Part : 19 [ U & Z ]
Part : 19 [ U & Z ]
Uni❤️
" ကိုငယ့်မှာကျွန်တော့်ကိုအဲ့လိုချုပ်ချယ်ပိုင်ခွင့်မရှိဘူး ! "
" ဘာကွ !! "
ကိုယ့်စကားကိုဂရုမစိုက်ပဲဆိုဖာပေါ်သွားထိုင်နေသည့်ရှောင်းကျန့်ကိုစိတ်တော်တော်တိုနေသည် ။
" မင်းတို့ပုံစံကိုမင်းတို့ပြန်ကြည့်လေ အမြင်မှတော်ရဲ့လားလို့ !! "
" ဘာအမြင်မတော်စရာရှိလဲ "
" ညကြီးကျမှအိမ်ထဲကနေမိန်းမတစ်ယောက်ကိုကျောပိုးပြီးထွက်လာတာကအမြင်တော်စရာလား ဟေ့ကောင် ! တောက်စ် !! "
အိမ်ထဲဝင်ဆိုပြီးအခန်းထဲအထိဝင်လာပြီးမှ ကျောက်ယွီကိုလိုက်ပို့ကတည်းကသူကခြံရှေ့ရောက်နေတော့မြင်သွားလို့နေမှာပေါ့ ၊ ဒေါသတွေအရမ်းထွက်ပြနေပြီးပြဿနာရှာနေလေသည် ။ နောက်တစ်ခါကျောက်ယွီကိုအိမ်အလာမခံနဲ့ဘာညာနဲ့ !
" မေးရင်ပြန်ဖြေရှောင်းကျန့် !! "
စိတ်တိုနေရတာကိုယ်တစ်ယောက်တည်း !
သူကဆိုဖာပေါ်ထိုင်ပြီး ကိုယ့်ကိုအရေးမလုပ်သလိုလိုနဲ့ ပြန်မပြော ။
" ကျွန်တော်တို့ကချစ်သူတွေ၊သူကျွန်တော့်အိမ်လာတာမထူးဆန်းဘူး သူ့ကိုကျောပိုးတာလည်းဘာမှမဖြစ်ဘူး ညမဟုတ်လို့သန်းခေါင်ဖြစ်ဖြစ်ဘာမှမဖြစ်ဘူး .. အခုကရှေးကျတဲ့ခေတ်မဟုတ်ဘူး ခေတ်နောက်ပြန်နေစရာမလိုဘူး "
" မင်း ! တောက်စ် !! "
" ကိုကြီးတို့ကိုစော်ကားတာမဟုတ်ပေမဲ့ ကျွန်တော်ကတစ်ကောင်ကြွက်၊ကိုယ့်ဘဝကိုကျောင်းနိုင်နေပြီ၊ကိုယ့်ကိုယ်ကိုထိန်းနိုင်နေပြီ၊ဘယ်သူမှလာချုပ်ချယ်စရာမလိုဘူး "
ပြန်ပြောတော့လည်းတစ်ဆုံး !
သူပြောစကားအရကိုယ်ပြောတာကိုသူလက်မခံနိုင်ဘူးဆိုတဲ့သဘော ၊ ဒါတောင်ယောက်ျားလေးတစ်ယောက်ထဲရှိတဲ့အိမ်ကိုကောင်မလေးလာတာမသင့်တော်လို့မလာခိုင်းနဲ့လို့ပဲပြောတာ ။ ဖြစ်နိုင်ရင်ကိုယ်ကသူတို့ကိုပြတ်စေချင်နေတာ ။ ဒီကောင်ကသူ့ကောင်မလေးကိုတော်တော်ချစ်တာပဲလား ။
" သူများတွေလာချုပ်ချယ်လို့မရပေမဲ့ငါရတယ်၊ပြီးတော့ချုပ်ချယ်တာမဟုတ်ဘူး သတိပေးနေတာ "
" ဘာကိစ္စကိုငယ်ချုပ်ချယ်တာကိုကျွန်တော်ကလက်ခံရမှာလဲ ! အရေးမပါတာ "
" ဘာကိစ္စနဲ့လက်ခံရမှာလဲဆိုတော့ မင်းနဲ့ငါကအတူတူအိပ်ပြီးသားယောက်ျားတွေမလို့ငါ့ဆီမှာပြောပိုင်ခွင့်အပြည့်အဝရှိတယ် ! "
ဘာဆိုင်သလဲ !
အိပ်ပြီးတာနဲ့သူ့စကားနားထောင်ရမှာလား ။ သူနဲ့ကိုယ့်မှာအတိအကျဘာပတ်သတ်မှုရှိလို့လဲ ။
" အဟင်း ! အိပ်ပြီးတိုင်းချုပ်ချယ်တာတွေကိုလက်ခံရကြေးဆိုရင် one-night stand တွေတော့မလွယ်ဘူး "
ခနဲ့အပြုံးပြုံးပြီးရွဲ့နေတဲ့ရှောင်းကျန့်ကိုကိုင်ပေါက်ပစ်ချင်တာတအား !
" အဲ့ဟာတွေနဲ့မနှိုင်းနဲ့ရှောင်းကျန့် ! မင်းက one-night stand မဟုတ်သလို ငါကလည်းအဲ့ဒီလိုတွေ့ရာလူတွေနဲ့အိပ်တတ်တဲ့ကောင်မဟုတ်ဘူး "
" ဘယ်လိုဖြစ်ဖြစ်ကျွန်တော့်ကိုလာမချုပ်ကိုင်နဲ့ မကြိုက်ဘူး ! "
" မင်းကြိုက်စရာမလိုဘူး ! မင်းကောင်မလေးနဲ့မင်းကအမည်ခံပဲရှိတာ ငါနဲ့မင်းလိုပတ်သတ်မှုတောင်မဟုတ်ဘူး၊ ငါကမင်းယောက်ျားတစ်ဝက်ဖြစ်နေပြီ၊ယောက်ျားကကောင်းတာပြောရင်နားထောင်ရမှာမင်းတာဝန် ! "
" တစ်ကြိမ်လောက်မှားတာကိုအခွင့်ကောင်းယူမနေပါနဲ့ ၊ ပြီးတော့ကျွန်တော့်ဘက်ကစခဲ့တာမဟုတ်ဘူး အရင်စလုပ်ခဲ့တာဘယ်သူမလို့လဲ ဘယ်သူကအတင်းယူတာလဲ "
ပြန်သာပြောနေရတာ အဲ့ဒီစကားသံကြားတိုင်းသေချင်တာပဲသိသည် ။ သူ့ကိုချစ်ပေမဲ့၊ချစ်လို့ပဲသူ့ကိုကိုယ့်ဘဝကိုပေးခဲ့မိပေမဲ့ သူကကိုယ့်အပေါ်ဘယ်လိုသဘောထားနေသလဲ၊လွယ်လွယ်ရလိုက်တဲ့သူလို့ပဲသတ်မှတ်နေသလားလို့တွေးမိတိုင်းရင်ဘတ်ထဲတင်းကြပ်သွားသည် ။
" ရှောင်းကျန့် ငါ့စိတ်ကိုလာမစွနဲ့၊မင်းသတ္တိရှိရင်မင်းကောင်မကိုအိမ်ထပ်ခေါ်ကြည့်လိုက် !! မင်းကိုဘာမှမလုပ်ဘူးဆိုငါ့ကိုကြိုက်သလိုပြော "
Ring ...
" Hello ကျောက် .. "
တီ ~ ~ ~
ကျောက်ယွီဖုန်းခေါ်တာမြင်လို့ ထိုင်ရာမှထကာစားပွဲပေါ်မှာရှိနေတဲ့ဖုန်းကိုကောက်ကိုင်လိုက်တာကိုချက်ချင်းဆွဲယူပြီးချပစ်လိုက်ကာ ဖုန်းကိုကုတင်ပေါ်လွှင့်ပစ်လိုက်လေသည် ။
" ပျော်လား ဟမ် ! ကျွန်တော့်ဘဝကိုအခုလိုစိတ်ကြိုက်ချယ်လှယ်နေရတာပျော်လား ! "
" မင်းဘဝကိုစိတ်ကြိုက်ချယ်လှယ်နေတယ်ပြောရအောင် မင်းနဲ့မင်းကောင်မရဲ့အစောကမြင်ကွင်းကိုမမြင်ခင်အချိန်ထိ မင်းဘာလုပ်လုပ်ငါဘာဝင်ပြောဖူးသလဲ "
" ဘယ်ပြောလို့ရမလဲ၊ကိုယ်ကအပြည့်အဝမှန်နေတဲ့သူမှမဟုတ်တာကို "
" ရှောင်းကျန့် !! သည်းခံနေတိုင်းရောင့်တတ်ပြီးအပြောရဲမလာနဲ့ "
" သည်းမခံနိုင်ရင်ဘာလုပ်မှာမလို့လဲ ထိုးမှာလားရိုက်မှာလားလုပ်လိုက်စမ်းပါ အွန့်! "
ကိုယ့်ရှေ့ကိုသူ့မျက်နှာထိုးလာပြီးစွာနေတဲ့ကောင်လေးကိုအပြစ်ပေးချင်လာတာနဲ့ ဒီလောက်စွာနေတဲ့နှုတ်ခမ်းကိုကိုယ့်နှုတ်ခမ်းနဲ့ပိတ်ပြီးအပြစ်ပေးလိုက်သည် ။ ကိုယ်ကတစ်ရှိုက်မက်မက်နမ်းနေပေမဲ့သူကတော့ကိုယ့်ရင်ဘတ်တွေကိုထုရိုက်နေလေသည် ။
ကြာလာတော့မထုရိုက်တော့ပေမဲ့တုံ့ပြန်တာမျိုးလည်းမရှိ၊လူသေကောင်ကိုနမ်းနေရသလိုပဲ ။ နမ်းနေရင်းကုတင်ဘက်ခေါ်သွားရင်းသူ့ကိုလှဲစေပြီးသူ့အပေါ်ကငုံ့မိုးပြီးမျက်လုံးမှိတ်ကာအနမ်းတွေကိုဆက်လိုက်သည် ။ လက်တွေကလည်းရင်ဘတ်တွေဗိုက်သားတွေတင်ပါးတွေကိုစုန်ချီဆန်ချီပွတ်သတ်ဖျစ်ညှစ်နေမိ၏။
အောက်ကလူကတော်တော်ကိုငြိမ်နေသည်မို့မျက်လုံးဖွင့်ကာကြည့်မိတော့ မျက်ရည်တွေစီးကျပြီးအံကျိတ်ကာကိုယ်လုပ်သမျှငြိမ်ခံနေသည် ။ လူကနောက်တစ်ခါဒေါသထွက်ရပြန်သည် ၊ ဒါကဘာသဘောလဲ ကိုယ်ထိတွေ့နေတာကိုငိုနေပြန်သည် ။ ငယ်ငယ်ကသူ့ကိုနမ်းမိလိုက်တဲ့အချိန်တုန်းကလည်း ခါးခါးသီးသီးဖြစ်ပြီးငိုသည်အထိ ။ အခုလည်းနောက်တစ်ခါ …
" ရှောင်းကျန့် ! ဘာလဲ ငါထိတွေ့တာကိုမကြိုက်လို့လား "
သူ့အပေါ်ငုံ့မိုးထားရာမှဖယ်လိုက်ပြီးငုတ်တုတ်ထိုင်ကာမေးလိုက်သည် ။
" အခုကျွန်တော့်ကိုငယ်စိတ်ကြိုက်လုပ်သွားပါ ပြီးရင်ကျွန်တော့်ဘဝထဲကထွက်သွားပါတော့ "
" ငါပြောပြီးသားနော်ရှောင်းကျန့် ! မင်းကိုမင်း one-night stand လိုလို ငါ့ကိုလည်းဖာခေါင်းလိုလိုထပ်မပြောဖို့ ! ငါသေလောက်အောင်လိုချင်နေလည်းမင်းစိတ်မပါရင်မယူဘူးဟေ့ကောင် ! ပြီးတော့ငါ့ကိုမသတီစရာကောင်လိုလာမဆက်ဆံနဲ့ ငယ်ငယ်တုန်းကတစ်ခါအခုတစ်ခါ ၊ မျက်ရည်ကျရလောက်တဲ့အထိကိုငါ့ကိုခါးခါးသီးသီးဖြစ်နေတာလား "
" … "
" ဒီတစ်ခါငါတစ်ယောက်တည်းစိတ်ပါပြီးစခဲ့မိတဲ့အတွက်ငါတောင်းပန်တယ် ၊ ဒါပေမဲ့အရင်တစ်ခေါက်တုန်းကငါစခဲ့ပေမဲ့ငါတို့နှစ်ယောက်လုံးစိတ်ဆန္ဒအရအတူတူနေဖြစ်သွားတာကိုမမေ့နဲ့ "
" … "
" ပထမတစ်ခါတုန်းကကိစ္စကိုလည်းငါကပဲအတင်းအကျပ်ယူထားသလိုနောက်ထပ်လာမပြောနဲ့ ၊ အဲ့တစ်ကြိမ်တုန်းကမင်းကိုငါမဒိန်းကျင့်ထားတာမဟုတ်ဘူး "
" … "
" တောက်စ် !! "
ဒုန်း !!
မှန်တင်ခုံမှာထိုင်တဲ့ခုံကိုကန်သွားပြီး သူ့ကားသော့နဲ့ပိုက်ဆံနဲ့သူချွတ်ထားတဲ့ဆွယ်တာနဲ့ကောက်ယူပြီးထွက်သွားပြန်ပြီ ။ စိတ်တိုနေတဲ့အချိန်ကိုကားမောင်းစရာလား မစဉ်းစားတတ်ဘူးလားမသိ ။
ဝမ်ရိပေါ်ထွက်သွားတာနဲ့တပြိုင်နက်ရှောင်းကျန့်တစ်ယောက်မျက်နှာကိုလက်ဝါးနဲ့အုပ်ကာငိုလေသည် ။ ငယ်ငယ်တုန်းကကိုယ်ငိုမိတာက ကိုယ်ကသူ့ကိုအရင်းနှီးဆုံးလူလို့သတ်မှတ်ထားတဲ့ဟာကိုသူကတော့ကိုယ့်ကိုမယုံကြည်ပေးဘဲဘိုဝန်နဲ့အထင်လွဲပြီးကိုယ့်ကိုလာစွပ်စွဲလို့လေ ။ အစောကမျက်ရည်ကျမိတာကတော့ ဝမ်းနည်းလို့ဆိုတာပဲသိသည် ။
တောက်စ် !!
ဝမ်ရိပေါ်တစ်ယောက်မြစ်စပ်နားမှာကားရပ်ပြီး ကားနောက်ဖုံးဖွင့်ကာတစ်ယောက်တည်းဘီယာထိုင်သောက်နေလိုက်သည် ။ ပြန်တွေးမိတိုင်းဒေါသထွက်ရင်တောက်စ်ခေါက်မိသေးတာ ။ ကိုယ်ထိတွေ့လိုက်တိုင်းမျက်ရည်ကျပြနေတာကဘာအထာလဲ ၊ ကိုယ်ကရွံစရာကောင်လို့သူကသတ်မှတ်နေတာလား ။ ပြီးတော့လူတကာကိုအဲ့လိုလိုက်လုပ်တဲ့သူလို့ရောမြင်နေတာလား ။
Ring ...
ရှောင်းကျန့်တဲ့ !
" ပြော ! "
" ဟင့် ~ ကိုအခုဘယ်မှာလဲဟင် ဒီမှာမီးပျက်သွားတယ် ကြောက်လို့အမြန်ပြန်လာပါ "
" ဘာ ! "
" နော် ~ လာပါလို့ "
" လာပြီ ခနစောင့် "
မီးပျက်တာတောင်ကြောက်နေရင် တစ်ယောက်တည်းနေဖို့ဘာလို့များရွေးချယ်ရသလဲ ။ ဘယ်သူကမှသူ့ကိုတစ်ယောက်တည်းနေပါလို့မပြောဘဲ သူ့ဘာသာနေပြီးတော့ ။ ဒါတောင်ကိုယ်ပြန်ရောက်မှအိမ်ပြောင်းလို့ ကိုယ်ကလည်းခနခနသွားအိပ်နေလို့၊မဟုတ်ရင်ကြောက်ရင်တောင်ဘယ်သူ့မှမခေါ်ဘဲတစ်ယောက်တည်းငိုနေမလားမသိ ။ လွှတ်ထားလို့ကိုမရပါဘူး …
တစ်ယောက်တည်းအကြောက်လွန်နေမဆိုးလို့ကားကိုအမြန်မောင်းသွားပြီးအိမ်ရှေ့ရောက်တော့ခြံတံခါးနားမှာငုတ်တုတ်ထိုင်နေတဲ့ရှောင်းကျန့်ကိုတွေ့လိုက်ရသည် ။ ကားပေါ်ကဆင်းပြီးသူ့အနားကိုသွားလိုက်တော့မတ်တပ်ထရပ်လာပြီးလူကိုတင်းကျပ်နေအောင်ဖက်ထားလေသည် ။ အစောကကျသူမဟုတ်တဲ့အတိုင်း !!
သူ့ကိုပါကားထဲထည့်ကာခြံထဲကားသွင်းပြီးအိမ်အပေါ်ထပ်အခန်းထဲထိပွေ့ချီရသည် ။ အကြောက်လွန်ပြီးလမ်းမလျှောက်နိုင်တော့ဘူးဆိုပဲ ။ အခန်းထဲရောက်တော့သူမဟုတ်သလိုလိုနဲ့ကိုယ့်ကိုကျောပေးပြီးစောင်ခြုံကာအိပ်သွား၏။ ကိုယ်လည်းအစောကစကားများထားတဲ့အခံရှိတော့စကားမပြောချင်တာနဲ့ရေချိုးခန်းထဲဝင်ပြီးခြေလက်သန့်စင်ကာဆိုဖာပေါ်ထိုင်ပြီးဆေးလိပ်သောက်နေလိုက်သည် ။ မျက်လုံးတွေကတော့ထိုင်နေတဲ့နေရာကနေလှမ်းမြင်နေရတဲ့ဝရံတာမှာ ...
ဆေးလိပ်အနံ့ရတာနဲ့ဘယ်သူသောက်နေတာလဲမေးကြည့်နေစရာမလို၊မဟုတ်လည်းအခန်းထဲမှာသူနဲ့ကိုယ်ပဲရှိတာကို ကိုယ်မှမဟုတ်ရင်သူပဲပေါ့ ။ အဲ့သည်လူကဘယ်တော့မှကိုယ့်အတွက်ကိုမတွေးဘူး၊အိပ်ချင်မူးတူးဖြစ်နေလည်းကားမောင်းချင်ရင်မောင်းတယ် ။ စိတ်တိုနေတဲ့အချိန်လည်းမောင်းတာပဲ ။ ကျန်းမာရေးအတွက်မကောင်းမှန်းသိလည်း ဆေးလိပ်တွေအရက်တွေဘီယာတွေမစွန့်လွှတ်ဘူး ။ ပြောလည်းမပြောချင်ဘူး သူတောင်သူ့အတွက်သူမစဉ်းစားတာကိုယ်နဲ့ကအနေသာကြီးမလား ။ စိတ်ပူနေမိတဲ့ကိုယ့်စိတ်ကိုလိမ်ညာထားရင်းနဲ့ပေါ့ …
" အိပ်ပျော်အောင်အိပ် လျှောက်တွေးမနေနဲ့ရှောင်းကျန့် ၊ စိတ်ချလက်ချအိပ်တစ်ညလုံးထိုင်စောင့်ပေးမယ် "
ကိုယ်အိပ်မနေမှန်းသူသိတာလား !
ပြီးတော့တစ်ညလုံးစောင့်စရာမှမလိုတာကို …
" ဟို .. စောင့်စရာမလိုပါဘူး၊မနက်လည်းအလုပ်သွားရမှာမလား တစ်ခါတည်းလာအိပ်ပါ့လား "
" ရတယ် မင်းသာအိပ်ပျော်အောင်အိပ် ! ငါ့ကိုမသတီတဲ့လူအနားတစ်စက္ကန့်တောင်မနေချင်ဘူး "
သူကလည်းအဲ့သလိုရွဲ့တတ်တာပဲလား !
" ကိုငယ် !!! "
ရှောင်းကျန့်လည်းစိတ်တိုသွားသည်မို့အော်လိုက်ပြီးထထိုင်လိုက်သည် ။
" မင်းအိပ်တော့ မနက်အလုပ်သွားရမှာ "
ပြောပြီးတော့ဆိုဖာပေါ်ကထပြီးအပြင်ထွက်ဖို့လုပ်နေတဲ့သူကို ကုတင်ပေါ်ကအမြန်ဆင်းပြီးလက်ကိုလှမ်းဆွဲလိုက်သည် ။ ဝမ်ရိပေါ်ကလည်းသူ့ကိုလှည့်မကြည့်သလိုသူကလည်းအနောက်မှာတင်ရပ်နေမိသည် ။
" ဒါကဘယ်လဲ ! ဘာလဲ အစောကကိုငယ်ပြောသလိုကျွန်တော့်အနားမှာတစ်စက္ကန့်တောင်မနေချင်လို့အခုထွက်သွားတယ်ပေါ့၊ရတယ်လေ သွား ! ဘယ်တော့မှပြန်မလာနဲ့ဒီအခန်းထဲကရော ဒီအိမ်ထဲကရော ကျွန်တော့်ဘဝထဲကရော ကျွန်တော့်အတွေးတွေထဲကရောအပြီးအပိုင်ထွက်သွား ! လုံးဝပြန်မလာနဲ့ နောက်ဆုံးကျွန်တော်သေရင်တောင်ခင်ဗျားတစ်ယောက်တော့မလာနဲ့ ~ "
ဝမ်ရိပေါ်ထံကဘာအသံမှထွက်မလာပေမဲ့ခြေလှမ်းကလည်းတစ်လှမ်းမှမရွေ့သေးပေ ။ ရှောင်းကျန့်လည်းစိတ်ကိုလျှော့ချလိုက်သည်၊လက်ကိုလည်းလွှတ်ပေးပြီးပြီ ။ သူ့သဘောသွားချင်ရင်လည်းသွားပါစေ၊မတားပါဘူး ။ ကိုငယ်သေချာနားထောင်ရင်အစောကသူ့ကိုပြောနေတုန်းမှာမျက်ရည်တွေဝဲနေပြီးအသံကတိမ်ဝင်နေတယ်ဆိုတာ …
မျှော်လင့်ချက်ယဲ့ယဲ့လေးနဲ့သူ့အဖြေကိုစောင့်လိုက်ပေမဲ့သူကတော့အပြင်ထွက်ဖို့တံခါးဘုကိုကိုင်ဖို့လက်လှမ်းနေပြီ ။ ခင်ဗျားသိပ်ရက်စက်လွန်းတယ် ! တစ်ဖက်လူဘယ်လိုကျန်ခဲ့မယ်ဆိုတာကိုဘယ်တော့မှထည့်မတွက်ဘူး ။ မငိုချင်တော့ဘူး ... တစ်ချို့နာကျင်ခြင်းတွေကမျက်ရည်မကျဘူး၊ငိုသံမကြားရဘူးဒါပေမယ့် မျက်ရည်ကျပြီးအော်ငိုရတာထက်တိတ်တဆိတ်နာကျင်ရတာကပိုနာကျင်ရတယ် ။
#############
Zawgyi❤️
" ကိုငယ့္မွာကြၽန္ေတာ့္ကိုအဲ့လိုခ်ဳပ္ခ်ယ္ပိုင္ခြင့္မရိွဘူး ! "
" ဘာကြ !! "
ကိုယ့္စကားကိုဂရုမစိုက္ပဲဆိုဖာေပၚသြားထိုင္ေနသၫ့္ေရွာင္းက်န႔္ကိုစိတ္ေတာ္ေတာ္တိုေနသည္ ။
" မင္းတို႔ပံုစံကိုမင္းတို႔ျပန္ၾကၫ့္ေလ အျမင္မွေတာ္ရဲ့လားလို႔ !! "
" ဘာအျမင္မေတာ္စရာရိွလဲ "
" ညႀကီးက်မွအိမ္ထဲကေနမိန္းမတစ္ေယာက္ကိုေက်ာပိုးၿပီးထြက္လာတာကအျမင္ေတာ္စရာလား ေဟ့ေကာင္ ! ေတာက္စ္ !! "
အိမ္ထဲဝင္ဆိုၿပီးအခန္းထဲအထိဝင္လာၿပီးမွ ေက်ာက္ယြီကိုလိုက္ပို႔ကတည္းကသူကၿခံေရ႔ွေရာက္ေနေတာ့ျမင္သြားလို႔ေနမွာေပါ့ ၊ ေဒါသေတြအရမ္းထြက္ျပေနၿပီးျပႆနာရွာေနေလသည္ ။ ေနာက္တစ္ခါေက်ာက္ယြီကိုအိမ္အလာမခံနဲ႔ဘာညာနဲ႔ !
" ေမးရင္ျပန္ေျဖေရွာင္းက်န႔္ !! "
စိတ္တိုေနရတာကိုယ္တစ္ေယာက္တည္း !
သူကဆိုဖာေပၚထိုင္ၿပီး ကိုယ့္ကိုအေရးမလုပ္သလိုလိုနဲ႔ ျပန္မေျပာ ။
" ကြၽန္ေတာ္တို႔ကခ်စ္သူေတြ၊သူကြၽန္ေတာ့္အိမ္လာတာမထူးဆန္းဘူး သူ႔ကိုေက်ာပိုးတာလည္းဘာမွမျဖစ္ဘူး ညမဟုတ္လို႔သန္းေခါင္ျဖစ္ျဖစ္ဘာမွမျဖစ္ဘူး .. အခုကေရွးက်တဲ့ေခတ္မဟုတ္ဘူး ေခတ္ေနာက္ျပန္ေနစရာမလိုဘူး "
" မင္း ! ေတာက္စ္ !! "
" ကိုႀကီးတို႔ကိုေစာ္ကားတာမဟုတ္ေပမဲ့ ကြၽန္ေတာ္ကတစ္ေကာင္ႂကြက္၊ကိုယ့္ဘဝကိုေက်ာင္းႏိုင္ေနၿပီ၊ကိုယ့္ကိုယ္ကိုထိန္းႏိုင္ေနၿပီ၊ဘယ္သူမွလာခ်ဳပ္ခ်ယ္စရာမလိုဘူး "
ျပန္ေျပာေတာ့လည္းတစ္ဆံုး !
သူေျပာစကားအရကိုယ္ေျပာတာကိုသူလက္မခံႏိုင္ဘူးဆိုတဲ့သေဘာ ၊ ဒါေတာင္ေယာက္်ားေလးတစ္ေယာက္ထဲရိွတဲ့အိမ္ကိုေကာင္မေလးလာတာမသင့္ေတာ္လို႔မလာခိုင္းနဲ႔လို႔ပဲေျပာတာ ။ ျဖစ္ႏိုင္ရင္ကိုယ္ကသူတို႔ကိုျပတ္ေစခ်င္ေနတာ ။ ဒီေကာင္ကသူ႔ေကာင္မေလးကိုေတာ္ေတာ္ခ်စ္တာပဲလား ။
" သူမ်ားေတြလာခ်ဳပ္ခ်ယ္လို႔မရေပမဲ့ငါရတယ္၊ၿပီးေတာ့ခ်ဳပ္ခ်ယ္တာမဟုတ္ဘူး သတိေပးေနတာ "
" ဘာကိစၥကိုငယ္ခ်ဳပ္ခ်ယ္တာကိုကြၽန္ေတာ္ကလက္ခံရမွာလဲ ! အေရးမပါတာ "
" ဘာကိစၥနဲ႔လက္ခံရမွာလဲဆိုေတာ့ မင္းနဲ႔ငါကအတူတူအိပ္ၿပီးသားေယာက္်ားေတြမလို႔ငါ့ဆီမွာေျပာပိုင္ခြင့္အျပၫ့္အဝရိွတယ္ ! "
ဘာဆိုင္သလဲ !
အိပ္ၿပီးတာနဲ႔သူ႔စကားနားေထာင္ရမွာလား ။ သူနဲ႔ကိုယ့္မွာအတိအက်ဘာပတ္သတ္မႈရိွလို႔လဲ ။
" အဟင္း ! အိပ္ၿပီးတိုင္းခ်ဳပ္ခ်ယ္တာေတြကိုလက္ခံရေၾကးဆိုရင္ one-night stand ေတြေတာ့မလြယ္ဘူး "
ခနဲ႔အၿပံဳးၿပံဳးၿပီးရြဲ႔ေနတဲ့ေရွာင္းက်န႔္ကိုကိုင္ေပါက္ပစ္ခ်င္တာတအား !
" အဲ့ဟာေတြနဲ႔မႏိႈင္းနဲ႔ေရွာင္းက်န႔္ ! မင္းက one-night stand မဟုတ္သလို ငါကလည္းအဲ့ဒီလိုေတြ့ရာလူေတြနဲ႔အိပ္တတ္တဲ့ေကာင္မဟုတ္ဘူး "
" ဘယ္လိုျဖစ္ျဖစ္ကြၽန္ေတာ့္ကိုလာမခ်ဳပ္ကိုင္နဲ႔ မႀကိဳက္ဘူး ! "
" မင္းႀကိဳက္စရာမလိုဘူး ! မင္းေကာင္မေလးနဲ႔မင္းကအမည္ခံပဲရိွတာ ငါနဲ႔မင္းလိုပတ္သတ္မႈေတာင္မဟုတ္ဘူး၊ ငါကမင္းေယာက္်ားတစ္ဝက္ျဖစ္ေနၿပီ၊ေယာက္်ားကေကာင္းတာေျပာရင္နားေထာင္ရမွာမင္းတာဝန္ ! "
" တစ္ႀကိမ္ေလာက္မွားတာကိုအခြင့္ေကာင္းယူမေနပါနဲ႔ ၊ ၿပီးေတာ့ကြၽန္ေတာ့္ဘက္ကစခဲ့တာမဟုတ္ဘူး အရင္စလုပ္ခဲ့တာဘယ္သူမလို႔လဲ ဘယ္သူကအတင္းယူတာလဲ "
ျပန္သာေျပာေနရတာ အဲ့ဒီစကားသံၾကားတိုင္းေသခ်င္တာပဲသိသည္ ။ သူ႔ကိုခ်စ္ေပမဲ့၊ခ်စ္လို႔ပဲသူ႔ကိုကိုယ့္ဘဝကိုေပးခဲ့မိေပမဲ့ သူကကိုယ့္အေပၚဘယ္လိုသေဘာထားေနသလဲ၊လြယ္လြယ္ရလိုက္တဲ့သူလို႔ပဲသတ္မွတ္ေနသလားလို႔ေတြးမိတိုင္းရင္ဘတ္ထဲတင္းၾကပ္သြားသည္ ။
" ေရွာင္းက်န႔္ ငါ့စိတ္ကိုလာမစြနဲ႔၊မင္းသတၲိရိွရင္မင္းေကာင္မကိုအိမ္ထပ္ေခၚၾကၫ့္လိုက္ !! မင္းကိုဘာမွမလုပ္ဘူးဆိုငါ့ကိုႀကိဳက္သလိုေျပာ "
Ring ...
" Hello ေက်ာက္ .. "
တီ ~ ~ ~
ေက်ာက္ယြီဖုန္းေခၚတာျမင္လို႔ ထိုင္ရာမွထကာစားပြဲေပၚမွာရိွေနတဲ့ဖုန္းကိုေကာက္ကိုင္လိုက္တာကိုခ်က္ခ်င္းဆြဲယူၿပီးခ်ပစ္လိုက္ကာ ဖုန္းကိုကုတင္ေပၚလႊင့္ပစ္လိုက္ေလသည္ ။
" ေပ်ာ္လား ဟမ္ ! ကြၽန္ေတာ့္ဘဝကိုအခုလိုစိတ္ႀကိဳက္ခ်ယ္လွယ္ေနရတာေပ်ာ္လား ! "
" မင္းဘဝကိုစိတ္ႀကိဳက္ခ်ယ္လွယ္ေနတယ္ေျပာရေအာင္ မင္းနဲ႔မင္းေကာင္မရဲ့အေစာကျမင္ကြင္းကိုမျမင္ခင္အခ်ိန္ထိ မင္းဘာလုပ္လုပ္ငါဘာဝင္ေျပာဖူးသလဲ "
" ဘယ္ေျပာလို႔ရမလဲ၊ကိုယ္ကအျပၫ့္အဝမွန္ေနတဲ့သူမွမဟုတ္တာကို "
" ေရွာင္းက်န႔္ !! သည္းခံေနတိုင္းေရာင့္တတ္ၿပီးအေျပာရဲမလာနဲ႔ "
" သည္းမခံႏိုင္ရင္ဘာလုပ္မွာမလို႔လဲ ထိုးမွာလားရိုက္မွာလားလုပ္လိုက္စမ္းပါ အြန႔္! "
ကိုယ့္ေရ႔ွကိုသူ႔မ်က္ႏွာထိုးလာၿပီးစြာေနတဲ့ေကာင္ေလးကိုအျပစ္ေပးခ်င္လာတာနဲ႔ ဒီေလာက္စြာေနတဲ့ႏႈတ္ခမ္းကိုကိုယ့္ႏႈတ္ခမ္းနဲ႔ပိတ္ၿပီးအျပစ္ေပးလိုက္သည္ ။ ကိုယ္ကတစ္ရိႈက္မက္မက္နမ္းေနေပမဲ့သူကေတာ့ကိုယ့္ရင္ဘတ္ေတြကိုထုရိုက္ေနေလသည္ ။
ၾကာလာေတာ့မထုရိုက္ေတာ့ေပမဲ့တံု႔ျပန္တာမ်ိဳးလည္းမရိွ၊လူေသေကာင္ကိုနမ္းေနရသလိုပဲ ။ နမ္းေနရင္းကုတင္ဘက္ေခၚသြားရင္းသူ႔ကိုလွဲေစၿပီးသူ႔အေပၚကငံု႔မိုးၿပီးမ်က္လံုးမိွတ္ကာအနမ္းေတြကိုဆက္လိုက္သည္ ။ လက္ေတြကလည္းရင္ဘတ္ေတြဗိုက္သားေတြတင္ပါးေတြကိုစုန္ခ်ီဆန္ခ်ီပြတ္သတ္ဖ်စ္ၫွစ္ေနမိ၏။
ေအာက္ကလူကေတာ္ေတာ္ကိုၿငိမ္ေနသည္မို႔မ်က္လံုးဖြင့္ကာၾကၫ့္မိေတာ့ မ်က္ရည္ေတြစီးက်ၿပီးအံက်ိတ္ကာကိုယ္လုပ္သမ်ွၿငိမ္ခံေနသည္ ။ လူကေနာက္တစ္ခါေဒါသထြက္ရျပန္သည္ ၊ ဒါကဘာသေဘာလဲ ကိုယ္ထိေတြ့ေနတာကိုငိုေနျပန္သည္ ။ ငယ္ငယ္ကသူ႔ကိုနမ္းမိလိုက္တဲ့အခ်ိန္တုန္းကလည္း ခါးခါးသီးသီးျဖစ္ၿပီးငိုသည္အထိ ။ အခုလည္းေနာက္တစ္ခါ …
" ေရွာင္းက်န႔္ ! ဘာလဲ ငါထိေတြ့တာကိုမႀကိဳက္လို႔လား "
သူ႔အေပၚငံု႔မိုးထားရာမွဖယ္လိုက္ၿပီးငုတ္တုတ္ထိုင္ကာေမးလိုက္သည္ ။
" အခုကြၽန္ေတာ့္ကိုငယ္စိတ္ႀကိဳက္လုပ္သြားပါ ၿပီးရင္ကြၽန္ေတာ့္ဘဝထဲကထြက္သြားပါေတာ့ "
" ငါေျပာၿပီးသားေနာ္ေရွာင္းက်န႔္ ! မင္းကိုမင္း one-night stand လိုလို ငါ့ကိုလည္းဖာေခါင္းလိုလိုထပ္မေျပာဖို႔ ! ငါေသေလာက္ေအာင္လိုခ်င္ေနလည္းမင္းစိတ္မပါရင္မယူဘူးေဟ့ေကာင္ ! ၿပီးေတာ့ငါ့ကိုမသတီစရာေကာင္လိုလာမဆက္ဆံနဲ႔ ငယ္ငယ္တုန္းကတစ္ခါအခုတစ္ခါ ၊ မ်က္ရည္က်ရေလာက္တဲ့အထိကိုငါ့ကိုခါးခါးသီးသီးျဖစ္ေနတာလား "
" … "
" ဒီတစ္ခါငါတစ္ေယာက္တည္းစိတ္ပါၿပီးစခဲ့မိတဲ့အတြက္ငါေတာင္းပန္တယ္ ၊ ဒါေပမဲ့အရင္တစ္ေခါက္တုန္းကငါစခဲ့ေပမဲ့ငါတို႔ႏွစ္ေယာက္လံုးစိတ္ဆႏၵအရအတူတူေနျဖစ္သြားတာကိုမေမ့နဲ႔ "
" … "
" ပထမတစ္ခါတုန္းကကိစၥကိုလည္းငါကပဲအတင္းအက်ပ္ယူထားသလိုေနာက္ထပ္လာမေျပာနဲ႔ ၊ အဲ့တစ္ႀကိမ္တုန္းကမင္းကိုငါမဒိန္းက်င့္ထားတာမဟုတ္ဘူး "
" … "
" ေတာက္စ္ !! "
ဒုန္း !!
မွန္တင္ခံုမွာထိုင္တဲ့ခံုကိုကန္သြားၿပီး သူ႔ကားေသာ့နဲ႔ပိုက္ဆံနဲ႔သူခြၽတ္ထားတဲ့ဆြယ္တာနဲ႔ေကာက္ယူၿပီးထြက္သြားျပန္ၿပီ ။ စိတ္တိုေနတဲ့အခ်ိန္ကိုကားေမာင္းစရာလား မစဉ္းစားတတ္ဘူးလားမသိ ။
ဝမ္ရိေပၚထြက္သြားတာနဲ႔တၿပိဳင္နက္ေရွာင္းက်န႔္တစ္ေယာက္မ်က္ႏွာကိုလက္ဝါးနဲ႔အုပ္ကာငိုေလသည္ ။ ငယ္ငယ္တုန္းကကိုယ္ငိုမိတာက ကိုယ္ကသူ႔ကိုအရင္းႏွီးဆံုးလူလို႔သတ္မွတ္ထားတဲ့ဟာကိုသူကေတာ့ကိုယ့္ကိုမယံုၾကည္ေပးဘဲဘိုဝန္နဲ႔အထင္လြဲၿပီးကိုယ့္ကိုလာစြပ္စြဲလို႔ေလ ။ အေစာကမ်က္ရည္က်မိတာကေတာ့ ဝမ္းနည္းလို႔ဆိုတာပဲသိသည္ ။
ေတာက္စ္ !!
ဝမ္ရိေပၚတစ္ေယာက္ျမစ္စပ္နားမွာကားရပ္ၿပီး ကားေနာက္ဖံုးဖြင့္ကာတစ္ေယာက္တည္းဘီယာထိုင္ေသာက္ေနလိုက္သည္ ။ ျပန္ေတြးမိတိုင္းေဒါသထြက္ရင္ေတာက္စ္ေခါက္မိေသးတာ ။ ကိုယ္ထိေတြ့လိုက္တိုင္းမ်က္ရည္က်ျပေနတာကဘာအထာလဲ ၊ ကိုယ္ကရြံစရာေကာင္လို႔သူကသတ္မွတ္ေနတာလား ။ ၿပီးေတာ့လူတကာကိုအဲ့လိုလိုက္လုပ္တဲ့သူလို႔ေရာျမင္ေနတာလား ။
Ring ...
ေရွာင္းက်န႔္တဲ့ !
" ေျပာ ! "
" ဟင့္ ~ ကိုအခုဘယ္မွာလဲဟင္ ဒီမွာမီးပ်က္သြားတယ္ ေၾကာက္လို႔အျမန္ျပန္လာပါ "
" ဘာ ! "
" ေနာ္ ~ လာပါလို႔ "
" လာၿပီ ခနေစာင့္ "
မီးပ်က္တာေတာင္ေၾကာက္ေနရင္ တစ္ေယာက္တည္းေနဖို႔ဘာလို႔မ်ားေရြးခ်ယ္ရသလဲ ။ ဘယ္သူကမွသူ႔ကိုတစ္ေယာက္တည္းေနပါလို႔မေျပာဘဲ သူ႔ဘာသာေနၿပီးေတာ့ ။ ဒါေတာင္ကိုယ္ျပန္ေရာက္မွအိမ္ေျပာင္းလို႔ ကိုယ္ကလည္းခနခနသြားအိပ္ေနလို႔၊မဟုတ္ရင္ေၾကာက္ရင္ေတာင္ဘယ္သူ႔မွမေခၚဘဲတစ္ေယာက္တည္းငိုေနမလားမသိ ။ လႊတ္ထားလို႔ကိုမရပါဘူး …
တစ္ေယာက္တည္းအေၾကာက္လြန္ေနမဆိုးလို႔ကားကိုအျမန္ေမာင္းသြားၿပီးအိမ္ေရ႔ွေရာက္ေတာ့ၿခံတံခါးနားမွာငုတ္တုတ္ထိုင္ေနတဲ့ေရွာင္းက်န႔္ကိုေတြ့လိုက္ရသည္ ။ ကားေပၚကဆင္းၿပီးသူ႔အနားကိုသြားလိုက္ေတာ့မတ္တပ္ထရပ္လာၿပီးလူကိုတင္းက်ပ္ေနေအာင္ဖက္ထားေလသည္ ။ အေစာကက်သူမဟုတ္တဲ့အတိုင္း !!
သူ႔ကိုပါကားထဲထၫ့္ကာၿခံထဲကားသြင္းၿပီးအိမ္အေပၚထပ္အခန္းထဲထိေပြ့ခ်ီရသည္ ။ အေၾကာက္လြန္ၿပီးလမ္းမေလ်ွာက္ႏိုင္ေတာ့ဘူးဆိုပဲ ။ အခန္းထဲေရာက္ေတာ့သူမဟုတ္သလိုလိုနဲ႔ကိုယ့္ကိုေက်ာေပးၿပီးေစာင္ၿခံဳကာအိပ္သြား၏။ ကိုယ္လည္းအေစာကစကားမ်ားထားတဲ့အခံရိွေတာ့စကားမေျပာခ်င္တာနဲ႔ေရခ်ိဳးခန္းထဲဝင္ၿပီးေျခလက္သန႔္စင္ကာဆိုဖာေပၚထိုင္ၿပီးေဆးလိပ္ေသာက္ေနလိုက္သည္ ။ မ်က္လံုးေတြကေတာ့ထိုင္ေနတဲ့ေနရာကေနလွမ္းျမင္ေနရတဲ့ဝရံတာမွာ ...
ေဆးလိပ္အနံ႔ရတာနဲ႔ဘယ္သူေသာက္ေနတာလဲေမးၾကၫ့္ေနစရာမလို၊မဟုတ္လည္းအခန္းထဲမွာသူနဲ႔ကိုယ္ပဲရိွတာကို ကိုယ္မွမဟုတ္ရင္သူပဲေပါ့ ။ အဲ့သည္လူကဘယ္ေတာ့မွကိုယ့္အတြက္ကိုမေတြးဘူး၊အိပ္ခ်င္မူးတူးျဖစ္ေနလည္းကားေမာင္းခ်င္ရင္ေမာင္းတယ္ ။ စိတ္တိုေနတဲ့အခ်ိန္လည္းေမာင္းတာပဲ ။ က်န္းမာေရးအတြက္မေကာင္းမွန္းသိလည္း ေဆးလိပ္ေတြအရက္ေတြဘီယာေတြမစြန႔္လႊတ္ဘူး ။ ေျပာလည္းမေျပာခ်င္ဘူး သူေတာင္သူ႔အတြက္သူမစဉ္းစားတာကိုယ္နဲ႔ကအေနသာႀကီးမလား ။ စိတ္ပူေနမိတဲ့ကိုယ့္စိတ္ကိုလိမ္ညာထားရင္းနဲ႔ေပါ့ …
" အိပ္ေပ်ာ္ေအာင္အိပ္ ေလ်ွာက္ေတြးမေနနဲ႔ေရွာင္းက်န႔္ ၊ စိတ္ခ်လက္ခ်အိပ္တစ္ညလံုးထိုင္ေစာင့္ေပးမယ္ "
ကိုယ္အိပ္မေနမွန္းသူသိတာလား !
ၿပီးေတာ့တစ္ညလံုးေစာင့္စရာမွမလိုတာကို …
" ဟို .. ေစာင့္စရာမလိုပါဘူး၊မနက္လည္းအလုပ္သြားရမွာမလား တစ္ခါတည္းလာအိပ္ပါ့လား "
" ရတယ္ မင္းသာအိပ္ေပ်ာ္ေအာင္အိပ္ ! ငါ့ကိုမသတီတဲ့လူအနားတစ္စကၠန႔္ေတာင္မေနခ်င္ဘူး "
သူကလည္းအဲ့သလိုရြဲ႔တတ္တာပဲလား !
" ကိုငယ္ !!! "
ေရွာင္းက်န႔္လည္းစိတ္တိုသြားသည္မို႔ေအာ္လိုက္ၿပီးထထိုင္လိုက္သည္ ။
" မင္းအိပ္ေတာ့ မနက္အလုပ္သြားရမွာ "
ေျပာၿပီးေတာ့ဆိုဖာေပၚကထၿပီးအျပင္ထြက္ဖို႔လုပ္ေနတဲ့သူကို ကုတင္ေပၚကအျမန္ဆင္းၿပီးလက္ကိုလွမ္းဆြဲလိုက္သည္ ။ ဝမ္ရိေပၚကလည္းသူ႔ကိုလွၫ့္မၾကၫ့္သလိုသူကလည္းအေနာက္မွာတင္ရပ္ေနမိသည္ ။
" ဒါကဘယ္လဲ ! ဘာလဲ အေစာကကိုငယ္ေျပာသလိုကြၽန္ေတာ့္အနားမွာတစ္စကၠန႔္ေတာင္မေနခ်င္လို႔အခုထြက္သြားတယ္ေပါ့၊ရတယ္ေလ သြား ! ဘယ္ေတာ့မျွပန္မလာနဲ႔ဒီအခန္းထဲကေရာ ဒီအိမ္ထဲကေရာ ကြၽန္ေတာ့္ဘဝထဲကေရာ ကြၽန္ေတာ့္အေတြးေတြထဲကေရာအၿပီးအပိုင္ထြက္သြား ! လံုးဝျပန္မလာနဲ႔ ေနာက္ဆံုးကြၽန္ေတာ္ေသရင္ေတာင္ခင္ဗ်ားတစ္ေယာက္ေတာ့မလာနဲ႔ ~ "
ဝမ္ရိေပၚထံကဘာအသံမွထြက္မလာေပမဲ့ေျခလွမ္းကလည္းတစ္လွမ္းမွမေရြ့ေသးေပ ။ ေရွာင္းက်န႔္လည္းစိတ္ကိုေလ်ွာ့ခ်လိုက္သည္၊လက္ကိုလည္းလႊတ္ေပးၿပီးၿပီ ။ သူ႔သေဘာသြားခ်င္ရင္လည္းသြားပါေစ၊မတားပါဘူး ။ ကိုငယ္ေသခ်ာနားေထာင္ရင္အေစာကသူ႔ကိုေျပာေနတုန္းမွာမ်က္ရည္ေတြဝဲေနၿပီးအသံကတိမ္ဝင္ေနတယ္ဆိုတာ …
ေမ်ွာ္လင့္ခ်က္ယဲ့ယဲ့ေလးနဲ႔သူ႔အေျဖကိုေစာင့္လိုက္ေပမဲ့သူကေတာ့အျပင္ထြက္ဖို႔တံခါးဘုကိုကိုင္ဖို႔လက္လွမ္းေနၿပီ ။ ခင္ဗ်ားသိပ္ရက္စက္လြန္းတယ္ ! တစ္ဖက္လူဘယ္လိုက်န္ခဲ့မယ္ဆိုတာကိုဘယ္ေတာ့မွထည့္မတြက္ဘူး ။ မငိုခ်င္ေတာ့ဘူး ... တစ္ခ်ိဳ႕နာက်င္ျခင္းေတြကမ်က္ရည္မက်ဘူး၊ငိုသံမၾကားရဘူးဒါေပမယ့္ မ်က္ရည္က်ၿပီးေအာ္ငိုရတာထက္တိတ္တဆိတ္နာက်င္ရတာကပိုနာက်င္ရတယ္ ။
#############