Part : 12 [ U & Z ]
Part : 12 [ U & Z ]
Uni❤️
" သားရယ် ဒီမှာပဲနေလို့မရဘူးလားကွယ် "
" သားလာလည်မှာပေါ့ကြီးကြီးရဲ့ ကြီးကြီးကိုအမြဲသတိရနေမှာပါ "
" ငါ့သားလေးကိုလွမ်းနေရတော့မှာပဲကွယ် "
" ကြီးကြီးကလည်းသားဝမ်းနည်းအောင်လာပြောနေတာ "
" သားရဲ့ကိုငယ်လည်းမနက်ဖြန်မနက်ရောက်မှာပဲကို တစ်ပတ်လောက်နေမှပြောင်းပါလားကွယ် "
သားရဲ့ကိုငယ်မဟုတ်တော့ပါဘူးကြီးကြီးရယ် ~
" သူရောက်မှပြောင်းတော့ရောဘာထူးမှာမလို့လဲကြီးကြီးရယ် သားတို့တွေကစိမ်းနေကြပါပြီ "
" သားရယ် ... ဘယ်လိုတားတားမရပါလားကွယ် "
ကြီးကြီးကသက်ပြင်းချပြီး အလျှော့ပေးတဲ့အသံနဲ့ပြောတော့ရှောင်းကျန့်ကပြုံးသည် ။
" တားမရလည်းသဘောပါတော် .. ဒါပေမဲ့အလည်တော့ပုံမှန်လာနော် ကြီးကြီးကမျှော်နေမှာ "
" ဟုတ်ကြီးကြီး "
" အေး .. သားဘယ်လိုသွားမှာလဲ အိမ်ကကားနဲ့ပဲလား "
" မဟုတ်ဘူးကြီးကြီး ကျောက်ယွီနဲ့သွားမှာ .. သူကပရိဘောဂတွေသူနေရာချပေးချင်လို့တဲ့ "
" အော် .. အေးပါ ကောင်းကောင်းသွားကြ "
ကျောက်ယွီဆိုတာကလွန်ခဲ့တဲ့ငါးလလောက်ကမှအဖြေပေးထားတဲ့ ရှောင်းကျန့်ရဲ့ချစ်သူဖြစ်တယ် ။ ယောက်ျားလေးကစပြီးဖွင့်ပြောရမှာဖြစ်ပေမဲ့လက်ရဲဇက်ရဲရှိတဲ့ အဲ့ဒီကောင်မလေးကသာဖွင့်ပြောခဲ့တယ် ။
ကောင်မလေးကထက်မြတ်တယ် တော်တယ် ရဲရင့်တယ် အလုပ်လဲကြိုးစားတယ် ရုပ်လေးကလဲချောတယ် လူမှုပေါင်းသင်းဆက်ဆံရေးလည်းကောင်းတယ် အသိုင်းအဝိုင်းကလည်းကောင်းတယ် ယဉ်လည်းယဉ်ကျေးတယ် ရှောင်းကျန့်အပေါ်ကိုလည်းကလေးလိုမဆိုးဘဲအားလုံးနားလည်ပေးထားသည်မို့ အားလုံးခြုံပြောရရင်ရှောင်းကျန့်သူ့ကိုရွေးချယ်ခဲ့တာကချစ်လို့မဟုတ်ဘဲသဘောကျလို့သာဖြစ်သည် ။ အဲ့ဒီလိုမိန်းကလေးမျိုးကငြင်းစရာအချက်မှမရှိဘဲ ဘယ်ယောက်ျားလေးကရောငြင်းစရာရှိလို့လဲ ။
တီတီ !!
" သားရေ ကျောက်ယွီမိန်းကလေးလာပြီထင်တယ် .. အထုတ်တွေကြီးကြီးသယ်ကူမယ် "
မီးဖိုထဲမှာနေ့လည်စာပြင်နေတဲ့ကြီးကြီးကလှမ်းအော်သည်မို့ရှောင်းကျန့်ပြုံးမိပါသည် ။ မီးဖိုထဲမှာထမင်းရောဟင်းရောချက်နေရလို့အလှုပ်ရှုပ်နေတဲ့ကြီးကြီးကသူ့ကိုအထုတ်ကူသယ်အုံးမယ်တဲ့ ကြီးကြီးကသူ့ကိုတော်တော်သံယောဇဉ်ရှိရှာပါတယ် ။
ကားသံကြားတာနဲ့ဧည့်ခန်းထဲမှာဖုန်းကြည့်နေရာမှထကာ ကျောက်ယွီကိုဧည့်ခံထားဖို့ကြီးကြီးကိုလှမ်းပြောပြီးတော့ အပေါ်ထပ်ကအထုတ်တွေသွားယူလိုက်သည် ။ ခနအကြာလက်ကေ့ခ်ျတစ်လုံးအရင်ဆုံးမလာပြီးပြန်ဆင်းလာတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့သူကရှောင်းကျန့်ထင်သလို ကျောက်ယွီမဟုတ်ပေ ။
* ဧည့်ခန်းထဲကအမျိုးသားကဘယ်သူလဲ ကိုလတ်လား ? ကြီးကြီးနဲ့ကိုကြီးပြောတာတော့မနက်မှပြန်လာမှာဆို အဲ့ဒါကြောင့်တမင်ဒီနေ့အိမ်ပြောင်းဖို့လုပ်ထားတာကို ... *
ကြီးကြီးကိုကြည့်လိုက်တော့ပြာယာခတ်နေလေသည် ။ ဘယ်သူမလို့အဲ့လောက်ပြာယာခက်နေရတာလဲ အဲ့ဒီကျောပြင်ကျယ်ကြီးပိုင်ရှင်ကဘယ်သူမလို့လဲ ။ အိမ်မှာကလောလောဆယ်အိမ်ရှင်ဆိုလို့ကိုယ်ပဲရှိတာမလို့ ဧည့်ခန်းထဲကကျောပြင်ကြီးပဲမြင်နေရတဲ့ဧည့်သည်ကိုသူကပဲလက်ခံပြောရတော့မည် ။ ရှောင်းကျန့်လည်းလက်ကေ့ခ်ျကိုပါသူဝင်ထိုင်မဲ့ခုံနားထိဆွဲသွားလိုက်သည် ။
ထို့နောက်ခုံတစ်ခုံမှာဝင်ထိုင်ပြီး အဲ့ဒီလူက်ိုမော့ကြည့်လိုက်တော့ ...
ဘုရား ! တကယ်ကိုငယ်လား ! ကိုကြီးတို့ပြောတော့မနက်ဖြန်မနက်ဆို ! အခုကဘယ်ကနေဘယ်လိုဖြစ်ပြီးတစ်ရက်စောပြန်လာတာလဲ ! ခန္ဓာကိုယ်ကလဲထွားလာလိုက်တာ ...
လေးနှစ်ကြာသွားလို့ အသက်ကြီးလာတယ်ခန္ဓာကိုယ်ထွားလာတယ်ကလွဲရင် မျက်နှာကတော့အရင်ကအတိုင်းပဲ ပိုချောလာတယ်ပိုခန့်လာတယ် ။
" မင်းကရှောင်းကျန့်လား "
ဘုရား ! အသံကအစပြောင်းသွားတာပဲ ဩရှရှအသံကြီးကတကယ်ကိုနားထောင်ကောင်းတယ် ။ ဒါနဲ့သူကငါ့ကိုမမှတ်မိဘူးတဲ့လား ။
" ဟုတ်ကဲ့ "
" ငါ့အခန်းကရှင်းပြီးသားမလား ငါသွားနားတော့မယ် .. ကားပေါ်ကအထုတ်တွေသယ်ခဲ့တော့ မင်းသယ်ခဲ့နော် "
" ဗျာ ... ဟုတ်ကဲ့ "
ဘာတဲ့ .. အထုတ်သယ်ခဲ့တဲ့ ငါကသူ့ကျွန်လား ? လေးနှစ်ကြာမှပြန်တွေ့ကြတဲ့ကိုယ့်ညီကိုနွေးနွေးထွေးထွေးမရှိဘဲ ဘယ်လိုတောင်မာရေကြောရေနဲ့ခိုင်းရတာလဲ ။
အစကတည်းကသူ့ညီလို့မှမသတ်မှတ်ပဲ .. သူတို့ကျေးဇူးရှိနေတော့ခိုင်းတာလုပ်ပေးရမှာပေါ့ အဲ့ဒီအထုတ်တွေသယ်ပေးရတာပင်ပန်းတဲ့အလုပ်မှမဟုတ်တာ ခနနေကိုယ်လည်းအိမ်ပြောင်းတော့မှာပဲကို ။
ဝမ်ရိပေါ်တစ်ယောက်ဟိုမှာဘွဲ့ယူပြီးအတွေ့အကြုံရအောင်ကုပ္မဏီတစ်ခုမှာအလုပ်သင်ခနဝင်လုပ်ခဲ့သေးသည် ။ ကုပ္မဏီမှာသူတ်ို့အဖွဲ့တာဝန်ယူထားတဲ့အလုပ်ကတစ်ရက်စောပြီးတာမလို့ ဒီကိုတစ်ရက်စောပြီးပြန်လာခဲ့ခြင်းဖြစ်သည် ။ လေးနှစ်လုံးလည်းတစ်ရက်မှအိမ်ကိုပြန်မလာတာမလို့ အမြန်ပြန်လာချင်စိတ်ပေါက်နေတာဖြစ်မယ် ။
ဘယ်သူ့မှအသိမပေးဘဲတစ်ရက်စောပြန်လာတာမလို့လေဆိပ်ကိုရောက်တော့ကြိုမဲ့သူကမရှိတာနဲ့ ဦးမုကိုဖုန်းဆက်ပြီးလာကြိုခိုင်းရသည် ။ ကိုကို့ကိုလည်းဖုန်းဆက်မနေတော့ဘူး အစည်းအဝေးတတ်နေတာနဲ့ကြုံနေရင်ကိုကိုအနှောင့်အယှက်ဖြစ်နေမှာစိုးရတယ် ။
အိမ်ပြန်ရောက်တော့ ရေဆာတာနဲ့ကြီးကြီးကိုရေခပ်ခိုင်းပြီးဧည့်ခန်းထဲခနဝင်ထိုင်နေလိုက်သည် ။ မကြာပါဘူးရှောင်းကျန့်ကလက်ကေ့ခ်ျတစ်လုံးနဲ့ဆင်းလာသည် ။ သူ့အဖေအမေမီးလောင်ပြီးဆုံးသွားတဲ့ခြံထဲမှာအိမ်အသစ်ဆောက်ပြီးနေမယ်လို့ကိုကိုကပြောပြဖူးလို့သူအိမ်ပြောင်းမယ်လို့ကြားပြီးပါပြီ ။
တိုက်တိုက်ဆိုင်ဆိုင်ပဲကိုယ်ပြန်ရောက်တဲ့အချိန်မှသူကအိမ်ပြောင်းမလို့ဆိုပဲ .. မဟုတ် ကိုယ်ကတရက်စောပြန်လာတာဆိုတော့သူကကိုယ်ပြန်မရောက်ခင်ပြောင်းဖို့လုပ်ထားတာနေမယ် ။ တိုက်ဆိုင်တာတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး ကိုယ်ပြန်လာပြီမလို့ကိုယ်နဲ့အတူမနေချင်လို့ပြောင်းတာပဲဖြစ်နိုင်သည် ။
ကိုယ့်ကိုမတွေ့ချင်လို့တမင်ပြောင်းနေမဲ့သူကို တမင်တကာကိုအထုတ်တွေယူပြီးအခန်းထဲလာပို့ခိုင်းတာ ဘာတတ်နိုင်သလဲ ။
ဒေါက် ဒေါက် !!
" ဝင်ခဲ့လို့ရတယ် "
အထုတ်တွေချပြီးပြန်ထွက်မယ်လည်းလုပ်ရော
" အထုတ်ထဲကအဝတ်တွေကို ဗီရိုထဲတစ်ခါတည်းစီစီရီရီထည့်ခဲ့လိုက် "
ဒါကနည်းနည်းများမနေဘူးလား သူ့အဝတ်တွေကိုပါဗီရိုထဲထည့်ပေးရအုံးမည်တဲ့ ။ စကားမပြောချင်လို့သူပြောသလိုသေသေချာချာထည့်ပေးခဲ့လိုက်သည် ။ ယောက်ျားလေးချင်းမလို့ဘာမှမဖြစ်ပေမဲ့ အတွင်းခံတွေပါသေသေချာချာထည့်ပေးနေရတာမလို့လူကအငွေ့ပျံချင်စိတ်ပေါက်နေသည် ။
အကုန်ပြီးသွားလို့ပြန်ထွက်မည်အလုပ် !
" ရေအေးအေးလေးရေချိုးကန်ထဲထည့်ပေးခဲ့အုံး အပြင်ကပြန်လာတာပူနေလို့အေးအေးလေးချိုးချင်နေတယ် "
ဘယ်လောက်ခိုင်းနေအုံးမှာတဲ့လဲ လူကို !
ဒါပေမဲ့လည်း ကိုယ့်ကျေးဇူးရှင်မလို့အထွန့်မတတ်ပဲရေချိုးခန်းထဲဝင်ကာသူပြောသလိုရေချိုးကန်ထဲကိုရေအေးအေးလေးထည့်ပေးလိုက်သည် ။
သူကတောင်ကိုယ့်ကိုသူ့ညီလိုမသတ်မှတ်တာ ကိုယ်ကရောအစ်ကိုလို့သတ်မှတ်စရာလား ကိုယ့်ကိုငယ်ငယ်ကတည်းကတင်ကျွေးထားပြီးဂရုစိုက်ပေးခဲ့တဲ့ကျေးဇူးရှင်လို့ပဲသတ်မှတ်လိုက်တော့မယ် ။
" ရေထည့်ပြီးပြီ "
" တစ်ခါတည်းအိမ်နေရင်းဝတ်လို့ကောင်းမဲ့တီရှပ်နဲ့ဘောင်းဘီတိုတစ်ထည်လောက်ထုတ်ပေးထားအုံး .. ခေါင်းသုတ်ဖို့တံဘတ်ရောပဲ "
တော်တော်များနေပြီမထင်ဘူးလား ဒီလူက !
ပြောပြီးတာနဲ့ချက်ချင်းရေချိုးခန်းထဲဝင်သွားသည်မလို့ ပြန်ပြောလို့မရတော့တာကြောင့်သူပြောသလိုတွေ့ရာတီရှပ်တစ်ထည်နဲ့ဘောင်းဘီတိုတစ်ထည်ကိုထုတ်ပြီးကုတင်ပေါ်တင်ပေးထားလိုက်သည် ။ တံဘတ်တစ်ထည်ကိုလည်းတင်ပေးခဲ့လိုက်သည် ။
ထပ်ခိုင်းတော့မှာစိုး၍ အဲ့ဒီလူထွက်မလာခင်သူ့အခန်းထဲကအမြန်ပြန်ထွက်လာခဲ့သည် ။ အောက်ရောက်တော့ ဧည့်ခန်းထဲမှာကျောက်ယွီကရောက်နှင့်နေပြီဖြစ်သည် ။ ရောက်တာလည်းသိပ်မကြာသေးဘူးလို့ပြောတာနဲ့ထပ်မစောင့်စေချင်တော့၍ အပေါ်မှာကျန်တဲ့လက်ကေ့ခ်ျတစ်လုံးနဲ့အိတ်တစ်လုံးကိုပြန်တက်ယူရသည် ။ ပြီးတာနဲ့ကျောက်ယွီကားပေါ်ကိုအထုတ်တွေထင်ပြီး ကိုယ်တိုင်တက်မောင်းခဲ့လိုက်တော့သည် ။
××××××××××
Ring ...
အိမ်အသစ်ကိုရောက်တဲ့အချိန်ကတည်းကမနားဘဲကျောက်ယွီနဲ့အတူတူပစ္စည်းတွေနေရာချ မှာထားတဲ့ပရိဘောဂတွေနေရာချ မီးဖိုထဲပန်းကန်တွေရေခဲသေတ္တာတွေအားလုံးသေချာနေရာချ အိမ်ထဲလည်းပစ္စည်းအထားအသိုမလှရင်ပြန်ပြောင်းလိုက် မကြိုက်ရင်ပြန်လုပ်လိုက်နဲ့တစ်အိမ်လုံးသေချာလုပ်ရတာမလို့ ညနေသုံးနာရီမှစိတ်တိုင်းကျပြီးစီးတော့သည် ။ နေ့လည်စာကိုလည်းမှာစားလိုက်ရသည် ။
ပြီးတာနဲ့မိန်းကလေးနဲ့ယောက်ျားလေးနှစ်ယောက်တည်းမသင့်တော်တာမလို့ကျောက်ယွီလဲပြန်သွားသည် ။ ကျောက်ယွီပြန်သွားမှရှောင်းကျန့်လဲရေချိုးပြီးကုတင်ပေါ်မှာလှဲပြီးနားရင်းအိပ်ပျော်သွားတာအခုဖုန်းလာမှနိုးတော့သည် ။ နာရီကြည့်လိုက်တော့ ညရှစ်နာရီထိုးတော့မည် ။ ညစာတောင်မစားရသေးဘူး ။
အိပ်ချင်မူးတူးနဲ့ဖုန်းနံပါတ်ကိုပြူးပြဲကြည့်လိုက်တော့ နံပါတ်ကအစိမ်း !
" Hello "
" ဖုန်းကိုင်တာကကြာလိုက်တာ "
" ဘယ်သူလည်းမသိဘူး "
" ငါ ! ဝမ်ရိပေါ် "
" ဟုတ်ကဲ့ "
" ငါအခုမင်းခြံရှေ့မှာရောက်နေတယ် တံခါးလာဖွင့်ပေး "
ဘယ်လို !
သူကဘယ်လိုသိ .. မဟုတ်ဘူး အရင်ကတည်းကသိသည် ။ ဒါပေမဲ့ဘာကိစ္စနဲ့လာတာလဲ သူက ။
" ဟေ့ ! ဖုန်းပြောရင်းအတိတ်မေ့သွားတာလား "
" ဗျာ ! လာပြီ ခနစောင့်အုံး "
ဖုန်းချပြီးအပေါ်ထပ်မှအောက်ကိုအမြန်ပြေးဆင်းကာ တံခါးကိုလည်းအမြန်ဖွင့်ရသည် ။ သူဒေါသကြီးတာကငယ်ငယ်ကတည်းက အခုလည်းအဲ့ဒီအကျင့်ကဖျောက်အုံးမှာမဟုတ် ။
တံခါးဖွင့်ပေးလိုက်တော့ကားကိုအရှိန်နဲ့မောင်းပြီးခြံထဲဝင်သွားသည် ။ ထို့နောက်အိမ်ထဲကိုဝင်သွားသည် ။ မသိရင်သူ့အိမ်အတိုင်းပဲ ။ ရှောင်းကျန့်လည်းခြံတံခါးပိတ်ပြီးအိမ်ထဲကိုဝင်တော့ သူကဧည့်ခန်းထဲမှာခြေချိတ်ထိုင်နေသည် ။ ရှောင်းကျန့်လည်းသူနဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည် ။
" မင်းညစာစားပြီးပြီလား "
" မစားရသေးပါဘူး "
" သွားစားမယ် ထ "
" ဗျာ "
" မင်းကိုညစာစားဖို့'ထ'လို့ပြောနေတာ မကြားလိုက်ဘူးလား "
" ကြားပါတယ် "
" အဲ့ဒါဆိုထလေ "
" ခဏ "
" မခဏနဲ့ အခုသွားမယ် .. မစောင့်နိုင်ဘူး "
" အဲ့တာဆိုဘာလို့လာခေါ်နေသေးလဲ "
" ဘာ !! "
" ... "
" မင်းကဘာလုပ်မှာမလို့စောင့်ခိုင်းတာလဲ "
" ပိုက်ဆံအိတ်နဲ့ဖုန်းယူရအုံးမှာပေါ့ "
" ဖုန်းပဲယူခဲ့ "
ရှောင်းကျန့်လည်းပြန်ရောက်ကတည်းကအာဏာပြနေတဲ့လူကိုကြည့်မရတာနဲ့မျက်စောင်းထိုးပြီးအပေါ်ကိုအမြန်တက်ခဲ့လိုက်သည် ။ ကြာနေရင်စကားထပ်ပြောနေရမှာကိုမလိုလားဘူး ။
သူပြောသလိုဖုန်းယူပြီးချက်ချင်းပြန်ဆင်းလာခဲ့သည် ။ ထို့နောက်ဘယ်လောက်မှတောင်ကားမစီးလိုက်ရပါ စားသောက်ဆိုင်တစ်ဆိုင်ရှေ့မှာကားရပ်သည်မို့ ကားပေါ်ကဆင်းပြီးဆိုင်ထဲအရင်ဝင်လိုက်သည် ။ သူ့ကိုတော့စောင့်မနေတော့ဘူး သူကကာပါကင်ထိုးအုံးမှာမို့ ။
အစားအသောက်တွေမှာပြီးစားသောက်နေသည်အထိစကားတစ်ခွန်းမှမပြောဖြစ်ကြသေးဘူး ။ ထိုစဉ်ရှောင်းကျန့်ဖုန်းလေးကထမြည်လာသည် ။ ရှောင်းကျန့်လဲဖုန်းမကိုင်ခင်ရှေ့ကလူကိုမော့ကြည့်လိုက်တော့ ကိုယ့်ကိုဂရုမစိုက်သူ့မှာထားတာတွေသာငုံ့စားနေသည် ။
" Hello "
" ... "
" ဟုတ်တယ် ဘေဘီ "
ဘေဘီလို့ခေါ်လိုက်တော့ ရှေ့ကလူကမျက်လုံးလှန်ကြည့်လာသည် ။ အကြည့်ချင်းစုံသွားတော့ချက်ချင်းပဲသူကအကြည့်လွှဲသွားသည် ။ ရှောင်းကျန့်ကလည်းကျောက်ယွီကိုလူတွေရှေ့ဆိုဘေဘီလို့ခေါ်လေ့မရှိဘူး နှစ်ယောက်တည်းရှိချိန်သာဘေဘီလို့ခေါ်တတ်သည် ။ အခုကျပါးစပ်ကဘယ်လိုထွက်သွားလည်းမသိ ။
" ဟုတ်လား လာခဲ့လေ "
" ... "
" အိုကေ ဘေဘီ "
ကျောက်ယွီကသူလည်းဒီစားသောက်ဆိုင်မှာရောက်နေသည်မို့ကိုယ့်ဆီကိုလာမလို့ရလားလှမ်းမေးခြင်းဖြစ်သည် ။ အဲ့သည်လိုကိုယ့်ဆုံးဖြတ်ကိုလည်းအရမ်းအလေးထားသည် ။
" ကိုကို "
ကိုကိုတဲ့ !
ကိုကိုဆိုတာဘယ်သူ့ကိုခေါ်တာလဲ ?
ကိုယ့်ကိုခေါ်တာမဟုတ်ဘူးဆိုရင် ကိုယ့်ရှေ့ကရှောင်းကျန့်ကိုခေါ်တာလား ?
ဘေဘီနဲ့ကိုကိုဆိုတော့ချစ်သူတွေလား ?
#############
Zawgyi❤️
" သားရယ္ ဒီမွာပဲေနလို႔မရဘူးလားကြယ္ "
" သားလာလည္မွာေပါ့ႀကီးႀကီးရဲ့ ႀကီးႀကီးကိုအၿမဲသတိရေနမွာပါ "
" ငါ့သားေလးကိုလြမ္းေနရေတာ့မွာပဲကြယ္ "
" ႀကီးႀကီးကလည္းသားဝမ္းနည္းေအာင္လာေျပာေနတာ "
" သားရဲ့ကိုငယ္လည္းမနက္ျဖန္မနက္ေရာက္မွာပဲကို တစ္ပတ္ေလာက္ေနမွေျပာင္းပါလားကြယ္ "
သားရဲ့ကိုငယ္မဟုတ္ေတာ့ပါဘူးႀကီးႀကီးရယ္ ~
" သူေရာက္မွေျပာင္းေတာ့ေရာဘာထူးမွာမလို႔လဲႀကီးႀကီးရယ္ သားတို႔ေတြကစိမ္းေနၾကပါၿပီ "
" သားရယ္ ... ဘယ္လိုတားတားမရပါလားကြယ္ "
ႀကီးႀကီးကသက္ျပင္းခ်ၿပီး အေလ်ွာ့ေပးတဲ့အသံနဲ႔ေျပာေတာ့ေရွာင္းက်န႔္ကၿပံဳးသည္ ။
" တားမရလည္းသေဘာပါေတာ္ .. ဒါေပမဲ့အလည္ေတာ့ပံုမွန္လာေနာ္ ႀကီးႀကီးကေမ်ွာ္ေနမွာ "
" ဟုတ္ႀကီးႀကီး "
" ေအး .. သားဘယ္လိုသြားမွာလဲ အိမ္ကကားနဲ႔ပဲလား "
" မဟုတ္ဘူးႀကီးႀကီး ေက်ာက္ယြီနဲ႔သြားမွာ .. သူကပရိေဘာဂေတြသူေနရာခ်ေပးခ်င္လို႔တဲ့ "
" ေအာ္ .. ေအးပါ ေကာင္းေကာင္းသြားၾက "
ေက်ာက္ယြီဆိုတာကလြန္ခဲ့တဲ့ငါးလေလာက္ကမွအေျဖေပးထားတဲ့ ေရွာင္းက်န႔္ရဲ့ခ်စ္သူျဖစ္တယ္ ။ ေယာက္်ားေလးကစၿပီးဖြင့္ေျပာရမွာျဖစ္ေပမဲ့လက္ရဲဇက္ရဲရိွတဲ့ အဲ့ဒီေကာင္မေလးကသာဖြင့္ေျပာခဲ့တယ္ ။
ေကာင္မေလးကထက္ျမတ္တယ္ ေတာ္တယ္ ရဲရင့္တယ္ အလုပ္လဲႀကိဳးစားတယ္ ရုပ္ေလးကလဲေခ်ာတယ္ လူမႈေပါင္းသင္းဆက္ဆံေရးလည္းေကာင္းတယ္ အသိုင္းအဝိုင္းကလည္းေကာင္းတယ္ ယဉ္လည္းယဉ္ေက်းတယ္ ေရွာင္းက်န႔္အေပၚကိုလည္းကေလးလိုမဆိုးဘဲအားလံုးနားလည္ေပးထားသည္မို႔ အားလံုးၿခံဳေျပာရရင္ေရွာင္းက်န႔္သူ႔ကိုေရြးခ်ယ္ခဲ့တာကခ်စ္လို႔မဟုတ္ဘဲသေဘာက်လို႔သာျဖစ္သည္ ။ အဲ့ဒီလိုမိန္းကေလးမ်ိဳးကျငင္းစရာအခ်က္မွမရိွဘဲ ဘယ္ေယာက္်ားေလးကေရာျငင္းစရာရိွလို႔လဲ ။
တီတီ !!
" သားေရ ေက်ာက္ယြီမိန္းကေလးလာၿပီထင္တယ္ .. အထုတ္ေတြႀကီးႀကီးသယ္ကူမယ္ "
မီးဖိုထဲမွာေန့လည္စာျပင္ေနတဲ့ႀကီးႀကီးကလွမ္းေအာ္သည္မို႔ေရွာင္းက်န႔္ၿပံဳးမိပါသည္ ။ မီးဖိုထဲမွာထမင္းေရာဟင္းေရာခ်က္ေနရလို႔အလႈပ္ရႈပ္ေနတဲ့ႀကီးႀကီးကသူ႔ကိုအထုတ္ကူသယ္အံုးမယ္တဲ့ ႀကီးႀကီးကသူ႔ကိုေတာ္ေတာ္သံေယာဇဉ္ရိွရွာပါတယ္ ။
ကားသံၾကားတာနဲ႔ဧၫ့္ခန္းထဲမွာဖုန္းၾကၫ့္ေနရာမွထကာ ေက်ာက္ယြီကိုဧၫ့္ခံထားဖို႔ႀကီးႀကီးကိုလွမ္းေျပာၿပီးေတာ့ အေပၚထပ္ကအထုတ္ေတြသြားယူလိုက္သည္ ။ ခနအၾကာလက္ေက့ခ္်တစ္လံုးအရင္ဆံုးမလာၿပီးျပန္ဆင္းလာေတာ့ ဧၫ့္ခန္းထဲမွာထိုင္ေနတဲ့သူကေရွာင္းက်န႔္ထင္သလို ေက်ာက္ယြီမဟုတ္ေပ ။
* ဧၫ့္ခန္းထဲကအမ်ိဳးသားကဘယ္သူလဲ ကိုလတ္လား ? ႀကီးႀကီးနဲ႔ကိုႀကီးေျပာတာေတာ့မနက္မျွပန္လာမွာဆို အဲ့ဒါေၾကာင့္တမင္ဒီေန့အိမ္ေျပာင္းဖို႔လုပ္ထားတာကို ... *
ႀကီးႀကီးကိုၾကၫ့္လိုက္ေတာ့ျပာယာခတ္ေနေလသည္ ။ ဘယ္သူမလို႔အဲ့ေလာက္ျပာယာခက္ေနရတာလဲ အဲ့ဒီေက်ာျပင္က်ယ္ႀကီးပိုင္ရွင္ကဘယ္သူမလို႔လဲ ။ အိမ္မွာကေလာေလာဆယ္အိမ္ရွင္ဆိုလို႔ကိုယ္ပဲရိွတာမလို႔ ဧၫ့္ခန္းထဲကေက်ာျပင္ႀကီးပဲျမင္ေနရတဲ့ဧၫ့္သည္ကိုသူကပဲလက္ခံေျပာရေတာ့မည္ ။ ေရွာင္းက်န႔္လည္းလက္ေက့ခ္်ကိုပါသူဝင္ထိုင္မဲ့ခံုနားထိဆြဲသြားလိုက္သည္ ။
ထို႔ေနာက္ခံုတစ္ခံုမွာဝင္ထိုင္ၿပီး အဲ့ဒီလူက္ိုေမာ့ၾကၫ့္လိုက္ေတာ့ ...
ဘုရား ! တကယ္ကိုငယ္လား ! ကိုႀကီးတို႔ေျပာေတာ့မနက္ျဖန္မနက္ဆို ! အခုကဘယ္ကေနဘယ္လိုျဖစ္ၿပီးတစ္ရက္ေစာျပန္လာတာလဲ ! ခႏၶာကိုယ္ကလဲထြားလာလိုက္တာ ...
ေလးႏွစ္ၾကာသြားလို႔ အသက္ႀကီးလာတယ္ခႏၶာကိုယ္ထြားလာတယ္ကလြဲရင္ မ်က္ႏွာကေတာ့အရင္ကအတိုင္းပဲ ပိုေခ်ာလာတယ္ပိုခန႔္လာတယ္ ။
" မင္းကေရွာင္းက်န႔္လား "
ဘုရား ! အသံကအစေျပာင္းသြားတာပဲ ဩရွရွအသံႀကီးကတကယ္ကိုနားေထာင္ေကာင္းတယ္ ။ ဒါနဲ႔သူကငါ့ကိုမမွတ္မိဘူးတဲ့လား ။
" ဟုတ္ကဲ့ "
" ငါ့အခန္းကရွင္းၿပီးသားမလား ငါသြားနားေတာ့မယ္ .. ကားေပၚကအထုတ္ေတြသယ္ခဲ့ေတာ့ မင္းသယ္ခဲ့ေနာ္ "
" ဗ်ာ ... ဟုတ္ကဲ့ "
ဘာတဲ့ .. အထုတ္သယ္ခဲ့တဲ့ ငါကသူ႔ကြၽန္လား ? ေလးႏွစ္ၾကာမျွပန္ေတြ့ၾကတဲ့ကိုယ့္ညီကိုေနြးေနြးေထြးေထြးမရိွဘဲ ဘယ္လိုေတာင္မာေရေၾကာေရနဲ႔ခိုင္းရတာလဲ ။
အစကတည္းကသူ႔ညီလို႔မွမသတ္မွတ္ပဲ .. သူတို႔ေက်းဇူးရိွေနေတာ့ခိုင္းတာလုပ္ေပးရမွာေပါ့ အဲ့ဒီအထုတ္ေတြသယ္ေပးရတာပင္ပန္းတဲ့အလုပ္မွမဟုတ္တာ ခနေနကိုယ္လည္းအိမ္ေျပာင္းေတာ့မွာပဲကို ။
ဝမ္ရိေပၚတစ္ေယာက္ဟိုမွာဘြဲ႔ယူၿပီးအေတြ့အႀကံဳရေအာင္ကုပၼဏီတစ္ခုမွာအလုပ္သင္ခနဝင္လုပ္ခဲ့ေသးသည္ ။ ကုပၼဏီမွာသူတ္ို႔အဖြဲ႔တာဝန္ယူထားတဲ့အလုပ္ကတစ္ရက္ေစာၿပီးတာမလို႔ ဒီကိုတစ္ရက္ေစာၿပီးျပန္လာခဲ့ျခင္းျဖစ္သည္ ။ ေလးႏွစ္လံုးလည္းတစ္ရက္မွအိမ္ကိုျပန္မလာတာမလို႔ အျမန္ျပန္လာခ်င္စိတ္ေပါက္ေနတာျဖစ္မယ္ ။
ဘယ္သူ႔မွအသိမေပးဘဲတစ္ရက္ေစာျပန္လာတာမလို႔ေလဆိပ္ကိုေရာက္ေတာ့ႀကိဳမဲ့သူကမရိွတာနဲ႔ ဦးမုကိုဖုန္းဆက္ၿပီးလာႀကိဳခိုင္းရသည္ ။ ကိုကို႔ကိုလည္းဖုန္းဆက္မေနေတာ့ဘူး အစည္းအေဝးတတ္ေနတာနဲ႔ႀကံဳေနရင္ကိုကိုအေနွာင့္အယွက္ျဖစ္ေနမွာစိုးရတယ္ ။
အိမ္ျပန္ေရာက္ေတာ့ ေရဆာတာနဲ႔ႀကီးႀကီးကိုေရခပ္ခိုင္းၿပီးဧၫ့္ခန္းထဲခနဝင္ထိုင္ေနလိုက္သည္ ။ မၾကာပါဘူးေရွာင္းက်န႔္ကလက္ေက့ခ္်တစ္လံုးနဲ႔ဆင္းလာသည္ ။ သူ႔အေဖအေမမီးေလာင္ၿပီးဆံုးသြားတဲ့ၿခံထဲမွာအိမ္အသစ္ေဆာက္ၿပီးေနမယ္လို႔ကိုကိုကေျပာျပဖူးလို႔သူအိမ္ေျပာင္းမယ္လို႔ၾကားၿပီးပါၿပီ ။
တိုက္တိုက္ဆိုင္ဆိုင္ပဲကိုယ္ျပန္ေရာက္တဲ့အခ်ိန္မွသူကအိမ္ေျပာင္းမလို႔ဆိုပဲ .. မဟုတ္ ကိုယ္ကတရက္ေစာျပန္လာတာဆိုေတာ့သူကကိုယ္ျပန္မေရာက္ခင္ေျပာင္းဖို႔လုပ္ထားတာေနမယ္ ။ တိုက္ဆိုင္တာေတာ့ဘယ္နည္းနဲ႔မွမျဖစ္ႏိုင္ဘူး ကိုယ္ျပန္လာၿပီမလို႔ကိုယ္နဲ႔အတူမေနခ်င္လို႔ေျပာင္းတာပဲျဖစ္ႏိုင္သည္ ။
ကိုယ့္ကိုမေတြ့ခ်င္လို႔တမင္ေျပာင္းေနမဲ့သူကို တမင္တကာကိုအထုတ္ေတြယူၿပီးအခန္းထဲလာပို႔ခိုင္းတာ ဘာတတ္ႏိုင္သလဲ ။
ေဒါက္ ေဒါက္ !!
" ဝင္ခဲ့လို႔ရတယ္ "
အထုတ္ေတြခ်ၿပီးျပန္ထြက္မယ္လည္းလုပ္ေရာ
" အထုတ္ထဲကအဝတ္ေတြကို ဗီရိုထဲတစ္ခါတည္းစီစီရီရီထၫ့္ခဲ့လိုက္ "
ဒါကနည္းနည္းမ်ားမေနဘူးလား သူ႔အဝတ္ေတြကိုပါဗီရိုထဲထၫ့္ေပးရအံုးမည္တဲ့ ။ စကားမေျပာခ်င္လို႔သူေျပာသလိုေသေသခ်ာခ်ာထၫ့္ေပးခဲ့လိုက္သည္ ။ ေယာက္်ားေလးခ်င္းမလို႔ဘာမွမျဖစ္ေပမဲ့ အတြင္းခံေတြပါေသေသခ်ာခ်ာထၫ့္ေပးေနရတာမလို႔လူကအေငြ့ပ်ံခ်င္စိတ္ေပါက္ေနသည္ ။
အကုန္ၿပီးသြားလို႔ျပန္ထြက္မည္အလုပ္ !
" ေရေအးေအးေလးေရခ်ိဳးကန္ထဲထၫ့္ေပးခဲ့အံုး အျပင္ကျပန္လာတာပူေနလို႔ေအးေအးေလးခ်ိဳးခ်င္ေနတယ္ "
ဘယ္ေလာက္ခိုင္းေနအံုးမွာတဲ့လဲ လူကို !
ဒါေပမဲ့လည္း ကိုယ့္ေက်းဇူးရွင္မလို႔အထြန႔္မတတ္ပဲေရခ်ိဳးခန္းထဲဝင္ကာသူေျပာသလိုေရခ်ိဳးကန္ထဲကိုေရေအးေအးေလးထၫ့္ေပးလိုက္သည္ ။
သူကေတာင္ကိုယ့္ကိုသူ႔ညီလိုမသတ္မွတ္တာ ကိုယ္ကေရာအစ္ကိုလို႔သတ္မွတ္စရာလား ကိုယ့္ကိုငယ္ငယ္ကတည္းကတင္ေကြၽးထားၿပီးဂရုစိုက္ေပးခဲ့တဲ့ေက်းဇူးရွင္လို႔ပဲသတ္မွတ္လိုက္ေတာ့မယ္ ။
" ေရထၫ့္ၿပီးၿပီ "
" တစ္ခါတည္းအိမ္ေနရင္းဝတ္လို႔ေကာင္းမဲ့တီရွပ္နဲ႔ေဘာင္းဘီတိုတစ္ထည္ေလာက္ထုတ္ေပးထားအံုး .. ေခါင္းသုတ္ဖို႔တံဘတ္ေရာပဲ "
ေတာ္ေတာ္မ်ားေနၿပီမထင္ဘူးလား ဒီလူက !
ေျပာၿပီးတာနဲ႔ခ်က္ခ်င္းေရခ်ိဳးခန္းထဲဝင္သြားသည္မလို႔ ျပန္ေျပာလို႔မရေတာ့တာေၾကာင့္သူေျပာသလိုေတြ့ရာတီရွပ္တစ္ထည္နဲ႔ေဘာင္းဘီတိုတစ္ထည္ကိုထုတ္ၿပီးကုတင္ေပၚတင္ေပးထားလိုက္သည္ ။ တံဘတ္တစ္ထည္ကိုလည္းတင္ေပးခဲ့လိုက္သည္ ။
ထပ္ခိုင္းေတာ့မွာစိုး၍ အဲ့ဒီလူထြက္မလာခင္သူ႔အခန္းထဲကအျမန္ျပန္ထြက္လာခဲ့သည္ ။ ေအာက္ေရာက္ေတာ့ ဧၫ့္ခန္းထဲမွာေက်ာက္ယြီကေရာက္ႏွင့္ေနၿပီျဖစ္သည္ ။ ေရာက္တာလည္းသိပ္မၾကာေသးဘူးလို႔ေျပာတာနဲ႔ထပ္မေစာင့္ေစခ်င္ေတာ့၍ အေပၚမွာက်န္တဲ့လက္ေက့ခ္်တစ္လံုးနဲ႔အိတ္တစ္လံုးကိုျပန္တက္ယူရသည္ ။ ၿပီးတာနဲ႔ေက်ာက္ယြီကားေပၚကိုအထုတ္ေတြထင္ၿပီး ကိုယ္တိုင္တက္ေမာင္းခဲ့လိုက္ေတာ့သည္ ။
××××××××××
Ring ...
အိမ္အသစ္ကိုေရာက္တဲ့အခ်ိန္ကတည္းကမနားဘဲေက်ာက္ယြီနဲ႔အတူတူပစၥည္းေတြေနရာခ် မွာထားတဲ့ပရိေဘာဂေတြေနရာခ် မီးဖိုထဲပန္းကန္ေတြေရခဲေသတၲာေတြအားလံုးေသခ်ာေနရာခ် အိမ္ထဲလည္းပစၥည္းအထားအသိုမလွရင္ျပန္ေျပာင္းလိုက္ မႀကိဳက္ရင္ျပန္လုပ္လိုက္နဲ႔တစ္အိမ္လံုးေသခ်ာလုပ္ရတာမလို႔ ညေနသံုးနာရီမွစိတ္တိုင္းက်ၿပီးစီးေတာ့သည္ ။ ေန့လည္စာကိုလည္းမွာစားလိုက္ရသည္ ။
ၿပီးတာနဲ႔မိန္းကေလးနဲ႔ေယာက္်ားေလးႏွစ္ေယာက္တည္းမသင့္ေတာ္တာမလို႔ေက်ာက္ယြီလဲျပန္သြားသည္ ။ ေက်ာက္ယြီျပန္သြားမွေရွာင္းက်န႔္လဲေရခ်ိဳးၿပီးကုတင္ေပၚမွာလွဲၿပီးနားရင္းအိပ္ေပ်ာ္သြားတာအခုဖုန္းလာမွႏိုးေတာ့သည္ ။ နာရီၾကၫ့္လိုက္ေတာ့ ညရွစ္နာရီထိုးေတာ့မည္ ။ ညစာေတာင္မစားရေသးဘူး ။
အိပ္ခ်င္မူးတူးနဲ႔ဖုန္းနံပါတ္ကိုျပဴးၿပဲၾကၫ့္လိုက္ေတာ့ နံပါတ္ကအစိမ္း !
" Hello "
" ဖုန္းကိုင္တာကၾကာလိုက္တာ "
" ဘယ္သူလည္းမသိဘူး "
" ငါ ! ဝမ္ရိေပၚ "
" ဟုတ္ကဲ့ "
" ငါအခုမင္းၿခံေရ႔ွမွာေရာက္ေနတယ္ တံခါးလာဖြင့္ေပး "
ဘယ္လို !
သူကဘယ္လိုသိ .. မဟုတ္ဘူး အရင္ကတည္းကသိသည္ ။ ဒါေပမဲ့ဘာကိစၥနဲ႔လာတာလဲ သူက ။
" ေဟ့ ! ဖုန္းေျပာရင္းအတိတ္ေမ့သြားတာလား "
" ဗ်ာ ! လာၿပီ ခနေစာင့္အံုး "
ဖုန္းခ်ၿပီးအေပၚထပ္မွေအာက္ကိုအျမန္ေျပးဆင္းကာ တံခါးကိုလည္းအျမန္ဖြင့္ရသည္ ။ သူေဒါသႀကီးတာကငယ္ငယ္ကတည္းက အခုလည္းအဲ့ဒီအက်င့္ကေဖ်ာက္အံုးမွာမဟုတ္ ။
တံခါးဖြင့္ေပးလိုက္ေတာ့ကားကိုအရိွန္နဲ႔ေမာင္းၿပီးၿခံထဲဝင္သြားသည္ ။ ထို႔ေနာက္အိမ္ထဲကိုဝင္သြားသည္ ။ မသိရင္သူ႔အိမ္အတိုင္းပဲ ။ ေရွာင္းက်န႔္လည္းၿခံတံခါးပိတ္ၿပီးအိမ္ထဲကိုဝင္ေတာ့ သူကဧၫ့္ခန္းထဲမွာေျခခ်ိတ္ထိုင္ေနသည္ ။ ေရွာင္းက်န႔္လည္းသူနဲ႔မ်က္ႏွာခ်င္းဆိုင္ဝင္ထိုင္လိုက္သည္ ။
" မင္းညစာစားၿပီးၿပီလား "
" မစားရေသးပါဘူး "
" သြားစားမယ္ ထ "
" ဗ်ာ "
" မင္းကိုညစာစားဖို႔'ထ'လို႔ေျပာေနတာ မၾကားလိုက္ဘူးလား "
" ၾကားပါတယ္ "
" အဲ့ဒါဆိုထေလ "
" ခဏ "
" မခဏနဲ႔ အခုသြားမယ္ .. မေစာင့္ႏိုင္ဘူး "
" အဲ့တာဆိုဘာလို႔လာေခၚေနေသးလဲ "
" ဘာ !! "
" ... "
" မင္းကဘာလုပ္မွာမလို႔ေစာင့္ခိုင္းတာလဲ "
" ပိုက္ဆံအိတ္နဲ႔ဖုန္းယူရအံုးမွာေပါ့ "
" ဖုန္းပဲယူခဲ့ "
ေရွာင္းက်န႔္လည္းျပန္ေရာက္ကတည္းကအာဏာျပေနတဲ့လူကိုၾကၫ့္မရတာနဲ႔မ်က္ေစာင္းထိုးၿပီးအေပၚကိုအျမန္တက္ခဲ့လိုက္သည္ ။ ၾကာေနရင္စကားထပ္ေျပာေနရမွာကိုမလိုလားဘူး ။
သူေျပာသလိုဖုန္းယူၿပီးခ်က္ခ်င္းျပန္ဆင္းလာခဲ့သည္ ။ ထို႔ေနာက္ဘယ္ေလာက္မွေတာင္ကားမစီးလိုက္ရပါ စားေသာက္ဆိုင္တစ္ဆိုင္ေရ႔ွမွာကားရပ္သည္မို႔ ကားေပၚကဆင္းၿပီးဆိုင္ထဲအရင္ဝင္လိုက္သည္ ။ သူ႔ကိုေတာ့ေစာင့္မေနေတာ့ဘူး သူကကာပါကင္ထိုးအံုးမွာမို႔ ။
အစားအေသာက္ေတြမွာၿပီးစားေသာက္ေနသည္အထိစကားတစ္ခြန္းမွမေျပာျဖစ္ၾကေသးဘူး ။ ထိုစဉ္ေရွာင္းက်န႔္ဖုန္းေလးကထျမည္လာသည္ ။ ေရွာင္းက်န႔္လဲဖုန္းမကိုင္ခင္ေရ႔ွကလူကိုေမာ့ၾကၫ့္လိုက္ေတာ့ ကိုယ့္ကိုဂရုမစိုက္သူ႔မွာထားတာေတြသာငံု႔စားေနသည္ ။
" Hello "
" ... "
" ဟုတ္တယ္ ေဘဘီ "
ေဘဘီလို႔ေခၚလိုက္ေတာ့ ေရ႔ွကလူကမ်က္လံုးလွန္ၾကၫ့္လာသည္ ။ အၾကၫ့္ခ်င္းစံုသြားေတာ့ခ်က္ခ်င္းပဲသူကအၾကၫ့္လႊဲသြားသည္ ။ ေရွာင္းက်န႔္ကလည္းေက်ာက္ယြီကိုလူေတြေရ႔ွဆိုေဘဘီလို႔ေခၚေလ့မရိွဘူး ႏွစ္ေယာက္တည္းရိွခ်ိန္သာေဘဘီလို႔ေခၚတတ္သည္ ။ အခုက်ပါးစပ္ကဘယ္လိုထြက္သြားလည္းမသိ ။
" ဟုတ္လား လာခဲ့ေလ "
" ... "
" အိုေက ေဘဘီ "
ေက်ာက္ယြီကသူလည္းဒီစားေသာက္ဆိုင္မွာေရာက္ေနသည္မို႔ကိုယ့္ဆီကိုလာမလို႔ရလားလွမ္းေမးျခင္းျဖစ္သည္ ။ အဲ့သည္လိုကိုယ့္ဆံုးျဖတ္ကိုလည္းအရမ္းအေလးထားသည္ ။
" ကိုကို "
ကိုကိုတဲ့ !
ကိုကိုဆိုတာဘယ္သူ႔ကိုေခၚတာလဲ ?
ကိုယ့္ကိုေခၚတာမဟုတ္ဘူးဆိုရင္ ကိုယ့္ေရ႔ွကေရွာင္းက်န႔္ကိုေခၚတာလား ?
ေဘဘီနဲ႔ကိုကိုဆိုေတာ့ခ်စ္သူေတြလား ?
#############