Part : 24[ U & Z ]
Part : 24[ U & Z ]
Uni❤️
" ဒေါက်တာ သူဘာလို့သတိလစ်သွားတာလဲခင်ဗျ "
" ကျွန်တော်လည်းဒါကိုသေချာစဉ်းစားနေတာပါပဲ၊လောလောဆယ်တော့သူ့ကိုအားရှိတာတွေကျွေးပြီးသူ့အလိုကိုလိုက်ပေးပါ၊သူစိတ်ကအတက်အကျမြန်နေသယောင်ရှိတယ်ဗျ ပြီးတော့အားလည်းတော်တော်နည်းနေပုံရတယ် "
" ဟုတ်ကဲ့ "
" ဒီအပတ်အတွင်းတစ်ရက်ရက်ကိုကျွန်တော်ပြန်ချိန်းလိုက်ပါ့မယ် ဆရာမကြီးနဲ့တွေ့ပေးမှာမလို့သိပ်စိတ်မပူပါနဲ့၊သူကအားနည်းလို့သတိလစ်သွားတာပါအရမ်းစိုးရိမ်စရာမရှိပါဘူး "
" ဟုတ်ကဲ့ ဒေါက်တာ ကျေးဇူးတင်ပါတယ် "
ဒေါက်တာကိုခြံအပြင်အထိလိုက်ပို့ပြီးအခန်းထဲပြန်ဝင်လာတော့ရှောင်းကျန့်ကသတိရနေပြီဖြစ်သည်။
" သက်သာလား ဘယ်နားနေမကောင်းတာရှိလဲ "
" ဟင့်အင်း ! ကောင်းပါတယ် "
" တစ်နေရာရာကနေလို့မကောင်းသလိုဖြစ်တာနဲ့ကိုယ့်ကိုချက်ချင်းပြောနော် "
" ဟုတ်ကဲ့ "
ကုတင်ပေါ်ကဖြူစွတ်စွတ်ဖြစ်နေသည့်ကောင်လေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရ၏။အားနည်းနေရအောင်သူကဘာမှမစားဘူးလား၊ကိုယ့်ကျန်းမာရေးကိုတောင်ဂရုမစိုက်ဘူးလားလို့ဆူပစ်ချင်သော်လည်းနေမကောင်းတဲ့ကလေးကိုမဆူရက်။
မျက်လုံးမှိတ်ပြီးကုတင်ပေါ်မှာပြန်မှေးနေတဲ့ကလေးတစ်ခုခုဖြစ်ရင်ချက်ချင်းသိရအောင်လို့ကုတင်ပေါ်တတ်ပြီးသူ့ဘေးနေရာကိုဝင်ပြီးကုတင်ဘောင်ကိုမှီထိုင်ကာဖုန်းသုံးနေလိုက်သည်။
" ဗိုက်ဆာတယ် "
" ဘာစားချင်လဲ ကိုယ့်ကိုပြော "
" ကိုလုပ်ပေးမှာလား "
" ဟမ် ! အော် အင်း ! ကိုယ်ဘာလုပ်ပေးရမလဲ "
ချက်ချင်းလက်ငင်းကြီး'ကို'လို့ထခေါ်လိုက်တာမို့ကိုယ့်မှာအယောင်ယောင်အမှားမှားဖြစ်ရပြန်သည်။
" ကိုလုပ်တတ်တာလုပ်ပေး ဗိုက်ပြည့်ရင်ပြီးရော "
" အင်း ခနစောင့် "
မီးဖိုထဲဝင်ပြီးဘာလုပ်တတ်တာရှိလဲလို့ရှာကြည့်တော့ခေါက်ဆွဲခြောက်ထုပ်တွေအများကြီးတွေ့တာနဲ့ခေါက်ဆွဲပြုတ်ဖို့လုပ်လိုက်သည်။အရွက်တွေအသားတွေကြက်အူချောင်းတွေရောတွေ့သည်မို့သေချာလေးစားကောင်းအောင်ပြုတ်ပေးလိုက်၏။နှစ်ယောက်စာပြုတ်ထားတာမလို့အတူတူစားပြီးတာနဲ့သူ့ကိုအိပ်ပျော်အောင်သိပ်လိုက်သည်။အားနည်းနေတယ်ဆိုတာအိပ်မပျော်တာတွေလည်းပါမှာပေါ့။သူအိပ်ပျော်သွားတာနဲ့သူ့ကိုကိုယ့်ရင်ခွင်ထဲထည့်ကာကိုယ်ပါအိပ်လိုက်တော့သည်။
××××××××××
" သားကလူနာနဲ့ဘာတော်တာလဲကွဲ့ "
" သူ့အမျိုးသားပါဆရာမကြီး "
ရှောင်းကျန့်သတိလစ်တဲ့နေ့ကအိမ်လာကြည့်ပေးသွားတဲ့ဒေါက်တာညွှန်းလိုက်တဲ့ဆရာမကြီးဆီကိုရှောင်းကျန့်ကျန်းမာရေးအခြေအနေကိုလာပြခြင်းဖြစ်၏။
" ဆရာမသားနဲ့သီးသန့်ဆွေးနွေးစရာရှိလို့ရုံးခန်းထဲလိုက်ခဲ့ပေး "
" ဟုတ်ကဲ့ဆရာမကြီး "
ရှောင်းကျန့်ကတော့လူနာခန်းထဲမှာဆေးသွင်းရင်းကျန်ခဲ့လေသည်။ရုံးခန်းထဲရောက်တော့ဆရာမပြောလိုက်တဲ့စကားကြောင့်ခန္ဓာကိုယ်ထဲကသွေးတွေစီးဆင်းနေရင်းရပ်သွားသည်ဟုထင်ရ၏။
" သူရောသိလားဆရာမကြီး "
" မပြောရသေးဘူးသား "
" ဟုတ်ကဲ့ သားကိုယ်တိုင်ပြောပြလိုက်ပါ့မယ် "
" ဟုတ်ပြီသား "
" အခုထိကိုမယုံနိုင်သေးဘူးဆရာမကြီးရယ် "
" ထူးဆန်းပေမဲ့ဆရာမတို့ကတစ်ခေါက်ကြုံဖူးပြီးသားမလို့ သားယုံလို့ရပါတယ် "
" ဟုတ်ကဲ့ ကျွန်တော်မယုံတာမဟုတ်ပါဘူး၊အံ့ဩနေတာပါ "
" ဆရာမနားလည်ပါတယ် "
" ဟုတ်ကဲ့ဆရာမကြီး "
ဆရာမကြီးရုံးခန်းကပြန်ထွက်လာပြီးရှောင်းကျန့်ဆေးသွင်းနေတဲ့အခန်းထဲကိုဝင်လာတော့ဆေးကကုန်တောင်ကုန်နေပြီဖြစ်၏။
" ဆရာမကြီးနဲ့ဘာတွေပြောနေကြတာလဲ "
" အချစ်အကြောင်းပေါ့ "
" ပြောပြလေ "
" မလန့်သွားနဲ့နော် "
" ပြောပါ ဘာရောဂါတဲ့လဲ!ကျွန်တော့်စိတ်ကိုပြင်ဆင်ပြီးသားပါ "
" အဲ့ဒါဆိုပြောမယ် ကလေးရောဂါတဲ့ "
" ဟင်!!ကျွန်တော်သူငယ်မပြန်ပါဘူး "
" မဟုတ်ဘူးလေကွာ ! ကလေးရောဂါဆိုတာမင်းဗိုက်ထဲကလေးလေးရောက်နေတဲ့ရောဂါကိုပြောတာ "
" အော် … ဟမ်!!ဘယ်လို "
" အံ့ဩသွားတာလား၊ကိုယ်လည်းကြားကြားချင်းကအံ့ဩသွားတာပဲ ပြီးမှ… "
" ဆရာမကြီးအစစ်မှားတာရောမဖြစ်နိုင်ဘူးလား … ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စကြီးကို မနောက်ကြပါနဲ့ "
" ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စဆိုတာမှန်ပါတယ် ဒါပေမဲ့ယောက်ျားလေးတစ်သန်းမှာတစ်ယောက်လောက်/နှစ်ယောက်ကတော့ဖြစ်နိုင်တယ်သား "
သူတို့အချင်းချင်းပြောနေရင်းဆရာမကြီးကတံခါးဖွင့်လာပြီးဝင်ကာပြောလေသည်။
" အဲ့ဒီတစ်ယောက်/နှစ်ယောက်ကကျွန်တော်မဟုတ်ဘဲသူများမဖြစ်နိုင်ဘူးလားဆရာမကြီး "
" အဲ့ဒါဆိုဆရာမမေးမယ် သားကမလိုချင်ဘူးလား "
ဆရာမမေးလိုက်တော့ရှောင်းကျန့်ကကြောင်သွားပြီးဝမ်ရိပေါ်ကိုလှည့်ကြည့်မိတော့လည်းမျက်နှာကအောက်ငုံ့ထားလေသည်။
" အဲ့လိုမဟုတ်ရင်တော့ သားကပျော်နေရမှာမဟုတ်လား၊ဒါမှမဟုတ်ယောက်ျားတန်မဲ့ဆိုပြီးရှက်နေတာများလား၊အဲ့ဒါမှမဟုတ်သေးရင်ပတ်ဝန်းကျင်ကိုကြောက်နေတာလား "
သူတစ်ခုခုဖြေမယ်လုပ်တိုင်းကုတင်ဘေးမှာအသံတိတ်ထိုင်နေတဲ့လူကိုကြည့်မိတယ်။ကလေးအဖေကသူလည်းဖြစ်တာမို့သူ့သဘောကရော ဗိုက်ထဲကကလေးကိုလက်ခံပေးပါ့မလား။ကိုယ့်ကိုရောယောက်ျားတန်မဲ့ဒီလိုဖြစ်လို့အထင်သေးနေမလား။ကလေးကသာအမှန်တကယ်ရှိတယ်ဆိုရင်ကိုယ်တိုင်ကရောလက်ခံနိုင်ရဲ့လား။
" သားလည်းပင်ပန်းနေမှာပေါ့ နားလိုက်တော့၊အဆင်မပြေတာရှိရင်ဆရာမဆီလာခဲ့ "
ပြောပြီးဆရာမကပြန်ထွက်သွားသည်။ကိုငယ်ကတော့ဘာမှမပြောဘဲကိုယ့်လက်ကိုလာကိုင်လေသည်။
" အချစ်ကမလိုချင်လို့လား "
" ဗျာ! "
" ကိုယ့်ကလေးကိုမလိုချင်ဘူး မမွေးပေးချင်ဘူးပေါ့ "
" အဲ့လိုလည်းမဟုတ်ပါဘူး ဒါပေမဲ့ကျွန်တော်သတ္တိမရှိဘူး "
" ကိုယ်ရှိနေရင်ပြီးပြီလေ မင်းဘေးမှာကိုယ်ရှိတယ်လေ "
" ကျွန်တော်နဲ့ကျွန်တော့်ကလေးကိုလက်ခံပေးနိုင်တာလား "
" ကျွန်တော့်ကလေးမဟုတ်ပါဘူး ကျွန်တော်တို့ကလေးလို့ပြောရမှာမဟုတ်ဘူးလားအချစ်လေးရဲ့ "
အချစ်လေးလို့ခေါ်ပြီးမေးစေ့လေးကိုဖျစ်ညှစ်လိုက်လို့ခေါင်းငုံ့ပြီးရှက်သွားတဲ့ကောင်ငယ်လေးကိုအူယားလိုက်တာဆိုတာလေ …
" ကလေးကရှိလာပြီ ဘယ်မှာလဲကျွန်တော်တို့ရဲ့ပတ်သတ်မှုအတိအကျ "
" အဲ့တာတော့ကိုယ်မသိဘူး အစောကတော့ဆရာမကြီးကို ကိုယ်ကမင်းအမျိုးသားပါလို့ပြောခဲ့လိုက်တယ်ကွာ ! ကျေနပ်လား "
မျက်စောင်းထိုးပြီးဟိုဖက်လှည့်သွားတဲ့ကောင်လေးရဲ့မျက်နှာလေးကိုဖွဖွထိန်းကိုင်ကာကိုယ့်ဘက်ပြန်လှည့်စေပြီး
" ကိုယ်မင်းကိုလက်ထပ်ချင်တယ် ခွင့်ပြုပေးမလား "
" … "
" ကိုယ်မင်းကိုအရင်ကတည်းကချစ်နေတာပါ အဲ့ဒါကြောင့်ညီအစ်ကိုလိုသဘောမထားဘူးလို့အမြဲတမ်းပြောနေခဲ့တာပါ၊ယုံမလားတော့မသိဘူး "
" … "
" ကိုယ့်ကိုလက်ခံပေးပါကွာနော် "
" ကျွန်တော်လူသိရှင်ကြားပွဲကြီးမလုပ်ချင်ဘူး၊အသိသက်သေနဲ့ရှေ့နေနဲ့ပဲလတ်မှတ်ထိုးချင်တယ် "
" အာ … ဟို … ပွဲအကြီးကြီးမလုပ်ပေမဲ့ကိုယ်နဲ့မင်းလက်ထပ်လိုက်ပြီဆိုတဲ့သီတင်းကိုတော့လူသိရှင်ကြားဖွင့်ဟလို့ရတယ်မလား "
" ကို့သဘော "
" အားး ချစ်လိုက်တာကွာ!နောက် အမြဲတမ်းကိုလို့ပဲခေါ်တော့ကွာ၊ကိုငယ်လို့ထထမခေါ်နဲ့ "
" အင်းပါဗျ "
ခုံပေါ်ကထပြီးကုတင်ပေါ်တက်ထိုင်ကာပြုံးစိစိနဲ့ဖြေတဲ့ကောင်လေးကိုရင်ခွင်ထဲထည့်ပြီးအူယားယားနဲ့ဖျစ်ညှစ်ပစ်လိုက်၏။
" မင်းနော် ! အေး .. သိပ်အူယားအောင်လာမလုပ်နဲ့ "
" ဟွန်း! "
ဆေးသွင်းတာလည်းပြီးပြီမို့ဆရာမကြီးရုံးခန်းခနဝင်ပြီးပြန်မယ်လုပ်တော့
" ကိုကြီးကိုကြောက်တယ် "
" ကိုယ်ရှိပါတယ် "
××××××××××
" မင်းတို့အကြောင်းတွေကို,ကိုကြီးကြားပါတယ် "
" ကိုကြီး ~ "
ဆေးကအပြန်ကိုကြီးဆီကိုတစ်ခါတည်းဝင်မယ်လို့ပူဆာပြီးအရင်နေခဲ့တဲ့အိမ်ကိုရောက်တော့ကိုကြီးကိုရှေ့မျက်နှာနောက်ထားပြီးပြောပြလိုက်သည်။ကိုငယ်ကတော့လမ်းမှာပြောပါသည်၊သူ့ဘာသာပြောလိုက်မှာမို့စိတ်မပူနဲ့တဲ့ ကိုယ်ကတော့ကိုကြီးသဘောထားကိုကိုယ်တိုင်သိချင်လို့တစ်ခါတည်းပြောပြလိုက်ခြင်းဖြစ်သည်။ကိုငယ်ကလည်းကိုကြီးကိုအခုတစ်ခါတည်းပြောလိုက်မည်လို့မထင်ဘူးထင်ပါရဲ့။
" ကိုကြီးသိတာလည်းတစ်လလောက်ပဲရှိပါသေးတယ်~အစောကကျန့်ကျန့်ဖွင့်မပြောခင်အချိန်အထိကောလဟာလလို့ပဲထင်ထားတာ "
" ကျွန်တော်တောင်းပန်ပါတယ်ကိုကြီး "
" အမှန်တိုင်းပြောရရင်ကိုကြီးတုန်လှုပ်သွားသေးတယ်၊ကိုကြီးကလည်းအိမ်ထောင်မပြုဖြစ်တော့ဘူး ဝမ်လေးကလည်းမျိုးဆက်မကနိုင်တော့ဘူးဆိုပြီး~ပြန်စဉ်းစားကြည့်တော့လည်းမျိုးဆက်ကအဓိကမှမကျဘဲ "
" ကိုကိုကျွန်တော်တောင်းပန်ပါတယ် "
" မင်းတို့အပြစ်မှမဟုတ်ဘဲ ကံစီမံရာအတိုင်းချစ်ကြိုက်ကြတာပဲကို ကိုကိုနားလည်ပါတယ်~အဲ့တော့အခုကလေးလည်းရှိလာပြီ မင်းတို့ကလက်မထပ်ရသေးဘူးဘယ်လိုလုပ်မှာလဲ "
ရှောင်းကျန့်သဘောထားနဲ့သူ့သဘောထားကို ကိုကို့ပြောပြလိုက်တော့လက်ထပ်စာချုပ်မှာလက်မှတ်ထိုးရုံပဲဆိုတော့သဘောမကျချင်ပေမဲ့ ခမ်းခမ်းနားနားလုပ်ရင်လည်းတခြားနိုင်ငံအထိသွားလုပ်ရမှာမလို့ ကိုကိုကသူ့သဘောထားကိုလက်လျှော့လိုက်သည်ထင်ပါရဲ့။
" ကိုယ်ဝန်ကဘယ်နှစ်လရှိပြီလဲ "
" ခြောက်ပတ်ပါကိုကြီး "
" ဟိုအိမ်မှာပဲအပြီးနေတော့မှာမလားနှစ်ယောက်လုံး "
" ဟို ~ "
" ကိုကိုကျွန်တော်တို့နဲ့အတူလာနေပါ့လား "
" အဲ့လိုဆိုကိုကိုကလည်းပြန်ခေါ်မယ်လေ၊လာနေကြမလား "
ပြန်တွေးကြည့်တော့ကိုကို့ကိုလည်းတစ်ယောက်တည်းဒီအိမ်ကြီးထဲမှာမထားခဲ့နိုင်ဘူး။ဒီအိမ်မှာပြန်တတ်နေမယ်ဆိုရင်ရှောင်းကျန့်ကလက်ခံနိုင်ပါ့မလား၊မိဘတွေရဲ့မြေကွက်ဆိုတော့။ဒါပေမဲ့အဲ့ဒီမြေမှာသူ့မိဘတွေနဲ့အတူတူနေခဲ့တာကအရမ်းကြာခဲ့တာမှမဟုတ်တာ၊သူကရောမှတ်မိပါ့မလားအရမ်းငယ်သေးတာကို။အိမ်ပြန်ရောက်မှနားချကြည့်ရအုံးမည်။
#############
Zawgyi❤️
" ေဒါက္တာ သူဘာလို႔သတိလစ္သြားတာလဲခင္ဗ် "
" ကြၽန္ေတာ္လည္းဒါကိုေသခ်ာစဉ္းစားေနတာပါပဲ၊ေလာေလာဆယ္ေတာ့သူ႔ကိုအားရိွတာေတြေကြၽးၿပီးသူ႔အလိုကိုလိုက္ေပးပါ၊သူစိတ္ကအတက္အက်ျမန္ေနသေယာင္ရိွတယ္ဗ် ၿပီးေတာ့အားလည္းေတာ္ေတာ္နည္းေနပံုရတယ္ "
" ဟုတ္ကဲ့ "
" ဒီအပတ္အတြင္းတစ္ရက္ရက္ကိုကြၽန္ေတာ္ျပန္ခ်ိန္းလိုက္ပါ့မယ္ ဆရာမႀကီးနဲ႔ေတြ့ေပးမွာမလို႔သိပ္စိတ္မပူပါနဲ႔၊သူကအားနည္းလို႔သတိလစ္သြားတာပါအရမ္းစိုးရိမ္စရာမရိွပါဘူး "
" ဟုတ္ကဲ့ ေဒါက္တာ ေက်းဇူးတင္ပါတယ္ "
ေဒါက္တာကိုၿခံအျပင္အထိလိုက္ပို႔ၿပီးအခန္းထဲျပန္ဝင္လာေတာ့ေရွာင္းက်န႔္ကသတိရေနၿပီျဖစ္သည္။
" သက္သာလား ဘယ္နားေနမေကာင္းတာရိွလဲ "
" ဟင့္အင္း ! ေကာင္းပါတယ္ "
" တစ္ေနရာရာကေနလို႔မေကာင္းသလိုျဖစ္တာနဲ႔ကိုယ့္ကိုခ်က္ခ်င္းေျပာေနာ္ "
" ဟုတ္ကဲ့ "
ကုတင္ေပၚကျဖဴစြတ္စြတ္ျဖစ္ေနသၫ့္ေကာင္ေလးကိုၾကၫ့္ၿပီးစိတ္မေကာင္းျဖစ္ရ၏။အားနည္းေနရေအာင္သူကဘာမွမစားဘူးလား၊ကိုယ့္က်န္းမာေရးကိုေတာင္ဂရုမစိုက္ဘူးလားလို႔ဆူပစ္ခ်င္ေသာ္လည္းေနမေကာင္းတဲ့ကေလးကိုမဆူရက္။
မ်က္လံုးမိွတ္ၿပီးကုတင္ေပၚမွာျပန္ေမွးေနတဲ့ကေလးတစ္ခုခုျဖစ္ရင္ခ်က္ခ်င္းသိရေအာင္လို႔ကုတင္ေပၚတတ္ၿပီးသူ႔ေဘးေနရာကိုဝင္ၿပီးကုတင္ေဘာင္ကိုမွီထိုင္ကာဖုန္းသံုးေနလိုက္သည္။
" ဗိုက္ဆာတယ္ "
" ဘာစားခ်င္လဲ ကိုယ့္ကိုေျပာ "
" ကိုလုပ္ေပးမွာလား "
" ဟမ္ ! ေအာ္ အင္း ! ကိုယ္ဘာလုပ္ေပးရမလဲ "
ခ်က္ခ်င္းလက္ငင္းႀကီး'ကို'လို႔ထေခၚလိုက္တာမို႔ကိုယ့္မွာအေယာင္ေယာင္အမွားမွားျဖစ္ရျပန္သည္။
" ကိုလုပ္တတ္တာလုပ္ေပး ဗိုက္ျပၫ့္ရင္ၿပီးေရာ "
" အင္း ခနေစာင့္ "
မီးဖိုထဲဝင္ၿပီးဘာလုပ္တတ္တာရိွလဲလို႔ရွာၾကၫ့္ေတာ့ေခါက္ဆြဲေျခာက္ထုပ္ေတြအမ်ားႀကီးေတြ့တာနဲ႔ေခါက္ဆြဲျပဳတ္ဖို႔လုပ္လိုက္သည္။အရြက္ေတြအသားေတြၾကက္အူေခ်ာင္းေတြေရာေတြ့သည္မို႔ေသခ်ာေလးစားေကာင္းေအာင္ျပဳတ္ေပးလိုက္၏။ႏွစ္ေယာက္စာျပဳတ္ထားတာမလို႔အတူတူစားၿပီးတာနဲ႔သူ႔ကိုအိပ္ေပ်ာ္ေအာင္သိပ္လိုက္သည္။အားနည္းေနတယ္ဆိုတာအိပ္မေပ်ာ္တာေတြလည္းပါမွာေပါ့။သူအိပ္ေပ်ာ္သြားတာနဲ႔သူ႔ကိုကိုယ့္ရင္ခြင္ထဲထၫ့္ကာကိုယ္ပါအိပ္လိုက္ေတာ့သည္။
××××××××××
" သားကလူနာနဲ႔ဘာေတာ္တာလဲကြဲ႔ "
" သူ႔အမ်ိဳးသားပါဆရာမႀကီး "
ေရွာင္းက်န႔္သတိလစ္တဲ့ေန့ကအိမ္လာၾကၫ့္ေပးသြားတဲ့ေဒါက္တာၫႊန္းလိုက္တဲ့ဆရာမႀကီးဆီကိုေရွာင္းက်န႔္က်န္းမာေရးအေျခအေနကိုလာျပျခင္းျဖစ္၏။
" ဆရာမသားနဲ႔သီးသန္႔ေဆြးေနြးစရာရိွလို႔ရံုးခန္းထဲလိုက္ခဲ့ေပး "
" ဟုတ္ကဲ့ဆရာမႀကီး "
ေရွာင္းက်န႔္ကေတာ့လူနာခန္းထဲမွာေဆးသြင္းရင္းက်န္ခဲ့ေလသည္။ရံုးခန္းထဲေရာက္ေတာ့ဆရာမေျပာလိုက္တဲ့စကားေၾကာင့္ခႏၶာကိုယ္ထဲကေသြးေတြစီးဆင္းေနရင္းရပ္သြားသည္ဟုထင္ရ၏။
" သူေရာသိလားဆရာမႀကီး "
" မေျပာရေသးဘူးသား "
" ဟုတ္ကဲ့ သားကိုယ္တိုင္ေျပာျပလိုက္ပါ့မယ္ "
" ဟုတ္ၿပီသား "
" အခုထိကိုမယံုႏိုင္ေသးဘူးဆရာမႀကီးရယ္ "
" ထူးဆန္းေပမဲ့ဆရာမတို႔ကတစ္ေခါက္ႀကံဳဖူးၿပီးသားမလို႔ သားယံုလို႔ရပါတယ္ "
" ဟုတ္ကဲ့ ကြၽန္ေတာ္မယံုတာမဟုတ္ပါဘူး၊အံ့ဩေနတာပါ "
" ဆရာမနားလည္ပါတယ္ "
" ဟုတ္ကဲ့ဆရာမႀကီး "
ဆရာမႀကီးရံုးခန္းကျပန္ထြက္လာၿပီးေရွာင္းက်န႔္ေဆးသြင္းေနတဲ့အခန္းထဲကိုဝင္လာေတာ့ေဆးကကုန္ေတာင္ကုန္ေနၿပီျဖစ္၏။
" ဆရာမႀကီးနဲ႔ဘာေတြေျပာေနၾကတာလဲ "
" အခ်စ္အေၾကာင္းေပါ့ "
" ေျပာျပေလ "
" မလန႔္သြားနဲ႔ေနာ္ "
" ေျပာပါ ဘာေရာဂါတဲ့လဲ!ကြၽန္ေတာ့္စိတ္ကိုျပင္ဆင္ၿပီးသားပါ "
" အဲ့ဒါဆိုေျပာမယ္ ကေလးေရာဂါတဲ့ "
" ဟင္!!ကြၽန္ေတာ္သူငယ္မျပန္ပါဘူး "
" မဟုတ္ဘူးေလကြာ ! ကေလးေရာဂါဆိုတာမင္းဗိုက္ထဲကေလးေလးေရာက္ေနတဲ့ေရာဂါကိုေျပာတာ "
" ေအာ္ … ဟမ္!!ဘယ္လို "
" အံ့ဩသြားတာလား၊ကိုယ္လည္းၾကားၾကားခ်င္းကအံ့ဩသြားတာပဲ ၿပီးမွ… "
" ဆရာမႀကီးအစစ္မွားတာေရာမျဖစ္ႏိုင္ဘူးလား … ဘယ္လိုမွမျဖစ္ႏိုင္တဲ့ကိစၥႀကီးကို မေနာက္ၾကပါနဲ႔ "
" ဘယ္လိုမွမျဖစ္ႏိုင္တဲ့ကိစၥဆိုတာမွန္ပါတယ္ ဒါေပမဲ့ေယာက္်ားေလးတစ္သန္းမွာတစ္ေယာက္ေလာက္/ႏွစ္ေယာက္ကေတာ့ျဖစ္ႏိုင္တယ္သား "
သူတို႔အခ်င္းခ်င္းေျပာေနရင္းဆရာမႀကီးကတံခါးဖြင့္လာၿပီးဝင္ကာေျပာေလသည္။
" အဲ့ဒီတစ္ေယာက္/ႏွစ္ေယာက္ကကြၽန္ေတာ္မဟုတ္ဘဲသူမ်ားမျဖစ္ႏိုင္ဘူးလားဆရာမႀကီး "
" အဲ့ဒါဆိုဆရာမေမးမယ္ သားကမလိုခ်င္ဘူးလား "
ဆရာမေမးလိုက္ေတာ့ေရွာင္းက်န႔္ကေၾကာင္သြားၿပီးဝမ္ရိေပၚကိုလွည့္ၾကၫ့္မိေတာ့လည္းမ်က္ႏွာကေအာက္ငံု႔ထားေလသည္။
" အဲ့လိုမဟုတ္ရင္ေတာ့ သားကေပ်ာ္ေနရမွာမဟုတ္လား၊ဒါမွမဟုတ္ေယာက္်ားတန္မဲ့ဆိုၿပီးရွက္ေနတာမ်ားလား၊အဲ့ဒါမွမဟုတ္ေသးရင္ပတ္ဝန္းက်င္ကိုေၾကာက္ေနတာလား "
သူတစ္ခုခုေျဖမယ္လုပ္တိုင္းကုတင္ေဘးမွာအသံတိတ္ထိုင္ေနတဲ့လူကိုၾကၫ့္မိတယ္။ကေလးအေဖကသူလည္းျဖစ္တာမို႔သူ႔သေဘာကေရာ ဗိုက္ထဲကကေလးကိုလက္ခံေပးပါ့မလား။ကိုယ့္ကိုေရာေယာက္်ားတန္မဲ့ဒီလိုျဖစ္လို႔အထင္ေသးေနမလား။ကေလးကသာအမွန္တကယ္ရိွတယ္ဆိုရင္ကိုယ္တိုင္ကေရာလက္ခံႏိုင္ရဲ့လား။
" သားလည္းပင္ပန္းေနမွာေပါ့ နားလိုက္ေတာ့၊အဆင္မေျပတာရိွရင္ဆရာမဆီလာခဲ့ "
ေျပာၿပီးဆရာမကျပန္ထြက္သြားသည္။ကိုငယ္ကေတာ့ဘာမွမေျပာဘဲကိုယ့္လက္ကိုလာကိုင္ေလသည္။
" အခ်စ္ကမလိုခ်င္လို႔လား "
" ဗ်ာ! "
" ကိုယ့္ကေလးကိုမလိုခ်င္ဘူး မေမြးေပးခ်င္ဘူးေပါ့ "
" အဲ့လိုလည္းမဟုတ္ပါဘူး ဒါေပမဲ့ကြၽန္ေတာ္သတၲိမရိွဘူး "
" ကိုယ္ရိွေနရင္ၿပီးၿပီေလ မင္းေဘးမွာကိုယ္ရိွတယ္ေလ "
" ကြၽန္ေတာ္နဲ႔ကြၽန္ေတာ့္ကေလးကိုလက္ခံေပးႏိုင္တာလား "
" ကြၽန္ေတာ့္ကေလးမဟုတ္ပါဘူး ကြၽန္ေတာ္တို႔ကေလးလို႔ေျပာရမွာမဟုတ္ဘူးလားအခ်စ္ေလးရဲ့ "
အခ်စ္ေလးလို႔ေခၚၿပီးေမးေစ့ေလးကိုဖ်စ္ၫွစ္လိုက္လို႔ေခါင္းငံု႔ၿပီးရွက္သြားတဲ့ေကာင္ငယ္ေလးကိုအူယားလိုက္တာဆိုတာေလ …
" ကေလးကရိွလာၿပီ ဘယ္မွာလဲကြၽန္ေတာ္တို႔ရဲ့ပတ္သတ္မႈအတိအက် "
" အဲ့တာေတာ့ကိုယ္မသိဘူး အေစာကေတာ့ဆရာမႀကီးကို ကိုယ္ကမင္းအမ်ိဳးသားပါလို႔ေျပာခဲ့လိုက္တယ္ကြာ ! ေက်နပ္လား "
မ်က္ေစာင္းထိုးၿပီးဟိုဖက္လွၫ့္သြားတဲ့ေကာင္ေလးရဲ့မ်က္ႏွာေလးကိုဖြဖြထိန္းကိုင္ကာကိုယ့္ဘက္ျပန္လွၫ့္ေစၿပီး
" ကိုယ္မင္းကိုလက္ထပ္ခ်င္တယ္ ခြင့္ျပဳေပးမလား "
" … "
" ကိုယ္မင္းကိုအရင္ကတည္းကခ်စ္ေနတာပါ အဲ့ဒါေၾကာင့္ညီအစ္ကိုလိုသေဘာမထားဘူးလို႔အၿမဲတမ္းေျပာေနခဲ့တာပါ၊ယံုမလားေတာ့မသိဘူး "
" … "
" ကိုယ့္ကိုလက္ခံေပးပါကြာေနာ္ "
" ကြၽန္ေတာ္လူသိရွင္ၾကားပြဲႀကီးမလုပ္ခ်င္ဘူး၊အသိသက္ေသနဲ႔ေရ႔ွေနနဲ႔ပဲလတ္မွတ္ထိုးခ်င္တယ္ "
" အာ … ဟို … ပြဲအႀကီးႀကီးမလုပ္ေပမဲ့ကိုယ္နဲ႔မင္းလက္ထပ္လိုက္ၿပီဆိုတဲ့သီတင္းကိုေတာ့လူသိရွင္ၾကားဖြင့္ဟလို႔ရတယ္မလား "
" ကို႔သေဘာ "
" အားး ခ်စ္လိုက္တာကြာ!ေနာက္ အၿမဲတမ္းကိုလို႔ပဲေခၚေတာ့ကြာ၊ကိုငယ္လို႔ထထမေခၚနဲ႔ "
" အင္းပါဗ် "
ခံုေပၚကထၿပီးကုတင္ေပၚတက္ထိုင္ကာၿပံဳးစိစိနဲ႔ေျဖတဲ့ေကာင္ေလးကိုရင္ခြင္ထဲထၫ့္ၿပီးအူယားယားနဲ႔ဖ်စ္ၫွစ္ပစ္လိုက္၏။
" မင္းေနာ္ ! ေအး .. သိပ္အူယားေအာင္လာမလုပ္နဲ႔ "
" ဟြန္း! "
ေဆးသြင္းတာလည္းၿပီးၿပီမို႔ဆရာမႀကီးရံုးခန္းခနဝင္ၿပီးျပန္မယ္လုပ္ေတာ့
" ကိုႀကီးကိုေၾကာက္တယ္ "
" ကိုယ္ရိွပါတယ္ "
××××××××××
" မင္းတို႔အေၾကာင္းေတြကို,ကိုႀကီးၾကားပါတယ္ "
" ကိုႀကီး ~ "
ေဆးကအျပန္ကိုႀကီးဆီကိုတစ္ခါတည္းဝင္မယ္လို႔ပူဆာၿပီးအရင္ေနခဲ့တဲ့အိမ္ကိုေရာက္ေတာ့ကိုႀကီးကိုေရ႔ွမ်က္ႏွာေနာက္ထားၿပီးေျပာျပလိုက္သည္။ကိုငယ္ကေတာ့လမ္းမွာေျပာပါသည္၊သူ႔ဘာသာေျပာလိုက္မွာမို႔စိတ္မပူနဲ႔တဲ့ ကိုယ္ကေတာ့ကိုႀကီးသေဘာထားကိုကိုယ္တိုင္သိခ်င္လို႔တစ္ခါတည္းေျပာျပလိုက္ျခင္းျဖစ္သည္။ကိုငယ္ကလည္းကိုႀကီးကိုအခုတစ္ခါတည္းေျပာလိုက္မည္လို႔မထင္ဘူးထင္ပါရဲ့။
" ကိုႀကီးသိတာလည္းတစ္လေလာက္ပဲရိွပါေသးတယ္~အေစာကက်န္႔က်န္႔ဖြင့္မေျပာခင္အခ်ိန္အထိေကာလဟာလလို႔ပဲထင္ထားတာ "
" ကြၽန္ေတာ္ေတာင္းပန္ပါတယ္ကိုႀကီး "
" အမွန္တိုင္းေျပာရရင္ကိုႀကီးတုန္လႈပ္သြားေသးတယ္၊ကိုႀကီးကလည္းအိမ္ေထာင္မျပဳျဖစ္ေတာ့ဘူး ဝမ္ေလးကလည္းမ်ိဳးဆက္မကႏိုင္ေတာ့ဘူးဆိုၿပီး~ျပန္စဉ္းစားၾကၫ့္ေတာ့လည္းမ်ိဳးဆက္ကအဓိကမွမက်ဘဲ "
" ကိုကိုကြၽန္ေတာ္ေတာင္းပန္ပါတယ္ "
" မင္းတို႔အျပစ္မွမဟုတ္ဘဲ ကံစီမံရာအတိုင္းခ်စ္ႀကိဳက္ၾကတာပဲကို ကိုကိုနားလည္ပါတယ္~အဲ့ေတာ့အခုကေလးလည္းရိွလာၿပီ မင္းတို႔ကလက္မထပ္ရေသးဘူးဘယ္လိုလုပ္မွာလဲ "
ေရွာင္းက်န႔္သေဘာထားနဲ႔သူ႔သေဘာထားကို ကိုကို႔ေျပာျပလိုက္ေတာ့လက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးရံုပဲဆိုေတာ့သေဘာမက်ခ်င္ေပမဲ့ ခမ္းခမ္းနားနားလုပ္ရင္လည္းတျခားႏိုင္ငံအထိသြားလုပ္ရမွာမလို႔ ကိုကိုကသူ႔သေဘာထားကိုလက္ေလ်ွာ့လိုက္သည္ထင္ပါရဲ့။
" ကိုယ္ဝန္ကဘယ္ႏွစ္လရိွၿပီလဲ "
" ေျခာက္ပတ္ပါကိုႀကီး "
" ဟိုအိမ္မွာပဲအၿပီးေနေတာ့မွာမလားႏွစ္ေယာက္လံုး "
" ဟို ~ "
" ကိုကိုကြၽန္ေတာ္တို႔နဲ႔အတူလာေနပါ့လား "
" အဲ့လိုဆိုကိုကိုကလည္းျပန္ေခၚမယ္ေလ၊လာေနၾကမလား "
ျပန္ေတြးၾကၫ့္ေတာ့ကိုကို႔ကိုလည္းတစ္ေယာက္တည္းဒီအိမ္ႀကီးထဲမွာမထားခဲ့ႏိုင္ဘူး။ဒီအိမ္မွာျပန္တတ္ေနမယ္ဆိုရင္ေရွာင္းက်န႔္ကလက္ခံႏိုင္ပါ့မလား၊မိဘေတြရဲ့ေျမကြက္ဆိုေတာ့။ဒါေပမဲ့အဲ့ဒီေျမမွာသူ႔မိဘေတြနဲ႔အတူတူေနခဲ့တာကအရမ္းၾကာခဲ့တာမွမဟုတ္တာ၊သူကေရာမွတ္မိပါ့မလားအရမ္းငယ္ေသးတာကို။အိမ္ျပန္ေရာက္မွနားခ်ၾကၫ့္ရအံုးမည္။
#############