Final ;
Final ;
Uni❤️
" အချစ် "
" ကျွန်တော့်ကိုဇွတ်မပြောနဲ့ကို…ကျွန်တော်စဉ်းစားမယ်လို့ပြောပြီးပြီ "
" အိမ်မှာမင်းလဲအကြာကြီးနေခဲ့ဖူးသားပဲကို ဘာစဉ်းစားစရာလိုလို့လဲ "
" အဲ့ဒါကြောင့်စဉ်းစားနေရတာပဲ ကိုယ့်သဘောနဲ့ကိုယ်တစ်ယောက်ထဲခွဲထွက်လာပြီးမှအဲ့အိမ်ပေါ်ပြန်တတ်နေဖို့ကကျွန်တော့်အတွက်မလွယ်ဘူး "
" ကျစ်!မင်းကိုဘယ်သူကဘာပြောနေမှာမလို့လဲ မင်းဘာသာတစ်ယောက်ထဲဖြစ်နေတာ "
" စကားမများချင်ဘူး အဲ့အကြောင်းထပ်မပြောတော့နဲ့…ကျွန်တော်လည်းလိုက်မနေဘူးမပြောဘူး စဉ်းစားအုံးမယ်ပြောတာ "
" ရှောင်းကျန့် "
" တော်တော့ဗျာ "
ကိုကိုကမနေ့ကတစ်ရက်တော့အိပ်သွားပါဆိုလို့နှစ်ယောက်လုံးအဲ့ဒီမှာအိပ်လာခဲ့တာ…အဲ့ဒီတုန်းကလည်းပါးစပ်ကဘာမှမပြောပေမဲ့ရှောင်းကျန့်မျက်နှာကမအိပ်ချင်တဲ့ပုံဖြစ်နေသည်။သိပေမဲ့ကိုကို့ကိုအားနာလို့မပြန်တော့ဘဲရှောင်းကျန့်မနေချင်တာကိုမသိချင်ယောင်ဆောင်ပြီးတစ်ညတော့အိပ်ခဲ့လိုက်သည်။မနက်ကျအိမ်ပြန်လာတဲ့လမ်းမှာကတည်းကကားပေါ်မှာ ကိုကို့အိမ်ကိုပြန်နေရအောင်လို့ပြောလိုက်တော့စဉ်းစားအုံးမည်တဲ့။အဲ့ကတည်းကအိမ်ရောက်တဲ့အထိအခြေအတင်ဖြစ်နေကျတာမပြီးတော့။
သူမပြောချင်တဲ့အချိန်ကျတော့တစ်ဖက်လူစကားဆုံးအောင်နားမထောင်တော့ဘဲကုတင်ပေါ်တတ်ကာဟိုဘက်လှည့်ပြီးအိပ်သွား၏။သူ့ရဲ့နောက်ကျောဘက်ဝင်အိပ်ပြီးခါးကိုဖက်ကာ
" ကိုယ်တို့အတူနေရအောင်အချစ် "
" ဘယ်လိုဖြစ်နေတာလဲ "
တံတောင်နဲ့တွတ်ပြီးမေးလာ၏။
" နော်လို့အချစ် "
" နေလို့မဖြစ်ဘူး အရင်လိုလဲမဟုတ်တော့ဘူးဒီမှာ "
" လနုပါသေးတယ်ကွာ "
" မသိဘူး မရဘူး "
ဘူးတစ်လုံးခံပြီးဇွတ်ငြင်းနေတဲ့ကောင်လေးရဲ့ကျောပြင်လေးကိုရင်ခွင်ထဲသွင်းကာသူ့ရဲ့လည်တိုင်လေးမှာမျက်နှာအပ်ပြီးဖွဖွလေးနမ်းလိုက်ကိုက်လိုက်လုပ်လိုက်၏။
" ဘယ်လိုဖြစ်နေလဲ ငြိမ်ငြိမ်နေစမ်းပါ "
ပြောနေလည်းဂရုမစိုက်ဘဲဆက်နမ်းရင်းလက်တွေကပါတင်ပါးနှစ်ဖက်ကိုရန်ရှာနေသည်မို့ရုန်းတော့မလွှတ်ပေးသည့်အပြင်ခြေထောက်နဲ့ပါခွလာလေသည်။ကိုငယ်ကသူလိုချင်လာရင်ဇွတ် !
အားမတန်တော့ကိုယ်ပဲမာန်လျှော့လိုက်ရ၏။
××××××××××
" မင်းတကယ်ပြောနေတာလား၊လာမစားနဲ့နော်ငါ့ကို "
" တကယ်ပါဆိုကွာ ငါတောင်ကြားကြားချင်းကအိပ်မက်များမက်နေသလားဆိုပြီးတွေးနေတာ "
" အဲ့တော့ တကယ်ပေါ့ "
" အေးပါဆိုကွာ "
ရှောင်းကျန့်ဗိုက်ထဲကလေးရှိနေပြီဆိုတာယူဘင့်ကိုပြောပြနေတာကိုသကောင့်သားကမယုံဘူးဖြစ်နေတယ်၊ဒီမှာတောင်အခုထိအိပ်မက်လိုလိုဖြစ်နေပါတယ်ဆို။
" ငါဘေဘီ့ကိုပြောလိုက်အုံးမယ် "
" သူနဲ့ရှောင်းကျန့်ကသူငယ်ချင်းတွေပဲကိုပြောပြီးလောက်ပါပြီ "
" အင်း!အဲ့တာလဲဟုတ်မှာပါ "
" မင်းတို့ရောကလေးယူမှာလား "
" ငါတို့ကမင်းတို့လိုကံကောင်းချင်မှကောင်းမှာပေါ့ "
" အငှားကိုယ်ဝန်ဆောင်တွေ ဖန်ပြွန်တွေရှိနေတာပဲကွာ၊မင်းတို့ယူချင်ရင်ဖြစ်ပါတယ် ကြိုးစားပေါ့ "
" အိမ်ရောက်မှဘေဘီနဲ့တိုင်ပင်ကြည့်ရအုံးမယ် "
" အင်း "
အိမ်ထောင်ကျသွားကြပြီးမှသူငယ်ချင်းနှစ်ယောက်အခုလိုလည်းမဆုံဖြစ် ဘီယာလည်းစုံမသောက်ဖြစ် ဘားတွေကလပ်တွေလည်းမတတ်ဖြစ်တာတော်တော်ကြာပြီဖြစ်သည်။အခုတောင်မနည်းအချိန်ယူကာတွေ့ပြီးသောက်ကြရအောင်ပြောလို့တွေ့ပြီးဘားတစ်ခုမှာ VIP တစ်ခန်းယူကာနှစ်ယောက်ထဲသီးသန့်သောက်ကြစားကြစကားပြောကြနဲ့ကောင်းနေကြ၏။
သောက်လိုက်စားလိုက်စကားပြောလိုက်နဲ့အချိန်တစ်ခုကြာသည်အထိသူငယ်ချင်းနှစ်ယောက်သာယာနေကြသည်။ယူဘင်ကလည်းအိမ်ထောင်ကျတာကောင်းတာတွေရောဆိုးတာတွေရော သူ့ဘေဘီကဘယ်လိုကောင်းပြီးဘယ်လိုဆိုးတာတွေရင်ဖွင့်၏။အားကျမခံကိုယ်ကလည်းရှောင်းကျန့်ရဲ့ကောင်းကွက်ဆိုးကွက်တွေရင်ပြန်ဖွင့်၏။မကြာပါဘူးဖန်ရှင်းကဖုန်းဆက်လို့ယူဘင်လည်းပြန်သွားပြီးရိပေါ်လည်းတစ်ယောက်တည်းမသောက်ချင်တော့တာနဲ့အိမ်ပြန်ခဲ့လိုက်သည်။
ရှောင်းကျန့်ကိုအိမ်ပြန်နေရအောင်စည်းရုံးတာကိုသူလက်ခံလိုက်သည်မို့နှစ်ယောက်လုံးကိုကို့အိမ်ပေါ်ပြန်တတ်နေကြပြီဖြစ်သည်။ရှောင်းကျန့်အိမ်ကိုတော့အိမ်ငှားရန်ရှိသည်ဟုဆိုင်းဘုတ်ချိတ်ထားသည်။မရောင်းနိုင်မည့်အတူတူငှားစားနေတာမှတော်သေး၏။အိမ်လည်းစောင့်ရှောက်မဲ့သူအထူးရှာစရာမလို၊အိမ်ဟောင်းပြီးညစ်ပတ်သွားမှာလဲမပူရတော့ဘူး။ရှောင်းကျန့်ကိုတော့တော်တော်နားချလိုက်ရသည်။တော်တော်ခေါင်းကြောမာတဲ့ဟာလေး။
အိမ်ပေါ်မှာပြန်နေချင်တာကရှောင်းကျန့်အတွက်ပါ,ပါသည်။သူမပေါ့မပါးဖြစ်နေတဲ့အချိန်မှာကြီးကြီးတို့ရှိတော့သူဘယ်သွားသွားစိတ်ချလက်ချနေလို့ရသည်၊ဟိုအိမ်မှာဆိုရင်ရှောင်းကျန့်ကိုစောင့်ရှောက်ပေးဖို့လူအသစ်ခေါ်ရင်ကြီးကြီးတို့လောက်မရင်းနှီးတော့အဆင်ပြေမှာမဟုတ်။ညနေပိုင်းအလုပ်ကအပြန်နောက်ကျရင်တောင်အိမ်မှာလူရင်းတွေချည်းပဲမို့ရှောင်းကျန့်ကိုစိတ်ချလို့ရသည်။အိမ်ကလူတွေကလည်းအရင်ကတည်းကရှောင်းကျန့်ကိုချစ်ကြပြီးအခုဗိုက်လုံးလုံးလေးဖြစ်နေတဲ့ရှောင်းကျန့်ကိုလည်းချစ်ကြပြန်ရော။ရှောင်းကျန့်တကယ်အချစ်ခံလေး။
ကိုယ်ဝန်ဆောင်ချိန်ဆိုစိတ်ကမူမမှန်ဘူးတို့အပြောင်းအလဲမြန်တာတို့ဖြစ်တယ်လို့ကြားဖူးတာတကယ်မှန်သည်။ရှောင်းကျန့်လည်းအရမ်းလမရင့်သေးလို့သာ အခုတောင်အခုဒီဟာစားမယ်ခနနေရင်ဒီဟာမဟုတ်ဘူးတခြားဟာစားမယ်ဖြစ်သွားတာ။အိပ်ခါနီးသီချင်းဆိုပြပါဆိုလို့ဆိုပြရင်လည်းသူဆိုခိုင်းတာဆိုတာကိုအခုဒီအပုဒ်ပြောပေမဲ့တစ်မိနစ်တောင်မကြာသေးခင်နောက်တစ်ပုဒ်ဆိုပြဖြစ်သွားရော။အချဉ်စားချက်ကလည်းလက်လံတယ်။အိမ်ရှေ့ကိုအချဉ်ပေါင်းသည်မလာပါစေနဲ့ဆုတောင်းရတာအလုပ်တစ်လုပ်။
" ကြီးကြီး ရှောင်းကျန့်ရော "
" အခန်းထဲမှာအားဝမ် အိပ်နေတယ်ထင်တယ် "
" ဟုတ်ကဲ့ "
ဗိုက်ထဲက,ကလေးကအအိပ်နဲ့အစားတော်တော်မက်ပုံရတယ်…ရှောင်းကျန့်ကအားနေအိပ်ဖို့နဲ့စားဖို့ပဲအားသန်နေတာဖြစ်သည်။အခန်းထဲဝင်လိုက်တော့ဘေးတစ်စောင်းလေးအိပ်နေတဲ့သူနဲ့ဗိုက်လေးကိုနမ်းချင်ပေမဲ့ကိုယ်ကဘီယာအနံ့ကလှိုင်နေတာမို့သူမနိုးခင်ရေအမြန်ချိုးရသည်။
" အချစ်နိုးနေပြီလား "
" ကို့ကားသံကြားကတည်းကနိုးနေတာ မျက်လုံးမဖွင့်ချင်သေးတာနဲ့မှိန်းနေတာ "
" အော်…အိပ်ရေးရောဝရဲ့လား "
" ဝပါတယ် "
" ဘာစားပြီးပြီလဲ "
" ထမင်းစားပြီးပြီလေ "
" အဲ့တာဆိုကိုယ်သွားစားလိုက်အုံးမယ် "
" ကျွန်တော်လိုက်ခူးပေးမယ် "
" အင်း "
ကြီးကြီးကသူခူးပေးလိုက်ပါ့မယ်ပြောပေမဲ့ရှောင်းကျန့်ကသူပဲပြင်ပေးလိုက်ပါ့မယ်ဆိုပြီးထမင်းတွေဟင်းတွေသေချာပြင်ပေးလေသည် ။ စားနေတုန်းလည်းဘေးကနေလိုတာတွေထည့်ပေးယပ်ခပ်ပေးနဲ့တော်တော်ချစ်ဖို့ကောင်းနေသည် ။
××××××××××
" အားးးးး မားရေ ကယ်ပါအုံး ! ကြီးကြီးလုပ်ပါအုံး "
" အို…အားဝမ် ကားအဆင်သင့်ပြင်လေ!အားကျန့်လေးဗိုက်နာနေတာကို "
" အားးးးးး မားရေ … အားးးးးး ဗိုက်နာလိုက်တာ "
ဝမ်ရိပေါ်လဲရှောင်းကျန့်အသည်းအသန်အော်သံကြားတာနဲ့ထိုင်ရမလိုလို ထရမလိုလို ပြေးရမလိုလိုဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေ၏။လူကိုထူပူနေတာ…
ကိုကိုကလည်းအိမ်ပေါ်ကပြေးဆင်းလာ၏။ဆယ့်တစ်နာရီထိုးနေပြီဆိုတော့ကိုကိုလည်းအိပ်ပျော်နေပြီထင်ပါရဲ့…ဆင်းလာတဲ့ပုံကညအိပ်ဝတ်စုံနဲ့အိပ်ချင်မူးတူးရုပ်နဲ့။
ကားကို ကိုကိုကသူထုတ်ပေးထားမယ် ရှောင်းကျန့်ကိုသွားပွေ့ဆိုတာနဲ့ပွေ့ချီပြီးကားပေါ်တင်လိုက်၏။ကားနောက်ခန်းမှာရှောင်းကျန့်ကိုကြီးကြီးနဲ့ဝမ်ရိပေါ်ကြားမှာထားပြီးသူအဆင်ပြေအောင်ယက်ခပ်ပေးနေရသည်။အော်တာလည်းလက်လံတယ်…သနားလိုက်တာအချစ်ရာ…
တစ်လမ်းလုံးလည်းအော်လာတာကိုဆေးရုံရောက်တော့လဲအရမ်းအော်တာပဲ၊ချွေးတွေကလည်းစိုရွှဲနေတာရေလောင်းထားတဲ့အတိုင်း။အစကတည်းကစိတ်ပူနေရတာ nurse တွေကခွဲစိတ်ခန်းထဲထည့်လိုက်တော့ပိုလို့တောင်စိတ်ပူရပါသေး၏။မွေးရောမွေးနိုင်ပါ့မလား…သူကသာမန်မဟုတ်တာကြောင့်ပိုပိုပြီးစိတ်ပူရပါ၏။
" ကိုကို ! ရှောင်းကျန့်မွေးနိုင်မှာပါနော် "
" အဆင်ပြေမှာပါဝမ်လေးရဲ့…စိတ်ကိုငြိမ်ငြိမ်ထား "
ကိုကို့ဆီကနှစ်သိမ့်စကားကြားပြီးတာနဲ့ကြီးကြီးနားသွားကပ်ကာ …
" ကြီးကြီး ! ရှောင်းကျန့်အဆင်ပြေမှာပါနော် "
" အားကျန့်လေးရောကလေးလေးရောအန္တရာယ်ကင်းကင်းနဲ့ပြန်ထွက်လာနိုင်မှာပါ၊အားဝမ်စိတ်အေးအေးထား "
သိပ်မကြာခင်မှာပဲမွေးဖွားခန်းထဲမှ nurse တစ်ယောက်ကသားယောက်ျားလေးမွေးပါတယ်၊မိခင်လည်းကျန်းမာပါတယ်လို့လာပြောတော့ဝမ်ရိပေါ်စိတ်လည်းအေး ဝမ်းလည်းသာရ၏။အခုမှသက်ပြင်းချနိုင်ပြီး ကလေးအဖေဖြစ်ပြီဟာအသိစိတ်တို့ဝင်လာကာဝမ်းနည်းဝမ်းသားခံစားချက်ကြီးဖြစ်လာ၏။အော် ... မိဘမေတ္တာဆိုတာဒါပါလားလို့လဲတပြိုင်ထဲတွေးမိသည်။
ကလေးနဲ့မိခင်ကိုမွေးခန်းထဲကနေ VVIP Room ထဲပြောင်းရွှေ့ပေးပြီးမောပန်း၍အိပ်ပျော်နေသောရှောင်ကျန့်မျက်နှာလေးကိုဝအောင်နမ်းရှိုက်လိုက်ပြီးသည်။ထို့နောက်ဗိုက်လေးကိုပါဖွဖွလေးနမ်းလိုက်၏။ပြီးတာနဲ့အနှီးထုတ်ထဲကသားပေါက်စလေးကိုပွေ့ချီလိုက်သည်။သားပေါက်စလေးကဖောင်းကစ်နူးညံ့နေတဲ့ပါးလေးနှစ်ဖက်နဲ့ပန်းရောင်လေးသန်းနေသည့်မျက်နှာလေးကချစ်စရာကောင်းလွန်းလို့ ဘယ်နှစ်ကြိမ်နမ်းမိမှန်းတောင်သူမသိ။
ဆယ့်ငါးမိနစ်လောက်ကြာမှနိုးလာသည့်အချစ်ကိုအားလုံးကအားပေးစကားတွေနှစ်သိမ့်စကားတွေဝိုင်းပြောကြ၏။သူခွဲခန်းထဲဝင်နေတုန်းယူဘင်တို့အတွဲလည်းရောက်လာသည်။အားပေးနေကြတဲ့လူတွေတိုင်းကိုပြုံးပြနေတဲ့ရှောင်းကျန့်ကအစောကခွဲခန်းထဲမှာဘယ်လောက်အားငယ်နေခဲ့ရှာသလဲ။ရှောင်းကျန့်ကသူ့သားလေးကိုပွေ့ချင်တယ်ပြောတာနဲ့ဝမ်ရိပေါ်လဲရှောင်းကျန့်ရင်ခွင်ထဲကိုသားထည့်ပေးလိုက်သည်။သူလဲကြည့်ချင်နေရှာမှာ ...
မိဘမေတ္တာဆိုတာတကယ်ကြီးမာပေသည်။မွေးဖွားခန်းထဲမှာအသံကုန်ဟစ်လာရသမျှအားကုန်သုံးလာရလို့နာကျင်ခံစားရသမျှပင်ပန်းသမျှသေမင်းနဲ့အပြိုင်အသက်လုခဲ့ရသမျှတွေဟာသားလေးမျက်နှာမြင်လိုက်တာနှင့်တပြိုင်နက်အားလုံးယူပစ်သလိုဘာမှမခံစားရတော့ဘူးလို့တောင်ထင်မိပါသည်။မားတုန်းကလည်းသူ့ကို…
" ကို ! "
" ဗျာ "
" သားလေးအတွက်နာမည်စဉ်းစားပြီးပြီလားဟင် "
" မစဉ်းစားရသေးပါဘူး စဉ်းစားထားတာရှိလို့လား "
" သားလေးကို ဝမ်ရှောင်းမင် လို့ပေးရင်ကောင်းမလားလို့…ကိုသဘောကြရဲ့လား ကိုကြီးရော ကြီးကြီးရော "
" အချစ်စဥ်းစားထားတဲ့နာမည်လား…အဲ့တာလေးပေးကြမလား နာမည်လေးကတကယ်လှတယ် "
ကိုကိုနဲ့ကြီးကြီးကလည်းပြုံးပြပြီးခေါင်းညိမ့်ပြ၏။ဝမ်ရိပေါ်လည်းတကယ်သဘောကျပါသည်။
သားလေးဒယ်ဒိီတို့ဘဝထဲကိုရောက်လာပေးလို့ကျေးဇူးတင်ပါတယ်ကွာ။ဒယ်ဒီကသားလေးပါးပါးနဲ့သားလေးကိုတစ်နေ့ထပ်တစ်နေ့ပိုပိုချစ်ပြီးပိုပိုဂရုစိုက်ပြီးရှေ့ကနေမားမားမတ်မတ်ကာကွယ်ပေးသွားပါ့မယ်လို့ကတိသစ္စာဆိုပါတယ်ဗျာ…
" အူဝဲ ~ "
" အသံထွက်လာပြီသားလေးက ~ ကိုကြားလိုက်လားဟင် … ကိုကြီးနဲ့ကြီးကြီးလည်းကြားလိုက်တယ်မလားဟင် … ဖန်ရှင်းနဲ့အစ်ကိုယူဘင်လည်းကြားတယ်မလား … ဟင့် ~ "
ရှောင်းကျန့်တစ်ယောက်သားပေါက်လေးအသံစကြားရတာနဲ့ပီတိမျက်ရည်တို့တန်းကျတော့တာပဲဖြစ်သည်။
ကုတင်ပေါ်ကသားအဖရယ် ကုတင်ပေါ်ကသားအဖကိုကြည့်ပြီးအပြုံးတွေဝေဆာနေတဲ့လူတစ်စုရယ် မိုးလင်းခါနီးမို့ပျောက်ကွယ်တော့မယ့်လမင်းကြီးနှင့်ကြယ်ကလေးတွေရယ် အရာအားလုံးကလှပတဲ့ပန်းချီကားကြီးတစ်ချပ်ပါပဲ ။
… END …
#############
အားလုံးကိုနှုတ်ဆက်ပါတယ် ~
ကျေနပ်မယ်လို့လဲမျှော်လင့်ပါတယ် ~
30 . 7 . 2021 ကစပြီး 27 . 10 . 2021အထိလိုက်ပါစီးမြောပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နော် ။
စာလုံးပေါင်းသတ်ပုံအမှားတွေကြားထဲကနေ
သည်းခံဖတ်ပေးလို့လည်းတကယ်ကျေးဇူးတင်ပါတယ် ။
Extra က အစထဲကရေးဖို့အစီအစဥ်မရှိလို့ final ပြီးတာနဲ့ပြီးပြီလို့အစထဲကဆုံးဖြတ်ပြီးသားမို့ extra (လုံးဝ)မလာပါဘူး ။
############
Zawgyi❤️
" အခ်စ္ "
" ကြၽန္ေတာ့္ကိုဇြတ္မေျပာနဲ႔ကို…ကြၽန္ေတာ္စဉ္းစားမယ္လို႔ေျပာၿပီးၿပီ "
" အိမ္မွာမင္းလဲအၾကာႀကီးေနခဲ့ဖူးသားပဲကို ဘာစဉ္းစားစရာလိုလို႔လဲ "
" အဲ့ဒါေၾကာင့္စဉ္းစားေနရတာပဲ ကိုယ့္သေဘာနဲ႔ကိုယ္တစ္ေယာက္ထဲခြဲထြက္လာၿပီးမွအဲ့အိမ္ေပၚျပန္တတ္ေနဖို႔ကကြၽန္ေတာ့္အတြက္မလြယ္ဘူး "
" က်စ္!မင္းကိုဘယ္သူကဘာေျပာေနမွာမလို႔လဲ မင္းဘာသာတစ္ေယာက္ထဲျဖစ္ေနတာ "
" စကားမမ်ားခ်င္ဘူး အဲ့အေၾကာင္းထပ္မေျပာေတာ့နဲ႔…ကြၽန္ေတာ္လည္းလိုက္မေနဘူးမေျပာဘူး စဉ္းစားအံုးမယ္ေျပာတာ "
" ေရွာင္းက်န႔္ "
" ေတာ္ေတာ့ဗ်ာ "
ကိုကိုကမေန့ကတစ္ရက္ေတာ့အိပ္သြားပါဆိုလို႔ႏွစ္ေယာက္လံုးအဲ့ဒီမွာအိပ္လာခဲ့တာ…အဲ့ဒီတုန္းကလည္းပါးစပ္ကဘာမွမေျပာေပမဲ့ေရွာင္းက်န႔္မ်က္ႏွာကမအိပ္ခ်င္တဲ့ပံုျဖစ္ေနသည္။သိေပမဲ့ကိုကို႔ကိုအားနာလို႔မျပန္ေတာ့ဘဲေရွာင္းက်န႔္မေနခ်င္တာကိုမသိခ်င္ေယာင္ေဆာင္ၿပီးတစ္ညေတာ့အိပ္ခဲ့လိုက္သည္။မနက္က်အိမ္ျပန္လာတဲ့လမ္းမွာကတည္းကကားေပၚမွာ ကိုကို႔အိမ္ကိုျပန္ေနရေအာင္လို႔ေျပာလိုက္ေတာ့စဉ္းစားအံုးမည္တဲ့။အဲ့ကတည္းကအိမ္ေရာက္တဲ့အထိအေျခအတင္ျဖစ္ေနက်တာမၿပီးေတာ့။
သူမေျပာခ်င္တဲ့အခ်ိန္က်ေတာ့တစ္ဖက္လူစကားဆံုးေအာင္နားမေထာင္ေတာ့ဘဲကုတင္ေပၚတတ္ကာဟိုဘက္လွၫ့္ၿပီးအိပ္သြား၏။သူ႔ရဲ့ေနာက္ေက်ာဘက္ဝင္အိပ္ၿပီးခါးကိုဖက္ကာ
" ကိုယ္တို႔အတူေနရေအာင္အခ်စ္ "
" ဘယ္လိုျဖစ္ေနတာလဲ "
တံေတာင္နဲ႔တြတ္ၿပီးေမးလာ၏။
" ေနာ္လို႔အခ်စ္ "
" ေနလို႔မျဖစ္ဘူး အရင္လိုလဲမဟုတ္ေတာ့ဘူးဒီမွာ "
" လႏုပါေသးတယ္ကြာ "
" မသိဘူး မရဘူး "
ဘူးတစ္လံုးခံၿပီးဇြတ္ျငင္းေနတဲ့ေကာင္ေလးရဲ့ေက်ာျပင္ေလးကိုရင္ခြင္ထဲသြင္းကာသူ႔ရဲ့လည္တိုင္ေလးမွာမ်က္ႏွာအပ္ၿပီးဖြဖြေလးနမ္းလိုက္ကိုက္လိုက္လုပ္လိုက္၏။
" ဘယ္လိုျဖစ္ေနလဲ ၿငိမ္ၿငိမ္ေနစမ္းပါ "
ေျပာေနလည္းဂရုမစိုက္ဘဲဆက္နမ္းရင္းလက္ေတြကပါတင္ပါးႏွစ္ဖက္ကိုရန္ရွာေနသည္မို႔ရုန္းေတာ့မလႊတ္ေပးသၫ့္အျပင္ေျခေထာက္နဲ႔ပါခြလာေလသည္။ကိုငယ္ကသူလိုခ်င္လာရင္ဇြတ္ !
အားမတန္ေတာ့ကိုယ္ပဲမာန္ေလ်ွာ့လိုက္ရ၏။
××××××××××
" မင္းတကယ္ေျပာေနတာလား၊လာမစားနဲ႔ေနာ္ငါ့ကို "
" တကယ္ပါဆိုကြာ ငါေတာင္ၾကားၾကားခ်င္းကအိပ္မက္မ်ားမက္ေနသလားဆိုၿပီးေတြးေနတာ "
" အဲ့ေတာ့ တကယ္ေပါ့ "
" ေအးပါဆိုကြာ "
ေရွာင္းက်န႔္ဗိုက္ထဲကေလးရိွေနၿပီဆိုတာယူဘင့္ကိုေျပာျပေနတာကိုသေကာင့္သားကမယံုဘူးျဖစ္ေနတယ္၊ဒီမွာေတာင္အခုထိအိပ္မက္လိုလိုျဖစ္ေနပါတယ္ဆို။
" ငါေဘဘီ့ကိုေျပာလိုက္အံုးမယ္ "
" သူနဲ႔ေရွာင္းက်န႔္ကသူငယ္ခ်င္းေတြပဲကိုေျပာၿပီးေလာက္ပါၿပီ "
" အင္း!အဲ့တာလဲဟုတ္မွာပါ "
" မင္းတို႔ေရာကေလးယူမွာလား "
" ငါတို႔ကမင္းတို႔လိုကံေကာင္းခ်င္မွေကာင္းမွာေပါ့ "
" အငွားကိုယ္ဝန္ေဆာင္ေတြ ဖန္ႁပြန္ေတြရိွေနတာပဲကြာ၊မင္းတို႔ယူခ်င္ရင္ျဖစ္ပါတယ္ ႀကိဳးစားေပါ့ "
" အိမ္ေရာက္မွေဘဘီနဲ႔တိုင္ပင္ၾကၫ့္ရအံုးမယ္ "
" အင္း "
အိမ္ေထာင္က်သြားၾကၿပီးမွသူငယ္ခ်င္းႏွစ္ေယာက္အခုလိုလည္းမဆံုျဖစ္ ဘီယာလည္းစံုမေသာက္ျဖစ္ ဘားေတြကလပ္ေတြလည္းမတတ္ျဖစ္တာေတာ္ေတာ္ၾကာၿပီျဖစ္သည္။အခုေတာင္မနည္းအခ်ိန္ယူကာေတြ့ၿပီးေသာက္ၾကရေအာင္ေျပာလို႔ေတြ့ၿပီးဘားတစ္ခုမွာ VIP တစ္ခန္းယူကာႏွစ္ေယာက္ထဲသီးသန႔္ေသာက္ၾကစားၾကစကားေျပာၾကနဲ႔ေကာင္းေနၾက၏။
ေသာက္လိုက္စားလိုက္စကားေျပာလိုက္နဲ႔အခ်ိန္တစ္ခုၾကာသည္အထိသူငယ္ခ်င္းႏွစ္ေယာက္သာယာေနၾကသည္။ယူဘင္ကလည္းအိမ္ေထာင္က်တာေကာင္းတာေတြေရာဆိုးတာေတြေရာ သူ႔ေဘဘီကဘယ္လိုေကာင္းၿပီးဘယ္လိုဆိုးတာေတြရင္ဖြင့္၏။အားက်မခံကိုယ္ကလည္းေရွာင္းက်န႔္ရဲ့ေကာင္းကြက္ဆိုးကြက္ေတြရင္ျပန္ဖြင့္၏။မၾကာပါဘူးဖန္ရွင္းကဖုန္းဆက္လို႔ယူဘင္လည္းျပန္သြားၿပီးရိေပၚလည္းတစ္ေယာက္တည္းမေသာက္ခ်င္ေတာ့တာနဲ႔အိမ္ျပန္ခဲ့လိုက္သည္။
ေရွာင္းက်န႔္ကိုအိမ္ျပန္ေနရေအာင္စည္းရံုးတာကိုသူလက္ခံလိုက္သည္မို႔ႏွစ္ေယာက္လံုးကိုကို႔အိမ္ေပၚျပန္တတ္ေနၾကၿပီျဖစ္သည္။ေရွာင္းက်န႔္အိမ္ကိုေတာ့အိမ္ငွားရန္ရိွသည္ဟုဆိုင္းဘုတ္ခ်ိတ္ထားသည္။မေရာင္းႏိုင္မၫ့္အတူတူငွားစားေနတာမွေတာ္ေသး၏။အိမ္လည္းေစာင့္ေရွာက္မဲ့သူအထူးရွာစရာမလို၊အိမ္ေဟာင္းၿပီးညစ္ပတ္သြားမွာလဲမပူရေတာ့ဘူး။ေရွာင္းက်န႔္ကိုေတာ့ေတာ္ေတာ္နားခ်လိုက္ရသည္။ေတာ္ေတာ္ေခါင္းေၾကာမာတဲ့ဟာေလး။
အိမ္ေပၚမွာျပန္ေနခ်င္တာကေရွာင္းက်န႔္အတြက္ပါ,ပါသည္။သူမေပါ့မပါးျဖစ္ေနတဲ့အခ်ိန္မွာႀကီးႀကီးတို႔ရိွေတာ့သူဘယ္သြားသြားစိတ္ခ်လက္ခ်ေနလို႔ရသည္၊ဟိုအိမ္မွာဆိုရင္ေရွာင္းက်န႔္ကိုေစာင့္ေရွာက္ေပးဖို႔လူအသစ္ေခၚရင္ႀကီးႀကီးတို႔ေလာက္မရင္းႏွီးေတာ့အဆင္ေျပမွာမဟုတ္။ညေနပိုင္းအလုပ္ကအျပန္ေနာက္က်ရင္ေတာင္အိမ္မွာလူရင္းေတြခ်ည္းပဲမို႔ေရွာင္းက်န႔္ကိုစိတ္ခ်လို႔ရသည္။အိမ္ကလူေတြကလည္းအရင္ကတည္းကေရွာင္းက်န႔္ကိုခ်စ္ၾကၿပီးအခုဗိုက္လံုးလံုးေလးျဖစ္ေနတဲ့ေရွာင္းက်န႔္ကိုလည္းခ်စ္ၾကျပန္ေရာ။ေရွာင္းက်န႔္တကယ္အခ်စ္ခံေလး။
ကိုယ္ဝန္ေဆာင္ခ်ိန္ဆိုစိတ္ကမူမမွန္ဘူးတို႔အေျပာင္းအလဲျမန္တာတို႔ျဖစ္တယ္လို႔ၾကားဖူးတာတကယ္မွန္သည္။ေရွာင္းက်န႔္လည္းအရမ္းလမရင့္ေသးလို႔သာ အခုေတာင္အခုဒီဟာစားမယ္ခနေနရင္ဒီဟာမဟုတ္ဘူးတျခားဟာစားမယ္ျဖစ္သြားတာ။အိပ္ခါနီးသီခ်င္းဆိုျပပါဆိုလို႔ဆိုျပရင္လည္းသူဆိုခိုင္းတာဆိုတာကိုအခုဒီအပုဒ္ေျပာေပမဲ့တစ္မိနစ္ေတာင္မၾကာေသးခင္ေနာက္တစ္ပုဒ္ဆိုျပျဖစ္သြားေရာ။အခ်ဉ္စားခ်က္ကလည္းလက္လံတယ္။အိမ္ေရ႔ွကိုအခ်ဉ္ေပါင္းသည္မလာပါေစနဲ႔ဆုေတာင္းရတာအလုပ္တစ္လုပ္။
" ႀကီးႀကီး ေရွာင္းက်န႔္ေရာ "
" အခန္းထဲမွာအားဝမ္ အိပ္ေနတယ္ထင္တယ္ "
" ဟုတ္ကဲ့ "
ဗိုက္ထဲက,ကေလးကအအိပ္နဲ႔အစားေတာ္ေတာ္မက္ပံုရတယ္…ေရွာင္းက်န႔္ကအားေနအိပ္ဖို႔နဲ႔စားဖို႔ပဲအားသန္ေနတာျဖစ္သည္။အခန္းထဲဝင္လိုက္ေတာ့ေဘးတစ္ေစာင္းေလးအိပ္ေနတဲ့သူနဲ႔ဗိုက္ေလးကိုနမ္းခ်င္ေပမဲ့ကိုယ္ကဘီယာအနံ႔ကလိႈင္ေနတာမို႔သူမႏိုးခင္ေရအျမန္ခ်ိဳးရသည္။
" အခ်စ္ႏိုးေနၿပီလား "
" ကို႔ကားသံၾကားကတည္းကႏိုးေနတာ မ်က္လံုးမဖြင့္ခ်င္ေသးတာနဲ႔မိွန္းေနတာ "
" ေအာ္…အိပ္ေရးေရာဝရဲ့လား "
" ဝပါတယ္ "
" ဘာစားၿပီးၿပီလဲ "
" ထမင္းစားၿပီးၿပီေလ "
" အဲ့တာဆိုကိုယ္သြားစားလိုက္အံုးမယ္ "
" ကြၽန္ေတာ္လိုက္ခူးေပးမယ္ "
" အင္း "
ႀကီးႀကီးကသူခူးေပးလိုက္ပါ့မယ္ေျပာေပမဲ့ေရွာင္းက်န႔္ကသူပဲျပင္ေပးလိုက္ပါ့မယ္ဆိုၿပီးထမင္းေတြဟင္းေတြေသခ်ာျပင္ေပးေလသည္ ။ စားေနတုန္းလည္းေဘးကေနလိုတာေတြထၫ့္ေပးယပ္ခပ္ေပးနဲ႔ေတာ္ေတာ္ခ်စ္ဖို႔ေကာင္းေနသည္ ။
××××××××××
" အားးးးး မားေရ ကယ္ပါအံုး ! ႀကီးႀကီးလုပ္ပါအံုး "
" အို…အားဝမ္ ကားအဆင္သင့္ျပင္ေလ!အားက်န႔္ေလးဗိုက္နာေနတာကို "
" အားးးးးး မားေရ … အားးးးးး ဗိုက္နာလိုက္တာ "
ဝမ္ရိေပၚလဲေရွာင္းက်န႔္အသည္းအသန္ေအာ္သံၾကားတာနဲ႔ထိုင္ရမလိုလို ထရမလိုလို ေျပးရမလိုလိုဘာလုပ္လို႔လုပ္ရမွန္းမသိျဖစ္ေန၏။လူကိုထူပူေနတာ…
ကိုကိုကလည္းအိမ္ေပၚကေျပးဆင္းလာ၏။ဆယ့္တစ္နာရီထိုးေနၿပီဆိုေတာ့ကိုကိုလည္းအိပ္ေပ်ာ္ေနၿပီထင္ပါရဲ့…ဆင္းလာတဲ့ပံုကညအိပ္ဝတ္စံုနဲ႔အိပ္ခ်င္မူးတူးရုပ္နဲ႔။
ကားကို ကိုကိုကသူထုတ္ေပးထားမယ္ ေရွာင္းက်န႔္ကိုသြားေပြ့ဆိုတာနဲ႔ေပြ့ခ်ီၿပီးကားေပၚတင္လိုက္၏။ကားေနာက္ခန္းမွာေရွာင္းက်န္႔ကိုႀကီးႀကီးနဲ႔ဝမ္ရိေပၚၾကားမွာထားၿပီးသူအဆင္ေျပေအာင္ယက္ခပ္ေပးေနရသည္။ေအာ္တာလည္းလက္လံတယ္…သနားလိုက္တာအခ်စ္ရာ…
တစ္လမ္းလံုးလည္းေအာ္လာတာကိုေဆးရံုေရာက္ေတာ့လဲအရမ္းေအာ္တာပဲ၊ေခြၽးေတြကလည္းစိုရႊဲေနတာေရေလာင္းထားတဲ့အတိုင္း။အစကတည္းကစိတ္ပူေနရတာ nurse ေတြကခြဲစိတ္ခန္းထဲထၫ့္လိုက္ေတာ့ပိုလို႔ေတာင္စိတ္ပူရပါေသး၏။ေမြးေရာေမြးႏိုင္ပါ့မလား…သူကသာမန္မဟုတ္တာေၾကာင့္ပိုပိုၿပီးစိတ္ပူရပါ၏။
" ကိုကို ! ေရွာင္းက်န႔္ေမြးႏိုင္မွာပါေနာ္ "
" အဆင္ေျပမွာပါဝမ္ေလးရဲ့…စိတ္ကိုၿငိမ္ၿငိမ္ထား "
ကိုကို႔ဆီကႏွစ္သိမ့္စကားၾကားၿပီးတာနဲ႔ႀကီးႀကီးနားသြားကပ္ကာ …
" ႀကီးႀကီး ! ေရွာင္းက်န႔္အဆင္ေျပမွာပါေနာ္ "
" အားက်န႔္ေလးေရာကေလးေလးေရာအႏၲရာယ္ကင္းကင္းနဲ႔ျပန္ထြက္လာႏိုင္မွာပါ၊အားဝမ္စိတ္ေအးေအးထား "
သိပ္မၾကာခင္မွာပဲေမြးဖြားခန္းထဲမွ nurse တစ္ေယာက္ကသားေယာက္်ားေလးေမြးပါတယ္၊မိခင္လည္းက်န္းမာပါတယ္လို႔လာေျပာေတာ့ဝမ္ရိေပၚစိတ္လည္းေအး ဝမ္းလည္းသာရ၏။အခုမွသက္ျပင္းခ်ႏိုင္ၿပီး ကေလးအေဖျဖစ္ၿပီဟာအသိစိတ္တို႔ဝင္လာကာဝမ္းနည္းဝမ္းသားခံစားခ်က္ႀကီးျဖစ္လာ၏။ေအာ္ ... မိဘေမတၲာဆိုတာဒါပါလားလို႔လဲတၿပိဳင္ထဲေတြးမိသည္။
ကေလးနဲ႔မိခင္ကိုေမြးခန္းထဲကေန VVIP Room ထဲေျပာင္းေရႊ့ေပးၿပီးေမာပန္း၍အိပ္ေပ်ာ္ေနေသာေရွာင္က်န႔္မ်က္ႏွာေလးကိုဝေအာင္နမ္းရိႈက္လိုက္ၿပီးသည္။ထို႔ေနာက္ဗိုက္ေလးကိုပါဖြဖြေလးနမ္းလိုက္၏။ၿပီးတာနဲ႔အႏွီးထုတ္ထဲကသားေပါက္စေလးကိုေပြ့ခ်ီလိုက္သည္။သားေပါက္စေလးကေဖာင္းကစ္ႏူးညံ့ေနတဲ့ပါးေလးႏွစ္ဖက္နဲ႔ပန္းေရာင္ေလးသန္းေနသည့္မ်က္ႏွာေလးကခ်စ္စရာေကာင္းလြန္းလို႔ ဘယ္ႏွစ္ႀကိမ္နမ္းမိမွန္းေတာင္သူမသိ။
ဆယ့္ငါးမိနစ္ေလာက္ၾကာမွႏိုးလာသည့္အခ်စ္ကိုအားလံုးကအားေပးစကားေတြႏွစ္သိမ့္စကားေတြဝိုင္းေျပာၾက၏။သူခြဲခန္းထဲဝင္ေနတုန္းယူဘင္တို႔အတြဲလည္းေရာက္လာသည္။အားေပးေနၾကတဲ့လူေတြတိုင္းကိုၿပံဳးျပေနတဲ့ေရွာင္းက်န႔္ကအေစာကခြဲခန္းထဲမွာဘယ္ေလာက္အားငယ္ေနခဲ့ရွာသလဲ။ေရွာင္းက်န္႔ကသူ႔သားေလးကိုေပြ့ခ်င္တယ္ေျပာတာနဲ႔ဝမ္ရိေပၚလဲေရွာင္းက်န္႔ရင္ခြင္ထဲကိုသားထည့္ေပးလိုက္သည္။သူလဲၾကည့္ခ်င္ေနရွာမွာ ...
မိဘေမတၲာဆိုတာတကယ္ႀကီးမာေပသည္။ေမြးဖြားခန္းထဲမွာအသံကုန္ဟစ္လာရသမ်ွအားကုန္သံုးလာရလို႔နာက်င္ခံစားရသမ်ွပင္ပန္းသမ်ွေသမင္းနဲ႔အၿပိဳင္အသက္လုခဲ့ရသမ်ွေတြဟာသားေလးမ်က္ႏွာျမင္လိုက္တာႏွင့္တၿပိဳင္နက္အားလံုးယူပစ္သလိုဘာမွမခံစားရေတာ့ဘူးလို႔ေတာင္ထင္မိပါသည္။မားတုန္းကလည္းသူ႔ကို…
" ကို ! "
" ဗ်ာ "
" သားေလးအတြက္နာမည္စဉ္းစားၿပီးၿပီလားဟင္ "
" မစဉ္းစားရေသးပါဘူး စဉ္းစားထားတာရိွလို႔လား "
" သားေလးကို ဝမ္ေရွာင္းမင္ လို႔ေပးရင္ေကာင္းမလားလို႔…ကိုသေဘာၾကရဲ့လား ကိုႀကီးေရာ ႀကီးႀကီးေရာ "
" အခ်စ္စဥ္းစားထားတဲ့နာမည္လား…အဲ့တာေလးေပးၾကမလား နာမည္ေလးကတကယ္လွတယ္ "
ကိုကိုနဲ႔ႀကီးႀကီးကလည္းၿပံဳးျပၿပီးေခါင္းညိမ့္ျပ၏။ဝမ္ရိေပၚလည္းတကယ္သေဘာက်ပါသည္။
သားေလးဒယ္ဒီတို႔ဘဝထဲကိုေရာက္လာေပးလို႔ေက်းဇူးတင္ပါတယ္ကြာ။ဒယ္ဒီကသားေလးပါးပါးနဲ႔သားေလးကိုတစ္ေန့ထပ္တစ္ေန့ပိုပိုခ်စ္ၿပီးပိုပိုဂရုစိုက္ၿပီးေရ႔ွကေနမားမားမတ္မတ္ကာကြယ္ေပးသြားပါ့မယ္လို႔ကတိသစၥာဆိုပါတယ္ဗ်ာ…
" အူဝဲ ~ "
" အသံထြက္လာၿပီသားေလးက ~ ကိုၾကားလိုက္လားဟင္ … ကိုႀကီးနဲ႔ႀကီးႀကီးလည္းၾကားလိုက္တယ္မလားဟင္ … ဖန္ရွင္းနဲ႔အစ္ကိုယူဘင္လည္းၾကားတယ္မလား … ဟင့္ ~ "
ေရွာင္းက်န႔္တစ္ေယာက္သားေပါက္ေလးအသံစၾကားရတာနဲ႔ပီတိမ်က္ရည္တို႔တန္းက်ေတာ့တာပဲျဖစ္သည္။
ကုတင္ေပၚကသားအဖရယ္ ကုတင္ေပၚကသားအဖကိုၾကၫ့္ၿပီးအၿပံဳးေတြေဝဆာေနတဲ့လူတစ္စုရယ္ မိုးလင္းခါနီးမို႔ေပ်ာက္ကြယ္ေတာ့မယ့္လမင္းႀကီးႏွင့္ၾကယ္ကေလးေတြရယ္ အရာအားလံုးကလွပတဲ့ပန္းခ်ီကားႀကီးတစ္ခ်ပ္ပါပဲ ။
… END …
#############
အားလံုးကိုႏႈတ္ဆက္ပါတယ္ ~
ေက်နပ္မယ္လို႔လဲေမ်ွာ္လင့္ပါတယ္ ~
30 . 7 . 2021 ကစၿပီး 27 . 10 . 2021အထိလိုက္ပါစီးေျမာေပးတဲ့တစ္ေယာက္ခ်င္းစီတိုင္းကိုေက်းဇူးတင္ပါတယ္ေနာ္ ။
စာလံုးေပါင္းသတ္ပံုအမွားေတြၾကားထဲကေန
သည္းခံဖတ္ေပးလို႔လည္းတကယ္ေက်းဇူးတင္ပါတယ္ ။
Extra က အစထဲကေရးဖို႔အစီအစဥ္မရိွလို႔ final ၿပီးတာနဲ႔ၿပီးၿပီလို႔အစထဲကဆံုးျဖတ္ၿပီးသားမို႔ extra (လံုးဝ)မလာပါဘူး ။
############