Part : 20 [ U & Z ]
Part : 20 [ U & Z ]
Uni❤️
မျက်နှာချင်းဆိုင်ကဝိုင်းမှာမိန်းမတစ်ယောက်နဲ့ပြုံးပျော်ကြည်နူးနေတဲ့ဝမ်ရိပေါ်ဆိုတဲ့လူကိုအခုချိန်မှာဆွဲထိုးပစ်ချင်တာပဲသိသည် ။ ထွက်သွားလို့ပြောလိုက်တဲ့နေ့ကတည်းကကိုယ့်ရှေ့ပေါ်မလာတာတစ်ပတ်ရှိနေပြီ ။ အခုတွေ့တော့လည်းတိုက်တိုက်ဆိုင်ဆိုင်ပဲ မိန်းမတစ်ယောက်နဲ့ ။ သူကျတွေ့ကရာမိန်းမနဲ့ပတ်သတ်မယ်ပေါ့၊ကိုယ့်ကျကိုယ့်ချစ်သူတစ်ယောက်လုံးကိုတောင်အိမ်လာမခံနဲ့တဲ့ ။ တရားကျပါ့ !
" ကိုကိုဘာတွေတွေးနေတာလဲ "
" အမ် !! ဘာမှမဟုတ်ပါဘူး "
ကျောက်ယွီနဲ့လာဒိတ်မိတဲ့ဆိုင်မှာတဲ့တဲ့တိုးရတယ်လို့ ။ ပြီးတော့ကိုယ်ကသာသူ့ကိုကြည့်ကြည့်မိနေတာ သူကကိုယ့်ကိုရှိတယ်တောင်မထင် ။ မဟုတ်ဘူး ဘေးမှာဘယ်သူတွေရှိလည်းတောင်သိမှာမဟုတ်ဘူး၊မိုးမမြင်လေမမြင်ကြည်နူးနေကြတာဆိုတော့ ။
" ကိုကိုနေမကောင်းဘူးလား "
" ဟင် ! "
" စိတ်နဲ့လူနဲ့မကပ်ဘူးလားလို့လေ ဟုတ်လား "
" အာ .. အင်း .. ကိုယ်နေမကောင်းချင်သလိုဖြစ်နေတာထင်တယ် "
" အဲ့ဒါဆိုဒိတ်တာဖြတ်လိုက်မယ်လေ၊ကိုကိုအိမ်ပြန်နားလိုက်ပါ "
ဒီကောင်မလေးကအဲ့သည်လိုအမြဲအလိုက်သိသည် ။
" အဲ့လိုပဲလုပ်ကြတာပေါ့ "
ပြန်သွားတဲ့နှစ်ယောက်ကိုကြည့်ပြီးဒေါသကငယ်ထိတ်ရောက်နေပြီဖြစ်သည် ။ အေးလေ ! ကိုယ့်စကားကိုသူကဂရုစိုက်နေတဲ့သူမှမဟုတ်တာ ။ ရှေ့မှာအလုပ်ကိစ္စပြောနေပေမဲ့စိတ်ကထိုင်နေတဲ့ဝိုင်းမှာမရှိဘဲမျက်နှာချင်းဆိုင်ဝိုင်းမှာသာရှိနေသည် ။ အလုပ်ကိစ္စကပြောလို့မပြီးသေးဘူး သူတို့အတွဲကထွက်သွားပြီမလို့လူကဖင်တကြွကြွ ။
" မောင်လေး ကိစ္စတစ်ခုခုရှိလို့လား "
" ဟုတ်ကဲ့အစ်မ .. ကျွန်တော်အရေးကြီးကိစ္စလေးရှိလို့ပါ "
" အလုပ်ကိစ္စလည်းပြောလို့ပြီးနေပြီပဲ၊သွားလေ "
" အစ်ကို့ကိုလည်းပြောလိုက်အုံးအစ်မ နောက်မှလာလည်မယ်လို့ "
" အေးအေးမောင်လေး ပြောလိုက်မယ် "
အစ်မနဲ့အစ်မယောက်ျားအစ်ကိုနဲ့က ကိုယ်ဂျပန်မှာကျောင်းတတ်တုန်းက Nike တံဆိပ်နဲ့ဖိနပ်တို့အင်္ကျီတို့ဘောင်းဘီတို့အိတ်တို့သူလိုချင်တာအသစ်ရောက်တိုင်းသွားသွားဝယ်နေကျဆိုင်ပိုင်ရှင်လင်မယားဖြစ်သည် ။ အမြဲဝယ်နေကျမလိုတော်တော်ခင်သွားကြ၏။ အခုဆိုင်ချဲ့ဖို့လို့ကြားလို့ရှယ်ယာဝင်ချင်လို့ရလားမေးကြည့်တာအဆင်ပြေတယ်ဆိုလို့ဆွေးနွေးနေတုန်း ဟိုအတွဲကဆိုက်ဆိုက်မြိုက်မြိုက်ဒီဆိုင်ကိုရောက်လာခြင်းဖြစ်သည် ။
ရှောင်းကျန့်ခြံရှေ့ကားရပ်လိုက်သည်နှင့်တပြိုင်နက်ဟွန်းကိုငါးချက်လောက်ဆက်တိုက်တီးပစ်လိုက်သည် ။ ချက်ချင်းပဲခြံထဲကိုအမျိုးသမီးတစ်ယောက်ဆင်းပြေးလာသည်၊ရှောင်းကျန့်ရဲ့ချစ်လှစွာသောအမျိုးသမီးနေမှာပေါ့ ။ ခြံတံခါးဖွင့်ပြီးဘယ်သူနဲ့တွေ့ချင်လို့လဲလာမေးရင်းကိုယ့်ကိုမှတ်မိသွားသည်ထင်ပါ့ 'အော် .. ကိုကို့အစ်ကိုပဲ 'ဆိုပြီးခြံတံခါးဖွင့်ပေးတာနဲ့ကိုယ်လည်းကားထားတဲ့နေရာမှာရပ်လိုက်ပြီးအပေါ်ထပ်တတ်ခဲ့လိုက်သည် ။ မင်းကိုကိုရဲ့အစ်ကိုမဟုတ်ဘူး၊မင်းကိုကိုရဲ့ယောက်ျားဖြစ်နေတာလို့တော့ပြောမနေတော့ဘူး ။
ကျွီ !
တံခါးဖွင့်သံကြားလို့ကျောက်ယွီထင်ပြီးလှည့်ကြည့်လိုက်တော့ …
" ကိုငယ် ~ "
" အေး!မင်းလင် "
" ကိုငယ်စကားပြောဆင်ခြင်ပါ "
ဒီကောင့်ကိုအခုမှသေချာကြည့်မိတယ်၊ရေချိုးပြီးကာစလားမသိ bathrobe နဲ့ ။ ကောင်မလေးရှိနေတာကိုသူကအပေါ်မှာအေးအေးဆေးဆေးရေချိုးနေတာလား ။ ဒါမှမဟုတ် ကိုယ့်ကားဟွန်းတီးသံကြားမှအပေါ်ကပြေးဆင်းလာတာလား ၊ အဲ့ဒါဆိုနှစ်ယောက်လုံးအပေါ်မှာလား ၊ ဟာကွာ …
" တောက်စ် !! "
ဘာမပြောညာမပြောနဲ့တောက်စ်ထခေါက်တဲ့လူကြောင့်ရှောင်းကျန့်ခင်ဗျာကိုယ်လေးတစ်ချက်တွန့်သွားသည် ။ ဘာလဲဒီလူ ရူးများနေသလား !
ကိုယ်ကသာအတွေးပေါင်းစုံနဲ့ထူပူနေတာ သူကအေးအေးဆေးဆေးပဲအဝတ်စားလဲဖို့လုပ်နေသည်တဲ့လား ။ စိတ်ကတိုနေတာမို့ အေးအေးဆေးဆေးလုပ်နိုင်နေတဲ့ရှောင်းကျန့်လက်မောင်းကိုအားနဲ့ဆွဲလိုက်သည် ။
" ကိုငယ် ! ဘာလုပ်တာလဲ "
" မင်းကရောငါ့ကွယ်ရာမှာဘာလုပ်နေတာလဲ ဟမ် !! "
" ဘာလို့အကျယ်ကြီးအော်နေတာလဲ .. ဧည့်သည်ရှိနေတာကို "
" အဲ့ဒါဆိုရင်ပြန်ခိုင်းလိုက် ငါကတော့ပြောမှာပဲ "
" ဘာတွေများဒီလောက်စိတ်တိုစရာတွေရှိနေရတာလဲဗျာ "
" မင်းလုပ်လို့လေ မင်းကြောင့် "
" ကျွန်တော့်ကြောင့် "
မျက်ခုံးလေးနှစ်ဖက်လုံးပင့်ပြီးအံ့ဩသလိုလေးလုပ်ပြလာတဲ့အကောင်ပေါက်လေးကချစ်စရာမျက်နှာဘေးလေးမို့စိတ်တိုနေတာတောင်ဘယ်နားမှာမှန်းမသိ ။ အူယားလာတာထိန်းမရတော့တာနဲ့ ရှေ့တည့်တည့်ကကောင်လေးရဲ့ခါးကိုဇက်ကနဲဆွဲဖက်လိုက်ပြီး ကောင်လေးရဲ့နှုတ်ခမ်းလေးကိုနူးနူးညံ့ညံ့နမ်းလိုက်သည် ။ မျက်လုံးစုံမှိတ်ပြီးကြင်နာစွာနမ်းနေသည်မို့ ရုတ်တရက်အနမ်းခံလိုက်ရသည့်ကောင်လေးရဲ့ဖြစ်သွားမဲ့မျက်နှာလေးကိုမကြည့်လိုက်ရ ။
" လွှတ်..လွှတ်တော့လေ .. အောက်မှာကျောက်ယွီရှိသေးတယ် "
ရင်ဘတ်ကိုအတင်းတွန်းပြီးသတိပေးလာမှလက်ရှိအခြေအနေကိုပြန်သတိရတော့သည် ။ ဒီကောင်လေးလဲမောသွားမှာပဲ နမ်းတာတော်တော်ကြာသွားသည်ကို ။
" ပြန်ခိုင်းလိုက်တော့နော် ကိုယ်ဆင်းမလာတော့ဘူး၊အိပ်လိုက်အုံးမယ် အိပ်ရေးပျက်ထားလို့ "
" အင်း "
အစောကဝတ်ဖို့ထုတ်ထားပြီးမဝတ်ရသေးတဲ့အဝတ်တွေကိုဝတ်လိုက်ပြီး ကိုယ်တကယ်နေမကောင်းဘူးထင်ပြီးကြက်စွတ်ပြုတ်လုပ်နေတဲ့ကျောက်ယွီဆီကိုသွားလိုက်သည် ။ ကျောက်ယွီကိုကိုယ်တမင်လိမ်တာမဟုတ်ပါဘူး ခွင့်လွှတ်ပါဘေဘီ ။
" ကိုကိုရေချိုးလိုက်တာလား ! ဖျားချင်နေတာကိုဘာလို့ရေချိုးတာလဲ "
ရှောင်းကျန့်ပြုံးရုံသာပြုံးလိုက်ပြီးထမင်းစားပွဲမှာထိုင်လိုက်သည် ။
" ရော့ ! ဒါလေးသောက်လိုက် ပြီးတာနဲ့ဆေးသောက်ပြီးနားတော့နော် "
" ကျေးဇူးတင်ပါတယ် ဘေဘီ "
" ဟုတ်ကဲ့ "
" ဟို .. ဘေဘီလည်းအိမ်ပြန်နားတော့ပါ့လား၊တစ်ပတ်လုံးလည်းအလုပ်ပင်ပန်းထားတာမလား "
" ဟုတ် ! ပန်းကန်တွေဘာတွေသေချာပြန်ဆေးပေးခဲ့မလို့လေ "
" ရတယ်ဘေဘီ !! ကိုယ်လုပ်လို့ရပါတယ် "
" အဲ့ဒါဆိုဘေဘီပြန်တော့မယ်လေနော် "
" အင်း!ကားသေချာမောင်းနော် "
ပြုံးပြပြီးခေါင်းညိမ့်ပြသွားတဲ့ကောင်မလေးကိုကြည့်ရင်းသက်ပြင်းချမိ၏။ သူဘာတွေလုပ်နေမိပြီလဲ ။ အပေါ်ကလူရောအိပ်ပျော်နေပြီလားမသိဘူး၊ပင်ပန်းနေတာဆိုတော့ဒီကြက်စွတ်ပြုတ်လေးသွားတိုက်အုံးမှ ! မဟုတ်လည်း တစ်ယောက်တည်းကုန်တာမှမဟုတ်တာ ။
ကျောက်ယွီပြုတ်ပေးထားတဲ့အိုးထဲမှာကျန်နေတဲ့စွတ်ပြုတ်တွေကို ပန်းကန်လုံးတစ်လုံးထဲသို့ခွဲထည့်လိုက်ပြီးဇွန်းတပ်ကာ လင်ဗန်းပေါ်သူ့အတွက်စွတ်ပြုတ်ပန်းကန်နဲ့ကိုယ့်အတွက်စွတ်ပြုတ်ပန်းကန်ကိုပါထည့်ပြီးအပေါ်ထပ်ကိုသယ်ခဲ့လိုက်သည် ။ ဘေဘီ ~ မင်းကုသိုလ်နှစ်ခါရတာပေါ့ ။
အခန်းတံခါးကိုကိုယ်လုံးလေးနဲ့အသာတိုးဝင်ပြီးအထဲကိုခြေသံဖွဖွလေးနဲ့ဝင်လိုက်ပြီး ကုတင်ဘေးကစာကြည့်စားပွဲပေါ်စွတ်ပြုတ်ဗန်းကိုတင်လိုက်သည် ။ ပြီးမှပက်လက်အိပ်နေသူအနားသာသာလေးတိုးသွားပြီးအိပ်နေလားသေချာအောင်မျက်လုံးရှေ့ကိုလက်ဝါးလေးကိုရမ်းကြည့်သေးသည် ။ ဘာမှမထူးခြားမှအိပ်နေတာသေချာသွားမှ အဲ့သည်လူရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုစီကိုသေချာကြည့်ရင်းလက်တွေကလျှောက်ကိုင်ကြည့်နေလိုက်၏။ နောက်ဆုံးနဖူးလေးကိုမြတ်မြတ်နိုးနိုးနမ်းလိုက်မိ၏။ နောက်တော့မျက်ရည်လေးခိုးကျမိသည် ၊ ဒီလူကိုလွမ်းနေခဲ့ရတာဘယ်နှစ်နှစ်တောင်ရှိပြီလဲကွယ် ~~~
အိပ်ချင်ယောင်ဆောင်နေတဲ့သူလေးရင်ထဲမှာတော့ရထားအဆင်းတစ်ရာလောက်ဖြတ်ပြေးနေသလိုပင် ။ ဒီကောင်လေးနဲ့ဒီလိုနေချင်နေတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ ။ မြတ်နိုးလိုက်တာ ကလေးလေးရယ် …
" အငယ်လေး ~ "
" ဟင် ! နိုးနေတာလား "
" ဟင့်အင်း ! မအိပ်ရသေးတာ "
" အာ … "
" အောက်မှာနှစ်ယောက်ထဲမလို့စိတ်မချလို့ "
" ဟွန်း ! "
ဟား~ဘာအမူအရာလေးလဲကွာ …
ရှောင်းကျန့်ကတော့ဒီကောင့်ကိုခြွေရမယ်ဆို နည်းလမ်းပေါင်းစုံကိုတတ်တော့တာပဲ ။ စိတ်မဆိုးတဲ့အပြင် မျက်စောင့်ထိုးပြီးဘေးစားပွဲပေါ်ကလင်ဗန်းသွားယူတဲ့ကောင်လေးကိုတော်တော်မြတ်နိုးနေမိပြီ ။
" ရော့ ! ဒါလေးသောက်လိုက်အုံး "
" ဟိုတစ်ယောက်လုပ်ပေးခဲ့တာမလား "
" သောက်စရာရှိတာသာသောက်စမ်းပါ တကယ်ပဲ "
ထိုးပြန်ပြီမျက်စောင်း !
စိတ်ရှိသလိုဆွဲလုပ်လိုက်ရင်ဒီကောင်လေးပဲခံရမှာ !
" အစောကကျွန်တော်နေမကောင်းဘူးထင်လို့သူကလိုက်ပို့ပြီးကြက်စွတ်ပြုတ်လိုက်လုပ်ပေးတာပါ .. သူအပေါ်ထပ်ကိုလုံးဝမတတ်ပါဘူး "
ဒါကကိုယ်တမျိုးထင်နေမှာစိုးလို့ရှင်းပြသည်ပေါ့ ။ စွတ်ပြုတ်သောက်ရင်းမော့မကြည့်ဘဲမကြိုက်ကြောင်းပွင့်ပွင့်လင်းလင်းပဲပြောလိုက်သည် ။
" ကိုယ်မကြိုက်ဘူး "
" ဟာ … သူကကျွန်တော့်ချစ်သူလေ "
" အဲ့တာဆိုငါ့ကိုရောအစ်ကိုတစ်ယောက်လိုပဲသတ်မှတ်တာလား "
မေးလိုက်တော့ကျမျက်နှာကိုဝရံတာဘက်ကိုလှည့်သွားသည် ။
" သေချာလား အဲ့သည်လိုသတ်မှတ်တာ "
သိတာပေါ့ ဒီကောင်လေးလည်းသူ့အပေါ်မှာခံစားချက်ရှိနေတယ်ဆိုတာ၊အဲ့ဒါဆိုဘာလို့မချစ်မနှစ်သက်တဲ့မိန်းကလေးကိုဆက်တွဲနေသေးလဲ ။ ပြီးတော့ကိုယ်တို့နှစ်ယောက်အခြေအနေက …
#############
Zawgyi❤️
မ်က္ႏွာခ်င္းဆိုင္ကဝိုင္းမွာမိန္းမတစ္ေယာက္နဲ႔ၿပံဳးေပ်ာ္ၾကည္ႏူးေနတဲ့ဝမ္ရိေပၚဆိုတဲ့လူကိုအခုခ်ိန္မွာဆြဲထိုးပစ္ခ်င္တာပဲသိသည္ ။ ထြက္သြားလို႔ေျပာလိုက္တဲ့ေန့ကတည္းကကိုယ့္ေရ႔ွေပၚမလာတာတစ္ပတ္ရိွေနၿပီ ။ အခုေတြ့ေတာ့လည္းတိုက္တိုက္ဆိုင္ဆိုင္ပဲ မိန္းမတစ္ေယာက္နဲ႔ ။ သူက်ေတြ့ကရာမိန္းမနဲ႔ပတ္သတ္မယ္ေပါ့၊ကိုယ့္က်ကိုယ့္ခ်စ္သူတစ္ေယာက္လံုးကိုေတာင္အိမ္လာမခံနဲ႔တဲ့ ။ တရားက်ပါ့ !
" ကိုကိုဘာေတြေတြးေနတာလဲ "
" အမ္ !! ဘာမွမဟုတ္ပါဘူး "
ေက်ာက္ယြီနဲ႔လာဒိတ္မိတဲ့ဆိုင္မွာတဲ့တဲ့တိုးရတယ္လို႔ ။ ၿပီးေတာ့ကိုယ္ကသာသူ႔ကိုၾကၫ့္ၾကၫ့္မိေနတာ သူကကိုယ့္ကိုရိွတယ္ေတာင္မထင္ ။ မဟုတ္ဘူး ေဘးမွာဘယ္သူေတြရိွလည္းေတာင္သိမွာမဟုတ္ဘူး၊မိုးမျမင္ေလမျမင္ၾကည္ႏူးေနၾကတာဆိုေတာ့ ။
" ကိုကိုေနမေကာင္းဘူးလား "
" ဟင္ ! "
" စိတ္နဲ႔လူနဲ႔မကပ္ဘူးလားလို႔ေလ ဟုတ္လား "
" အာ .. အင္း .. ကိုယ္ေနမေကာင္းခ်င္သလိုျဖစ္ေနတာထင္တယ္ "
" အဲ့ဒါဆိုဒိတ္တာျဖတ္လိုက္မယ္ေလ၊ကိုကိုအိမ္ျပန္နားလိုက္ပါ "
ဒီေကာင္မေလးကအဲ့သည္လိုအၿမဲအလိုက္သိသည္ ။
" အဲ့လိုပဲလုပ္ၾကတာေပါ့ "
ျပန္သြားတဲ့ႏွစ္ေယာက္ကိုၾကၫ့္ၿပီးေဒါသကငယ္ထိတ္ေရာက္ေနၿပီျဖစ္သည္ ။ ေအးေလ ! ကိုယ့္စကားကိုသူကဂရုစိုက္ေနတဲ့သူမွမဟုတ္တာ ။ ေရ႔ွမွာအလုပ္ကိစၥေျပာေနေပမဲ့စိတ္ကထိုင္ေနတဲ့ဝိုင္းမွာမရိွဘဲမ်က္ႏွာခ်င္းဆိုင္ဝိုင္းမွာသာရိွေနသည္ ။ အလုပ္ကိစၥကေျပာလို႔မၿပီးေသးဘူး သူတို႔အတြဲကထြက္သြားၿပီမလို႔လူကဖင္တႂကြၾကြ ။
" ေမာင္ေလး ကိစၥတစ္ခုခုရိွလို႔လား "
" ဟုတ္ကဲ့အစ္မ .. ကြၽန္ေတာ္အေရးႀကီးကိစၥေလးရိွလို႔ပါ "
" အလုပ္ကိစၥလည္းေျပာလို႔ၿပီးေနၿပီပဲ၊သြားေလ "
" အစ္ကို႔ကိုလည္းေျပာလိုက္အံုးအစ္မ ေနာက္မွလာလည္မယ္လို႔ "
" ေအးေအးေမာင္ေလး ေျပာလိုက္မယ္ "
အစ္မနဲ႔အစ္မေယာက္်ားအစ္ကိုနဲ႔က ကိုယ္ဂ်ပန္မွာေက်ာင္းတတ္တုန္းက Nike တံဆိပ္နဲ႔ဖိနပ္တို႔အက်ႌတို႔ေဘာင္းဘီတို႔အိတ္တို႔သူလိုခ်င္တာအသစ္ေရာက္တိုင္းသြားသြားဝယ္ေနက်ဆိုင္ပိုင္ရွင္လင္မယားျဖစ္သည္ ။ အၿမဲဝယ္ေနက်မလိုေတာ္ေတာ္ခင္သြားၾက၏။ အခုဆိုင္ခ်ဲ့ဖို႔လို႔ၾကားလို႔ရွယ္ယာဝင္ခ်င္လို႔ရလားေမးၾကၫ့္တာအဆင္ေျပတယ္ဆိုလို႔ေဆြးေနြးေနတုန္း ဟိုအတြဲကဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ဒီဆိုင္ကိုေရာက္လာျခင္းျဖစ္သည္ ။
ေရွာင္းက်န႔္ၿခံေရ႔ွကားရပ္လိုက္သည္ႏွင့္တၿပိဳင္နက္ဟြန္းကိုငါးခ်က္ေလာက္ဆက္တိုက္တီးပစ္လိုက္သည္ ။ ခ်က္ခ်င္းပဲၿခံထဲကိုအမ်ိဳးသမီးတစ္ေယာက္ဆင္းေျပးလာသည္၊ေရွာင္းက်န႔္ရဲ့ခ်စ္လွစြာေသာအမ်ိဳးသမီးေနမွာေပါ့ ။ ၿခံတံခါးဖြင့္ၿပီးဘယ္သူနဲ႔ေတြ့ခ်င္လို႔လဲလာေမးရင္းကိုယ့္ကိုမွတ္မိသြားသည္ထင္ပါ့ 'ေအာ္ .. ကိုကို႔အစ္ကိုပဲ 'ဆိုၿပီးၿခံတံခါးဖြင့္ေပးတာနဲ႔ကိုယ္လည္းကားထားတဲ့ေနရာမွာရပ္လိုက္ၿပီးအေပၚထပ္တတ္ခဲ့လိုက္သည္ ။ မင္းကိုကိုရဲ့အစ္ကိုမဟုတ္ဘူး၊မင္းကိုကိုရဲ့ေယာက္်ားျဖစ္ေနတာလို႔ေတာ့ေျပာမေနေတာ့ဘူး ။
ကြၽီ !
တံခါးဖြင့္သံၾကားလို႔ေက်ာက္ယြီထင္ၿပီးလွၫ့္ၾကၫ့္လိုက္ေတာ့ …
" ကိုငယ္ ~ "
" ေအး!မင္းလင္ "
" ကိုငယ္စကားေျပာဆင္ျခင္ပါ "
ဒီေကာင့္ကိုအခုမွေသခ်ာၾကၫ့္မိတယ္၊ေရခ်ိဳးၿပီးကာစလားမသိ bathrobe နဲ႔ ။ ေကာင္မေလးရိွေနတာကိုသူကအေပၚမွာေအးေအးေဆးေဆးေရခ်ိဳးေနတာလား ။ ဒါမွမဟုတ္ ကိုယ့္ကားဟြန္းတီးသံၾကားမွအေပၚကေျပးဆင္းလာတာလား ၊ အဲ့ဒါဆိုႏွစ္ေယာက္လံုးအေပၚမွာလား ၊ ဟာကြာ …
" ေတာက္စ္ !! "
ဘာမေျပာညာမေျပာနဲ႔ေတာက္စ္ထေခါက္တဲ့လူေၾကာင့္ေရွာင္းက်န႔္ခင္ဗ်ာကိုယ္ေလးတစ္ခ်က္တြန႔္သြားသည္ ။ ဘာလဲဒီလူ ရူးမ်ားေနသလား !
ကိုယ္ကသာအေတြးေပါင္းစံုနဲ႔ထူပူေနတာ သူကေအးေအးေဆးေဆးပဲအဝတ္စားလဲဖို႔လုပ္ေနသည္တဲ့လား ။ စိတ္ကတိုေနတာမို႔ ေအးေအးေဆးေဆးလုပ္ႏိုင္ေနတဲ့ေရွာင္းက်န႔္လက္ေမာင္းကိုအားနဲ႔ဆြဲလိုက္သည္ ။
" ကိုငယ္ ! ဘာလုပ္တာလဲ "
" မင္းကေရာငါ့ကြယ္ရာမွာဘာလုပ္ေနတာလဲ ဟမ္ !! "
" ဘာလို႔အက်ယ္ႀကီးေအာ္ေနတာလဲ .. ဧၫ့္သည္ရိွေနတာကို "
" အဲ့ဒါဆိုရင္ျပန္ခိုင္းလိုက္ ငါကေတာ့ေျပာမွာပဲ "
" ဘာေတြမ်ားဒီေလာက္စိတ္တိုစရာေတြရိွေနရတာလဲဗ်ာ "
" မင္းလုပ္လို႔ေလ မင္းေၾကာင့္ "
" ကြၽန္ေတာ့္ေၾကာင့္ "
မ်က္ခံုးေလးႏွစ္ဖက္လံုးပင့္ၿပီးအံ့ဩသလိုေလးလုပ္ျပလာတဲ့အေကာင္ေပါက္ေလးကခ်စ္စရာမ်က္ႏွာေဘးေလးမို႔စိတ္တိုေနတာေတာင္ဘယ္နားမွာမွန္းမသိ ။ အူယားလာတာထိန္းမရေတာ့တာနဲ႔ ေရ႔ွတၫ့္တၫ့္ကေကာင္ေလးရဲ့ခါးကိုဇက္ကနဲဆြဲဖက္လိုက္ၿပီး ေကာင္ေလးရဲ့ႏႈတ္ခမ္းေလးကိုႏူးႏူးညံ့ညံ့နမ္းလိုက္သည္ ။ မ်က္လံုးစံုမိွတ္ၿပီးၾကင္နာစြာနမ္းေနသည္မို႔ ရုတ္တရက္အနမ္းခံလိုက္ရသၫ့္ေကာင္ေလးရဲ့ျဖစ္သြားမဲ့မ်က္ႏွာေလးကိုမၾကၫ့္လိုက္ရ ။
" လႊတ္..လႊတ္ေတာ့ေလ .. ေအာက္မွာေက်ာက္ယြီရိွေသးတယ္ "
ရင္ဘတ္ကိုအတင္းတြန္းၿပီးသတိေပးလာမွလက္ရိွအေျခအေနကိုျပန္သတိရေတာ့သည္ ။ ဒီေကာင္ေလးလဲေမာသြားမွာပဲ နမ္းတာေတာ္ေတာ္ၾကာသြားသည္ကို ။
" ျပန္ခိုင္းလိုက္ေတာ့ေနာ္ ကိုယ္ဆင္းမလာေတာ့ဘူး၊အိပ္လိုက္အံုးမယ္ အိပ္ေရးပ်က္ထားလို႔ "
" အင္း "
အေစာကဝတ္ဖို႔ထုတ္ထားၿပီးမဝတ္ရေသးတဲ့အဝတ္ေတြကိုဝတ္လိုက္ၿပီး ကိုယ္တကယ္ေနမေကာင္းဘူးထင္ၿပီးၾကက္စြတ္ျပဳတ္လုပ္ေနတဲ့ေက်ာက္ယြီဆီကိုသြားလိုက္သည္ ။ ေက်ာက္ယြီကိုကိုယ္တမင္လိမ္တာမဟုတ္ပါဘူး ခြင့္လႊတ္ပါေဘဘီ ။
" ကိုကိုေရခ်ိဳးလိုက္တာလား ! ဖ်ားခ်င္ေနတာကိုဘာလို႔ေရခ်ိဳးတာလဲ "
ေရွာင္းက်န႔္ၿပံဳးရံုသာၿပံဳးလိုက္ၿပီးထမင္းစားပြဲမွာထိုင္လိုက္သည္ ။
" ေရာ့ ! ဒါေလးေသာက္လိုက္ ၿပီးတာနဲ႔ေဆးေသာက္ၿပီးနားေတာ့ေနာ္ "
" ေက်းဇူးတင္ပါတယ္ ေဘဘီ "
" ဟုတ္ကဲ့ "
" ဟို .. ေဘဘီလည္းအိမ္ျပန္နားေတာ့ပါ့လား၊တစ္ပတ္လံုးလည္းအလုပ္ပင္ပန္းထားတာမလား "
" ဟုတ္ ! ပန္းကန္ေတြဘာေတြေသခ်ာျပန္ေဆးေပးခဲ့မလို႔ေလ "
" ရတယ္ေဘဘီ !! ကိုယ္လုပ္လို႔ရပါတယ္ "
" အဲ့ဒါဆိုေဘဘီျပန္ေတာ့မယ္ေလေနာ္ "
" အင္း!ကားေသခ်ာေမာင္းေနာ္ "
ၿပံဳးျပၿပီးေခါင္းညိမ့္ျပသြားတဲ့ေကာင္မေလးကိုၾကၫ့္ရင္းသက္ျပင္းခ်မိ၏။ သူဘာေတြလုပ္ေနမိၿပီလဲ ။ အေပၚကလူေရာအိပ္ေပ်ာ္ေနၿပီလားမသိဘူး၊ပင္ပန္းေနတာဆိုေတာ့ဒီၾကက္စြတ္ျပဳတ္ေလးသြားတိုက္အံုးမွ ! မဟုတ္လည္း တစ္ေယာက္တည္းကုန္တာမွမဟုတ္တာ ။
ေက်ာက္ယြီျပဳတ္ေပးထားတဲ့အိုးထဲမွာက်န္ေနတဲ့စြတ္ျပဳတ္ေတြကို ပန္းကန္လံုးတစ္လံုးထဲသို႔ခြဲထၫ့္လိုက္ၿပီးဇြန္းတပ္ကာ လင္ဗန္းေပၚသူ႔အတြက္စြတ္ျပဳတ္ပန္းကန္နဲ႔ကိုယ့္အတြက္စြတ္ျပဳတ္ပန္းကန္ကိုပါထၫ့္ၿပီးအေပၚထပ္ကိုသယ္ခဲ့လိုက္သည္ ။ ေဘဘီ ~ မင္းကုသိုလ္ႏွစ္ခါရတာေပါ့ ။
အခန္းတံခါးကိုကိုယ္လံုးေလးနဲ႔အသာတိုးဝင္ၿပီးအထဲကိုေျခသံဖြဖြေလးနဲ႔ဝင္လိုက္ၿပီး ကုတင္ေဘးကစာၾကၫ့္စားပြဲေပၚစြတ္ျပဳတ္ဗန္းကိုတင္လိုက္သည္ ။ ၿပီးမွပက္လက္အိပ္ေနသူအနားသာသာေလးတိုးသြားၿပီးအိပ္ေနလားေသခ်ာေအာင္မ်က္လံုးေရ႔ွကိုလက္ဝါးေလးကိုရမ္းၾကၫ့္ေသးသည္ ။ ဘာမွမထူးျခားမွအိပ္ေနတာေသခ်ာသြားမွ အဲ့သည္လူရဲ့မ်က္ႏွာအစိတ္အပိုင္းတစ္ခုစီကိုေသခ်ာၾကၫ့္ရင္းလက္ေတြကေလ်ွာက္ကိုင္ၾကၫ့္ေနလိုက္၏။ ေနာက္ဆံုးနဖူးေလးကိုျမတ္ျမတ္ႏိုးႏိုးနမ္းလိုက္မိ၏။ ေနာက္ေတာ့မ်က္ရည္ေလးခိုးက်မိသည္ ၊ ဒီလူကိုလြမ္းေနခဲ့ရတာဘယ္ႏွစ္ႏွစ္ေတာင္ရိွၿပီလဲကြယ္ ~~~
အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့သူေလးရင္ထဲမွာေတာ့ရထားအဆင္းတစ္ရာေလာက္ျဖတ္ေျပးေနသလိုပင္ ။ ဒီေကာင္ေလးနဲ႔ဒီလိုေနခ်င္ေနတာ ဘယ္ေလာက္ေတာင္ၾကာခဲ့ၿပီလဲ ။ ျမတ္ႏိုးလိုက္တာ ကေလးေလးရယ္ …
" အငယ္ေလး ~ "
" ဟင္ ! ႏိုးေနတာလား "
" ဟင့္အင္း ! မအိပ္ရေသးတာ "
" အာ … "
" ေအာက္မွာႏွစ္ေယာက္ထဲမလို႔စိတ္မခ်လို႔ "
" ဟြန္း ! "
ဟား~ဘာအမူအရာေလးလဲကြာ …
ေရွာင္းက်န႔္ကေတာ့ဒီေကာင့္ကိုေႁခြရမယ္ဆို နည္းလမ္းေပါင္းစံုကိုတတ္ေတာ့တာပဲ ။ စိတ္မဆိုးတဲ့အျပင္ မ်က္ေစာင့္ထိုးၿပီးေဘးစားပြဲေပၚကလင္ဗန္းသြားယူတဲ့ေကာင္ေလးကိုေတာ္ေတာ္ျမတ္ႏိုးေနမိၿပီ ။
" ေရာ့ ! ဒါေလးေသာက္လိုက္အံုး "
" ဟိုတစ္ေယာက္လုပ္ေပးခဲ့တာမလား "
" ေသာက္စရာရိွတာသာေသာက္စမ္းပါ တကယ္ပဲ "
ထိုးျပန္ၿပီမ်က္ေစာင္း !
စိတ္ရိွသလိုဆြဲလုပ္လိုက္ရင္ဒီေကာင္ေလးပဲခံရမွာ !
" အေစာကကြၽန္ေတာ္ေနမေကာင္းဘူးထင္လို႔သူကလိုက္ပို႔ၿပီးၾကက္စြတ္ျပဳတ္လိုက္လုပ္ေပးတာပါ .. သူအေပၚထပ္ကိုလံုးဝမတတ္ပါဘူး "
ဒါကကိုယ္တမ်ိဳးထင္ေနမွာစိုးလို႔ရွင္းျပသည္ေပါ့ ။ စြတ္ျပဳတ္ေသာက္ရင္းေမာ့မၾကၫ့္ဘဲမႀကိဳက္ေၾကာင္းပြင့္ပြင့္လင္းလင္းပဲေျပာလိုက္သည္ ။
" ကိုယ္မႀကိဳက္ဘူး "
" ဟာ … သူကကြၽန္ေတာ့္ခ်စ္သူေလ "
" အဲ့တာဆိုငါ့ကိုေရာအစ္ကိုတစ္ေယာက္လိုပဲသတ္မွတ္တာလား "
ေမးလိုက္ေတာ့က်မ်က္ႏွာကိုဝရံတာဘက္ကိုလွၫ့္သြားသည္ ။
" ေသခ်ာလား အဲ့သည္လိုသတ္မွတ္တာ "
သိတာေပါ့ ဒီေကာင္ေလးလည္းသူ႔အေပၚမွာခံစားခ်က္ရိွေနတယ္ဆိုတာ၊အဲ့ဒါဆိုဘာလို႔မခ်စ္မႏွစ္သက္တဲ့မိန္းကေလးကိုဆက္တြဲေနေသးလဲ ။ ၿပီးေတာ့ကိုယ္တို႔ႏွစ္ေယာက္အေျခအေနက …
#############