LNCrawler

Part : 13 [ U & Z ]

Apologize , My Baby'S Father ( Complete ) — www.wattpad.com · All chapters

Part : 13 [ U & Z ]

Uni❤️

" ဘေဘီထိုင်လေ "

" ဟုတ်ကဲ့ "

ကျောက်ယွီကကိုယ့်ဘေးကိုဝင်ထိုင်တော့ ကိုငယ်ကအသာမော့ကြည့်သည် ။ ပြီးတာနဲ့ချက်ချင်းအကြည့်လွှဲသွားပြီး အင်္ကျီအိတ်ကပ်ထဲကသူ့ဖုန်းကိုထုတ်လေသည် ။

" ကိုကို ကျွန်တော်ဒီညသူငယ်ချင်းတစ်ယောက်အိမ်မှာပဲအိပ်ဖြစ်မယ်၊အလုပ်ကိစ္စလေးရှိလို့ "

" ... "

" ဟုတ်ကဲ့ ကိုကို၊ဒါပဲ "

ကိုငယ်က ကိုကြီးကိုဖုန်းဆက်ပြီးတာနဲ့ မတ်တပ်ထရပ်ပြီး ကိုယ့်ကိုမေးငေါ့ပြပြီး 'ပြန်မယ်'လို့ပြောလာသည် ။ သူ့ကိုကျောက်ယွီနဲ့တောင်မိတ်ဆက်မပေးရသေးဘူး ပြီးတော့ကျောက်ယွီတစ်ယောက်လုံးထိုင်နေတာကိုမသိချင်ယောင်ဆောင်ပြီးရုတ်တရက်ထပြီးပြန်မယ်ဆိုတာ ဘယ်လိုတောင်မယဉ်ကျေးတဲ့အပြုအမူလဲ ။

ပြန်မယ်ဆိုပြီးကိုယ့်ကိုအသိပေးပြီးမစောင့်ပဲတစ်ယောက်ထဲဆိုင်ထဲကထွက်သွားတဲ့ကိုငယ်ကိုလုံးဝနားမလည်ဘူး ။ ကျောက်ယွီကိုလည်းအားနာရသေးသည် နောက်မှသေချာ‌မိတ်ဆက်ပေးမယ်လို့ပြောပြီးကိုငယ့်နောက်ကပြေးလိုက်ခဲ့ရသည် ။ ကျောက်ယွီလဲနဲနဲတော့မျက်နှာပျက်သွားသည် ။

ကားပေါ်ရောက်တော့လည်းသူကအားနာခြင်းမရှိတဲ့မျက်နှာထားနဲ့ကားကိုအေးဆေးမောင်းနေသည် ။ မနေနိုင်တဲ့ကိုယ်ကပဲမကျေနပ်ကြောင်းစကားစရတော့မည်ဖြစ်သည် ။

" ကိုငယ် "

" ... "

ဘာလဲ ! သူကမကြားချင်ယောင်ဆောင်တာလား ။

" ကိုငယ်ဘယ်လိုလုပ်တာလဲ ကိုငယ့်ကိုလည်းကျွန်တော့်ချစ်သူနဲ့မိတ်ဆက်မပေးလိုက်ရဘူး ၊ သူရောက်လာပြီးမှရုတ်တရက်ကြီးထပြန်တာရိုင်းရာမကျဘူးလား ၊ ဧည့်လည်းမခံလိုက်ရဘူး "

" ပြန်သွားပြီးဧည့်ခံချင်လို့လား "

" ကိုငယ် !! "

ယောက်ျားကြီးဖြစ်ပြီးအဲ့လိုရွဲ့တတ်သေးတာ !

" ငါအဲ့ဒီဆိုင်ကိုသွားတာကမင်းရည်းစားကိုဧည့်ခံဖို့မဟုတ်ဘူး မင်းရည်းစားနဲ့အပြန်အလှန်မိတ်ဆက်ဖို့လည်းမဟုတ်ဘူး၊ ညစာစားဖို့သွားတာ ညစာစားပြီးလို့ပြန်လာတာမှားသလား "

ရှောင်းကျန့်တို့ပြောစရာစကားကုန်ချေပြီ !

အဲ့ဒီနောက်သူတို့နှစ်ယောက်လုံးရှောင်းကျန့်အိမ်ပြန်ရောက်တဲ့အထိစကားလုံးဝမပြောဖြစ်တော့ဘူး ။

" ဒီညမင်းအိမ်မှာအိပ်မှာ "

ကားပေါ်ကဆင်းခါနီး ကိုငယ်ပြောလိုက်တဲ့စကားကြောင့်ကားပေါ်ကဆင်းမဲ့ရှောင်းကျန့်ခြေထောက်တို့ရပ်သွားသည် ။

" ဘာလို့ကျွန်တော့်အိမ်မှာအိပ်မှာလဲ "

" အိပ်ချင်လို့ "

ရှောင်းကျန့်လည်း'သဘော'လို့ပြောပြီးကားပေါ်ကဆင်းပြီးအိမ်ထဲကိုဝင်လာခဲ့လိုက်သည် ။ အိမ်ထဲရောက်တော့ဟိုကြည့်ဒီကြည့်နဲ့ကိုယ့်အိမ်ကိုစပ်စုနေတဲ့သူကိုရှောင်းကျန့်ကပဲစကားစရပြန်သည် ။

" ကျွန်တော့်အခန်းထဲမှာခနသွားနားပါလား ၊ ကျွန်တော်ဘေးအခန်းကိုသွားပြင်ပေးမယ် ခနစောင့်အုံး "

" ရတယ်မပြင်နဲ့ မင်းအခန်းထဲပဲအိပ်မယ် "

" ရပါတယ် အခန်းပြင်တာအပန်းမကြီးပါဘူး ပြီးတော့ခနပဲကြာမှာပါ "

" ဘာလို့လဲ၊မင်းနဲ့ငါတစ်ခန်းတည်းအတူတူအိပ်တာထူးဆန်းလို့လား ဘာလို့အကြောက်အကန်ငြင်းနေတာလဲ "

သူအဆင်မပြေမှာစိုးလို့တစ်ခန်းသပ်သပ်ပြင်ပေးမလို့ကို ကိုယ်ကပဲအကြောက်အကန်ငြင်းရတယ်ရှိသေး အံ့ဩပ ။

" ဧည့်သည်အဆင်မပြေမှာစိုးလို့ကျွန်တော်ကအခန်းပြင်ပေးတာပါ အကြောက်အကန်ဖြစ်စရာဘာမှမရှိပါဘူး "

ရှောင်းကျန့်ကလေသံအေးအေးနဲ့ပြန်ပြောပြီး အခန်းထဲဝင်ဖို့အလုပ် ဝမ်ရိပေါ်ကရှောင်းကျန့်လက်ကိုအားနဲ့ဆွဲလိုက်သည်မို့ ဝမ်ရိပေါ်ရင်ခွင်ထဲဝင်လုဝင်ခါနီးဖြစ်သွားသည် ။

" ဧည့်သည်လို့ပြောရအောင်မင်းနဲ့ငါကသူစိမ်းလား ရှောင်းကျန့် "

" သူစိမ်းမဟုတ်ရင်ဘာလဲ ! ကိုငယ်ကကျွန်တော့်ကိုဘယ်တုန်းကညီအစ်ကိုလိုသတ်မှတ်ဖူးလို့လဲ သူစိမ်းလို့ပဲသတ်မှတ်ထားတာမလား "

" ဟုတ်တယ်၊မင်းကိုဘယ်တုန်းကမှငါ့ညီလို့မသတ်မှတ်ဖူးဘူး "

ရှောင်းကျန့်ကသိသားပဲဆိုတဲ့ပုံစံနဲ့ခနဲ့ပြုံး ပြုံးသည် ။ ဒါကိုလည်းဝမ်ရိပေါ်ကမြင်လိုက်ပါသည် ။

" ငါဘယ်လိုသတ်မှတ်လဲသိချင်လား "

ဝမ်ရိပေါ်ရဲ့ထူးထူးဆန်းဆန်းစကားကြောင့်ရှောင်းကျန့်ကြောင်သွားသည် ။ လူကအခုထိလည်းသူ့ရင်ဘတ်နားကပ်နေရာကမခွာရသေး ။

" ပြွတ်စ် ! "

ရှောင်းကျန့်ရဲ့နှုတ်ခမ်းကိုဖြတ်ခနဲငုံ့နမ်းလိုက်တဲ့ရိပေါ့်ကြောင့်ရှောင်းကျန့်ခနကြောင်သွားပြန်သည် ။ ပြီးမှသတိဝင်လာလာတော့မှဝမ်ရိပေါ်လက်ထဲကရုန်းထွက်လိုက်သည် ။

" နောက်တစ်ခါဒါမျိုးမလုပ်ပါနဲ့၊ကျွန်တော်တို့က ကလေးတွေမဟုတ်တော့ဘူး မသင့်တော်ဘူး၊ပြီးတော့ကျွန်တော့်မှာရည်းစားလဲရှိသေးတယ် "

" မင်းရည်းစားရှေ့နမ်းတာမှမဟုတ်တာ "

" ကျစ် ! "

ရှောင်းကျန့်လည်းစကားမပြောချင်တော့တာနဲ့အခန်းထဲသာဝင်ခဲ့လိုက်သည် ။ စကားပြောလိုက်ရင်ကတ်သီးကပ်သတ် !

ရှောင်းကျန့်ဝင်သွားပြီးတာနဲ့ဝမ်ရိပေါ်ကလည်းအခန်းထဲလိုက်ဝင်ခဲ့လိုက်သည် ။
အခန်းထဲကို ကိုငယ်ဝင်လာတာသိပေမဲ့မသိချင်ယောင်ဆောင်ပြီးရေချိုးခန်းထဲဝင်ဖို့လုပ်လိုက်သည် ။

" အငယ် ~ "

နားကြားများမှာတာလား !

" ကိုယ်ခေါ်နေတာကြားလား "

" ကြားသားပဲ "

လူကိုလှည့်မကြည့်ဘဲ'ကြားသားပဲ'လို့ဘောက်ဆက်ဆက်ပြန်ပြောတဲ့သူကိုကိုင်ပေါက်ချင်တာတအား !

" ကြားရင်ထူးလေကွာ "

" ဘယ်သူ့ခေါ်မှန်းမသိလို့ "

" ဒီနားမှာမင်းနဲ့ကိုယ်ပဲရှိတာမဟုတ်ဘူးလား "

" ... "

မကြားချင်ယောင်ဆောင်သွားတာလား ပြောချင်ရာပြောဆိုပြီးလျစ်လျှူရှုသွားတာလားမပြောတတ် ရေချိုးခန်းထဲတော့ဝင်သွားပြီ ။

ရှောင်းကျန့်ရေချိုးပြီးပြန်ထွက်လာတော့ ကိုငယ်ကကုတင်ပေါ်မှာကန့်လန့်ပြတ်အိပ်နေသည် ။ အိပ်နေတာတောင်မျက်လုံးအစုံကစုံမှိတ်ထားပြီးမျက်ခုံးတွေကတွန့်ချိုးနေလေရဲ့ ။ ရှောင်းကျန့်လည်းအရင်ဆုံးပေါ့ပေါ့ပါးပါးဖြစ်မဲ့အဝတ်အစားတစ်စုံကိုယူဝတ်လိုက်ပြီး ကိုငယ့်အနားသွားကာတွန်းချိုးနေတဲ့ကိုငယ့်ရဲ့မျက်ခုံးအစုံကိုလက်ညှိုးနဲ့လက်မသုံးကာဖြေလျှော့ပေးလိုက်၏။

ထို့နောက်ကျောက်ယွီဆီဖုန်းဝင်လာတာမို့ဝရံတာဘက်ထွက်လာခဲ့လိုက်သည် ။ အခန်းထဲမှာပြောရင်လည်းအိပ်နေတဲ့သူနိုးသွားမှာစိုးရသည် ။

" Hello "

" ကိုကို ဘာလုပ်နေလဲ "

" အခုမှရေချိုးအဝတ်အစားလဲပြီးတာ "

" အော် .. အစောကဘယ်သူလဲဟင် "

" အဲ့တာ ကိုယ့်ကျေးဇူးရှင်ညီအစ်ကိုနှစ်ယောက်ထဲကအငယ်အစ်ကိုလေ "

" အာ ... ကိုကိုပြောဖူးတဲ့ဂျပန်ကိုကျောင်းသွားတတ်တယ်ဆိုတဲ့အစ်ကိုလား "

" အင်း!ဟုတ်တယ် "

" ကိုကိုနားတော့လေ မနက်ဖြန်မှကုပ္မဏီမှာတွေ့ကြမယ် "

" အိုကေဗျာ ဘိုင့်ဘိုင် "

" ဟုတ်ကိုကို "

တီ ~ ~ ~

" အမလေး !! "

ရုတ်တရက်မို့ရှောင်းကျန့်လန့်ပြီးအော်မိသွားသည် ။ ဖုန်းပြောပြီးလို့အခန်းထဲပြန်ဝင်ဖို့အလှည့် အဝင်ဝမှာဘယ်အချိန်ထဲကရပ်နေမှန်းမသိတဲ့ကိုငယ့်ကိုမြင်တော့လန့်သွား၏။

" ဘာ‌မဟုတ်တာလုပ်ထားလို့လန့်နေတာလဲ "

" ကျွန်တော်ကဘာမဟုတ်တာလုပ်ရမှာလဲ "

" အဲ့တာတော့ကိုယ့်ကိုယ်ကိုပဲသိမှာပေါ့ မဟုတ်ဘူးလား "

အမြဲကတ်သီးပြောတတ်တဲ့လူနဲ့ပြိုင်မပြောချင်တာကြောင့်အပေါက်ဝမှာရပ်နေတဲ့သူ့ကိုရှောင်ပြီးအခန်းထဲပြန်ဝင်မယ်လုပ်တော့ လက်မောင်းကနေသူ့အားနဲ့လူကိုဆွဲထားပြန်ရော !

" အဲ့ဒီလိုမထင်ရင်မထင်သလိုလူကိုမလုပ်ပါနဲ့ ကျွန်တော်မကြိုက်ဘူး !! "

" ဟုတ်ပြီ ~ နောက်မထိမိစေရဘူး "

ပြောပြီးချက်ချင်းပဲသူကအရင်အခန်းထဲဝင်ပြီးကုတင်ပေါ်တတ်အိပ်နေလေရဲ့ ။ သူကပဲစိတ်ပြန်ဆိုးသွားတယ်ရှိသေးတယ် ။ အိပ်ချိန်ရောက်နေပြီမလို့ ကိုယ်လည်းကုတင်ပေါ်တတ်အိပ်လိုက်သည် ။

မနက်ခင်းအိပ်ယာကနိုးလို့မျက်လုံးဖွင့်ကြည့်လိုက်တော့ ကိုယ်ကကိုငယ့်ရင်ဘတ်နားမျက်နှာကပ်ပြီး လက်တစ်ဖက်ကသူ့ကိုဖက်ထားသေးသည် ။ သူ့လက်တစ်ဖက်ကလည်းကိုယ့်ခါးကိုပြန်ဖက်ထားသည် ။ မဟုတ် !! ခါးကိုကျော်ပြီးတင်ပါးပေါ်ရောက်နေလေသည် ဒါကဘယ်လိုအခြေအနေကြီးလဲ ။

သတိပြန်ဝင်လာမှသူ့ရင်ခွင်ထဲထွက်တော့ ...

" ငြိမ်ငြိမ်နေကွာ ကိုယ်အိပ်ရေးမဝသေးဘူး "

သူအိပ်ရေးမဝတာဆက်အိပ်နေပေါ့ ဘယ်သူကသူ့ကိုအတင်းနှိုးနေလို့လဲ ။ ရှောင်းကျန့်လည်းနောက်တစ်ကြိမ်သူမနိုးအောင်ဖြည်းဖြည်းချင်းထပေမဲ့သူ့လက်ကြီးကဖယ်ရသေးသည်မို့နည်းနည်းတော့လှုပ်လှုပ်ယွယွဖြစ်သွားသည် ။

" ဟာ ... တောက်စ် !!! "

ဝမ်ရိပေါ်လည်း မနေ့ကခရီးပန်းထားသည်မို့အိပ်ရေးမဝတာကတစ်ကြောင်း ဘေးနားမှာအိပ်မရအောင်လှုပ်စိလှုပ်စိလာလုပ်နေတာကတစ်ကြောင်းမို့စိတ်တိုကာတက်ခေါက်ပြီးထထိုင်လိုက်သည် ။ ရှောင်းကျန့်ကတော့လန့်သွားသည်ထင်ပါ့၊ဘေးမှာငြိမ်ငြိမ်လေးထိုင်နေသည် ။

" ဘာတွေဖြစ်နေတာလဲ အိပ်နေတဲ့သူကိုအိပ်မရအောင်ဒီလို ... "

ဝမ်ရိပေါ်စကားတောင်ဆုံးအောင်မပြောလိုက်ရဘူး ရှောင်းကျန့်ကဖြတ်ပြောလာသည် ။

" မတော်တဆဖြစ်သွားတာလေ ဘာလို့လာအော်နေတာလဲ "

" ခနငြိမ်ငြိမ်နေဖို့ငါမပြောလို့လား ! မင်းကဘာအရေးကြီးကိစ္စတွေရှိလို့ ဒီလောက်အစောကြီးထချင်နေရတာလဲ "

" ကျွန်တော့်စိတ်နဲ့ကျွန်တော့်ကိုယ် ကျွန်တော်ထချင်တဲ့အချိန်ထမှာပေါ့ "

" တောက်စ် !! "

ဝမ်ရိပေါ်စိတ်တိုတ်ိုနဲ့တက်ခေါက်ပြီးဘေးစားပွဲပေါ်ကကားသော့နဲ့ပိုက်ဆံအိတ်နဲ့ကုတ်အင်္ကျီယူကာထွက်သွားလေသည် ။

" အိပ်ချင်မူတူးနဲ့ကားမောင်းမလို့လား "

ရှောင်းကျန့်မေးတာကိုလည်းမကြားသလိုပဲထွက်သွားပြီးတံခါးကိုတောင်ဒုန်းကနဲမည်အောင်ပိတ်ခဲ့သေးသည် ။
ကိုယ့်စကားကဘယ်တုန်းကများသူ့အတွက်အရေးပါခဲ့လို့လဲ !

#############

Zawgyi❤️

" ေဘဘီထိုင္ေလ "

" ဟုတ္ကဲ့ "

ေက်ာက္ယြီကကိုယ့္ေဘးကိုဝင္ထိုင္ေတာ့ ကိုငယ္ကအသာေမာ့ၾကၫ့္သည္ ။ ၿပီးတာနဲ႔ခ်က္ခ်င္းအၾကၫ့္လႊဲသြားၿပီး အက်ႌအိတ္ကပ္ထဲကသူ႔ဖုန္းကိုထုတ္ေလသည္ ။

" ကိုကို ကြၽန္ေတာ္ဒီညသူငယ္ခ်င္းတစ္ေယာက္အိမ္မွာပဲအိပ္ျဖစ္မယ္၊အလုပ္ကိစၥေလးရိွလို႔ "

" ... "

" ဟုတ္ကဲ့ ကိုကို၊ဒါပဲ "

ကိုငယ္က ကိုႀကီးကိုဖုန္းဆက္ၿပီးတာနဲ႔ မတ္တပ္ထရပ္ၿပီး ကိုယ့္ကိုေမးေငါ့ျပၿပီး 'ျပန္မယ္'လို႔ေျပာလာသည္ ။ သူ႔ကိုေက်ာက္ယြီနဲ႔ေတာင္မိတ္ဆက္မေပးရေသးဘူး ၿပီးေတာ့ေက်ာက္ယြီတစ္ေယာက္လံုးထိုင္ေနတာကိုမသိခ်င္ေယာင္ေဆာင္ၿပီးရုတ္တရက္ထၿပီးျပန္မယ္ဆိုတာ ဘယ္လိုေတာင္မယဉ္ေက်းတဲ့အျပဳအမူလဲ ။

ျပန္မယ္ဆိုၿပီးကိုယ့္ကိုအသိေပးၿပီးမေစာင့္ပဲတစ္ေယာက္ထဲဆိုင္ထဲကထြက္သြားတဲ့ကိုငယ္ကိုလံုးဝနားမလည္ဘူး ။ ေက်ာက္ယြီကိုလည္းအားနာရေသးသည္ ေနာက္မွေသခ်ာ‌မိတ္ဆက္ေပးမယ္လို႔ေျပာၿပီးကိုငယ့္ေနာက္ကေျပးလိုက္ခဲ့ရသည္ ။ ေက်ာက္ယြီလဲနဲနဲေတာ့မ်က္ႏွာပ်က္သြားသည္ ။

ကားေပၚေရာက္ေတာ့လည္းသူကအားနာျခင္းမရိွတဲ့မ်က္ႏွာထားနဲ႔ကားကိုေအးေဆးေမာင္းေနသည္ ။ မေနႏိုင္တဲ့ကိုယ္ကပဲမေက်နပ္ေၾကာင္းစကားစရေတာ့မည္ျဖစ္သည္ ။

" ကိုငယ္ "

" ... "

ဘာလဲ ! သူကမၾကားခ်င္ေယာင္ေဆာင္တာလား ။

" ကိုငယ္ဘယ္လိုလုပ္တာလဲ ကိုငယ့္ကိုလည္းကြၽန္ေတာ့္ခ်စ္သူနဲ႔မိတ္ဆက္မေပးလိုက္ရဘူး ၊ သူေရာက္လာၿပီးမွရုတ္တရက္ႀကီးထျပန္တာရိုင္းရာမက်ဘူးလား ၊ ဧၫ့္လည္းမခံလိုက္ရဘူး "

" ျပန္သြားၿပီးဧၫ့္ခံခ်င္လို႔လား "

" ကိုငယ္ !! "

ေယာက္်ားႀကီးျဖစ္ၿပီးအဲ့လိုရြဲ႔တတ္ေသးတာ !

" ငါအဲ့ဒီဆိုင္ကိုသြားတာကမင္းရည္းစားကိုဧၫ့္ခံဖို႔မဟုတ္ဘူး မင္းရည္းစားနဲ႔အျပန္အလွန္မိတ္ဆက္ဖို႔လည္းမဟုတ္ဘူး၊ ညစာစားဖို႔သြားတာ ညစာစားၿပီးလို႔ျပန္လာတာမွားသလား "

ေရွာင္းက်န႔္တို႔ေျပာစရာစကားကုန္ေခ်ၿပီ !

အဲ့ဒီေနာက္သူတို႔ႏွစ္ေယာက္လံုးေရွာင္းက်န႔္အိမ္ျပန္ေရာက္တဲ့အထိစကားလံုးဝမေျပာျဖစ္ေတာ့ဘူး ။

" ဒီညမင္းအိမ္မွာအိပ္မွာ "

ကားေပၚကဆင္းခါနီး ကိုငယ္ေျပာလိုက္တဲ့စကားေၾကာင့္ကားေပၚကဆင္းမဲ့ေရွာင္းက်န႔္ေျခေထာက္တို႔ရပ္သြားသည္ ။

" ဘာလို႔ကြၽန္ေတာ့္အိမ္မွာအိပ္မွာလဲ "

" အိပ္ခ်င္လို႔ "

ေရွာင္းက်န႔္လည္း'သေဘာ'လို႔ေျပာၿပီးကားေပၚကဆင္းၿပီးအိမ္ထဲကိုဝင္လာခဲ့လိုက္သည္ ။ အိမ္ထဲေရာက္ေတာ့ဟိုၾကၫ့္ဒီၾကၫ့္နဲ႔ကိုယ့္အိမ္ကိုစပ္စုေနတဲ့သူကိုေရွာင္းက်န႔္ကပဲစကားစရျပန္သည္ ။

" ကြၽန္ေတာ့္အခန္းထဲမွာခနသြားနားပါလား ၊ ကြၽန္ေတာ္ေဘးအခန္းကိုသြားျပင္ေပးမယ္ ခနေစာင့္အံုး "

" ရတယ္မျပင္နဲ႔ မင္းအခန္းထဲပဲအိပ္မယ္ "

" ရပါတယ္ အခန္းျပင္တာအပန္းမႀကီးပါဘူး ၿပီးေတာ့ခနပဲၾကာမွာပါ "

" ဘာလို႔လဲ၊မင္းနဲ႔ငါတစ္ခန္းတည္းအတူတူအိပ္တာထူးဆန္းလို႔လား ဘာလို႔အေၾကာက္အကန္ျငင္းေနတာလဲ "

သူအဆင္မေျပမွာစိုးလို႔တစ္ခန္းသပ္သပ္ျပင္ေပးမလို႔ကို ကိုယ္ကပဲအေၾကာက္အကန္ျငင္းရတယ္ရိွေသး အံ့ဩပ ။

" ဧၫ့္သည္အဆင္မေျပမွာစိုးလို႔ကြၽန္ေတာ္ကအခန္းျပင္ေပးတာပါ အေၾကာက္အကန္ျဖစ္စရာဘာမွမရိွပါဘူး "

ေရွာင္းက်န႔္ကေလသံေအးေအးနဲ႔ျပန္ေျပာၿပီး အခန္းထဲဝင္ဖို႔အလုပ္ ဝမ္ရိေပၚကေရွာင္းက်န႔္လက္ကိုအားနဲ႔ဆြဲလိုက္သည္မို႔ ဝမ္ရိေပၚရင္ခြင္ထဲဝင္လုဝင္ခါနီးျဖစ္သြားသည္ ။

" ဧၫ့္သည္လို႔ေျပာရေအာင္မင္းနဲ႔ငါကသူစိမ္းလား ေရွာင္းက်န႔္ "

" သူစိမ္းမဟုတ္ရင္ဘာလဲ ! ကိုငယ္ကကြၽန္ေတာ့္ကိုဘယ္တုန္းကညီအစ္ကိုလိုသတ္မွတ္ဖူးလို႔လဲ သူစိမ္းလို႔ပဲသတ္မွတ္ထားတာမလား "

" ဟုတ္တယ္၊မင္းကိုဘယ္တုန္းကမွငါ့ညီလို႔မသတ္မွတ္ဖူးဘူး "

ေရွာင္းက်န႔္ကသိသားပဲဆိုတဲ့ပံုစံနဲ႔ခနဲ႔ၿပံဳး ၿပံဳးသည္ ။ ဒါကိုလည္းဝမ္ရိေပၚကျမင္လိုက္ပါသည္ ။

" ငါဘယ္လိုသတ္မွတ္လဲသိခ်င္လား "

ဝမ္ရိေပၚရဲ့ထူးထူးဆန္းဆန္းစကားေၾကာင့္ေရွာင္းက်န႔္ေၾကာင္သြားသည္ ။ လူကအခုထိလည္းသူ႔ရင္ဘတ္နားကပ္ေနရာကမခြာရေသး ။

" ႁပြတ္စ္ ! "

ေရွာင္းက်န႔္ရဲ့ႏႈတ္ခမ္းကိုျဖတ္ခနဲငံု႔နမ္းလိုက္တဲ့ရိေပါ့္ေၾကာင့္ေရွာင္းက်န႔္ခနေၾကာင္သြားျပန္သည္ ။ ၿပီးမွသတိဝင္လာလာေတာ့မွဝမ္ရိေပၚလက္ထဲကရုန္းထြက္လိုက္သည္ ။

" ေနာက္တစ္ခါဒါမ်ိဳးမလုပ္ပါနဲ႔၊ကြၽန္ေတာ္တို႔က ကေလးေတြမဟုတ္ေတာ့ဘူး မသင့္ေတာ္ဘူး၊ၿပီးေတာ့ကြၽန္ေတာ့္မွာရည္းစားလဲရိွေသးတယ္ "

" မင္းရည္းစားေရ႔ွနမ္းတာမွမဟုတ္တာ "

" က်စ္ ! "

ေရွာင္းက်န႔္လည္းစကားမေျပာခ်င္ေတာ့တာနဲ႔အခန္းထဲသာဝင္ခဲ့လိုက္သည္ ။ စကားေျပာလိုက္ရင္ကတ္သီးကပ္သတ္ !

ေရွာင္းက်န႔္ဝင္သြားၿပီးတာနဲ႔ဝမ္ရိေပၚကလည္းအခန္းထဲလိုက္ဝင္ခဲ့လိုက္သည္ ။
အခန္းထဲကို ကိုငယ္ဝင္လာတာသိေပမဲ့မသိခ်င္ေယာင္ေဆာင္ၿပီးေရခ်ိဳးခန္းထဲဝင္ဖို႔လုပ္လိုက္သည္ ။

" အငယ္ ~ "

နားၾကားမ်ားမွာတာလား !

" ကိုယ္ေခၚေနတာၾကားလား "

" ၾကားသားပဲ "

လူကိုလွၫ့္မၾကၫ့္ဘဲ'ၾကားသားပဲ'လို႔ေဘာက္ဆက္ဆက္ျပန္ေျပာတဲ့သူကိုကိုင္ေပါက္ခ်င္တာတအား !

" ၾကားရင္ထူးေလကြာ "

" ဘယ္သူ႔ေခၚမွန္းမသိလို႔ "

" ဒီနားမွာမင္းနဲ႔ကိုယ္ပဲရိွတာမဟုတ္ဘူးလား "

" ... "

မၾကားခ်င္ေယာင္ေဆာင္သြားတာလား ေျပာခ်င္ရာေျပာဆိုၿပီးလ်စ္လ်ွူရႈသြားတာလားမေျပာတတ္ ေရခ်ိဳးခန္းထဲေတာ့ဝင္သြားၿပီ ။

ေရွာင္းက်န႔္ေရခ်ိဳးၿပီးျပန္ထြက္လာေတာ့ ကိုငယ္ကကုတင္ေပၚမွာကန႔္လန႔္ျပတ္အိပ္ေနသည္ ။ အိပ္ေနတာေတာင္မ်က္လံုးအစံုကစံုမိွတ္ထားၿပီးမ်က္ခံုးေတြကတြန႔္ခ်ိဳးေနေလရဲ့ ။ ေရွာင္းက်န႔္လည္းအရင္ဆံုးေပါ့ေပါ့ပါးပါးျဖစ္မဲ့အဝတ္အစားတစ္စံုကိုယူဝတ္လိုက္ၿပီး ကိုငယ့္အနားသြားကာတြန္းခ်ိဳးေနတဲ့ကိုငယ့္ရဲ့မ်က္ခံုးအစံုကိုလက္ၫွိုးနဲ႔လက္မသံုးကာေျဖေလ်ွာ့ေပးလိုက္၏။

ထို႔ေနာက္ေက်ာက္ယြီဆီဖုန္းဝင္လာတာမို႔ဝရံတာဘက္ထြက္လာခဲ့လိုက္သည္ ။ အခန္းထဲမွာေျပာရင္လည္းအိပ္ေနတဲ့သူႏိုးသြားမွာစိုးရသည္ ။

" Hello "

" ကိုကို ဘာလုပ္ေနလဲ "

" အခုမွေရခ်ိဳးအဝတ္အစားလဲၿပီးတာ "

" ေအာ္ .. အေစာကဘယ္သူလဲဟင္ "

" အဲ့တာ ကိုယ့္ေက်းဇူးရွင္ညီအစ္ကိုႏွစ္ေယာက္ထဲကအငယ္အစ္ကိုေလ "

" အာ ... ကိုကိုေျပာဖူးတဲ့ဂ်ပန္ကိုေက်ာင္းသြားတတ္တယ္ဆိုတဲ့အစ္ကိုလား "

" အင္း!ဟုတ္တယ္ "

" ကိုကိုနားေတာ့ေလ မနက္ျဖန္မွကုပၼဏီမွာေတြ့ၾကမယ္ "

" အိုေကဗ်ာ ဘိုင့္ဘိုင္ "

" ဟုတ္ကိုကို "

တီ ~ ~ ~

" အမေလး !! "

ရုတ္တရက္မို႔ေရွာင္းက်န႔္လန႔္ၿပီးေအာ္မိသြားသည္ ။ ဖုန္းေျပာၿပီးလို႔အခန္းထဲျပန္ဝင္ဖို႔အလွၫ့္ အဝင္ဝမွာဘယ္အခ်ိန္ထဲကရပ္ေနမွန္းမသိတဲ့ကိုငယ့္ကိုျမင္ေတာ့လန႔္သြား၏။

" ဘာ‌မဟုတ္တာလုပ္ထားလို႔လန႔္ေနတာလဲ "

" ကြၽန္ေတာ္ကဘာမဟုတ္တာလုပ္ရမွာလဲ "

" အဲ့တာေတာ့ကိုယ့္ကိုယ္ကိုပဲသိမွာေပါ့ မဟုတ္ဘူးလား "

အၿမဲကတ္သီးေျပာတတ္တဲ့လူနဲ႔ၿပိဳင္မေျပာခ်င္တာေၾကာင့္အေပါက္ဝမွာရပ္ေနတဲ့သူ႔ကိုေရွာင္ၿပီးအခန္းထဲျပန္ဝင္မယ္လုပ္ေတာ့ လက္ေမာင္းကေနသူ႔အားနဲ႔လူကိုဆြဲထားျပန္ေရာ !

" အဲ့ဒီလိုမထင္ရင္မထင္သလိုလူကိုမလုပ္ပါနဲ႔ ကြၽန္ေတာ္မႀကိဳက္ဘူး !! "

" ဟုတ္ၿပီ ~ ေနာက္မထိမိေစရဘူး "

ေျပာၿပီးခ်က္ခ်င္းပဲသူကအရင္အခန္းထဲဝင္ၿပီးကုတင္ေပၚတတ္အိပ္ေနေလရဲ့ ။ သူကပဲစိတ္ျပန္ဆိုးသြားတယ္ရိွေသးတယ္ ။ အိပ္ခ်ိန္ေရာက္ေနၿပီမလို႔ ကိုယ္လည္းကုတင္ေပၚတတ္အိပ္လိုက္သည္ ။

မနက္ခင္းအိပ္ယာကႏိုးလို႔မ်က္လံုးဖြင့္ၾကၫ့္လိုက္ေတာ့ ကိုယ္ကကိုငယ့္ရင္ဘတ္နားမ်က္ႏွာကပ္ၿပီး လက္တစ္ဖက္ကသူ႔ကိုဖက္ထားေသးသည္ ။ သူ႔လက္တစ္ဖက္ကလည္းကိုယ့္ခါးကိုျပန္ဖက္ထားသည္ ။ မဟုတ္ !! ခါးကိုေက်ာ္ၿပီးတင္ပါးေပၚေရာက္ေနေလသည္ ဒါကဘယ္လိုအေျခအေနႀကီးလဲ ။

သတိျပန္ဝင္လာမွသူ႔ရင္ခြင္ထဲထြက္ေတာ့ ...

" ၿငိမ္ၿငိမ္ေနကြာ ကိုယ္အိပ္ေရးမဝေသးဘူး "

သူအိပ္ေရးမဝတာဆက္အိပ္ေနေပါ့ ဘယ္သူကသူ႔ကိုအတင္းႏိႈးေနလို႔လဲ ။ ေရွာင္းက်န႔္လည္းေနာက္တစ္ႀကိမ္သူမႏိုးေအာင္ျဖည္းျဖည္းခ်င္းထေပမဲ့သူ႔လက္ႀကီးကဖယ္ရေသးသည္မို႔နည္းနည္းေတာ့လႈပ္လႈပ္ယြယျြဖစ္သြားသည္ ။

" ဟာ ... ေတာက္စ္ !!! "

ဝမ္ရိေပၚလည္း မေန့ကခရီးပန္းထားသည္မို႔အိပ္ေရးမဝတာကတစ္ေၾကာင္း ေဘးနားမွာအိပ္မရေအာင္လႈပ္စိလႈပ္စိလာလုပ္ေနတာကတစ္ေၾကာင္းမို႔စိတ္တိုကာတက္ေခါက္ၿပီးထထိုင္လိုက္သည္ ။ ေရွာင္းက်န႔္ကေတာ့လန႔္သြားသည္ထင္ပါ့၊ေဘးမွာၿငိမ္ၿငိမ္ေလးထိုင္ေနသည္ ။

" ဘာေတျြဖစ္ေနတာလဲ အိပ္ေနတဲ့သူကိုအိပ္မရေအာင္ဒီလို ... "

ဝမ္ရိေပၚစကားေတာင္ဆံုးေအာင္မေျပာလိုက္ရဘူး ေရွာင္းက်န႔္ကျဖတ္ေျပာလာသည္ ။

" မေတာ္တဆျဖစ္သြားတာေလ ဘာလို႔လာေအာ္ေနတာလဲ "

" ခနၿငိမ္ၿငိမ္ေနဖို႔ငါမေျပာလို႔လား ! မင္းကဘာအေရးႀကီးကိစၥေတြရိွလို႔ ဒီေလာက္အေစာႀကီးထခ်င္ေနရတာလဲ "

" ကြၽန္ေတာ့္စိတ္နဲ႔ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ထခ်င္တဲ့အခ်ိန္ထမွာေပါ့ "

" ေတာက္စ္ !! "

ဝမ္ရိေပၚစိတ္တိုတ္ိုနဲ႔တက္ေခါက္ၿပီးေဘးစားပြဲေပၚကကားေသာ့နဲ႔ပိုက္ဆံအိတ္နဲ႔ကုတ္အက်ႌယူကာထြက္သြားေလသည္ ။

" အိပ္ခ်င္မူတူးနဲ႔ကားေမာင္းမလို႔လား "

ေရွာင္းက်န႔္ေမးတာကိုလည္းမၾကားသလိုပဲထြက္သြားၿပီးတံခါးကိုေတာင္ဒုန္းကနဲမည္ေအာင္ပိတ္ခဲ့ေသးသည္ ။
ကိုယ့္စကားကဘယ္တုန္းကမ်ားသူ႔အတြက္အေရးပါခဲ့လို႔လဲ !

#############