Part : 16 [ U & Z ]
Part : 16 [ U & Z ]
Uni❤️
မနက်ကတစ်ရေးပြန်အိပ်ပျော်သွားတာမလို့နိုးလာတော့ကိုးနာရီထိုးနေပြီဖြစ်သည် ။ ကိုငယ်ကတော့အိပ်နေတုန်း ! စအိပ်တုန်းကဖက်ပြီးအိပ်ပေမဲ့နိုးလာတော့ကိုယ်ရောသူရောတစ်ယောက်ကိုတစ်ယောက်ကျောပေးကာအိပ်နေကြခြင်းဖြစ်သည် ။ သူကမနိုးသေးတာမလို့သာသာလေးထပြီးမျက်နှာသစ်ကာ အောက်ထပ်ဆင်းပြီးမီးဖိုထဲမှာမနက်စာပြင်ရသည် ။ စားပွဲပေါ်မှာနှစ်ယောက်စာပြင်ပြီးတာနဲ့သွားခေါ်မလို့လုပ်တော့ သူကဆင်းလာပြီဖြစ်သည်။ ညက bathrobe နဲ့ပဲ …
" ထိုင် ! မနက်စာစားလို့ရပြီ "
" အင်း "
သူတို့မနက်စာစားနေကြတုန်း ကိုငယ့်ဖုန်းကထမြည်လာသည် ။
" Hello "
" အင်းအင်း ! လာပြီ ခနစောင့် "
ဖုန်းပြောနေတဲ့အသံကိုနားစွင့်မိပေမဲ့ ကိုငယ့်ကိုတော့မော့မကြည့်မိ ။ မသိသလိုသာနေနေလိုက်သည် ။
" ဟို .. ကိုယ်ကိစ္စလေးရှိလို့ .. "
" သွားလေ .. ညကအဝတ်တွေလျှော်ပေးထားတယ် အဲ့တာတွေပြန်ဝတ်သွား "
သူစကားမပြီးခင်ပဲဖြတ်ပြောလိုက်တယ် ရိုင်းတယ်ထင်လည်းထင်ပါစေပေါ့ ။ အမှန်ဆိုသူခွင့်တောင်းနေစရာမှမလိုတာ ပြီးတော့ဘာလုပ်လုပ်ခွင့်တောင်းနေရမဲ့ဆက်ဆံရေးမှမဟုတ်ဘဲ ။ သူ့မျက်နှာအမူအရာကိုလည်းမမြင်ချင်တာမို့ မနက်စာစားနေရင်းနဲ့ပဲပြောလိုက်သည် ။ အကြည့်တွေကတော့စားပွဲပေါ်ကပေါင်မုန့်ကြက်ဥကြော်ပန်းကန်မှာ …
" အင်း ! ကိုယ်သွားပြီ "
××××××××××
" ခိုအီချီ ! "
" Honey ~ "
" ဟူးးးးး မင်းကတော့ဖြစ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်း "
" ဟီးဟီး "
မျက်စောင်းမမည်တဲ့မျက်စောင်းအသေးတစ်ခုဖန်တီးလိုက်ပြီး အခုမှရယ်ကျဲကျဲလုပ်ပြနေသည့်ခိုအီချီကိုကြည့်လိုက်သည် ။ Shopping Mall လာပြီးဝယ်ချင်တာအကုန်လျှောက်ဝယ်ပြီးမှပိုက်ဆံပါမလာလို့တဲ့၊ငွေသားကျတော့တမင်ထားခဲ့တာတဲ့ ကတ်နဲ့ပဲရှင်းမယ်ဆိုပြီး ။ ကတ်ကျတော့အင်္ကျီအိပ်ကပ်ထဲကျန်ခဲ့သည်တဲ့ ။ ပါလာတဲ့ပိုပ်ဆံအိတ်ကဟန်ပြသက်သက် ဘာမှလည်းမပါဘူး ။
သူများနိုင်ငံလာတာကိုအဖော်တစ်ယောက်လောက်နဲ့လာမယ်မရှိဘူး ။ ကိုယ်ရှိလို့လာတယ်ဆိုပေမဲ့ကိုယ်ကအမြဲတမ်းသူ့ကိုအချိန်ပေးနိုင်မှာတဲ့လား ။ အဲ့ဒါတွေလည်းသူနားလည်လို့ အားနာလို့နေမယ် သူတစ်ခါမှမရောက်ဖူးတဲ့နိုင်ငံမှာဈေးဝယ်ကိုတစ်ယောက်တည်းထွက်လာတယ် ။ အရင်ကလိုရည်းစားတွေဆိုအားနာစရာသိပ်မလိုပေမဲ့ အခုလိုအခြေအနေကျအားနာဖို့ကောင်းတာပေါ့ ။ တစ်ခုကောင်းတာကခိုအီချီကရည်းစားဟောင်းဖြစ်ပေမဲ့ သူငယ်ချင်းလိုမိတ်ဆွေလိုမောင်နှစ်မလိုပေါင်းလို့အဆင်ပြေသည် သူကလည်းအဲ့လိုတွေတော်သည် ။
" ပြီးပြီမလား ပြန်မယ် "
" Honey ရောပါလက်စနဲ့နည်းနည်းလျှောက်ကြည့်ချင်သေးတယ် "
" တော်တော်အလုပ်ရှုပ်တာပဲ "
" ခနလေးပါ တကယ်ခနလေး "
ဝမ်ရိပေါ်လည်းသူလိုချင်တဲ့ဖိနပ်တို့နာရီတို့အဝတ်အစားတို့တွေ့မလားလို့ကြည့်ရင်းနဲ့ ခိုအီချီနောက်လိုက်သွားလိုက်သည် ။
" ရိပေါ် ~ "
" ယူဘင် !! "
" မင်းတစ်ယောက်တည်းလား မင်းကောင်လေးရော ! "
" ပါတယ် ! ရှောင်းကျန့်ရောပါတယ် "
" ဟမ် !! "
သူတို့သူငယ်ချင်းနှစ်ယောက်နှုတ်ဆက်နေကြရင်း ဖန်ရှင်းဆိုတဲ့ကောင်လေးကယူဘင့်နားပြေးလာသည် ။ ရှောင်းကျန့်လည်းပါသည်ကို ~
" ကိုကို !! "
" ဒါ .. ဒါက ရှောင်းကျန့်နင့်ရဲ့ .. "
" ဖန်ရှင်း ! ငါရေခဲမုန့်စားချင်လို့ခနလိုက်ခဲ့ပေး "
အကြောင်းပြချက်ရေရေရာရာမရှိဘဲဖန်ရှင်းကိုဇွတ်ဆွဲခေါ်လာခဲ့မိသည် ။
" ရိပေါ် ~ "
" ငါတို့နေ့လည်စာသွားစားကြရအောင် .. ခိုအီချီဟိုတယ်ပြန်တော့ ငါတို့ပြောစရာတွေရှိလို့ သွားပြီ "
ခိုအီချီကလည်းတစ်ခွန်းတည်းပဲ လှည့်ပြန်သွားသည် ။
နေ့လည်စာကိုသူတို့ဈေးဝယ်တဲ့ shopping mall ထဲကဆိုင်မှာပဲဝင်ထိုင်စားလိုက်ကြသည် ။ ဖန်ရှင်းနဲ့ယူဘင်ကချစ်သူတွေဆိုတော့ဘေးချင်းကပ်ရပ်ထိုင်သည် ။ ရိပေါ်နဲ့ရှောင်းကျန့်ကလည်းသူတို့အမြင်မှာညီအစ်ကိုဆိုတော့အတူတူကပ်ထိုင်သည် ။ စားစရာတွေမှာပြီးစားနေရင်းတန်းလန်းရှောင်းကျန့်ပေါင်ပေါ်ကိုလက်တစ်ဖက်ကလာတင်သည်မို့ဘေးကိုလှည့်ကြည့်လိုက်တော့ကိုငယ်ကမသိချင်ယောင်ဆောင်ပြီး သူ့သူငယ်ချင်းယူဘင်နဲ့စကားပြောနေသည် ။
မတော်တဆတင်မိတာဖြစ်ဖြစ်တမင်တင်တာပဲဖြစ်ဖြစ်မကောင်းလို့ဆိုတဲ့အသိနဲ့ရှောင်းကျန့်ကသူ့ပေါင်ပေါ်ကကိုငယ့်လက်ကိုဖယ်ပေမဲ့မဖယ်ပေးတဲ့အပြင်သူ့လက်ဖက်ဝါးကိုပါလာကိုင်ထားသည် ။ ရုန်းလဲမရ၊ရှေ့မှာသူငယ်ချင်းအတွဲကရှိတာမို့သတိလက်လွတ်ရုန်းလို့ကမရ ။ သူကလည်းအနေခက်မှာဆိုးလို့ထင်တယ်လက်ကိုပြန်လွှတ်ပေးသည် ။ သူလွှတ်ပေးလိုက်တာနဲ့တပြိုင်နက်ချက်ချင်းစားပွဲပေါ်လက်ကိုတင်ထားလိုက်သည် ။ သူ့လက်ဖဝါးကြီးကတော့ကိုယ့်ပေါင်ပေါ်တင်ထားရုံမကဘူး အပေါ်အောက်တောင်ပွတ်နေသေးသည်။
" မင်းတို့ညီအစ်ကိုတွေပြန်တည့်သွားကြပြီလား မင်းမသွားခင်ကထိစကားမပြောကြဘူးဆို "
ဒီမသာ ! ရှောင်းကျန့်ကိုမသိချင်ယောင်ဆောင်ပြီးတမင်စနေတာ ။ သူတို့အရင်ကဘာကြောင့်စကားမပြောကြသလဲဆိုတာယူဘင်ကအကုန်သိသည် ။ သူတို့နှစ်ယောက်ကလည်းအချင်းချင်းပွင်းလင်းကြသည် ။
" ဟိတ်ကောင် ! "
" ငါကစတာပါကွာ .. ညီအစ်ကိုအချင်းချင်းပြန်တည့်တာကောင်းတယ်လို့ပြောမလို့ပါ "
ညီအစ်ကိုဆိုတာကိုပါးစပ်ကမချတော့ဘူးဒီကောင် !
ရှောင်းကျန့်ကိုညီအစ်ကိုလို့မသတ်မှတ်တော့တာသူလူပျိုဖြစ်ကတည်းက ဒါကိုဒီကောင်သိရက်နဲ့တမင်စနေတာ ။
သူ့ကောင်လေးဖန်ရှင်းကလည်းဘေးကနေပြုံးပြုံးလေးနဲ့ကြောင်တောင်တောင်ရုပ် ! ရှောင်းကျန့်နဲ့သူနဲ့လိုက်ပါ့ အဲ့တာကြောင့်တွဲမိတာနေမှာ အူတူတူတွေ ။ သူငယ်ချင်းဆိုမှဟိုတစ်ခါရှောင်းကျန့်ပါးကိုနမ်းတဲ့သူတို့သူငယ်ချင်းတစ်ယောက်ရောဘယ်မှာလဲမသိ။
" ဒါနဲ့ .. အစောကအမျိုးသမီးကဘယ်သူလဲ "
" ဂျပန်မှာကျောင်းတတ်တုန်းက ငါ့အစ်ကိုဝမ်းကွဲတို့အခန်းက EC "
" သူကဒီမှာမိတ်ဆွေရှိလို့လား "
" မရှိပါဘူး ငါရှိလို့လာတာ "
" မင်းအစ်ကို EC ကမင်းဆီလာစရာလိုလို့လား၊ဟေ့ရောင် မင်းတို့ရိုးရောရိုးကြလား "
ယူဘင်ကအဲ့သည်လိုမေးလိုက်တော့ ရိပေါ်ကရှောင်းကျန့်ဘက်တစ်ချက်လှည့်ကြည့်သေးသည် ။
" ရည်းစားဟောင်းပါ "
" ရည်းစားဟောင်းကဒီလိုလိုက်လာစရာလိုလို့လား "
" အလည်လာတာပါကွာ သူကသူငယ်ချင်းလိုတော့ခင်ဖို့ကောင်းပါတယ် "
" အေးပါကွာ "
Ring ...
ရှောင်းကျန့်ဖုန်းသံကြောင့်စကားဝိုင်းကတိတ်ဆိတ်သွားသည် ။ သူငယ်ချင်းတွေရှေ့မို့ကိစ္စမရှိသောကြောင့် တခြားနေရာကိုမရှောင်နေတော့ဘဲ ဝိုင်းမှာပဲထိုင်ပြီးဖုန်းပြောလိုက်သည် ။
" Hello "
" မဟုတ်ဘူး အပြင်မှာ ... အင်း သူငယ်ချင်းတွေနဲ့ ... ပြန်တော့မှာလေ အိမ်ရောက်မှခေါ်လိုက်မယ် ... အင်း ! စိတ်ချပါ "
တီ ~ ~ ~
" ကျောက်ယွီလား ရှောင်းကျန့် "
ဖန်ရှင်းကကျောက်ယွီနဲ့သူတွဲနေသည်ကိုသိသည် ။
" အင်း ဟုတ်တယ် ! vc ပြောမလို့ဖုန်းခေါ်တာ "
" အော် "
ဖန်ရှင်းနဲ့သူစကားပြောပြီးတဲ့အထိကိုငယ်ကစောင့်နေတယ်ထင်ပါရဲ့ ပြီးတာနဲ့တပြိုင်နက် !
" ယူဘင် နောက်မှအေးဆေးတွေ့ကြမယ်ကွာ ငါတို့သွားစရာရှိသေးလို့ .. အငယ် ထ!ကိုကိုခိုင်းထားတာရှိလို့တစ်နေရာသွားရမယ် "
" ဟင် ! ဟုတ်လား "
" အင်း နောက်ကျလို့မဖြစ်ဘူး "
" ဟုတ်ကဲ့ ! ဖန်ရှင်းသွားပြီနော် အစ်ကိုယူဘင်ရောပဲ "
သူနှုတ်ဆက်တော့ဟိုအတွဲကလည်းပြုံးပြီးခေါင်းငြိမ့်ပြသည် ။ သူတို့လည်းပုခုံးချင်းယှဉ်ပြီးဆိုင်ထဲကထွက်လာခဲ့သည် ။
ကားပေါ်ရောက်မှသိရတာက ကိုကြီးကဘာမှမခိုင်းထားဘဲနဲ့သူငယ်ချင်းတွေကိုဒီတိုင်းနှုတ်ဆက်ရမှာအားနာလို့ဆိုတာကို ။ လာကတည်းကဟိုအတွဲရဲ့ကားနဲ့လိုက်လာတာမလို့ အခုတော့ကိုငယ့်ကားနဲ့ပဲပြန်လိုက်ရသည် ။ ကိုငယ်ကလည်းအိမ်လိုက်မဲ့အစီအစဉ်ရှိသည်ထင်ပါတယ် ။ သူအိမ်မှာနေအုံးမယ်ဆိုရင်ကျောက်ယွီနဲ့ vc ပြောဖို့ကအဆင်မပြေပြန်ဘူး ။
" အငယ် ! မင်းသူငယ်ချင်းဘိုဝန်ဆိုတဲ့ကောင်ရော "
" သူကဆရာဝန်ဖြစ်သွားတယ်လေ အခုနယ်ဘက်မှာတာဝန်ကျနေတာ "
" အော် .. အဆက်အသွယ်မရှိဘူးပေါ့ "
" အဲ့ဒီဘက်ကဖုန်းလိုင်းသိပ်မမိလို့ဖုန်းအဆက်အသွယ်တော့မရဘူး၊ဒါပေမဲ့သူပြန်လာတဲ့အချိန်ဆိုရက်တော့တွေ့ဖြစ်ပါတယ် ဘာလို့လဲ "
ရှောင်းကျန့်ပြန်မေးလိုက်တော့ ကားမောင်းရင်းနဲ့ပဲခေါင်းခါပြသည် ။ ကားမောင်းနေတဲ့ကိုငယ့်ကိုငေးကြည့်မိရင်း တွေးမိတာရှိသည် ။ အဲ့ဒါကဘာလဲဆိုတော့ ကိုငယ့်စိတ်ထဲကအတွေးတွေကိုသူသိချင်သည်၊သူနဲ့ပတ်သတ်တဲ့ကိုငယ့်ခံစားချက်တွေကဘာလဲသိချင်သည် ။ နေ့လည်ကဂျပန်အမျိုးသမီးရဲ့အပေါ်မှာရောဘယ်လိုစိတ်မျိုးနဲ့ဆက်ဆံတာလဲဆိုတာရောပဲ ။
ဘုရားသခင်ထံမှာဆုတောင်းရအုံးမယ် .. လူတိုင်းရဲ့အတွေးတွေကိုမသိချင်ပါဘူး ဝမ်ရိပေါ်ဆိုတဲ့လူသားတစ်ယောက်တည်းရဲ့အတွေးတွေကိုပဲသိပါရစေလို့ ~
#############
Zawgyi❤️
မနက္ကတစ္ေရးျပန္အိပ္ေပ်ာ္သြားတာမလို႔ႏိုးလာေတာ့ကိုးနာရီထိုးေနၿပီျဖစ္သည္ ။ ကိုငယ္ကေတာ့အိပ္ေနတုန္း ! စအိပ္တုန္းကဖက္ၿပီးအိပ္ေပမဲ့ႏိုးလာေတာ့ကိုယ္ေရာသူေရာတစ္ေယာက္ကိုတစ္ေယာက္ေက်ာေပးကာအိပ္ေနၾကျခင္းျဖစ္သည္ ။ သူကမႏိုးေသးတာမလို႔သာသာေလးထၿပီးမ်က္ႏွာသစ္ကာ ေအာက္ထပ္ဆင္းၿပီးမီးဖိုထဲမွာမနက္စာျပင္ရသည္ ။ စားပြဲေပၚမွာႏွစ္ေယာက္စာျပင္ၿပီးတာနဲ႔သြားေခၚမလို႔လုပ္ေတာ့ သူကဆင္းလာၿပီျဖစ္သည္။ ညက bathrobe နဲ႔ပဲ …
" ထိုင္ ! မနက္စာစားလို႔ရၿပီ "
" အင္း "
သူတို႔မနက္စာစားေနၾကတုန္း ကိုငယ့္ဖုန္းကထျမည္လာသည္ ။
" Hello "
" အင္းအင္း ! လာၿပီ ခနေစာင့္ "
ဖုန္းေျပာေနတဲ့အသံကိုနားစြင့္မိေပမဲ့ ကိုငယ့္ကိုေတာ့ေမာ့မၾကၫ့္မိ ။ မသိသလိုသာေနေနလိုက္သည္ ။
" ဟို .. ကိုယ္ကိစၥေလးရိွလို႔ .. "
" သြားေလ .. ညကအဝတ္ေတြေလ်ွာ္ေပးထားတယ္ အဲ့တာေတျြပန္ဝတ္သြား "
သူစကားမၿပီးခင္ပဲျဖတ္ေျပာလိုက္တယ္ ရိုင္းတယ္ထင္လည္းထင္ပါေစေပါ့ ။ အမွန္ဆိုသူခြင့္ေတာင္းေနစရာမွမလိုတာ ၿပီးေတာ့ဘာလုပ္လုပ္ခြင့္ေတာင္းေနရမဲ့ဆက္ဆံေရးမွမဟုတ္ဘဲ ။ သူ႔မ်က္ႏွာအမူအရာကိုလည္းမျမင္ခ်င္တာမို႔ မနက္စာစားေနရင္းနဲ႔ပဲေျပာလိုက္သည္ ။ အၾကၫ့္ေတြကေတာ့စားပြဲေပၚကေပါင္မုန္႔ၾကက္ဥေၾကာ္ပန္းကန္မွာ …
" အင္း ! ကိုယ္သြားၿပီ "
××××××××××
" ခိုအီခ်ီ ! "
" Honey ~ "
" ဟူးးးးး မင္းကေတာ့ျဖစ္လိုက္ရင္အရာရာနဲ႔အေၾကာင္းေၾကာင္း "
" ဟီးဟီး "
မ်က္ေစာင္းမမည္တဲ့မ်က္ေစာင္းအေသးတစ္ခုဖန္တီးလိုက္ၿပီး အခုမွရယ္က်ဲက်ဲလုပ္ျပေနသၫ့္ခိုအီခ်ီကိုၾကၫ့္လိုက္သည္ ။ Shopping Mall လာၿပီးဝယ္ခ်င္တာအကုန္ေလ်ွာက္ဝယ္ၿပီးမွပိုက္ဆံပါမလာလို႔တဲ့၊ေငြသားက်ေတာ့တမင္ထားခဲ့တာတဲ့ ကတ္နဲ႔ပဲရွင္းမယ္ဆိုၿပီး ။ ကတ္က်ေတာ့အက်ႌအိပ္ကပ္ထဲက်န္ခဲ့သည္တဲ့ ။ ပါလာတဲ့ပိုပ္ဆံအိတ္ကဟန္ျပသက္သက္ ဘာမွလည္းမပါဘူး ။
သူမ်ားႏိုင္ငံလာတာကိုအေဖာ္တစ္ေယာက္ေလာက္နဲ႔လာမယ္မရိွဘူး ။ ကိုယ္ရိွလို႔လာတယ္ဆိုေပမဲ့ကိုယ္ကအၿမဲတမ္းသူ႔ကိုအခ်ိန္ေပးႏိုင္မွာတဲ့လား ။ အဲ့ဒါေတြလည္းသူနားလည္လို႔ အားနာလို႔ေနမယ္ သူတစ္ခါမွမေရာက္ဖူးတဲ့ႏိုင္ငံမွာေဈးဝယ္ကိုတစ္ေယာက္တည္းထြက္လာတယ္ ။ အရင္ကလိုရည္းစားေတြဆိုအားနာစရာသိပ္မလိုေပမဲ့ အခုလိုအေျခအေနက်အားနာဖို႔ေကာင္းတာေပါ့ ။ တစ္ခုေကာင္းတာကခိုအီခ်ီကရည္းစားေဟာင္းျဖစ္ေပမဲ့ သူငယ္ခ်င္းလိုမိတ္ေဆြလိုေမာင္ႏွစ္မလိုေပါင္းလို႔အဆင္ေျပသည္ သူကလည္းအဲ့လိုေတြေတာ္သည္ ။
" ၿပီးၿပီမလား ျပန္မယ္ "
" Honey ေရာပါလက္စနဲ႔နည္းနည္းေလ်ွာက္ၾကၫ့္ခ်င္ေသးတယ္ "
" ေတာ္ေတာ္အလုပ္ရႈပ္တာပဲ "
" ခနေလးပါ တကယ္ခနေလး "
ဝမ္ရိေပၚလည္းသူလိုခ်င္တဲ့ဖိနပ္တို႔နာရီတို႔အဝတ္အစားတို႔ေတြ့မလားလို႔ၾကၫ့္ရင္းနဲ႔ ခိုအီခ်ီေနာက္လိုက္သြားလိုက္သည္ ။
" ရိေပၚ ~ "
" ယူဘင္ !! "
" မင္းတစ္ေယာက္တည္းလား မင္းေကာင္ေလးေရာ ! "
" ပါတယ္ ! ေရွာင္းက်န႔္ေရာပါတယ္ "
" ဟမ္ !! "
သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ႏႈတ္ဆက္ေနၾကရင္း ဖန္ရွင္းဆိုတဲ့ေကာင္ေလးကယူဘင့္နားေျပးလာသည္ ။ ေရွာင္းက်န႔္လည္းပါသည္ကို ~
" ကိုကို !! "
" ဒါ .. ဒါက ေရွာင္းက်န႔္နင့္ရဲ့ .. "
" ဖန္ရွင္း ! ငါေရခဲမုန႔္စားခ်င္လို႔ခနလိုက္ခဲ့ေပး "
အေၾကာင္းျပခ်က္ေရေရရာရာမရိွဘဲဖန္ရွင္းကိုဇြတ္ဆြဲေခၚလာခဲ့မိသည္ ။
" ရိေပၚ ~ "
" ငါတို႔ေန့လည္စာသြားစားၾကရေအာင္ .. ခိုအီခ်ီဟိုတယ္ျပန္ေတာ့ ငါတို႔ေျပာစရာေတြရိွလို႔ သြားၿပီ "
ခိုအီခ်ီကလည္းတစ္ခြန္းတည္းပဲ လွၫ့္ျပန္သြားသည္ ။
ေန့လည္စာကိုသူတို႔ေဈးဝယ္တဲ့ shopping mall ထဲကဆိုင္မွာပဲဝင္ထိုင္စားလိုက္ၾကသည္ ။ ဖန္ရွင္းနဲ႔ယူဘင္ကခ်စ္သူေတြဆိုေတာ့ေဘးခ်င္းကပ္ရပ္ထိုင္သည္ ။ ရိေပၚနဲ႔ေရွာင္းက်န႔္ကလည္းသူတို႔အျမင္မွာညီအစ္ကိုဆိုေတာ့အတူတူကပ္ထိုင္သည္ ။ စားစရာေတြမွာၿပီးစားေနရင္းတန္းလန္းေရွာင္းက်န႔္ေပါင္ေပၚကိုလက္တစ္ဖက္ကလာတင္သည္မို႔ေဘးကိုလွၫ့္ၾကၫ့္လိုက္ေတာ့ကိုငယ္ကမသိခ်င္ေယာင္ေဆာင္ၿပီး သူ႔သူငယ္ခ်င္းယူဘင္နဲ႔စကားေျပာေနသည္ ။
မေတာ္တဆတင္မိတာျဖစ္ျဖစ္တမင္တင္တာပဲျဖစ္ျဖစ္မေကာင္းလို႔ဆိုတဲ့အသိနဲ႔ေရွာင္းက်န႔္ကသူ႔ေပါင္ေပၚကကိုငယ့္လက္ကိုဖယ္ေပမဲ့မဖယ္ေပးတဲ့အျပင္သူ႔လက္ဖက္ဝါးကိုပါလာကိုင္ထားသည္ ။ ရုန္းလဲမရ၊ေရ႔ွမွာသူငယ္ခ်င္းအတြဲကရိွတာမို႔သတိလက္လြတ္ရုန္းလို႔ကမရ ။ သူကလည္းအေနခက္မွာဆိုးလို႔ထင္တယ္လက္ကိုျပန္လႊတ္ေပးသည္ ။ သူလႊတ္ေပးလိုက္တာနဲ႔တၿပိဳင္နက္ခ်က္ခ်င္းစားပြဲေပၚလက္ကိုတင္ထားလိုက္သည္ ။ သူ႔လက္ဖဝါးႀကီးကေတာ့ကိုယ့္ေပါင္ေပၚတင္ထားရံုမကဘူး အေပၚေအာက္ေတာင္ပြတ္ေနေသးသည္။
" မင္းတို႔ညီအစ္ကိုေတျြပန္တၫ့္သြားၾကၿပီလား မင္းမသြားခင္ကထိစကားမေျပာၾကဘူးဆို "
ဒီမသာ ! ေရွာင္းက်န႔္ကိုမသိခ်င္ေယာင္ေဆာင္ၿပီးတမင္စေနတာ ။ သူတို႔အရင္ကဘာေၾကာင့္စကားမေျပာၾကသလဲဆိုတာယူဘင္ကအကုန္သိသည္ ။ သူတို႔ႏွစ္ေယာက္ကလည္းအခ်င္းခ်င္းပြင္းလင္းၾကသည္ ။
" ဟိတ္ေကာင္ ! "
" ငါကစတာပါကြာ .. ညီအစ္ကိုအခ်င္းခ်င္းျပန္တၫ့္တာေကာင္းတယ္လို႔ေျပာမလို႔ပါ "
ညီအစ္ကိုဆိုတာကိုပါးစပ္ကမခ်ေတာ့ဘူးဒီေကာင္ !
ေရွာင္းက်န႔္ကိုညီအစ္ကိုလို႔မသတ္မွတ္ေတာ့တာသူလူပ်ိဳျဖစ္ကတည္းက ဒါကိုဒီေကာင္သိရက္နဲ႔တမင္စေနတာ ။
သူ႔ေကာင္ေလးဖန္ရွင္းကလည္းေဘးကေနၿပံဳးၿပံဳးေလးနဲ႔ေၾကာင္ေတာင္ေတာင္ရုပ္ ! ေရွာင္းက်န႔္နဲ႔သူနဲ႔လိုက္ပါ့ အဲ့တာေၾကာင့္တြဲမိတာေနမွာ အူတူတူေတြ ။ သူငယ္ခ်င္းဆိုမွဟိုတစ္ခါေရွာင္းက်န႔္ပါးကိုနမ္းတဲ့သူတို႔သူငယ္ခ်င္းတစ္ေယာက္ေရာဘယ္မွာလဲမသိ။
" ဒါနဲ႔ .. အေစာကအမ်ိဳးသမီးကဘယ္သူလဲ "
" ဂ်ပန္မွာေက်ာင္းတတ္တုန္းက ငါ့အစ္ကိုဝမ္းကြဲတို႔အခန္းက EC "
" သူကဒီမွာမိတ္ေဆြရိွလို႔လား "
" မရိွပါဘူး ငါရိွလို႔လာတာ "
" မင္းအစ္ကို EC ကမင္းဆီလာစရာလိုလို႔လား၊ေဟ့ေရာင္ မင္းတို႔ရိုးေရာရိုးၾကလား "
ယူဘင္ကအဲ့သည္လိုေမးလိုက္ေတာ့ ရိေပၚကေရွာင္းက်န႔္ဘက္တစ္ခ်က္လွၫ့္ၾကၫ့္ေသးသည္ ။
" ရည္းစားေဟာင္းပါ "
" ရည္းစားေဟာင္းကဒီလိုလိုက္လာစရာလိုလို႔လား "
" အလည္လာတာပါကြာ သူကသူငယ္ခ်င္းလိုေတာ့ခင္ဖို႔ေကာင္းပါတယ္ "
" ေအးပါကြာ "
Ring ...
ေရွာင္းက်န႔္ဖုန္းသံေၾကာင့္စကားဝိုင္းကတိတ္ဆိတ္သြားသည္ ။ သူငယ္ခ်င္းေတြေရ႔ွမို႔ကိစၥမရိွေသာေၾကာင့္ တျခားေနရာကိုမေရွာင္ေနေတာ့ဘဲ ဝိုင္းမွာပဲထိုင္ၿပီးဖုန္းေျပာလိုက္သည္ ။
" Hello "
" မဟုတ္ဘူး အျပင္မွာ ... အင္း သူငယ္ခ်င္းေတြနဲ႔ ... ျပန္ေတာ့မွာေလ အိမ္ေရာက္မွေခၚလိုက္မယ္ ... အင္း ! စိတ္ခ်ပါ "
တီ ~ ~ ~
" ေက်ာက္ယြီလား ေရွာင္းက်န႔္ "
ဖန္ရွင္းကေက်ာက္ယြီနဲ႔သူတြဲေနသည္ကိုသိသည္ ။
" အင္း ဟုတ္တယ္ ! vc ေျပာမလို႔ဖုန္းေခၚတာ "
" ေအာ္ "
ဖန္ရွင္းနဲ႔သူစကားေျပာၿပီးတဲ့အထိကိုငယ္ကေစာင့္ေနတယ္ထင္ပါရဲ့ ၿပီးတာနဲ႔တၿပိဳင္နက္ !
" ယူဘင္ ေနာက္မွေအးေဆးေတြ့ၾကမယ္ကြာ ငါတို႔သြားစရာရိွေသးလို႔ .. အငယ္ ထ!ကိုကိုခိုင္းထားတာရိွလို႔တစ္ေနရာသြားရမယ္ "
" ဟင္ ! ဟုတ္လား "
" အင္း ေနာက္က်လို႔မျဖစ္ဘူး "
" ဟုတ္ကဲ့ ! ဖန္ရွင္းသြားၿပီေနာ္ အစ္ကိုယူဘင္ေရာပဲ "
သူႏႈတ္ဆက္ေတာ့ဟိုအတြဲကလည္းၿပံဳးၿပီးေခါင္းၿငိမ့္ျပသည္ ။ သူတို႔လည္းပုခံုးခ်င္းယွဉ္ၿပီးဆိုင္ထဲကထြက္လာခဲ့သည္ ။
ကားေပၚေရာက္မွသိရတာက ကိုႀကီးကဘာမွမခိုင္းထားဘဲနဲ႔သူငယ္ခ်င္းေတြကိုဒီတိုင္းႏႈတ္ဆက္ရမွာအားနာလို႔ဆိုတာကို ။ လာကတည္းကဟိုအတြဲရဲ့ကားနဲ႔လိုက္လာတာမလို႔ အခုေတာ့ကိုငယ့္ကားနဲ႔ပဲျပန္လိုက္ရသည္ ။ ကိုငယ္ကလည္းအိမ္လိုက္မဲ့အစီအစဉ္ရိွသည္ထင္ပါတယ္ ။ သူအိမ္မွာေနအံုးမယ္ဆိုရင္ေက်ာက္ယြီနဲ႔ vc ေျပာဖို႔ကအဆင္မေျပျပန္ဘူး ။
" အငယ္ ! မင္းသူငယ္ခ်င္းဘိုဝန္ဆိုတဲ့ေကာင္ေရာ "
" သူကဆရာဝန္ျဖစ္သြားတယ္ေလ အခုနယ္ဘက္မွာတာဝန္က်ေနတာ "
" ေအာ္ .. အဆက္အသြယ္မရိွဘူးေပါ့ "
" အဲ့ဒီဘက္ကဖုန္းလိုင္းသိပ္မမိလို႔ဖုန္းအဆက္အသြယ္ေတာ့မရဘူး၊ဒါေပမဲ့သူျပန္လာတဲ့အခ်ိန္ဆိုရက္ေတာ့ေတြ့ျဖစ္ပါတယ္ ဘာလို႔လဲ "
ေရွာင္းက်န႔္ျပန္ေမးလိုက္ေတာ့ ကားေမာင္းရင္းနဲ႔ပဲေခါင္းခါျပသည္ ။ ကားေမာင္းေနတဲ့ကိုငယ့္ကိုေငးၾကၫ့္မိရင္း ေတြးမိတာရိွသည္ ။ အဲ့ဒါကဘာလဲဆိုေတာ့ ကိုငယ့္စိတ္ထဲကအေတြးေတြကိုသူသိခ်င္သည္၊သူနဲ႔ပတ္သတ္တဲ့ကိုငယ့္ခံစားခ်က္ေတြကဘာလဲသိခ်င္သည္ ။ ေန့လည္ကဂ်ပန္အမ်ိဳးသမီးရဲ့အေပၚမွာေရာဘယ္လိုစိတ္မ်ိဳးနဲ႔ဆက္ဆံတာလဲဆိုတာေရာပဲ ။
ဘုရားသခင္ထံမွာဆုေတာင္းရအံုးမယ္ .. လူတိုင္းရဲ့အေတြးေတြကိုမသိခ်င္ပါဘူး ဝမ္ရိေပၚဆိုတဲ့လူသားတစ္ေယာက္တည္းရဲ့အေတြးေတြကိုပဲသိပါရေစလို႔ ~
#############