LNCrawler

Part : 18 [ U & Z ]

Apologize , My Baby'S Father ( Complete ) — www.wattpad.com · All chapters

Part : 18 [ U & Z ]

Uni❤️

Ring ...

ဖုန်းသံကြားမှလန့်နိုးလာပြီးနာရီကြည့်လိုက်တော့နေ့လည်11ခွဲနေပြီ ။ ကိုကိုကကုပ္မဏီမလာတော့ဘူးလားဖုန်းဆက်မေးလို့တော်သေးတာ၊မဟုတ်ရင်ဘယ်အချိန်ထိအိပ်ပျော်သွားမလဲမသိဘူး ။ ကုတင်ပေါ်မှာရှောင်းကျန့်လဲမရှိတော့ဘူး ၊ အိမ်မှာပဲနားနေသလား အလုပ်ပဲမရ,ရအောင်သွားသလားမသိ ။

နေ့လည်ထိအိပ်ပျော်သွားတာဆိုတော့လူကညှင်းသိုးသိုးဖြစ်နေလေသည် ။ အဲ့ဒါကြောင့်အိပ်ယာကကုန်းရုန်းထပြီးရေချိုးခန်းထဲဝင်ပြီးရေချိုးလိုက်မှလူကလန်းသွား၏။ ကုပ္မဏီသွားဖို့ကအဝတ်အစားမပါတာကြောင့်'ယူဘင့်'ကိုပဲအဝတ်အစားဆိုဒ်တွေပြောပြလိုက်ပြီးဝယ်ပြီးလာပို့ဖို့အကူအညီလှမ်းတောင်းရသည် ။ ယူဘင်ကလည်းမအားတာကြောင့်သူ့အတွင်းရေးမှူးကောင်လေးကိုပို့ခိုင်လိုက်လေ၏။

အိမ်မှာဘယ်သူမှမရှိတာကြောင့်ဟိုကောင်လေးအလုပ်သွားတယ်ဆိုတာသိလိုက်သည် ။ ပထမဆုံးအကြိမ်ဆက်ဆံပြီးဒီလောက်မျော့မလိုဖြစ်နေတာကိုမနက်ခင်းကျအလုပ်သွားတယ်တဲ့ ။ ကိုယ်ကြမ်းထားတာဘယ်လောက်များလဲကိုယ်သိတာပေါ့၊အလုပ်မှာအဆင်ရောပြေပါ့မလား ။ ကိုယ်နဲ့ကကုပ္မဏီတူတယ်ဆိုပေမဲ့ဌာနချင်းကမတူဘူး၊ဒါပေမဲ့မတတ်နိုင်ဘူးသွားတော့ကြည့်ရအုံးမှာပဲ ။ အခြေအနေမဟန်ရင်အိမ်ပြန်ဖို့ပြောရမယ် ။

ကုပ္မဏီရောက်ရောက်ချင်းကိုယ့်ရုံးခန်းထဲကိုယ်မသွားနိုင်သေးဘဲ ရှောင်းကျန့်ရုံးခန်းထဲအရင်ဝင်လာခဲ့လိုက်၏။ စာရင်းတွေစစ်နေတဲ့ရှောင်းကျန့်မျက်နှာလေးကဖြူဖက်ဖြူလျော့နဲ့၊ထိုင်ရောထိုင်နိုင်ရဲ့လား၊ကြိတ်မှိတ်ပြီးထိုင်နေသလားမပြောတတ် ။ တစ်ခါတစ်ခါအကြောတင်းတာကိုလည်းမကြိုက်၊နောက်မှတင်းနေတဲ့သူ့အကြောကိုလျှော့ပေးအုံးမယ် ။

" ရှောင်းကျန့် "

ကိုယ်ကအထက်လူကြီးမလို့ ထပြီးနှုတ်ဆက်မလို့လုပ်နေတာကြောင့်

" ထိုင်နေ ! မလှုပ်နဲ့ "

အဲ့ကျမှမသက်မသာဖြစ်နေတဲ့ရုပ်နဲ့ခေါင်းငုံ့နေလေ၏။ မော့ကိုမကြည့် !
ရိပေါ်ကတော့ရှောင်းကျန့်စားပွဲအရှေ့ကအလုပ်ကိစ္စရှိရင်ဆွေးနွေးဖို့အတွက်ချပေးထားတဲ့ခုံမှာဝင်ထိုင်ပြီးခေါင်းငုံ့ထားတဲ့လူကိုစိုက်ကြည့်ပေးလိုက်၏။

" ဘာလို့အလုပ်လာတာလဲ နားနေတာမဟုတ်ဘူး "

" ဟို ~ ကျွန်တော်တို့မေ့လိုက်ကြမလား "

" ဘာ !!! "

ရိပေါ်စိတ်တိုပြီးအော်လိုက်တော့ကိုယ်လေးကတစ်ချက်တုန်သွားသည် ။ ဒါပေမဲ့ရုပ်ကတော့ခပ်တင်းတင်း !
ကိုင်ပေါက်ချင်စရာ !

" ဘာကိစ္စမေ့ရမှာလဲ "

" ညကအဖြစ်အပျက်ကကျွန်တော့်အတွက်လည်းကိစ္စမရှိသလိုကိုငယ့်အတွက်လည်း .. "

" ငါ့အတွက်တော့ကိစ္စရှိတယ် "

" ကျွန်တော့်ကိုအကျပ်ရအောင်မလုပ်ပါနဲ့ .. ညကကိုငယ်လည်းမူးနေလို့စိတ်လွတ် .. "

" မူးပေမဲ့ငါအသိစိတ်ရှိတယ် မင်းကိုမူးပြီးစော်ကားတာမဟုတ်ဘူး ၊ တမင်လိုချင်လို့ကိုအရယူလိုက်တာ .. အဲ့တာဆိုမင်းဘာပြောအုံးမလဲ "

တမင်ယူလိုက်တာတဲ့ !
လူကိုဘယ်လိုသဘောထားနေတာလဲ ၊ ချစ်နေတာလားလို့တော့မတွေးချင် မချစ်မှန်းသိနေတာပဲ ။

" တမင်လိုချင်လို့ယူလိုက်တာဆိုတော့အခုရသွားပြီမလား ၊ အဲ့တာဆိုပြီးပြီလေ .. နောက်ထပ်မဖြစ်တော့ဖို့ပဲလိုတာပါ .. ပြီးတော့ကျွန်တော့်ဘက်ကအဲ့ကိစ္စကိုမေ့လိုက်ဖို့လုပ်ထားတယ် "

" ကိုယ်ကမမေ့နိုင်ဘူး "

" ဒါကိုငယ့်သဘော "

‌မျက်နှာတည်မျက်နှာထားနဲ့ချေငန်ပြနေပုံကအခုချက်ချင်းကုတင်ပေါ်လှဲတင်ပစ်လိုက်ချင်တာတအား !

" ငယ်ငယ်ကကျေးဇူးတွေအတွက်ကိုယ့်ကိုကျေးဇူးပြန်မဆပ်ချင်ဘူးလား ၊ ကျေးဇူးအဆပ်ခံချင်လို့ကိုယ်တို့ညီအစ်ကိုကမင်းကိုစောင့်ရှောက်ထားတာမဟုတ်ပေမဲ့ ကိုယ်ကအခုချက်ချင်းကိုကျေးဇူးကြွေးပြန်လိုချင်နေပြီဘယ်လိုလုပ်ရမလဲ "

" လိုချင်တဲ့သူကလိုချင်နေမှတော့ကျွန်တော်ကဆပ်ရမှာပေါ့ "

" ဘယ်လိုမျိုးဆပ်မှာလဲ "

" စဉ်းစားထားတာရှိလို့လား "

" ကိုယ်လည်းမင်းအိမ်မှာပြန်ပြီးလိုက်နေမယ်လေ ၊ အဲ့လိုပဲပြန်ဆပ်ပါ ရလား "

" … "

" အာ … မရဘူးလား "

" ကျွန်တော်ကိုငယ့်အတွက်အခန်းရှင်းထားပေးမှာမို့ နောက်နှစ်ရက်လောက်နေမှ .. "

" No No !! မင်းနဲ့တစ်ခန်းထဲပဲနေမှာ .. ဒီနေ့ညပဲလာမှာ "

မပြောတော့ဘူး လုပ်ချင်တာသာလုပ်တော့ သဘော !
ဘာမှမပြောချင်တော့တာကြောင့်စစ်လက်စစာရင်းတွေကိုသာဆက်စစ်နေလိုက်သည် ။ သူလည်းခနနေတော့ဖုန်းလာလို့ထင်ပါရဲ့၊အပြင်ထွက်သွားတယ် ။

××××××××××

" ကိုကိုကဗျာ … "

" ကိုကိုကမဗျာနဲ့ .. ကျန့်ကျန့်ကအေးအေးဆေးဆေးနေရတာကြိုက်လို့ကိုတစ်ယောက်ထဲသီးသန့်ခွဲနေနေတာ ၊ဝမ်လေးကပါသွားနေနေတော့သူမလွတ်လပ်တော့ဘူးပေါ့၊ပြီးတော့အိမ်မှာလည်းနေပါအုံး .. အိမ်မှာလည်းကိုကိုတစ်ယောက်ထဲပဲရှိတော့တယ်လေ "

ကိုကိုကအဲ့သည်လိုပြောလာတော့လည်းစိတ်မကောင်းဖြစ်ရပြန်သည် ။ ကိုကိုပြောတာကလည်းမှန်နေသည်ကို ...

" ဟုတ်ကဲ့ ! ကျွန်တော်အိမ်မှာပဲနေပါတော့မယ် "

" ကျေးဇူးပါဝမ်လေး "

" လိုလို့လားကိုကိုရာ "

" ကျေးဇူးတရားဆိုတာလူတိုင်းဆီမှာရှိတယ်ဝမ်လေးရဲ့ .. မိသားစုမလို့ဆိုပြီးမရှိဘူးဆိုတာမရှိဘူး "

" ဟုတ်ကဲ့ ကိုကို "

‌ဒေါက်ဒေါက် !!

" သူဌေးအစည်းအဝေးစလို့ရပြီရှင့် ! အစည်းအဝေးခန်းထဲမှာလူစုံနေပြီ "

" ဟုတ်ပြီ ! ဝမ်လေးကိုကိုသွားလိုက်အုံးမယ် ၊ ရုံးခန်းထဲသွားတော့ "

" ဟုတ်ကဲ့ ကိုကို "

××××××××××

ရုံးဆင်းချိန်ပုံမှန်ဆင်းပြီး ဟိုလူလာနေမယ်ဆိုလို့အိမ်မှာလိုအပ်တဲ့အစားအသောက်တွေဖြည့်ထားဖို့အတွက်‌အနီးနားက market တစ်ခုဆီကပဲဝယ်လိုက်သည် ။ ဈေးဝယ်ပြီးအိမ်ပြန်ရောက်လို့ပစ္စည်းတွေကိုသူ့နေရာနဲ့သူနေရာချပြီးမှကိုငယ်ကရောက်လာသည် ။ သူမနေဖြစ်တော့ဘူးတဲ့ ဒါပေမဲ့ရုံးပိတ်ရက်နှစ်ရက်တော့နေ့တိုင်းလာနေမယ်တဲ့ ။ ပြောပြီးတော့အိမ်ထဲရေဝင်သောက်ပြီးတာနဲ့ချက်ချင်းပြန်သွားသည်၊ကားထဲမှာကိုကြီးရဲ့ဧည့်သည်တစ်ယောက်ပါလာလို့တဲ့ ။ အဲ့တာများဝင်လာသေးတယ်၊ဧည့်သည်ကိုအားနာစရာကြီး၊အိမ်ရောက်မှဖုန်းဆက်ပြောလို့ရတဲ့ကိစ္စကို ။

တီးတောင် ~

ကိုးနာရီတောင်ခွဲတော့မယ် ဘယ်ကဧည့်သည်ပါလိမ့် !

ဂျောက် !

" ဟင် ! ဘေဘီ ~ "

" ကိုကို ~ ဟီး ... "

ကြည့်စမ်း !!
သောက်လာတာများလမ်းတောင်လျှောက်နိုင်ပုံမပေါ်ဘူး ။ သူ့ကိုယ်သူတောင်အနိုင်နိုင်ဖြစ်နေတဲ့လူကဒီအထိဘယ်လိုများရောက်လာတာတဲ့လဲ ။ ခွင့်တစ်ပတ်ယူထားတယ်ပြောပြီး ပြန်ရောက်လာတာတောင်မသိလိုက်ဘူး ။

" လာလာ အထဲဝင် ! သူများတွေမြင်ရင်မကောင်းဘူး "

" ဟီးဟီး ! ဟုတ် "

မူးနေတဲ့သူကိုဧည့်ခန်းထဲကိုခေါ်လာပြီးထိုင်ခိုင်းလိုက်သည် ။ ထို့နောက်သံပုရာရည်ချဉ်ချဉ်လေးဖျော်ပြီးတိုက်ဖို့လုပ်ရသည် ။ ငြင်းနေတဲ့သူကိုဇွတ်တိုက်ပြီး အိမ်ကိုဘယ်လိုပြန်ပို့ရမလဲခေါင်းစားနေတုန်း ကျောက်ယွီအိတ်ထဲကဖုန်းကထမြည်လာလေသည် ။ ကြည့်လိုက်တော့သူ့သူငယ်ချင်းကောင်မလေး …

Ring ...

" Hello "

" အဲ .. "

" အစ်ကိုရှောင်းကျန့်ပါညီမ ! ဟို .. ညီမတို့ကိုအကူအညီလေးတောင်းစရာရှိလို့ပါ "

" ဟို .. ကျောက်ယွီကိစ္စလားရှင့် "

" ဟုတ်တယ်ဗျ ! မူးပြီးအိမ်ရောက်လာလို့ သူ့အိမ်ကိုလိုက်ပို့ဖို့ကျယောက်ျားလေးဆိုတော့ သူတို့အိမ်နဲ့သူနဲ့ပြဿနာတတ်နေမဆိုးလို့လေ .. အဲ့ဒါညီမတို့သူငယ်ချင်းသုံးယောက်လောက်သူ့ကိုလိုက်ပို့ပေးပါလား အဆင်ရောပြေရဲ့လားဗျ .. အဆင်ပြေလို့လိုက်ပို့မယ်ဆိုရင် ညီမတို့ကားအနောက်ကအစ်ကိုကားနဲ့သက်သက်လိုက်ခဲ့ပါမယ် မိန်းကလေးတွေချည်းမို့ညကြီးမသင့်တော်ဘူးလေ "

" အာ .. ဟုတ်ကဲ့ အဆင်ပြေပါတယ်အစ်ကိုရှောင်းကျန့် ! ညီမတို့လည်းအခုအိမ်ပြန်ကြမလို့ပါ အတူတူ night out ထွက်ကြရင်းသောက်နေကြတာကိုသူကဇွတ်ပြန်သွားလို့အစ်ကိုရယ် .. အစ်ကို့ဆီသွားမှန်းမသိလိုက်ဘူး "

" ဘယ်နားမှာလဲဗျ အစ်ကိုလာခဲ့ပါ့မယ် "

နေရာသိရတာနဲ့ဆိုဖာပေါ်မှာအိပ်ပျော်နေတဲ့ကျောက်ယွီကိုကုန်းပိုးလိုက်ရသည် ။ ပြီးမှအိမ်တံခါးသေချာပိတ်ပြီးကျောက်ယွီကိုကားပေါ်တင်လိုက်သည် ။ ထို့နောက်ခြံထဲမှထွက်လာပြီးခြံအပြင်ရောက်မှကားအပေါ်ကပြန်ဆင်းကာခြံတံခါးကိုသေချာပိတ်ခဲ့ရသည် ။

ကောင်မလေးတွေပြောတဲ့နေရာကိုသွားလိုက်ပြီးအဲ့ဒီကိုရောက်တာနဲ့ ကျောက်ယွီကိုသူတို့ကားပေါ်တင်ပေးလိုက်ပြီးကိုယ်ကသူတို့ကားအနောက်ကနေတဖြည်းဖြည်းမောင်းပြီးလိုက်ပို့လိုက်သည် ။ ကျောက်ယွီအိမ်ရောက်ခါနီးမှမလှမ်းမကမ်းကနေရပ်စောင့်နေလိုက်သည် ။ ဟိုကောင်မလေးတွေကိုလည်းလိုက်ပို့ရအုံးမယ်မဟုတ်လား၊သူတို့လည်းမိန်းကလေးတွေဆိုတော့ ညပိုင်းကသွားရလာရသိပ်အဆင်ပြေတာမဟုတ်ဘူး ။

သူတို့ကမပို့ပါနဲ့ရပါတယ်လို့ဇွတ်ပြောလို့ကိုယ်ကအိမ်ပြန်လာတော့အိမ်ရှေ့မှာကားတစ်စီးရပ်ထားတာတွေ့လိုက်တယ် ။ သူ့ကိုမြင်မှကားပေါ်ကဆင်းလာသူကကိုငယ် ။ ဒီအချိန်ကြီးကျမှသူကဘာလာလုပ် !!

" ကိုငယ်ဘာ .. "

" အိမ်ထဲဝင်မယ် "

ဘာမှတောင်မမေးရသေးဘူး …
အသံကလည်းစိတ်တိုနေတဲ့အသံနဲ့၊ရုပ်ကလည်းတည်တင်းနေတာပဲ …
ကိုကြီးနဲ့များပြဿနာတတ်လာသလား …

#############

Zawgyi❤️

Ring ...

ဖုန္းသံၾကားမွလန႔္ႏိုးလာၿပီးနာရီၾကၫ့္လိုက္ေတာ့ေန့လည္11ခြဲေနၿပီ ။ ကိုကိုကကုပၼဏီမလာေတာ့ဘူးလားဖုန္းဆက္ေမးလို႔ေတာ္ေသးတာ၊မဟုတ္ရင္ဘယ္အခ်ိန္ထိအိပ္ေပ်ာ္သြားမလဲမသိဘူး ။ ကုတင္ေပၚမွာေရွာင္းက်န႔္လဲမရိွေတာ့ဘူး ၊ အိမ္မွာပဲနားေနသလား အလုပ္ပဲမရ,ရေအာင္သြားသလားမသိ ။

ေန့လည္ထိအိပ္ေပ်ာ္သြားတာဆိုေတာ့လူကၫွင္းသိုးသိုးျဖစ္ေနေလသည္ ။ အဲ့ဒါေၾကာင့္အိပ္ယာကကုန္းရုန္းထၿပီးေရခ်ိဳးခန္းထဲဝင္ၿပီးေရခ်ိဳးလိုက္မွလူကလန္းသြား၏။ ကုပၼဏီသြားဖို႔ကအဝတ္အစားမပါတာေၾကာင့္'ယူဘင့္'ကိုပဲအဝတ္အစားဆိုဒ္ေတြေျပာျပလိုက္ၿပီးဝယ္ၿပီးလာပို႔ဖို႔အကူအညီလွမ္းေတာင္းရသည္ ။ ယူဘင္ကလည္းမအားတာေၾကာင့္သူ႔အတြင္းေရးမွဴးေကာင္ေလးကိုပို႔ခိုင္လိုက္ေလ၏။

အိမ္မွာဘယ္သူမွမရိွတာေၾကာင့္ဟိုေကာင္ေလးအလုပ္သြားတယ္ဆိုတာသိလိုက္သည္ ။ ပထမဆံုးအႀကိမ္ဆက္ဆံၿပီးဒီေလာက္ေမ်ာ့မလိုျဖစ္ေနတာကိုမနက္ခင္းက်အလုပ္သြားတယ္တဲ့ ။ ကိုယ္ၾကမ္းထားတာဘယ္ေလာက္မ်ားလဲကိုယ္သိတာေပါ့၊အလုပ္မွာအဆင္ေရာေျပပါ့မလား ။ ကိုယ္နဲ႔ကကုပၼဏီတူတယ္ဆိုေပမဲ့ဌာနခ်င္းကမတူဘူး၊ဒါေပမဲ့မတတ္ႏိုင္ဘူးသြားေတာ့ၾကၫ့္ရအံုးမွာပဲ ။ အေျခအေနမဟန္ရင္အိမ္ျပန္ဖို႔ေျပာရမယ္ ။

ကုပၼဏီေရာက္ေရာက္ခ်င္းကိုယ့္ရံုးခန္းထဲကိုယ္မသြားႏိုင္ေသးဘဲ ေရွာင္းက်န႔္ရံုးခန္းထဲအရင္ဝင္လာခဲ့လိုက္၏။ စာရင္းေတြစစ္ေနတဲ့ေရွာင္းက်န႔္မ်က္ႏွာေလးကျဖဴဖက္ျဖဴေလ်ာ့နဲ႔၊ထိုင္ေရာထိုင္ႏိုင္ရဲ့လား၊ႀကိတ္မိွတ္ၿပီးထိုင္ေနသလားမေျပာတတ္ ။ တစ္ခါတစ္ခါအေၾကာတင္းတာကိုလည္းမႀကိဳက္၊ေနာက္မွတင္းေနတဲ့သူ႔အေၾကာကိုေလ်ွာ့ေပးအံုးမယ္ ။

" ေရွာင္းက်န႔္ "

ကိုယ္ကအထက္လူႀကီးမလို႔ ထၿပီးႏႈတ္ဆက္မလို႔လုပ္ေနတာေၾကာင့္

" ထိုင္ေန ! မလႈပ္နဲ႔ "

အဲ့က်မွမသက္မသာျဖစ္ေနတဲ့ရုပ္နဲ႔ေခါင္းငံု႔ေနေလ၏။ ေမာ့ကိုမၾကၫ့္ !
ရိေပၚကေတာ့ေရွာင္းက်န႔္စားပြဲအေရ႔ွကအလုပ္ကိစၥရိွရင္ေဆြးေနြးဖို႔အတြက္ခ်ေပးထားတဲ့ခံုမွာဝင္ထိုင္ၿပီးေခါင္းငံု႔ထားတဲ့လူကိုစိုက္ၾကၫ့္ေပးလိုက္၏။

" ဘာလို႔အလုပ္လာတာလဲ နားေနတာမဟုတ္ဘူး "

" ဟို ~ ကြၽန္ေတာ္တို႔ေမ့လိုက္ၾကမလား "

" ဘာ !!! "

ရိေပၚစိတ္တိုၿပီးေအာ္လိုက္ေတာ့ကိုယ္ေလးကတစ္ခ်က္တုန္သြားသည္ ။ ဒါေပမဲ့ရုပ္ကေတာ့ခပ္တင္းတင္း !
ကိုင္ေပါက္ခ်င္စရာ !

" ဘာကိစၥေမ့ရမွာလဲ "

" ညကအျဖစ္အပ်က္ကကြၽန္ေတာ့္အတြက္လည္းကိစၥမရိွသလိုကိုငယ့္အတြက္လည္း .. "

" ငါ့အတြက္ေတာ့ကိစၥရိွတယ္ "

" ကြၽန္ေတာ့္ကိုအက်ပ္ရေအာင္မလုပ္ပါနဲ႔ .. ညကကိုငယ္လည္းမူးေနလို႔စိတ္လြတ္ .. "

" မူးေပမဲ့ငါအသိစိတ္ရိွတယ္ မင္းကိုမူးၿပီးေစာ္ကားတာမဟုတ္ဘူး ၊ တမင္လိုခ်င္လို႔ကိုအရယူလိုက္တာ .. အဲ့တာဆိုမင္းဘာေျပာအံုးမလဲ "

တမင္ယူလိုက္တာတဲ့ !
လူကိုဘယ္လိုသေဘာထားေနတာလဲ ၊ ခ်စ္ေနတာလားလို႔ေတာ့မေတြးခ်င္ မခ်စ္မွန္းသိေနတာပဲ ။

" တမင္လိုခ်င္လို႔ယူလိုက္တာဆိုေတာ့အခုရသြားၿပီမလား ၊ အဲ့တာဆိုၿပီးၿပီေလ .. ေနာက္ထပ္မျဖစ္ေတာ့ဖို႔ပဲလိုတာပါ .. ၿပီးေတာ့ကြၽန္ေတာ့္ဘက္ကအဲ့ကိစၥကိုေမ့လိုက္ဖို႔လုပ္ထားတယ္ "

" ကိုယ္ကမေမ့ႏိုင္ဘူး "

" ဒါကိုငယ့္သေဘာ "

‌မ်က္ႏွာတည္မ်က္ႏွာထားနဲ႔ေခ်ငန္ျပေနပံုကအခုခ်က္ခ်င္းကုတင္ေပၚလွဲတင္ပစ္လိုက္ခ်င္တာတအား !

" ငယ္ငယ္ကေက်းဇူးေတြအတြက္ကိုယ့္ကိုေက်းဇူးျပန္မဆပ္ခ်င္ဘူးလား ၊ ေက်းဇူးအဆပ္ခံခ်င္လို႔ကိုယ္တို႔ညီအစ္ကိုကမင္းကိုေစာင့္ေရွာက္ထားတာမဟုတ္ေပမဲ့ ကိုယ္ကအခုခ်က္ခ်င္းကိုေက်းဇူးေႂကြးျပန္လိုခ်င္ေနၿပီဘယ္လိုလုပ္ရမလဲ "

" လိုခ်င္တဲ့သူကလိုခ်င္ေနမွေတာ့ကြၽန္ေတာ္ကဆပ္ရမွာေပါ့ "

" ဘယ္လိုမ်ိဳးဆပ္မွာလဲ "

" စဉ္းစားထားတာရိွလို႔လား "

" ကိုယ္လည္းမင္းအိမ္မွာျပန္ၿပီးလိုက္ေနမယ္ေလ ၊ အဲ့လိုပဲျပန္ဆပ္ပါ ရလား "

" … "

" အာ … မရဘူးလား "

" ကြၽန္ေတာ္ကိုငယ့္အတြက္အခန္းရွင္းထားေပးမွာမို႔ ေနာက္ႏွစ္ရက္ေလာက္ေနမွ .. "

" No No !! မင္းနဲ႔တစ္ခန္းထဲပဲေနမွာ .. ဒီေန့ညပဲလာမွာ "

မေျပာေတာ့ဘူး လုပ္ခ်င္တာသာလုပ္ေတာ့ သေဘာ !
ဘာမွမေျပာခ်င္ေတာ့တာေၾကာင့္စစ္လက္စစာရင္းေတြကိုသာဆက္စစ္ေနလိုက္သည္ ။ သူလည္းခနေနေတာ့ဖုန္းလာလို႔ထင္ပါရဲ့၊အျပင္ထြက္သြားတယ္ ။

××××××××××

" ကိုကိုကဗ်ာ … "

" ကိုကိုကမဗ်ာနဲ႔ .. က်န႔္က်န႔္ကေအးေအးေဆးေဆးေနရတာႀကိဳက္လို႔ကိုတစ္ေယာက္ထဲသီးသန႔္ခြဲေနေနတာ ၊ဝမ္ေလးကပါသြားေနေနေတာ့သူမလြတ္လပ္ေတာ့ဘူးေပါ့၊ၿပီးေတာ့အိမ္မွာလည္းေနပါအံုး .. အိမ္မွာလည္းကိုကိုတစ္ေယာက္ထဲပဲရိွေတာ့တယ္ေလ "

ကိုကိုကအဲ့သည္လိုေျပာလာေတာ့လည္းစိတ္မေကာင္းျဖစ္ရျပန္သည္ ။ ကိုကိုေျပာတာကလည္းမွန္ေနသည္ကို ...

" ဟုတ္ကဲ့ ! ကြၽန္ေတာ္အိမ္မွာပဲေနပါေတာ့မယ္ "

" ေက်းဇူးပါဝမ္ေလး "

" လိုလို႔လားကိုကိုရာ "

" ေက်းဇူးတရားဆိုတာလူတိုင္းဆီမွာရိွတယ္ဝမ္ေလးရဲ့ .. မိသားစုမလို႔ဆိုၿပီးမရိွဘူးဆိုတာမရိွဘူး "

" ဟုတ္ကဲ့ ကိုကို "

‌ေဒါက္ေဒါက္ !!

" သူေဌးအစည္းအေဝးစလို႔ရၿပီရွင့္ ! အစည္းအေဝးခန္းထဲမွာလူစံုေနၿပီ "

" ဟုတ္ၿပီ ! ဝမ္ေလးကိုကိုသြားလိုက္အံုးမယ္ ၊ ရံုးခန္းထဲသြားေတာ့ "

" ဟုတ္ကဲ့ ကိုကို "

××××××××××

ရံုးဆင္းခ်ိန္ပံုမွန္ဆင္းၿပီး ဟိုလူလာေနမယ္ဆိုလို႔အိမ္မွာလိုအပ္တဲ့အစားအေသာက္ေတျြဖၫ့္ထားဖို႔အတြက္‌အနီးနားက market တစ္ခုဆီကပဲဝယ္လိုက္သည္ ။ ေဈးဝယ္ၿပီးအိမ္ျပန္ေရာက္လို႔ပစၥည္းေတြကိုသူ႔ေနရာနဲ႔သူေနရာခ်ၿပီးမွကိုငယ္ကေရာက္လာသည္ ။ သူမေနျဖစ္ေတာ့ဘူးတဲ့ ဒါေပမဲ့ရံုးပိတ္ရက္ႏွစ္ရက္ေတာ့ေန့တိုင္းလာေနမယ္တဲ့ ။ ေျပာၿပီးေတာ့အိမ္ထဲေရဝင္ေသာက္ၿပီးတာနဲ႔ခ်က္ခ်င္းျပန္သြားသည္၊ကားထဲမွာကိုႀကီးရဲ့ဧၫ့္သည္တစ္ေယာက္ပါလာလို႔တဲ့ ။ အဲ့တာမ်ားဝင္လာေသးတယ္၊ဧၫ့္သည္ကိုအားနာစရာႀကီး၊အိမ္ေရာက္မွဖုန္းဆက္ေျပာလို႔ရတဲ့ကိစၥကို ။

တီးေတာင္ ~

ကိုးနာရီေတာင္ခြဲေတာ့မယ္ ဘယ္ကဧၫ့္သည္ပါလိမ့္ !

ေဂ်ာက္ !

" ဟင္ ! ေဘဘီ ~ "

" ကိုကို ~ ဟီး ... "

ၾကၫ့္စမ္း !!
ေသာက္လာတာမ်ားလမ္းေတာင္ေလ်ွာက္ႏိုင္ပံုမေပၚဘူး ။ သူ႔ကိုယ္သူေတာင္အႏိုင္ႏိုင္ျဖစ္ေနတဲ့လူကဒီအထိဘယ္လိုမ်ားေရာက္လာတာတဲ့လဲ ။ ခြင့္တစ္ပတ္ယူထားတယ္ေျပာၿပီး ျပန္ေရာက္လာတာေတာင္မသိလိုက္ဘူး ။

" လာလာ အထဲဝင္ ! သူမ်ားေတျြမင္ရင္မေကာင္းဘူး "

" ဟီးဟီး ! ဟုတ္ "

မူးေနတဲ့သူကိုဧၫ့္ခန္းထဲကိုေခၚလာၿပီးထိုင္ခိုင္းလိုက္သည္ ။ ထို႔ေနာက္သံပုရာရည္ခ်ဉ္ခ်ဉ္ေလးေဖ်ာ္ၿပီးတိုက္ဖို႔လုပ္ရသည္ ။ ျငင္းေနတဲ့သူကိုဇြတ္တိုက္ၿပီး အိမ္ကိုဘယ္လိုျပန္ပို႔ရမလဲေခါင္းစားေနတုန္း ေက်ာက္ယြီအိတ္ထဲကဖုန္းကထျမည္လာေလသည္ ။ ၾကၫ့္လိုက္ေတာ့သူ႔သူငယ္ခ်င္းေကာင္မေလး …

Ring ...

" Hello "

" အဲ .. "

" အစ္ကိုေရွာင္းက်န႔္ပါညီမ ! ဟို .. ညီမတို႔ကိုအကူအညီေလးေတာင္းစရာရိွလို႔ပါ "

" ဟို .. ေက်ာက္ယြီကိစၥလားရွင့္ "

" ဟုတ္တယ္ဗ် ! မူးၿပီးအိမ္ေရာက္လာလို႔ သူ႔အိမ္ကိုလိုက္ပို႔ဖို႔က်ေယာက္်ားေလးဆိုေတာ့ သူတို႔အိမ္နဲ႔သူနဲ႔ျပႆနာတတ္ေနမဆိုးလို႔ေလ .. အဲ့ဒါညီမတို႔သူငယ္ခ်င္းသံုးေယာက္ေလာက္သူ႔ကိုလိုက္ပို႔ေပးပါလား အဆင္ေရာေျပရဲ့လားဗ် .. အဆင္ေျပလို႔လိုက္ပို႔မယ္ဆိုရင္ ညီမတို႔ကားအေနာက္ကအစ္ကိုကားနဲ႔သက္သက္လိုက္ခဲ့ပါမယ္ မိန္းကေလးေတြခ်ည္းမို႔ညႀကီးမသင့္ေတာ္ဘူးေလ "

" အာ .. ဟုတ္ကဲ့ အဆင္ေျပပါတယ္အစ္ကိုေရွာင္းက်န႔္ ! ညီမတို႔လည္းအခုအိမ္ျပန္ၾကမလို႔ပါ အတူတူ night out ထြက္ၾကရင္းေသာက္ေနၾကတာကိုသူကဇြတ္ျပန္သြားလို႔အစ္ကိုရယ္ .. အစ္ကို႔ဆီသြားမွန္းမသိလိုက္ဘူး "

" ဘယ္နားမွာလဲဗ် အစ္ကိုလာခဲ့ပါ့မယ္ "

ေနရာသိရတာနဲ႔ဆိုဖာေပၚမွာအိပ္ေပ်ာ္ေနတဲ့ေက်ာက္ယြီကိုကုန္းပိုးလိုက္ရသည္ ။ ၿပီးမွအိမ္တံခါးေသခ်ာပိတ္ၿပီးေက်ာက္ယြီကိုကားေပၚတင္လိုက္သည္ ။ ထို႔ေနာက္ၿခံထဲမွထြက္လာၿပီးၿခံအျပင္ေရာက္မွကားအေပၚကျပန္ဆင္းကာၿခံတံခါးကိုေသခ်ာပိတ္ခဲ့ရသည္ ။

ေကာင္မေလးေတြေျပာတဲ့ေနရာကိုသြားလိုက္ၿပီးအဲ့ဒီကိုေရာက္တာနဲ႔ ေက်ာက္ယြီကိုသူတို႔ကားေပၚတင္ေပးလိုက္ၿပီးကိုယ္ကသူတို႔ကားအေနာက္ကေနတျဖည္းျဖည္းေမာင္းၿပီးလိုက္ပို႔လိုက္သည္ ။ ေက်ာက္ယြီအိမ္ေရာက္ခါနီးမွမလွမ္းမကမ္းကေနရပ္ေစာင့္ေနလိုက္သည္ ။ ဟိုေကာင္မေလးေတြကိုလည္းလိုက္ပို႔ရအံုးမယ္မဟုတ္လား၊သူတို႔လည္းမိန္းကေလးေတြဆိုေတာ့ ညပိုင္းကသြားရလာရသိပ္အဆင္ေျပတာမဟုတ္ဘူး ။

သူတို႔ကမပို႔ပါနဲ႔ရပါတယ္လို႔ဇြတ္ေျပာလို႔ကိုယ္ကအိမ္ျပန္လာေတာ့အိမ္ေရ႔ွမွာကားတစ္စီးရပ္ထားတာေတြ့လိုက္တယ္ ။ သူ႔ကိုျမင္မွကားေပၚကဆင္းလာသူကကိုငယ္ ။ ဒီအခ်ိန္ႀကီးက်မွသူကဘာလာလုပ္ !!

" ကိုငယ္ဘာ .. "

" အိမ္ထဲဝင္မယ္ "

ဘာမွေတာင္မေမးရေသးဘူး …
အသံကလည္းစိတ္တိုေနတဲ့အသံနဲ႔၊ရုပ္ကလည္းတည္တင္းေနတာပဲ …
ကိုႀကီးနဲ႔မ်ားျပႆနာတတ္လာသလား …

#############