Part : 23 [ U & Z ]
Part : 23 [ U & Z ]
Uni❤️
" ကျန့်ကျန့် ! ငါဒီမှာ "
ခွင့်ရတုန်းနယ်ကနေပြန်လာနေပြီကားဂိတ်ကစောင့်ကြိုနေပါအုံးဆိုတဲ့ဘိုဝန့်ကိုစောင့်နေတာနာရီဝက်လောက်ကြာမှကားကစိုက်လာ၏။
" ဟာ…ကျန့်ကျန့်!မင်းပိန်သွားလိုက်တာ ကျန်းမာရေးမကောင်းဘူးလား..ငါပြန်ရောက်တုန်းစစ်ဆေးပေးအုံးမှပါ "
" ကောင်းပါတယ်ကွာမင်းကလည်း ငါအလုပ်ကပင်ပန်းလို့ဖြစ်မယ် "
" အေးပါ မင်းကကောင်းတယ်ဆိုတော့လည်းကောင်းတယ်ပေါ့ကွာ "
ရှောင်းကျန့်ကားရပ်ထားတဲ့နေရာအထိစကားပြောရင်းလမ်းလျှောက်လာခဲ့လိုက်သည်။ထို့နောက်ရှောင်းကျန့်ကဘဲ driver seat ဘက်ဝင်ထိုင်ပြီးဘိုဝန့်အိမ်ကိုလိုက်ပို့လိုက်သည်။အိမ်ထဲဝင်နားပါအုံးလို့ပြောပေမဲ့အလုပ်ပိတ်ရက်မဟုတ်တော့အလုပ်ကပြန်သွားရမည်ဖြစ်တာကြောင့်နောက်မှလာခဲ့ပါ့မယ်လို့ပြောပြီးကုပ္မဏီကိုပြန်လာခဲ့ရသည်။ကုပ္မဏီရောက်တာနဲ့ကားထားတဲ့နေရာမှာကားကိုရပ်ပြီးရုံးခန်းသို့ခပ်သွက်သွက်သွားရသည်။
" အစ်ကို့ကိုဒါရိုက်တာဝမ်စောင့်နေတယ်ဗျ..အစ်ကိုပြန်ရောက်ရင်သူ့ရုံးခန်းကိုလာခဲ့ပါတဲ့ "
" အင်းအင်း သွားလိုက်မယ် "
ရုံးခန်းထဲရောက်လို့ဖင်ပူအောင်မထိုင်ရသေးဘူး၊ဝန်ထမ်းကောင်လေးတစ်ယောက်လာပြောလို့သွားရအုံးမည်။ကိုငယ့်ရုံးခန်းရှေ့ရောက်တာနဲ့ကိုငယ့်အတွင်းရေးမှူးကိုအထဲမှာဧည့်သည်ရှိလားမေးကြည့်ရသေး၏။မရှိဘူးဆိုမှတံခါးခေါက်ပြီးဝင်သွားလိုက်၏။
အော်…ဟိုတစ်နေ့ကဒါရိုက်တာဝမ်ပို့ခိုင်းတဲ့ပစ္စည်းတွေထွက်ယူတာဒီအစ်ကိုကို၊အဲ့ဒါကြောင့်မြင်ဖူးပါတယ်မှတ်နေတာ။နေပါအုံး ဒီအစ်ကိုကဉဣဌနဲ့ရော ဒါရိုက်တာနဲ့ရောရင်းနှီးနေတယ်ဆိုတော့သူကဘယ်သူလဲ။အတွေးလွန်နေတုန်းအထဲက'ဒုန်း'ကနဲမြည်သွားတဲ့အသံကြောင့်လူကချက်ချင်းပဲတံခါးနားကပ်ကာနားစွင့်နေလိုက်မိသည်။
" ငါမယုံဘူး ! "
" ဘယ်တုန်းကယုံဖူးလို့လဲ၊ငယ်ငယ်ကတည်းကအခုထိဘယ်တုန်းကများယုံခဲ့ဖူးလို့လဲ "
" မင်းကရောငါယုံအောင်နေခဲ့လား ! "
" မယုံအောင်ဘာတွေများလုပ်နေလို့လဲကျွန်တော်က "
" အဲ့ကောင်နဲ့မင်းကိုလုံးဝကိုမယုံတာ "
" ကျွန်တော်တို့ကရိုးသားတယ် အဲ့ဒီအတွက်ကိုယ့်လိပ်ပြာကိုယ်လုံတယ် "
" ဟွန်း!အခုရောနမ်းခဲ့ကြသေးလား "
ဖြောင်း!
ခနဲ့သလိုနဲ့မေးလိုက်တဲ့ဝမ်ရိပေါ်မျက်နှာသည်စက္ကန့်ပိုင်းအတွင်းမှာပင်စပ်ဖျင်းဖျင်းဖြစ်သွားသည်။
" ကျွန်တော့်သိက္ခာကိုစော်ကားတာဒါနောက်ဆုံးဖြစ်ပါစေ "
" တောက်စ် ! "
စိတ်တိုတိုနဲ့ကိုငယ့်ရုံးခန်းထဲကထွက်လာတော့အပြင်မှာသူ့အတွင်ရေးမှူးကကြောင်တောင်တောင်နဲ့ရပ်နေသည်။လူကစိတ်တိုနေတာနဲ့သူ့ကိုလည်းအရေးလုပ်ပြီးနှုတ်ဆက်မနေဘဲကိုယ့်နေရာကိုသာပြန်လာခဲ့၏။လူကိုများစွပ်စွပ်စွဲစွဲ၊ဘိုဝန်များမတော်တဆကြားသွားခဲ့ရင်အားနာစရာတွေဖြစ်ကုန်မှာ။အမြဲတမ်းလူကိုသံသယမျက်လုံးတွေနဲ့ကြည့်တယ်။သူယုံအောင်နေတော့ရောဘယ်တုန်းကများယုံပေးဖူးလို့လဲ။ပြီးတော့သူ့နောက်ကွယ်မှာရောရှေ့မှာရောဘယ်တုန်းကမှမဟုတ်တာလုပ်ဖူးတာမရှိဘူး။
တီတီ !
အစောကဒါရိုက်တာတို့ရန်ဖြစ်သံကြားပြီးဘာအတွက်ဘယ်လိုရန်ဖြစ်ကြတာလဲလို့စဉ်းစားနေတုန်း စားပွဲခုံပေါ်ကအချက်ပေးဘဲလ်ကထမြည်လာတာမို့နည်းနည်းတောင်လန့်သွား၏။ဒါပေမဲ့ဒါရိုက်တာခေါ်နေတာကိုချက်ချင်းမသွားဘဲကြာနေမှအငေါက်ခံရတာကပိုလန့်စရာကောင်းသည်။
" ဒါရိုက်တာ!ကျွန်တော်ရောက်ပါပြီ "
" ငါရုံးဆင်းပြီ!ကိုကို့ဆီကို report သွားတင်လိုက်ငါနေမကောင်းလို့ပြန်ပြီလို့ "
" ဟုတ်ကဲ့ ဒါရိုက်တာ "
ငယ်ငယ်က,ကလေးတွေလိုပဲဆရာ/မ,မလာရင်ဖြစ်ဖြစ်လာပြီးမှပြန်သွားရင်ဖြစ်ဖြစ်ပျော်ကြတာ၊သူ့ဘဝကလည်းအဲ့လိုပဲ။ဒါရိုက်တာနေ့တစ်ဝက်နဲ့ရုံးဆင်းမယ်ဆိုတော့ကျိတ်ပျော်နေရတာ။
ဒါရိုက်တာကအပေါ်ကုတ်ကိုတောင်ပြန်ဝတ်မသွားဘဲအပေါ်ကုတ်နဲ့ Wallet အနက်ကိုလက်ကကိုင်ပြီးဖုန်းကိုဘောင်းဘီရဲ့ဘယ်ဘက်အိပ်ကပ်ထဲထည့်ကာညာဖက်လက်ကိုညာဖက်ဘောင်းဘီအိပ်ကပ်ထဲထည့်ပြီးထွက်သွားသည်။ဒေါသကြီးပြီးကြောက်စရာကောင်းလို့သာဒူးတုန်နေအောင်ကြောက်နေရတာဒါရိုက်တာကြီးတစ်နေ့တစ်နေ့မိမိုက်နေမှုကြီးကိုတော့နေ့တိုင်းရှူစားလို့မဝဘူး။ယောက်ျားချင်းတောင်အားကျနေရသည့်လူမျိုး။
လောလောဆယ်တော့ဒါရိုက်တာရဲ့ချောမောနေမှုကိုပဲငမ်းနေလို့မရဘူး။ဉဣဌကို report သွားတင်ရအုံးမည်။
××××××××××
ဒီနေ့ကုပ္မဏီမှာကိုငယ်နဲ့စကားများပြီးရုံးခန်းမှာအလုပ်ပြန်ထိုင်လုပ်နေကတည်းကနေကမကောင်းချင်ဖြစ်နေတာမို့အိမ်ရောက်ရင်နားအုံးမယ်လို့စဉ်းစားထားပေမဲ့ အိမ်ထဲမှာပြိုင်ကားတစ်စီးကိုတွေ့လိုက်ကတည်းကနားရဖို့လမ်းမမြင်တော့ဘူးဆိုတာအတတ်သိလိုက်သည် ။ ပြဿနာများထပ်ရှာနေအုံးမလား ။ အထင်နဲ့အမြင်လွဲသွားတာကတော့ဧည့်ခန်းထဲမှာဘီယာဘူးခွံတွေနဲ့တစ်ခါသုံးဖော့ဘူးတွေပွနေတာဖြစ်သည် ။ ရှင်းစမ်း ရှောင်းကျန့်ရယ် ~ ဝဋ်ရှိသရွေ့ပေါ့ ။
" အော် .. ပြန်လာပြီပေါ့ "
ပြန်ရောက်ကတည်းကအပေါ်ထပ်မတတ်သေးဘဲဧည့်ခန်းကိုတစ်ခါတည်းသန့်ရှင်းရေးလုပ်နေတာဖြစ်၏။ပြီးရင်ရေချိုးပြီးတစ်ခါတည်းနားတော့မှာမို့ အောက်လည်းမဆင်းတော့ဘူး။သန့်ရှင်းရေးလုပ်နေရင်းလှေကားမှာရပ်ပြီး'ပြန်လာပြီပေါ့'လို့ပြောသံကိုကြားသော်လည်းမကြားချင်ယောင်ဆောင်လိုက်၏။ပြန်လည်းဖြေချင်စိတ်မရှိဘူး။ပင်ပန်းလာပါတယ်ဆိုသူရှုပ်ထားသမျှကအမောစို့အောင်စီးကြိုနေတာကို…
ဘီယာဘူးခွံတွေနဲ့ဖော့ဘူးခွံတွေပဲရှိတာမလို့အကြာကြီးတော့မရှင်းလိုက်ရပါဘူး။အမှိုက်ရှုပ်ထားတဲ့လူကလည်းအခုထိလှေကားပေါ်မှာမတ်တပ်ရပ်တုန်း၊ဘာပြဿနာရှာအုံးမလို့လဲ။မီးဖိုခန်းထဲလက်ဝင်ဆေးပြီးဆိုဖာပေါ်ချွတ်ချထားတဲ့ကုတ်အင်္ကျီနဲ့ပိုက်ဆံအိတ်နဲ့ဖုန်းကိုယူကာလှေကားမှာရပ်နေတဲ့လူကိုရှောင်ကာအပေါ်သို့တတ်ခဲ့လိုက်သည်။စကားပြောချင်စိတ်လည်းမရှိ၊ကြည့်ချင်မြင်ချင်စိတ်လည်းမရှိ။
" အိမ်တော့ပြန်လာသားပဲမဆိုးပါဘူး ဟိုကောင့်အိမ်လိုက်သွားပြီးမတွေ့ရတာကြာတော့အလွမ်းသယ်နေမယ်ထင်နေတာ "
ရေချိုးဖို့လုပ်နေတုန်းကတော့ကုတင်ပေါ်မှာသူ့ဘာသာဖုန်းသုံးနေသည်မို့ကိုယ်ကလည်းအရေးလုပ်ပြီးသူ့ကိုဘာစကားမှမပြောဘဲရေချိုးခန်းထဲဝင်ခဲ့လိုက်တာ၊ရေချိုးပြီးပြန်ထွက်လာတော့အခုလိုစကားနာထိုးတော့တာပဲ။သူကဘာဖြစ်ချင်နေတာတဲ့လဲ။
" ဘာတွေမကျေမနပ်ဖြစ်နေတာလဲတစ်ယောက်တည်း၊ကျွန်တော်ပင်ပန်းလာလို့အေးအေးဆေးဆေးနားပါရစေလား…စိတ်တွေလည်းကုန်နေပြီတကယ်! "
" ငါ့ကိုကုန်တာလား မင်းအကောင်ကိုလား "
" … "
" ပြန်မပြောပုံထောက်ရင်ငါ့ကိုပေါ့ဟုတ်လား ! အဟွန်း! အင်းပေါ့ဘယ်သူကကိုယ့်အကောင်ကိုစိတ်ကုန်မှာလဲ အလိုမတူဘဲအတင်းအကျပ်လုပ်ထားတဲ့ကောင်ကိုပဲစိတ်ကုန်မှာပေါ့ "
" စကားပြောရင်သူများကိုမထိခိုက်ပဲမပြောတတ်ဘူးလား!! "
" မပြောတော့ပါဘူးဟုတ်ပြီလား၊ထပ်ပြောရင်လည်းငါ့ကိုစိတ်ထပ်ပျက်ရုံပဲတိုးလာမလား "
" … "
" စိတ်ချ!!နောက်ဘယ်တော့မှမင်းအကောင်ကိုမထိခိုက်စေရဘူး "
သူ့အကောင်ကိုထိတော့လည်းမကြိုက် မထိတော့ဘူးလို့ပြောတော့လည်းရုပ်ကဘာဖြစ်သွားမှန်းမသိ၊ရုပ်တရက်မျက်လုံးကအရည်ရွှမ်းလာပြီးဟိုဖက်ကိုလှည့်သွားပြန်သည်။ဟိုဖက်လှည့်ပြီးကျိတ်ငိုနေပြန်၏။
" တောက်စ်!!!ငါကွာ! "
သူ့မျက်ရည်တွေမြင်ရင်ကိုလူကအလိုလိုစိတ်တိုလာတာဘာဖြစ်မှန်းမသိ။ပြီးတော့ကိုယ်ကဆယ်ခွန်းပြောရင်သူက
" မင်းကျေနပ်သင့်တာမဟုတ်ဘူးလား၊ဘာလို့စောက်ရည်ကထွက်နေရပြန်တာလဲ "
" ပြောချင်ရာပြောပြီးရင်ဒီအခန်းထဲကထွက်သွားပါတော့ ~ ကျွန်တော်ပင်ပန်းနေတယ်နားချင်တယ်လို့!!~ "
စိတ်တွေကလည်းတိုနေတာတအား!
ကိုယ့်အရှေ့နောက်ကျောပေးထားတဲ့ကောင်လေးကိုလည်းစိတ်မတိုရက်၊ဘယ်သူ့ကိုတိုရမှန်းလဲမသိ။
ခန္ဓာကိုယ်လေးသိမ့်သိမ့်တုန်အောင်ရှိုက်ငိုနေသည့်ကောင်ငယ်လေးရှေ့ကိုသွားလိုက်ပြီးလက်တစ်ဖက်ကခေါင်းကိုထိန်းဆွဲပြီးရင်ခွင်ထဲထည့်ထားလိုက်သည်။
" မငိုပါတော့နဲ့အချစ်ရယ်..မင်းငိုတာမြင်ရင်ကိုယ်ဘယ်သူ့ကိုစိတ်တိုလို့တိုရမှန်းမသိဘူး "
" … "
" မင်းမကျေနပ်ရင်ကိုယ့်ကိုကျေနပ်တဲ့အထိထုရိုက်ပါ..မငိုတော့နဲ့ "
" … "
" ကိုယ်မင်းကိုအရမ်းချစ်ရပါတယ်အချစ်ရယ်… "
ခေါင်းလေးကိုနှုတ်ခမ်းလေးနဲ့ဖိကပ်ပြီးထိန်းကိုင်ထားတဲ့လက်တစ်ဖက်နဲ့ပွတ်ပေးရင်းပြောတော့ရင်ခွင်ထဲကအကောင်ပေါက်လေးက'အင့်'ကနဲပိုရှိုက်ပြီးလက်နှစ်ဖက်နဲ့လည်းခါးကိုကျစ်နေအောင်လာဖက်ထားသည်။
အချိန်တစ်ခုကြာတဲ့အထိဖက်ထားပြီးမှလွှတ်မယ်လုပ်တော့သူ့ခန္ဓာကိုယ်လေးကကိုယ်ရွေ့တဲ့ဘက်ကိုလိုက်ပြီးရွေ့ပါလာသည်မို့မသင်္ကာတာနဲ့လက်မောင်းနှစ်ဖက်ကိုကိုင်ပြီးခန္ဓာကိုယ်ချင်းဆွဲခွာလိုက်တော့သတိလစ်နေတဲ့ခန္ဓာကိုယ်လေးကိုတွေ့လိုက်ရသည်မို့လူကထူပူသွားသည်။
#############
Zawgyi❤️
" က်န႔္က်န႔္ ! ငါဒီမွာ "
ခြင့္ရတုန္းနယ္ကေနျပန္လာေနၿပီကားဂိတ္ကေစာင့္ႀကိဳေနပါအံုးဆိုတဲ့ဘိုဝန႔္ကိုေစာင့္ေနတာနာရီဝက္ေလာက္ၾကာမွကားကစိုက္လာ၏။
" ဟာ…က်န႔္က်န႔္!မင္းပိန္သြားလိုက္တာ က်န္းမာေရးမေကာင္းဘူးလား..ငါျပန္ေရာက္တုန္းစစ္ေဆးေပးအံုးမွပါ "
" ေကာင္းပါတယ္ကြာမင္းကလည္း ငါအလုပ္ကပင္ပန္းလို႔ျဖစ္မယ္ "
" ေအးပါ မင္းကေကာင္းတယ္ဆိုေတာ့လည္းေကာင္းတယ္ေပါ့ကြာ "
ေရွာင္းက်န႔္ကားရပ္ထားတဲ့ေနရာအထိစကားေျပာရင္းလမ္းေလ်ွာက္လာခဲ့လိုက္သည္။ထို႔ေနာက္ေရွာင္းက်န႔္ကဘဲ driver seat ဘက္ဝင္ထိုင္ၿပီးဘိုဝန႔္အိမ္ကိုလိုက္ပို႔လိုက္သည္။အိမ္ထဲဝင္နားပါအံုးလို႔ေျပာေပမဲ့အလုပ္ပိတ္ရက္မဟုတ္ေတာ့အလုပ္ကျပန္သြားရမည္ျဖစ္တာေၾကာင့္ေနာက္မွလာခဲ့ပါ့မယ္လို႔ေျပာၿပီးကုပၼဏီကိုျပန္လာခဲ့ရသည္။ကုပၼဏီေရာက္တာနဲ႔ကားထားတဲ့ေနရာမွာကားကိုရပ္ၿပီးရံုးခန္းသို႔ခပ္သြက္သြက္သြားရသည္။
" အစ္ကို႔ကိုဒါရိုက္တာဝမ္ေစာင့္ေနတယ္ဗ်..အစ္ကိုျပန္ေရာက္ရင္သူ႔ရံုးခန္းကိုလာခဲ့ပါတဲ့ "
" အင္းအင္း သြားလိုက္မယ္ "
ရံုးခန္းထဲေရာက္လို႔ဖင္ပူေအာင္မထိုင္ရေသးဘူး၊ဝန္ထမ္းေကာင္ေလးတစ္ေယာက္လာေျပာလို႔သြားရအံုးမည္။ကိုငယ့္ရံုးခန္းေရ႔ွေရာက္တာနဲ႔ကိုငယ့္အတြင္းေရးမွဴးကိုအထဲမွာဧၫ့္သည္ရိွလားေမးၾကၫ့္ရေသး၏။မရိွဘူးဆိုမွတံခါးေခါက္ၿပီးဝင္သြားလိုက္၏။
ေအာ္…ဟိုတစ္ေန့ကဒါရိုက္တာဝမ္ပို႔ခိုင္းတဲ့ပစၥည္းေတြထြက္ယူတာဒီအစ္ကိုကို၊အဲ့ဒါေၾကာင့္ျမင္ဖူးပါတယ္မွတ္ေနတာ။ေနပါအံုး ဒီအစ္ကိုကဉဣဌနဲ႔ေရာ ဒါရိုက္တာနဲ႔ေရာရင္းႏွီးေနတယ္ဆိုေတာ့သူကဘယ္သူလဲ။အေတြးလြန္ေနတုန္းအထဲက'ဒုန္း'ကနဲျမည္သြားတဲ့အသံေၾကာင့္လူကခ်က္ခ်င္းပဲတံခါးနားကပ္ကာနားစြင့္ေနလိုက္မိသည္။
" ငါမယံုဘူး ! "
" ဘယ္တုန္းကယံုဖူးလို႔လဲ၊ငယ္ငယ္ကတည္းကအခုထိဘယ္တုန္းကမ်ားယံုခဲ့ဖူးလို႔လဲ "
" မင္းကေရာငါယံုေအာင္ေနခဲ့လား ! "
" မယံုေအာင္ဘာေတြမ်ားလုပ္ေနလို႔လဲကြၽန္ေတာ္က "
" အဲ့ေကာင္နဲ႔မင္းကိုလံုးဝကိုမယံုတာ "
" ကြၽန္ေတာ္တို႔ကရိုးသားတယ္ အဲ့ဒီအတြက္ကိုယ့္လိပ္ျပာကိုယ္လံုတယ္ "
" ဟြန္း!အခုေရာနမ္းခဲ့ၾကေသးလား "
ေျဖာင္း!
ခနဲ႔သလိုနဲ႔ေမးလိုက္တဲ့ဝမ္ရိေပၚမ်က္ႏွာသည္စကၠန႔္ပိုင္းအတြင္းမွာပင္စပ္ဖ်င္းဖ်င္းျဖစ္သြားသည္။
" ကြၽန္ေတာ့္သိကၡာကိုေစာ္ကားတာဒါေနာက္ဆံုးျဖစ္ပါေစ "
" ေတာက္စ္ ! "
စိတ္တိုတိုနဲ႔ကိုငယ့္ရံုးခန္းထဲကထြက္လာေတာ့အျပင္မွာသူ႔အတြင္ေရးမွဴးကေၾကာင္ေတာင္ေတာင္နဲ႔ရပ္ေနသည္။လူကစိတ္တိုေနတာနဲ႔သူ႔ကိုလည္းအေရးလုပ္ၿပီးႏႈတ္ဆက္မေနဘဲကိုယ့္ေနရာကိုသာျပန္လာခဲ့၏။လူကိုမ်ားစြပ္စြပ္စြဲစြဲ၊ဘိုဝန္မ်ားမေတာ္တဆၾကားသြားခဲ့ရင္အားနာစရာေတျြဖစ္ကုန္မွာ။အၿမဲတမ္းလူကိုသံသယမ်က္လံုးေတြနဲ႔ၾကၫ့္တယ္။သူယံုေအာင္ေနေတာ့ေရာဘယ္တုန္းကမ်ားယံုေပးဖူးလို႔လဲ။ၿပီးေတာ့သူ႔ေနာက္ကြယ္မွာေရာေရ႔ွမွာေရာဘယ္တုန္းကမွမဟုတ္တာလုပ္ဖူးတာမရိွဘူး။
တီတီ !
အေစာကဒါရိုက္တာတို႔ရန္ျဖစ္သံၾကားၿပီးဘာအတြက္ဘယ္လိုရန္ျဖစ္ၾကတာလဲလို႔စဉ္းစားေနတုန္း စားပြဲခံုေပၚကအခ်က္ေပးဘဲလ္ကထျမည္လာတာမို႔နည္းနည္းေတာင္လန႔္သြား၏။ဒါေပမဲ့ဒါရိုက္တာေခၚေနတာကိုခ်က္ခ်င္းမသြားဘဲၾကာေနမွအေငါက္ခံရတာကပိုလန႔္စရာေကာင္းသည္။
" ဒါရိုက္တာ!ကြၽန္ေတာ္ေရာက္ပါၿပီ "
" ငါရံုးဆင္းၿပီ!ကိုကို႔ဆီကို report သြားတင္လိုက္ငါေနမေကာင္းလို႔ျပန္ၿပီလို႔ "
" ဟုတ္ကဲ့ ဒါရိုက္တာ "
ငယ္ငယ္က,ကေလးေတြလိုပဲဆရာ/မ,မလာရင္ျဖစ္ျဖစ္လာၿပီးမျွပန္သြားရင္ျဖစ္ျဖစ္ေပ်ာ္ၾကတာ၊သူ႔ဘဝကလည္းအဲ့လိုပဲ။ဒါရိုက္တာေန့တစ္ဝက္နဲ႔ရံုးဆင္းမယ္ဆိုေတာ့က်ိတ္ေပ်ာ္ေနရတာ။
ဒါရိုက္တာကအေပၚကုတ္ကိုေတာင္ျပန္ဝတ္မသြားဘဲအေပၚကုတ္နဲ႔ Wallet အနက္ကိုလက္ကကိုင္ၿပီးဖုန္းကိုေဘာင္းဘီရဲ့ဘယ္ဘက္အိပ္ကပ္ထဲထၫ့္ကာညာဖက္လက္ကိုညာဖက္ေဘာင္းဘီအိပ္ကပ္ထဲထၫ့္ၿပီးထြက္သြားသည္။ေဒါသႀကီးၿပီးေၾကာက္စရာေကာင္းလို႔သာဒူးတုန္ေနေအာင္ေၾကာက္ေနရတာဒါရိုက္တာႀကီးတစ္ေန့တစ္ေန့မိမိုက္ေနမႈႀကီးကိုေတာ့ေန့တိုင္းရႉစားလို႔မဝဘူး။ေယာက္်ားခ်င္းေတာင္အားက်ေနရသၫ့္လူမ်ိဳး။
ေလာေလာဆယ္ေတာ့ဒါရိုက္တာရဲ့ေခ်ာေမာေနမႈကိုပဲငမ္းေနလို႔မရဘူး။ဉဣဌကို report သြားတင္ရအံုးမည္။
××××××××××
ဒီေန့ကုပၼဏီမွာကိုငယ္နဲ႔စကားမ်ားၿပီးရံုးခန္းမွာအလုပ္ျပန္ထိုင္လုပ္ေနကတည္းကေနကမေကာင္းခ်င္ျဖစ္ေနတာမို႔အိမ္ေရာက္ရင္နားအံုးမယ္လို႔စဉ္းစားထားေပမဲ့ အိမ္ထဲမွာၿပိဳင္ကားတစ္စီးကိုေတြ့လိုက္ကတည္းကနားရဖို႔လမ္းမျမင္ေတာ့ဘူးဆိုတာအတတ္သိလိုက္သည္ ။ ျပႆနာမ်ားထပ္ရွာေနအံုးမလား ။ အထင္နဲ႔အျမင္လြဲသြားတာကေတာ့ဧၫ့္ခန္းထဲမွာဘီယာဘူးခြံေတြနဲ႔တစ္ခါသံုးေဖာ့ဘူးေတြပြေနတာျဖစ္သည္ ။ ရွင္းစမ္း ေရွာင္းက်န႔္ရယ္ ~ ဝဋ္ရိွသေရြ့ေပါ့ ။
" ေအာ္ .. ျပန္လာၿပီေပါ့ "
ျပန္ေရာက္ကတည္းကအေပၚထပ္မတတ္ေသးဘဲဧၫ့္ခန္းကိုတစ္ခါတည္းသန႔္ရွင္းေရးလုပ္ေနတာျဖစ္၏။ၿပီးရင္ေရခ်ိဳးၿပီးတစ္ခါတည္းနားေတာ့မွာမို႔ ေအာက္လည္းမဆင္းေတာ့ဘူး။သန႔္ရွင္းေရးလုပ္ေနရင္းေလွကားမွာရပ္ၿပီး'ျပန္လာၿပီေပါ့'လို႔ေျပာသံကိုၾကားေသာ္လည္းမၾကားခ်င္ေယာင္ေဆာင္လိုက္၏။ျပန္လည္းေျဖခ်င္စိတ္မရိွဘူး။ပင္ပန္းလာပါတယ္ဆိုသူရႈပ္ထားသမ်ွကအေမာစို႔ေအာင္စီးႀကိဳေနတာကို…
ဘီယာဘူးခြံေတြနဲ႔ေဖာ့ဘူးခြံေတြပဲရိွတာမလို႔အၾကာႀကီးေတာ့မရွင္းလိုက္ရပါဘူး။အမိႈက္ရႈပ္ထားတဲ့လူကလည္းအခုထိေလွကားေပၚမွာမတ္တပ္ရပ္တုန္း၊ဘာျပႆနာရွာအံုးမလို႔လဲ။မီးဖိုခန္းထဲလက္ဝင္ေဆးၿပီးဆိုဖာေပၚခြၽတ္ခ်ထားတဲ့ကုတ္အက်ႌနဲ႔ပိုက္ဆံအိတ္နဲ႔ဖုန္းကိုယူကာေလွကားမွာရပ္ေနတဲ့လူကိုေရွာင္ကာအေပၚသို႔တတ္ခဲ့လိုက္သည္။စကားေျပာခ်င္စိတ္လည္းမရိွ၊ၾကၫ့္ခ်င္ျမင္ခ်င္စိတ္လည္းမရိွ။
" အိမ္ေတာ့ျပန္လာသားပဲမဆိုးပါဘူး ဟိုေကာင့္အိမ္လိုက္အိပ္မယ္ထင္ေနတာ "
ေရခ်ိဳးဖို႔လုပ္ေနတုန္းကေတာ့ကုတင္ေပၚမွာသူ႔ဘာသာဖုန္းသံုးေနသည္မို႔ကိုယ္ကလည္းအေရးလုပ္ၿပီးသူ႔ကိုဘာစကားမွမေျပာဘဲေရခ်ိဳးခန္းထဲဝင္ခဲ့လိုက္တာ၊ေရခ်ိဳးၿပီးျပန္ထြက္လာေတာ့အခုလိုစကားနာထိုးေတာ့တာပဲ။သူကဘာျဖစ္ခ်င္ေနတာတဲ့လဲ။
" ဘာေတြမေက်မနပ္ျဖစ္ေနတာလဲတစ္ေယာက္တည္း၊ကြၽန္ေတာ္ပင္ပန္းလာလို႔ေအးေအးေဆးေဆးနားပါရေစလား…စိတ္ေတြလည္းကုန္ေနၿပီတကယ္! "
" ငါ့ကိုကုန္တာလား မင္းအေကာင္ကိုလား "
" … "
" ျပန္မေျပာပံုေထာက္ရင္ငါ့ကိုေပါ့ဟုတ္လား ! အဟြန္း! အင္းေပါ့ဘယ္သူကကိုယ့္အေကာင္ကိုစိတ္ကုန္မွာလဲ အလိုမတူဘဲအတင္းအက်ပ္လုပ္ထားတဲ့ေကာင္ကိုပဲစိတ္ကုန္မွာေပါ့ "
" စကားေျပာရင္သူမ်ားကိုမထိခိုက္ပဲမေျပာတတ္ဘူးလား!! "
" မေျပာေတာ့ပါဘူးဟုတ္ၿပီလား၊ထပ္ေျပာရင္လည္းငါ့ကိုစိတ္ထပ္ပ်က္ရံုပဲတိုးလာမလား "
" … "
" စိတ္ခ်!!ေနာက္ဘယ္ေတာ့မွမင္းအေကာင္ကိုမထိခိုက္ေစရဘူး "
သူ႔အေကာင္ကိုထိေတာ့လည္းမႀကိဳက္ မထိေတာ့ဘူးလို႔ေျပာေတာ့လည္းရုပ္ကဘာျဖစ္သြားမွန္းမသိ၊ရုပ္တရက္မ်က္လံုးကအရည္ရႊမ္းလာၿပီးဟိုဖက္ကိုလွၫ့္သြားျပန္သည္။ဟိုဖက္လွၫ့္ၿပီးက်ိတ္ငိုေနျပန္၏။
" ေတာက္စ္!!!ငါကြာ! "
သူ႔မ်က္ရည္ေတျြမင္ရင္ကိုလူကအလိုလိုစိတ္တိုလာတာဘာျဖစ္မွန္းမသိ။ၿပီးေတာ့ကိုယ္ကဆယ္ခြန္းေျပာရင္သူက
" မင္းေက်နပ္သင့္တာမဟုတ္ဘူးလား၊ဘာလို႔ေစာက္ရည္ကထြက္ေနရျပန္တာလဲ "
" ေျပာခ်င္ရာေျပာၿပီးရင္ဒီအခန္းထဲကထြက္သြားပါေတာ့ ~ ကြၽန္ေတာ္ပင္ပန္းေနတယ္နားခ်င္တယ္လို႔!!~ "
စိတ္ေတြကလည္းတိုေနတာတအား!
ကိုယ့္အေရ႔ွေနာက္ေက်ာေပးထားတဲ့ေကာင္ေလးကိုလည္းစိတ္မတိုရက္၊ဘယ္သူ႔ကိုတိုရမွန္းလဲမသိ။
ခႏၶာကိုယ္ေလးသိမ့္သိမ့္တုန္ေအာင္ရိႈက္ငိုေနသၫ့္ေကာင္ငယ္ေလးေရ႔ွကိုသြားလိုက္ၿပီးလက္တစ္ဖက္ကေခါင္းကိုထိန္းဆြဲၿပီးရင္ခြင္ထဲထၫ့္ထားလိုက္သည္။
" မငိုပါေတာ့နဲ႔အခ်စ္ရယ္..မင္းငိုတာျမင္ရင္ကိုယ္ဘယ္သူ႔ကိုစိတ္တိုလို႔တိုရမွန္းမသိဘူး "
" … "
" မင္းမေက်နပ္ရင္ကိုယ့္ကိုေက်နပ္တဲ့အထိထုရိုက္ပါ..မငိုေတာ့နဲ႔ "
" … "
" ကိုယ္မင္းကိုအရမ္းခ်စ္ရပါတယ္အခ်စ္ရယ္… "
ေခါင္းေလးကိုႏႈတ္ခမ္းေလးနဲ႔ဖိကပ္ၿပီးထိန္းကိုင္ထားတဲ့လက္တစ္ဖက္နဲ႔ပြတ္ေပးရင္းေျပာေတာ့ရင္ခြင္ထဲကအေကာင္ေပါက္ေလးက'အင့္'ကနဲပိုရိႈက္ၿပီးလက္ႏွစ္ဖက္နဲ႔လည္းခါးကိုက်စ္ေနေအာင္လာဖက္ထားသည္။
အခ်ိန္တစ္ခုၾကာတဲ့အထိဖက္ထားၿပီးမွလႊတ္မယ္လုပ္ေတာ့သူ႔ခႏၶာကိုယ္ေလးကကိုယ္ေရြ့တဲ့ဘက္ကိုလိုက္ၿပီးေရြ့ပါလာသည္မို႔မသကၤာတာနဲ႔လက္ေမာင္းႏွစ္ဖက္ကိုကိုင္ၿပီးခႏၶာကိုယ္ခ်င္းဆြဲခြာလိုက္ေတာ့သတိလစ္ေနတဲ့ခႏၶာကိုယ္ေလးကိုေတြ့လိုက္ရသည္မို႔လူကထူပူသြားသည္။
#############