Part : 21 [ U & Z ]
Part : 21 [ U & Z ]
Uni❤️
" ကျွန်တော်ညီအစ်ကိုလိုပဲသတ်မှတ်တယ် ကိုငယ် "
" သေချာလားရှောင်းကျန့် "
" … "
" မေးရင်ဖြေရှောင်းကျန့်! မထုံတတ်တေးလာမလုပ်နဲ့ငါ့ကို "
ဒါတောင်လူကိုအရေးမလုပ်ဘူး တကယ်အကြောတင်း !
ကြက်စွတ်ပြုတ်အတူတူသောက်နေကြတုန်းကအကောင်း ဒီအကြောင်းဟမိမှအခုလိုဖြစ်သွားရသည် ။
" ဟာကွာ ! တောက်စ် ! "
အစောကအိပ်ချင်နေတဲ့လူက အခုကျကိုယ့်ကိုဒေါသထွက်နေသည်ပေါ့ ။ ကိုယ်ပြောတာမှားသလား ညီအစ်ကိုလိုသဘောမထားဘဲဘယ်လိုသဘောထားရမှာလဲ ၊ သူကရောကိုယ့်ကိုဘယ်လိုတွေများသဘောထားနေလို့လဲ ။ အမြဲတမ်းကိုယ်ကပဲအပြစ်ကြီးလုပ်ထားသလိုလိုဒေါသလာလာထွက်ပြနေတာ ဒီထပ်ပိုပြီးသည်းမခံနိုင်တော့ ။
" ကျွန်တော်ကဘာတွေများလုပ်နေလို့ဒေါသလာထွက်ပြနေတာလဲ ဟမ် !! အဲ့လိုဖြစ်နေတဲ့ကိုငယ်ကရောကိုယ့်ကိုယ်ကိုမှန်နေတယ်ထင်လို့လား "
" ဘာ !! "
" ဟုတ်တယ် ! အခုရောကျွန်တော်ပြောတာဘာမှားလို့လဲ "
" မင်းနဲ့ငါကညီအစ်ကိုဆက်ဆံရေးလား ဟမ် !! "
" မဟုတ်လို့လား ညီအစ်ကိုပဲကို "
" မင်းကိုညီတစ်ယောက်လုံးသဘောမထားတာမင်းအသိဆုံး "
အခုတော့ပါးစပ်ကထုတ်ပြောပြီပေါ့ …
" ဟွန်း ! သိပါတယ် ~ ဟိုးအရင်ကတည်းကညီအစ်ကိုလိုသဘောမထားမှန်း အိမ်မှာခေါ်ထားတာကိုမကြည်ဖြူမှန်း "
ဟော .. ပြောတာနဲ့ထင်တာကတစ်လွဲ !
ကိုယ်ပြောတဲ့သဘောက သူနဲ့ကိုယ်ရဲ့ပတ်သတ်မှုကအိပ်ယာထဲထိတောင်ရောက်နေပြီဆိုတာ …
" ကျစ် !! ငါပြောတာအဲ့သဘောမဟုတ်ဘူး မင်းနဲ့ငါ့ရဲ့ပတ်သတ်မှုကိုမင်းမသိဘူးလား ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေတာလား "
" ဘာလဲ ဘာမှမသိဘူး "
ရှောင်းကျန့်တို့အရူးကွက်စနင်းနေပြီ ။
" မသိရင်ပြောပြမယ် သေချာနားထောင် ! မင်းနဲ့ငါကလင်မယားဖြစ်နေပြီ ရှင်းလား "
" ဘာ !! "
" မင်းမသိဘူးဆိုလို့ပြောပြတာ "
" အဲ့ဒီပတ်သတ်မှုကိုကျွန်တော်လက်မခံဘူး ကျွန်တော့်မှာချစ်သူရှိတယ်၊ကျွန်တော့်အိမ်ထောင်ဖက်ကသူပဲ "
" မင်းသူ့ကိုချစ်လား "
" အိမ်ထောင်တစ်ခုမှာချစ်နေရုံနဲ့မပြီးဘူး ၊ နားလည်မှုနဲ့ယုံကြည်မှုကအဓိကအချစ်ကအဓိကမဟုတ်ဘူး "
" သူနဲ့လက်ထပ်လိုက်ရင်ရောမင်းကပျော်မှာလား ပျော်မယ်ထင်လို့လား "
" သေချာပေါက်ပျော်မှာပေါ့ ကိုယ့်ချစ်သူနဲ့လပ်ထက်ရမှာပဲ "
" အိုကေ မင်းပျော်ရင်ပြီးတာပဲ၊မင်းကောင်မလေးကိုပြောလိုက်မနက်ဖြန်သူ့အိမ်ကိုငါကိုယ်တိုင်လိုက်တောင်းပေးပြီး ဒီတစ်ပတ်အတွင်းမင်္ဂလာပွဲတစ်ခါတည်းလုပ်ပေးမယ်လို့ "
ရှောင်းကျန့်အံ့ဩရပါ၏။ စကားအဖြစ်ပြောလိုက်တာပါ လက်တွေ့ကြီးကျတော့ …
" မင်းမင်္ဂလာပွဲပြီးတာနဲ့ငါဂျပန်ကိုသွားမယ် အပြီး "
" … "
" ငါပြန်ပြီ "
" ညည့်နက်နေပြီကို ~~ "
မရဲတရဲနဲ့တစ်ယောက်တည်းကြားရုံလောက်ပြောပေမဲ့သူဝမ်ရိပေါ်ကိုပါပြောမှန်းသိတာမို့
" မင်းဇနီးလောင်းကိုပဲစိတ်ပူစမ်းပါ ငါနဲ့ကအနေသာကြီးမလား "
ပြောပြီးတာနဲ့ပြန်ဖို့လုပ်နေတဲ့လူကိုဒီတစ်ခါတော့လွယ်လွယ်နဲ့လွှတ်ပေးဖို့အစီအစဉ်မရှိသည်မို့ တံခါးနားမှာပိတ်ရပ်လိုက်ပြီးလက်ကိုနှစ်ဖက်ဆန့်ထားလိုက်သည် ။ သူကတော့ကြောင်ကြည့်နေလေရဲ့ …
" ဘာအရူးထနေတာလဲ ရှေ့ကဖယ် "
" မဖယ်ဘူး "
" ရှောင်းကျန့် "
" ဘာလဲ ခင်ဗျားလုပ်ပြီးသားခန္ဓာကိုယ်ကိုတခြားမိန်းကလေးဆီကိုထိုးထည့်မလို့လား ပြောစမ်းပါဝမ်ရိပေါ်ရဲ့ "
" ဘာ !! ငါ့ကိုဘယ်လိုခေါ်လိုက်တယ် ၊ ပြီးတော့အဲ့ဒီလိုစကားကိုဘာလို့လက်လွှတ်စပယ်ပြောထွက်တာလဲ "
" ပြောတော့ဘာဖြစ်လဲ!ခင်ဗျားရှက်တာလား၊ကျွန်တော်ကတော့မရှက်ဘူး ယောက်ျားချင်းပဲရှက်စရာမလိုဘူး "
ဒီကောင်လေးတော်တော်ရဲတင်းနေပါ့လား !
" အဲ့ဒါဆိုယောက်ျားချင်းရှက်စရာမလိုတဲ့ကိစ္စကိုကိုယ်တို့ထပ်လုပ်လိုက်ကြမလား "
" ခင်ဗျား !! "
ပြောတုန်းကသာမကြောက်မရွံ့ပြောလိုက်ပေမဲ့တကယ်တမ်းကိုငယ်ပြန်ပြောတော့ကြောက်ပြန်ရော … သူနဲ့ဒုတိယအကြိမ်ထပ်နေဖို့ကမလွယ်ဘူးမလား ။
ပြွတ်စ် !
အနားကိုကပ်လာပြီးခါးကိုဆွဲဖက်ကာနှုတ်ခမ်းကိုတစ်ချက်အသံမြည်အောင်နမ်းလိုက်သည် ။ ကိုယ်ကတွေးနေတုန်းမို့သူကိုယ့်အနားကပ်လာတာကိုမမြင်လိုက်တာဖြစ်သည် ။ ကိုယ်လည်းသတိပြန်ကပ်လာတော့သူကကိုယ့်မျက်နှာနားပြန်ကပ်လာပြီးလက်တစ်ဖက်ကခေါင်းကိုထိန်းကာနှုတ်ခမ်းကိုစုပ်ယူပြီးနမ်းလေသည် ။ ဒီတစ်ခါတော့အစောကလိုတစ်ချက်တည်းနမ်းတာတော့မဟုတ် ။
အချိန်တစ်ခုကြာသည်အထိနမ်းရှိုက်ပြီး လူကလည်းမောလာကာခြေထောက်တွေကလည်းမခိုင်တော့တာကြောင့် ကိုငယ့်ရင်ဘတ်ကိုအသာလေးတွန်းလိုက်တော့လွှတ်ပေးလာသည် ။ လွှတ်ပေးပြီးတာနဲ့ကိုယ့်ပါးနှစ်ဖက်ကိုသူ့နှာခေါင်းလုံးလုံးလေးနဲ့နစ်ဝင်အောင်နမ်းလေသည် ။ ခနတော့ကြောင်သွားပေမဲ့ သူ့ရဲ့နူးနူးညံ့ညံ့အနမ်းကြီးကြောင့်ရှက်သွားပြီးခေါင်းကိုငုံ့ထားလိုက်၏။
ရှက်သွားသည့်လူရဲ့မေးစေ့လေးကိုဆွဲမော့စေကာ
" နေလို့အဆင်ပြေပါ့မလား ယောက်ျားလည်းညင်သာပေးမှာပါ "
ပါးစပ်ကပြန်မဖြေပေမဲ့ မျက်နှာကြီးနီပြီးခေါင်းလေးညိမ့်ပြတဲ့အကောင်ပေါက်ကြောင့်ပါးနှစ်ဖက်လုံးကိုနောက်တစ်ခေါက်ထပ်နမ်းမိပြန်၏။ ချစ်ရလွန်းလို့သေမှာပဲကွာ …
မင်းကဒီလူ့ကိုအရည်ပျော်အောင်လုပ် ကိုယ်ကအရည်ပျော်ဖို့အဆင်သင့်ပဲအချစ်လေး ။
××××××××××
" အားးးး ကျွတ်စ် ကျွတ်စ် "
ညည်းသံကြားလို့မျက်လုံးဖွင့်ကြည့်လိုက်တော့ကိုယ့်ကိုကျောပေးထားပြီးဟိုဘက်စောင်းအိပ်နေတဲ့အချစ်ကလေး ။ ညကသူစကားစလိုက်လို့ဒီလိုနေဖြစ်သွားတာမလို့ နာတာတောင်ကိုယ့်ကိုရန်မလုပ်ဘူး ။ မဟုတ်ရင်အခုချိန်ဆိုကိုယ့်မှာ သူထုတာထောင်းတာခံနေရလောက်ပြီ ။
" ကုပ္မဏီမသွားနဲ့ အိမ်မှာနားနေ .. ကိုယ်ခွင့်တင်လိုက်မယ် "
ကျောပေးအိပ်နေသူကိုပြောပြီးကိုယ်ကတော့အလုပ်သွားရမှာမို့ရေချိုးခန်းထဲဝင်ကာရေမိုးချိုးရသည် ။ ဒီနေ့လည်းအဝတ်ကအပိုမပါလာပေမဲ့ ယူဘင့်ကိုဒုက္ခထပ်မပေးချင်တာကြောင့်အိမ်ကိုတစ်ခေါက်ပြန်ပြီးအဝတ်ပြန်လဲရမှာပဲ မတတ်နိုင်ဘူး ။ ညကကိုကိုဖုန်းဆက်သေးတယ် ရှောင်းကျန့်အိမ်ရောက်နေတယ်လို့ပြောလိုက်တော့ ကလေးကိုဒုက္ခသွားပေးမနေနဲ့လို့ပြောပြီးဖုန်းချသွားလေရဲ့ ။
" ကိုယ့်အတွင်းရေးမှူးကိုအကိုက်အခဲပျောက်ဆေးနဲ့စားစရာတွေလာပို့ခိုင်းလိုက်မယ်၊ကိုယ်တိုင်ဘာမှထမလုပ်နဲ့ နားနားနေနေ,နေ ! သူလာပို့ရင်လည်းပစ္စည်းတွေကိုခြံတံခါးမှာချိတ်ခဲ့ခိုင်းလိုက်မယ် သူပြန်မှထွက်ယူနော် ! စားစရာကိုအချိုတွေချည်းဝယ်ပေးလိုက်မယ် အစပ်လုံးဝထည့်မစားနဲ့နော် "
ကိုယ်ကသာကုတင်စွန်းပေါ်ထိုင်ပြီးမှာနေတာ သူကကျောပေးပြီးအိပ်နေရာကလှည့်မလာ စကားမပြန် ။
" ကြားလားကိုယ်ပြောတာ "
" အင်း သွားတော့ ! ဂရုစိုက် "
" kiss လေးမပေးချင်ဘူးလား "
" kiss ထက်ကြီးတာကိုယူထားပြီးတော့ "
" ဟားးဟားး ဟုတ်ပါပြီဗျာ "
" လာ ဒီဘက်ကို "
သူ့ဘက်ကိုလျှောက်သွားပြီးမျက်နှာကိုငုံ့ချပေးလိုက်တော့နှုတ်ခမ်းကိုမနမ်းဘဲနဖူးကိုနမ်းလေသည် ။
" သွားတော့ ဂရုစိုက်သွားနော် "
" ဟုတ်ကဲ့ ကိုယ့်ယောက်ျားလေးပြောသလိုလုပ်ပါမယ်ခင်ဗျ "
ကိုယ့်စကားအဆုံးပြုံးပြပြီးခေါင်းငြိမ့်ပြတဲ့ကောင်းလေးကိုသွားခါနီးမခွဲချင်မခွာချင်ဖြစ်နေ၏။
" ကဲ ! ဒီနေ့ကုပ္မဏီသွားဖြစ်အုံးမှာလား "
" အခုတကယ်သွားပါပြီကွာ "
စိတ်ကိုဒီအိမ်မှာပဲထားခဲ့လိုက်ပြီးလူကတော့ကုပ္မဏီကိုထွက်လာခဲ့လိုက်သည် ။ ဟိုအိမ်ကိုအဝတ်တွေဝင်လဲပြီး အဝတ်သုံးစုံလောက်ကိုလည်းအိတ်နဲ့ထည့်ပြီးကားထဲထည့်လိုက်သည် ။ ရှောင်းကျန့်အိမ်သွားအိပ်တဲ့နေ့အဆင်ပြေအောင်လို့၊အိမ်နေရင်းအဝတ်အစားကတော့ယူစရာမလို bathrobe တစ်ထည်နဲ့နေလည်းရတာမို့ ။
အိမ်သူသက်ထားမှာသည့်အတိုင်းကားကိုဂရုစိုက်မောင်းပြီးကုပ္မဏီရောက်တာနဲ့ အတွင်းရေးမှူးကိုဒီနေ့အတွက်ဘာ အချိန်ဇယားရှိလဲမေးပြီးတော့ ရှောင်းကျန့်အတွက်ဆေးနဲ့စားစရာတချို့ကိုဝယ်ပြီးသူ့ခြံရှေ့ကိုချိတ်ခဲ့ဖို့မှာလိုက်သည် ။ ပြီးတာနဲ့ကိုယ့်ကိုဖုန်းဆက်ဖို့လည်းမှာရသေးသည် သူပို့ခဲ့ပြီဆိုတာဖုန်းဆက်မှကိုယ်ကရှောင်းကျန့်ကိုဖုန်းလှမ်းဆက်ပြီးပြောလို့ရမှာမို့ ။
အတွင်းရေးမှူးကောင်လေးလည်းခြံတံခါးမှာချိတ်ပြီးတာနဲ့ ဒါရိုက်တာဝမ့်ကိုဖုန်းဆက်လိုက်သည် ။ ပို့ပြီးရင်ပြီးတာပဲမဟုတ်ဘူးလား အဲ့ဒါကိုမင်းချိတ်ပြီးတာနဲ့ချက်ချင်းခြံရှေ့ကထွက်လာခဲ့ဆိုတဲ့ဒါရိုက်တာ့စကားကြောင့်လူကအဲ့ခြံရှေ့ကမခွာချင်တော့တာ ။ ဒါရိုက်တာသည်းသည်းလှုပ်ဖြစ်နေတဲ့သူကဘယ်လိုပုံစံလည်းဆိုတာလည်းသူသိချင်လာသည်မို့ခိုးကြည့်ရန်ဆုံးဖြတ်လိုက်သည် ။ ခနကြာတော့အမျိုးသားတစ်ယောက်ထွက်လာပြီးဟိုကြည့်ဒီကြည့်နဲ့အထုပ်တွေကိုလာယူသွားသည် ။ တော်တော်လှသည် .. အဲ့ဒါကြောင့်ဒါရိုက်တာဝမ်ကသည်းသည်းလှုပ်နေတာနေမှာပေါ့ ။ နေပါအုံး အဲ့ဒီလူကိုတွေ့ဖူးပါတယ် .. ဘယ်မှာပါလိမ့် ။
အတွင်းရေးမှူးကောင်းလေးလည်းကုပ္မဏီရောက်တဲ့အထိကားမောင်းရင်းစဉ်းစားလာပေမဲ့ အစောကလူဘယ်သူဆိုတာသူမမှတ်မိ ။ ကုပ္မဏီရောက်တော့စဉ်းစားချိန်ကမရတော့ဘူး ၊ ဒါရိုက်တာသွားသမျှလိုက် ဒါရိုက်တာခိုင်းသမျှလုပ်နေရတာနဲ့အားကိုမအားတော့ဘူး ။
#############
Zawgyi❤️
" … "
" ဟာကွာ ! တောက်စ် ! "
" ဘာ !! "
" ဘာလဲ ဘာမှမသိဘူး "
" ဘာ !! "
" မင်းသူ့ကိုချစ်လား "
" … "
" ငါပြန်ပြီ "
" ညည့်နက်နေပြီကို ~~ "
" မဖယ်ဘူး "
" ရှောင်းကျန့် "
" ခင်ဗျား !! "
ပြွတ်စ် !
××××××××××
" ကြားလားကိုယ်ပြောတာ "
" လာ ဒီဘက်ကို "
" အခုတကယ်သွားပါပြီကွာ "
#############