင္ပန္းေနမလားမသိဘူး "
" မပင္ပန္းပါဘူးကိုကိုရာ သူ႔မွာေျဖေဆးရွ္ိတယ္ "
" ဟုတ္လား ဘာေျဖေဆးလဲ "
" ကြၽန္ေတာ္တို႔ေက်ာင္းက Queen နဲ႔ၾကည္ေနတယ္လို႔ၾကားတယ္ ညတိုင္းလိုလိုဖုန္းေျပာေနၾကတာလဲၾကားတယ္ တခါတေလပိတ္ရက္ေတြလည္း date ၾကတယ္ ကိုကို "
" ေအာ္ .. ဝမ္ေလးေတာင္အရြယ္ေရာက္လာၿပီပဲ ဒါေပမဲ့သူ႔ရည္မွန္းခ်က္ေတြကိုေတာ့အဲ့ဒီကိစၥေၾကာင့္နဲ႔မေလ်ာ့နည္းသြားေစခ်င္ဘူး "
" သူကပညာေရးနဲ႔အဲ့ဒါနဲ႔ကိုတစ္ကန႔္စီခြဲထားတာမို႔ကိုကိုကစိတ္မပူပါနဲ႔ "
" အင္းပါ ဖုန္းေတာ့ဆက္ၿပီးသတိေပးထားရအံုးမယ္ ပညာေရးနဲ႔မေရာပစ္ဖို႔ "
" ကိုကိုကမတားဘူးမလား "
" သူ႔အသက္လည္းမငယ္ေတာ့ပါဘူး "
ကိုကိုကေတာ့စကားဆက္မေျပာေတာ့ဘဲ ထမင္းသာဆက္စားေနသည္ ။ မ်က္ႏွာခ်င္းဆိုင္က က်န႔္က်န႔္ေလးကိုၾကၫ့္မိေတာ့လည္း ထမင္းသာစားေနတာ ထမင္းနဲ႔ဟင္းရဲ့အရသာကဘာလည္းဆိုတာေရာသိရဲ့လားေတာင္မသိ ။ ဝတၲရားအရသာစားေနရၿပီးစိတ္နဲ႔လူနဲ႔မကပ္သလိုပံုပဲ ။ မနက္အေစာႀကီးကိုဒီေကာင္ေလးဘာျဖစ္ေနတာလဲမသိဘူး ။
#############