Part : 22 [ U & Z ]
Part : 22 [ U & Z ]
Uni❤️
ဒီနေ့တနင်္ဂနွေဆိုတော့ပုံမှန်အတိုင်းကျောက်ယွီနဲ့ဒိတ်ဖို့ဖြစ်လာပြန်သည် ။ တနင်္ဂနွေနေ့ရောက်တိုင်းလည်းကိုငယ်နဲ့စကားများရတာအမော ။ ဒီတနင်္ဂနွေကတော့ကိုငယ်ခရီးသွားတာမို့စကားတော့မများရတော့ဘူးထင်ပါရဲ့ ။ ကျောက်ယွီနဲ့လည်းလမ်းခွဲမယ်စဉ်းစားတိုင်း အပြစ်မရှိဘဲလမ်းခွဲမယ်လို့ပြောချင်နေတဲ့ကိုယ့်ကိုယ်တိုင်သာလိပ်ပြာမလုံဖြစ်ရတယ် ။ သူ့ကွယ်ရာမှာမဟုတ်တာလုပ်မိနေသလိုဖြစ်နေတော့စိတ်ကပိုပြီးမလုံခြုံတော့ဘူး ။ ဒီနေ့တော့လမ်းခွဲဖို့ကိုကိုယ့်စိတ်ကိုတင်းရင်းပြောဖို့လုပ်ရမည် ။ ကိုငယ်နဲ့ကလည်းအခုချိန်ထိတော့တိကျတဲ့ပတ်သတ်မှုမျိုးမရှိသေးပါဘူး ။ အတူတူနေဖြစ်တာကတော့သုံးရက်ခြားလောက်ပုံမှန်ဖြစ်နေတာပေါ့ ။
အရင်ကဆိုချိန်းထားတဲ့ဆိုင်ကိုကျောက်ယွီကကြိုရောက်နေတတ်ပေမဲ့ ဒီနေ့တော့ရှောင်းကျန့်ကကြိုရောက်နေ၏။ ကိုယ့်စိတ်ကိုလုံလုံခြုံခြုံနေနိုင်ဖို့ အမြဲတမ်းတွေးပြီးစိတ်မလေးတော့ဖို့ အဲ့ဒီလိုကိုယ့်စိတ်ကိုဖြစ်စေတဲ့ကိစ္စကြီးကိုဒီနေ့မှာရပ်တန့်ပစ်နိုင်တော့မှာမို့စိတ်ကပေါ့ပါးနေသယောင် ။ ခနနေတော့ကျောက်ယွီရောက်လာသည် အဲ့ဒီကောင်မလေးကမျက်နှာမကောင်းတာကြောင့် အိမ်ကနေဆိုင်ရောက်တဲ့အထိစိတ်ထဲမှာစီလာခဲ့သမျှစကားတွေကလည်ချောင်းဝမှာတင်ပျောက်ကွယ်သွားရပြန်သည် ။
" မျက်နှာလည်းမကောင်းပါလား ဘေဘီ "
" ကိုကို ~ "
" ဘာဖြစ်လာတာလဲကိုကို့ကိုပြော "
" ကိုကို့ကိုမျက်နှာတောင်မပြရဲပါဘူး "
" ဟမ် ! "
" ဘေဘီရှင်းပြပါ့မယ် ~ ဘေဘီ့ဖေဖေကလွန်ခဲ့တဲ့တစ်လလောက်ကကျန်းမာရေးစဖောက်တယ်၊အဲ့တော့မေမေကလည်းရှိသမျှပိုက်ဆံတွေပစ္စည်းတွေနဲ့ ဆးကုရင်းမနိုင်တော့သူတို့နဲ့ခင်တဲ့မိတ်ဆွေတစ်ယောက်စီကချေးပြီးကုရင်းနဲ့အကြွေးကလည်ပင်းနစ်လာတယ် ~ ပြန်ဆပ်ဖို့ကလည်းမလွယ်ဘူး ~ ဒါတောင်ဖေဖေကအရှင်းမပျောက်သေးဘူးလေ ~ ထပ်ချေးဖို့ဆိုတော့လည်းဟိုဘက်ကပမာဏကအရမ်းများနေပြီဆိုတော့အင်တင်တင်ဖြစ်နေကြပြီ ~ နောက်တော့တောင်းဆိုလာကြတယ် ~ သူ့သားကဘေဘီ့ကို ~ ဟင့် ~ လက်ထပ်ချင်တယ်တဲ့ ~ "
ပြောပြီးစားပွဲပေါ်လက်နှစ်ဖက်ထောက်ကာမျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့အုပ်ပြီးအသံတိတ်ရှိုက်ငိုနေတဲ့ကျောက်ယွီကိုကြည့်ပြီး သူ့မှာစိတ်မကောင်းဖြစ်သွားရသည် ။ ကိုယ်ကမကူညီနိုင်တဲ့အပြင် ဒီလိုစိတ်ဆင်းရဲစရာကိစ္စတွေဖြစ်နေတဲ့ကောင်မလေးနောက်ကွယ်မှာကိုငယ်နဲ့ပျော်ရွှင်နေခဲ့တဲ့နေ့ရက်တွေရှိနေခဲ့၏။ သူတော်တော်မကောင်းခဲ့တာပဲ ။
" ကိုကိုကူညီနိုင်တာမရှိဘူးလား "
" ဟင့်အင်း ~ ကူညီနိုင်ရင်တောင်မကူညီပါနဲ့ ကိုကို့ကိုလည်းစိတ်မဆင်းရဲစေချင်ပါဘူး ~ သူတို့ကလက်ထပ်ပွဲအတွက်ရက်တွေအသေအချာရွေးပြီးမှကိုဖွင့်ပြောလာတာ ~ သူတို့ဘေဘီ့ကိုပေါ့ပျက်ပျက်သဘောထားတာအရမ်းသိသာတယ် စိတ်လည်းဆိုးတယ် ~ ဖေဖေကအဓိကဖြစ်နေလို့သာ ~ မတတ်နိုင်တော့ဘူးကိုကိုရယ် ~ "
ဒီကောင်မလေးကတော့သူ့ကိုတကယ်ချစ်ခဲ့ရှာတာပဲ …
" ဘေဘီလာနှုတ်ဆက်တာကိုကို ~ ဘေဘီ့ကိုမုန်းလိုက်ပါတော့ ~ "
ထွက်သွားတဲ့ကောင်မလေးကိုကြည့်ရင်းစိတ်ထဲမှာလေးလံလာသည် ။ တစ်ကယ်တမ်းအမုန်းခံရမှာသူမှမဟုတ်တာ ကိုယ်လေ ။ တကယ်အပြစ်လုပ်ထားတာကိုယ်မဟုတ်လား ။ ကိုယ့်ကိုသာခွင့်လွှတ်ပါ ကျောက်ယွီရယ် …
ကိုယ်တောင်းပန်ပါတယ် …
သူမျှော်မှန်းထားသလိုဖြစ်ပြီးပြန်လာရင်တော့ရှောင်းကျန့်တစ်ယောက်ပေါ့ပါးသွက်လက်စွာအိမ်ကိုတက်တက်ကြွကြွပြန်လာနိုင်မှာဖြစ်ပေမဲ့ အခုလိုအခြေအနေကြီးနဲ့ပြန်လာရတော့စိတ်ကလေးလံထုံမှိုင်းနေသည် ။ ကိုယ်လိုချင်တဲ့အခြေအနေဆိုပေမဲ့ ဖြစ်သွားတဲ့ကိစ္စကတော့ကိုယ်လိုချင်တဲ့ကိစ္စမဟုတ်ဘူးလေ ။
အိမ်ပြန်ရောက်တော့ခြံထဲမှာကားတစ်စီး ၊ကိုငယ်ပြန်ရောက်ပြီနေမှာပေါ့ ။ ပြောတော့ညမှပြန်ရောက်မယ်ဆိုပြီးစောလိုက်တာ ။ အိမ်ထဲဝင်တော့လည်းအောက်ထပ်မှာကိုငယ့်အရိပ်အယောင်မတွေ့ ၊ အပေါ်ထပ်မှာနားနေမှာပေါ့ ။ အခန်းထဲဝင်သွားတော့ကုတင်ပေါ်မှာအိပ်နေလေသည်။ အိပ်နေတဲ့သူက bathrobe ကြိုးကိုလျော့တိလျော့ရဲချည်ထားပြီး aircon ကိုအအေးအများကြီးတင်ထားသည်မို့ နည်းနည်းအရှိန်လျှော့ပေးလိုက်ရသည် ။ တော်ကြာအအေးပတ်နေမှ !
" ပြန်လာပြီလား "
အပြင်ကပြန်လာတာမို့အိမ်နေရင်းအဝတ်အစားပြန်လဲနေတုန်းနောက်ကအသံကြားလာလို့'အင်း'လို့သာဖြေလိုက်သည် ။
" ဘယ်သွားတာလဲ ကျောက်ယွီနဲ့ပဲလား "
" အင်း "
" ထပ်တွေ့ပြန်ပြီပေါ့ "
" ဒီနေ့နောက်ဆုံးပဲ "
" လမ်းခွဲခဲ့တာလား "
" လမ်းခွဲခံခဲ့ရတာ "
" အော် "
" အင်း သူကသမီးလိမ်မာလေးပါ တော်တော်,တော်တဲ့ကလေးမလေး "
" … "
ရင်ဖွင့်သလိုလိုနဲ့ကိုငယ့်ကိုအကုန်ပြောပြလိုက်တော့သူလည်းစိတ်မကောင်းကြောင်းပြောပြသည် ။ အင်း ! ကိုယ်နဲ့တူတဲ့သူရှိနေသေးတာပဲ ။
" စိတ်ညစ်မနေနဲ့ခနအိပ်လိုက် အိပ်ယာနိုးရင်အဆင်ပြေသွားလိမ့်မယ် .. ကိုယ်လည်းပင်ပန်းနေလို့အတူတူအိပ်ရအောင် "
" အင်း "
ရှောင်းကျန့်ကတော့စိတ်ညစ်တာကလွဲရင်ကျန်တာပင်ပန်းထားတာတစ်ခုမှမရှိတော့တစ်နာရီလောက်အိပ်ပြီးတာနဲ့ပြန်နိုးလာ၏။ ကိုငယ်ကတော့ခရီးလည်းပန်း အလုပ်ကလည်းပင်ပန်းတော့အကြာကြီးအိပ်ပျော်နေလေ၏။ ပင်ပန်းလို့အိပ်ပျော်နေတဲ့သူကိုမနှိုးရက်တာနဲ့နိုးလာရင်စားဖို့အဆာပြေတစ်ခုစီစဉ်ပေးဖို့မီးဖိုထဲဝင်လာခဲ့သည် ။
သူချက်ပြုတ်ပြီးတဲ့အထိကိုငယ်ကမနိုးသေးတာမို့ မနှိုးသေးဘဲရေအရင်ချိုးမို့ရေအဝသောက်လိုက်သည် ။ ပြီးမှရေချိုးခန်းထဲဝင်ကာခန္ဓာကိုယ်ပါအေးသွားအောင်ရေဇလုံထဲမှာတော်တော်ကြာတဲ့အထိရေစိမ်ပြီးနေလိုက်၏။ လက်ချောင်းတွေခြေချောင်းတွေရေနူးတဲ့အချိန်မှရေဇလုံထဲကထပြီးရေချိုးတာကိုရပ်လိုက်၏။
ရေချိုးပြီးလို့အဝတ်အစားလဲပြီးတဲ့အထိကိုငယ်ကမနိုးသေးတာကြောင့်တစ်ယောက်တည်းအောက်ထပ်ဆင်းကာ TV line ကလာနေတဲ့ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကိုစိတ်ဝင်တစားကြည့်နေလိုက်သည် ။ သိပ်မကြာပါဘူးလှေကားကနေကိုငယ်ဆင်းလာတာကိုတွေ့လိုက်ရသည် ။ အောက်ရောက်တာနဲ့အိပ်ချင်မူးတူးနဲ့ကိုယ့်ဘေးနားလာထိုင်ပြီးပုခုံးပေါ်ကိုခေါင်းတင်ထားပြီးမှိန်းနေလိုက်သေးသည် ။
" အိပ်ရေးမဝသေးတာကိုဆင်းလာတာလား "
" ဝပါပြီ မင်းအနားကပ်ချင်လို့ပါ "
" မျက်နှာတစ်ခါတည်းသစ်ခဲ့တာမဟုတ်ဘူး လန်းသွားအောင်လို့ "
" ဘေစင်မှာသွားသစ်လိုက်ရမလား "
" သစ်လေ၊ကျွန်တော်ချက်ထားတာတွေပါတစ်ခါတည်းစားကြရအောင် ဗိုက်ဆာတယ်မလား "
ခေါင်းညိမ့်ပြပြီးသူကမီးဖိုထဲဝင်နှင့်ကာဘေစင်မှာမျက်နှာသွားသစ်နေလေသည် ။ ပြီးတာနဲ့ထမင်းခူးနေတဲ့ကိုယ့်ကို'ဘာလုပ်ကူရအုံးမလဲ'ပြောလို့'အေးဆေးထိုင်စောင့်နေပါ'လို့ခပ်တည်တည်ပြောလိုက်မှထမင်းစားပွဲမှာသွားထိုင်သည် ။ ထမင်းစားရင်းသောက်ဖို့အတွက်ရေကိုတော့ဖန်ခွက်နှစ်ခွက်ထဲကိုထည့်နေ၏။ အငြိမ်နေလို့ပြောပေမဲ့ ဇွန်းခရင်းတွေတူတွေကိုသူ့ဘာသာတစ်ရှူးနဲ့ထသုတ်ပြီးပြင်ဆင်နေလေရဲ့ ။
ကိုယ်မျက်နှာမလန်းတာသူသိတော့ဘာမှမခိုင်းလည်း ကိုယ်သက်သာအောင်ကိုယ်လုပ်သမျှကိုကူညီနိုင်သမျှကူညီနေလေသည် ။ ရှောင်းကျန့်လည်းတကယ်စိတ်ပင်ပန်းနေတာဖြစ်၏။ ကျောက်ယွီအကြောင်းတွေးလိုက်တိုင်းရင်ထဲပြည့်ကျပ်နေ၏။ သူအဆင်ပြေပါ့မလား သူ့အိမ်ထောင်ဘက်ကအကြွေးသိမ်းတာမို့မချစ်လောက်ဘူးဆိုတော့နှိပ်စက်နေမလား … ချစ်လို့မရ,ရအောင်အကြွေးနဲ့သိမ်းတယ်ဆိုရင်တော့တမျိုးပေါ့ …
အိပ်ယာထဲရောက်တော့လည်းစိတ်ညစ်စရာတွေမတွေးဘဲအိပ်ပျော်အောင်အိပ်ဆိုပြီးသူ့ရင်ခွင်ထဲထည့်ကာသီချင်းဆိုသိပ်လေသည် ။ ကိုငယ့်ကိုချစ်ရတာဒီလိုကျတော့လည်းကောင်းသာပဲ ။ ဒါပေမဲ့ကိုယ့်ကိုနှစ်သိမ့်ပေးချင်ရုံသက်သက်ဒီလိုလုပ်ပေးတာလားဆိုပြီးအတွေးဝင်လာရင်လည်းရင်ဘတ်ကအောင့်အောင့်သွားတတ်သည် ။
သူ့ကိုနက်နက်ရှိုင်းရှိုင်းချစ်နေမိပြီပဲ …
#############
Zawgyi❤️
ဒီေန့တနဂၤေနြဆိုေတာ့ပံုမွန္အတိုင္းေက်ာက္ယြီနဲ႔ဒိတ္ဖို႔ျဖစ္လာျပန္သည္ ။ တနဂၤေနြေန့ေရာက္တိုင္းလည္းကိုငယ္နဲ႔စကားမ်ားရတာအေမာ ။ ဒီတနဂၤေနြကေတာ့ကိုငယ္ခရီးသြားတာမို႔စကားေတာ့မမ်ားရေတာ့ဘူးထင္ပါရဲ့ ။ ေက်ာက္ယြီနဲ႔လည္းလမ္းခြဲမယ္စဉ္းစားတိုင္း အျပစ္မရိွဘဲလမ္းခြဲမယ္လို႔ေျပာခ်င္ေနတဲ့ကိုယ့္ကိုယ္တိုင္သာလိပ္ျပာမလံုျဖစ္ရတယ္ ။ သူ႔ကြယ္ရာမွာမဟုတ္တာလုပ္မိေနသလိုျဖစ္ေနေတာ့စိတ္ကပိုၿပီးမလံုၿခံဳေတာ့ဘူး ။ ဒီေန့ေတာ့လမ္းခြဲဖို႔ကိုကိုယ့္စိတ္ကိုတင္းရင္းေျပာဖို႔လုပ္ရမည္ ။ ကိုငယ္နဲ႔ကလည္းအခုခ်ိန္ထိေတာ့တိက်တဲ့ပတ္သတ္မႈမ်ိဳးမရိွေသးပါဘူး ။ အတူတူေနျဖစ္တာကေတာ့သံုးရက္ျခားေလာက္ပံုမွန္ျဖစ္ေနတာေပါ့ ။
အရင္ကဆိုခ်ိန္းထားတဲ့ဆိုင္ကိုေက်ာက္ယြီကႀကိဳေရာက္ေနတတ္ေပမဲ့ ဒီေန့ေတာ့ေရွာင္းက်န႔္ကႀကိဳေရာက္ေန၏။ ကိုယ့္စိတ္ကိုလံုလံုၿခံဳၿခံဳေနႏိုင္ဖို႔ အၿမဲတမ္းေတြးၿပီးစိတ္မေလးေတာ့ဖို႔ အဲ့ဒီလိုကိုယ့္စိတ္ကိုျဖစ္ေစတဲ့ကိစၥႀကီးကိုဒီေန့မွာရပ္တန႔္ပစ္ႏိုင္ေတာ့မွာမို႔စိတ္ကေပါ့ပါးေနသေယာင္ ။ ခနေနေတာ့ေက်ာက္ယြီေရာက္လာသည္ အဲ့ဒီေကာင္မေလးကမ်က္ႏွာမေကာင္းတာေၾကာင့္ အိမ္ကေနဆိုင္ေရာက္တဲ့အထိစိတ္ထဲမွာစီလာခဲ့သမ်ွစကားေတြကလည္ေခ်ာင္းဝမွာတင္ေပ်ာက္ကြယ္သြားရျပန္သည္ ။
" မ်က္ႏွာလည္းမေကာင္းပါလား ေဘဘီ "
" ကိုကို ~ "
" ဘာျဖစ္လာတာလဲကိုကို႔ကိုေျပာ "
" ကိုကို႔ကိုမ်က္ႏွာေတာင္မျပရဲပါဘူး "
" ဟမ္ ! "
" ေဘဘီရွင္းျပပါ့မယ္ ~ ေဘဘီ့ေဖေဖကလြန္ခဲ့တဲ့တစ္လေလာက္ကက်န္းမာေရးစေဖာက္တယ္၊အဲ့ေတာ့ေမေမကလည္းရိွသမ်ွပိုက္ဆံေတြပစၥည္းေတြနဲ႔ ဆးကုရင္းမႏိုင္ေတာ့သူတို႔နဲ႔ခင္တဲ့မိတ္ေဆြတစ္ေယာက္စီကေခ်းၿပီးကုရင္းနဲ႔အေႂကြးကလည္ပင္းနစ္လာတယ္ ~ ျပန္ဆပ္ဖို႔ကလည္းမလြယ္ဘူး ~ ဒါေတာင္ေဖေဖကအရွင္းမေပ်ာက္ေသးဘူးေလ ~ ထပ္ေခ်းဖို႔ဆိုေတာ့လည္းဟိုဘက္ကပမာဏကအရမ္းမ်ားေနၿပီဆိုေတာ့အင္တင္တင္ျဖစ္ေနၾကၿပီ ~ ေနာက္ေတာ့ေတာင္းဆိုလာၾကတယ္ ~ သူ႔သားကေဘဘီ့ကို ~ ဟင့္ ~ လက္ထပ္ခ်င္တယ္တဲ့ ~ "
ေျပာၿပီးစားပြဲေပၚလက္ႏွစ္ဖက္ေထာက္ကာမ်က္ႏွာကိုလက္ဝါးႏွစ္ဖက္နဲ႔အုပ္ၿပီးအသံတိတ္ရိႈက္ငိုေနတဲ့ေက်ာက္ယြီကိုၾကၫ့္ၿပီး သူ႔မွာစိတ္မေကာင္းျဖစ္သြားရသည္ ။ ကိုယ္ကမကူညီႏိုင္တဲ့အျပင္ ဒီလိုစိတ္ဆင္းရဲစရာကိစၥေတျြဖစ္ေနတဲ့ေကာင္မေလးေနာက္ကြယ္မွာကိုငယ္နဲ႔ေပ်ာ္ရႊင္ေနခဲ့တဲ့ေန့ရက္ေတြရိွေနခဲ့၏။ သူေတာ္ေတာ္မေကာင္းခဲ့တာပဲ ။
" ကိုကိုကူညီႏိုင္တာမရိွဘူးလား "
" ဟင့္အင္း ~ ကူညီႏိုင္ရင္ေတာင္မကူညီပါနဲ႔ ကိုကို႔ကိုလည္းစိတ္မဆင္းရဲေစခ်င္ပါဘူး ~ သူတို႔ကလက္ထပ္ပြဲအတြက္ရက္ေတြအေသအခ်ာေရြးၿပီးမွကိုဖြင့္ေျပာလာတာ ~ သူတို႔ေဘဘီ့ကိုေပါ့ပ်က္ပ်က္သေဘာထားတာအရမ္းသိသာတယ္ စိတ္လည္းဆိုးတယ္ ~ ေဖေဖကအဓိကျဖစ္ေနလို႔သာ ~ မတတ္ႏိုင္ေတာ့ဘူးကိုကိုရယ္ ~ "
ဒီေကာင္မေလးကေတာ့သူ႔ကိုတကယ္ခ်စ္ခဲ့ရွာတာပဲ …
" ေဘဘီလာႏႈတ္ဆက္တာကိုကို ~ ေဘဘီ့ကိုမုန္းလိုက္ပါေတာ့ ~ "
ထြက္သြားတဲ့ေကာင္မေလးကိုၾကၫ့္ရင္းစိတ္ထဲမွာေလးလံလာသည္ ။ တစ္ကယ္တမ္းအမုန္းခံရမွာသူမွမဟုတ္တာ ကိုယ္ေလ ။ တကယ္အျပစ္လုပ္ထားတာကိုယ္မဟုတ္လား ။ ကိုယ့္ကိုသာခြင့္လႊတ္ပါ ေက်ာက္ယြီရယ္ …
ကိုယ္ေတာင္းပန္ပါတယ္ …
သူေမ်ွာ္မွန္းထားသလိုျဖစ္ၿပီးျပန္လာရင္ေတာ့ေရွာင္းက်န႔္တစ္ေယာက္ေပါ့ပါးသြက္လက္စြာအိမ္ကိုတက္တက္ႂကြၾကျြပန္လာႏိုင္မွာျဖစ္ေပမဲ့ အခုလိုအေျခအေနႀကီးနဲ႔ျပန္လာရေတာ့စိတ္ကေလးလံထံုမိႈင္းေနသည္ ။ ကိုယ္လိုခ်င္တဲ့အေျခအေနဆိုေပမဲ့ ျဖစ္သြားတဲ့ကိစၥကေတာ့ကိုယ္လိုခ်င္တဲ့ကိစၥမဟုတ္ဘူးေလ ။
အိမ္ျပန္ေရာက္ေတာ့ၿခံထဲမွာကားတစ္စီး ၊ကိုငယ္ျပန္ေရာက္ၿပီေနမွာေပါ့ ။ ေျပာေတာ့ညမျွပန္ေရာက္မယ္ဆိုၿပီးေစာလိုက္တာ ။ အိမ္ထဲဝင္ေတာ့လည္းေအာက္ထပ္မွာကိုငယ့္အရိပ္အေယာင္မေတြ့ ၊ အေပၚထပ္မွာနားေနမွာေပါ့ ။ အခန္းထဲဝင္သြားေတာ့ကုတင္ေပၚမွာအိပ္ေနေလသည္။ အိပ္ေနတဲ့သူက bathrobe ႀကိဳးကိုေလ်ာ့တိေလ်ာ့ရဲခ်ည္ထားၿပီး aircon ကိုအေအးအမ်ားႀကီးတင္ထားသည္မို႔ နည္းနည္းအရိွန္ေလ်ွာ့ေပးလိုက္ရသည္ ။ ေတာ္ၾကာအေအးပတ္ေနမွ !
" ျပန္လာၿပီလား "
အျပင္ကျပန္လာတာမို႔အိမ္ေနရင္းအဝတ္အစားျပန္လဲေနတုန္းေနာက္ကအသံၾကားလာလို႔'အင္း'လို႔သာေျဖလိုက္သည္ ။
" ဘယ္သြားတာလဲ ေက်ာက္ယြီနဲ႔ပဲလား "
" အင္း "
" ထပ္ေတြ့ျပန္ၿပီေပါ့ "
" ဒီေန့ေနာက္ဆံုးပဲ "
" လမ္းခြဲခဲ့တာလား "
" လမ္းခြဲခံခဲ့ရတာ "
" ေအာ္ "
" အင္း သူကသမီးလိမ္မာေလးပါ ေတာ္ေတာ္,ေတာ္တဲ့ကေလးမေလး "
" … "
ရင္ဖြင့္သလိုလိုနဲ႔ကိုငယ့္ကိုအကုန္ေျပာျပလိုက္ေတာ့သူလည္းစိတ္မေကာင္းေၾကာင္းေျပာျပသည္ ။ အင္း ! ကိုယ္နဲ႔တူတဲ့သူရိွေနေသးတာပဲ ။
" စိတ္ညစ္မေနနဲ႔ခနအိပ္လိုက္ အိပ္ယာႏိုးရင္အဆင္ေျပသြားလိမ့္မယ္ .. ကိုယ္လည္းပင္ပန္းေနလို႔အတူတူအိပ္ရေအာင္ "
" အင္း "
ေရွာင္းက်န႔္ကေတာ့စိတ္ညစ္တာကလြဲရင္က်န္တာပင္ပန္းထားတာတစ္ခုမွမရိွေတာ့တစ္နာရီေလာက္အိပ္ၿပီးတာနဲ႔ျပန္ႏိုးလာ၏။ ကိုငယ္ကေတာ့ခရီးလည္းပန္း အလုပ္ကလည္းပင္ပန္းေတာ့အၾကာႀကီးအိပ္ေပ်ာ္ေနေလ၏။ ပင္ပန္းလို႔အိပ္ေပ်ာ္ေနတဲ့သူကိုမႏိႈးရက္တာနဲ႔ႏိုးလာရင္စားဖို႔အဆာေျပတစ္ခုစီစဉ္ေပးဖို႔မီးဖိုထဲဝင္လာခဲ့သည္ ။
သူခ်က္ျပဳတ္ၿပီးတဲ့အထိကိုငယ္ကမႏိုးေသးတာမို႔ မႏိႈးေသးဘဲေရအရင္ခ်ိဳးမို႔ေရအဝေသာက္လိုက္သည္ ။ ၿပီးမွေရခ်ိဳးခန္းထဲဝင္ကာခႏၶာကိုယ္ပါေအးသြားေအာင္ေရဇလံုထဲမွာေတာ္ေတာ္ၾကာတဲ့အထိေရစိမ္ၿပီးေနလိုက္၏။ လက္ေခ်ာင္းေတြေျခေခ်ာင္းေတြေရႏူးတဲ့အခ်ိန္မွေရဇလံုထဲကထၿပီးေရခ်ိဳးတာကိုရပ္လိုက္၏။
ေရခ်ိဳးၿပီးလို႔အဝတ္အစားလဲၿပီးတဲ့အထိကိုငယ္ကမႏိုးေသးတာေၾကာင့္တစ္ေယာက္တည္းေအာက္ထပ္ဆင္းကာ TV line ကလာေနတဲ့ကိုရီးယားဇာတ္လမ္းတြဲတစ္ခုကိုစိတ္ဝင္တစားၾကၫ့္ေနလိုက္သည္ ။ သိပ္မၾကာပါဘူးေလွကားကေနကိုငယ္ဆင္းလာတာကိုေတြ့လိုက္ရသည္ ။ ေအာက္ေရာက္တာနဲ႔အိပ္ခ်င္မူးတူးနဲ႔ကိုယ့္ေဘးနားလာထိုင္ၿပီးပုခံုးေပၚကိုေခါင္းတင္ထားၿပီးမိွန္းေနလိုက္ေသးသည္ ။
" အိပ္ေရးမဝေသးတာကိုဆင္းလာတာလား "
" ဝပါၿပီ မင္းအနားကပ္ခ်င္လို႔ပါ "
" မ်က္ႏွာတစ္ခါတည္းသစ္ခဲ့တာမဟုတ္ဘူး လန္းသြားေအာင္လို႔ "
" ေဘစင္မွာသြားသစ္လိုက္ရမလား "
" သစ္ေလ၊ကြၽန္ေတာ္ခ်က္ထားတာေတြပါတစ္ခါတည္းစားၾကရေအာင္ ဗိုက္ဆာတယ္မလား "
ေခါင္းညိမ့္ျပၿပီးသူကမီးဖိုထဲဝင္ႏွင့္ကာေဘစင္မွာမ်က္ႏွာသြားသစ္ေနေလသည္ ။ ၿပီးတာနဲ႔ထမင္းခူးေနတဲ့ကိုယ့္ကို'ဘာလုပ္ကူရအံုးမလဲ'ေျပာလို႔'ေအးေဆးထိုင္ေစာင့္ေနပါ'လို႔ခပ္တည္တည္ေျပာလိုက္မွထမင္းစားပြဲမွာသြားထိုင္သည္ ။ ထမင္းစားရင္းေသာက္ဖို႔အတြက္ေရကိုေတာ့ဖန္ခြက္ႏွစ္ခြက္ထဲကိုထၫ့္ေန၏။ အၿငိမ္ေနလို႔ေျပာေပမဲ့ ဇြန္းခရင္းေတြတူေတြကိုသူ႔ဘာသာတစ္ရႉးနဲ႔ထသုတ္ၿပီးျပင္ဆင္ေနေလရဲ့ ။
ကိုယ္မ်က္ႏွာမလန္းတာသူသိေတာ့ဘာမွမခိုင္းလည္း ကိုယ္သက္သာေအာင္ကိုယ္လုပ္သမ်ွကိုကူညီႏိုင္သမ်ွကူညီေနေလသည္ ။ ေရွာင္းက်န႔္လည္းတကယ္စိတ္ပင္ပန္းေနတာျဖစ္၏။ ေက်ာက္ယြီအေၾကာင္းေတြးလိုက္တိုင္းရင္ထဲျပၫ့္က်ပ္ေန၏။ သူအဆင္ေျပပါ့မလား သူ႔အိမ္ေထာင္ဘက္ကအေႂကြးသိမ္းတာမို႔မခ်စ္ေလာက္ဘူးဆိုေတာ့ႏိွပ္စက္ေနမလား … ခ်စ္လို႔မရ,ရေအာင္အေႂကြးနဲ႔သိမ္းတယ္ဆိုရင္ေတာ့တမ်ိဳးေပါ့ …
အိပ္ယာထဲေရာက္ေတာ့လည္းစိတ္ညစ္စရာေတြမေတြးဘဲအိပ္ေပ်ာ္ေအာင္အိပ္ဆိုၿပီးသူ႔ရင္ခြင္ထဲထည့္ကာသီခ်င္းဆိုသိပ္ေလသည္ ။ ကိုငယ့္ကိုခ်စ္ရတာဒီလိုက်ေတာ့လည္းေကာင္းသာပဲ ။ ဒါေပမဲ့ကိုယ့္ကိုႏွစ္သိမ့္ေပးခ်င္ရံုသက္သက္ဒီလိုလုပ္ေပးတာလားဆိုၿပီးအေတြးဝင္လာရင္လည္းရင္ဘတ္ကေအာင့္ေအာင့္သြားတတ္သည္ ။
သူ႔ကိုနက္နက္ရိႈင္းရိႈင္းခ်စ္ေနမိၿပီပဲ …
#############