Part : 2 [ U & Z ]
Part : 2 [ U & Z ]
Uni ❤️
ဒေါ်လှက ဆရာနဲ့ပါလာတဲ့ထိုကလေးလေးကိုကြည့်မိတော့ ကလေးလေးပုံစံကကြောက်နေပုံပေါ်နေသည် ။ အိမ်ကြီးကိုကြည့်ပြီးသူရှိန်နေတာလည်းပါလိမ့်မည် ။ ကလေးကလူမှန်းသိတတ်စကတည်းက ပြေလည်ခဲ့တဲ့မိသားစုကပေါက်ဖွားခဲ့တာမဟုတ်တော့ ဒီလိုမနေဖူးတာကြောင့်အားများငယ်နေမလား ။
ဦးငယ်နဲ့ကိုကြီးအားချန်ကပြုံးပြုံးလေးနဲ့သဘောကောင်းမဲ့ပုံပေါက်သလောက်ဟိုကိုကြီးတစ်ယောက်ကသဘောမကောင်းဘူးလားမသိဘူး ။ သဘောမကောင်းလောက်ပေမဲ့ရုပ်ကတော့ချောတယ် ။
ဦးငယ်တို့ကိုကြီးတို့ကတော်တော်ချမ်းသာကြတယ်ထင်တယ် ။ အိမ်ကြီးကလဲအကြီးကြီး ။ လှေကားတွေကလဲမိုက်တယ် ။ ကားကြီးကလည်းမိုက်တယ် ။ ငါ့ကိုရေချိုးပေးနေတဲ့အဒေါ်ကြီးပြောပြတာတော့ ကိုကြီးတို့ကလည်းမိဘတွေမရှိတော့ဘူးတဲ့ ။ ဒါပေမဲ့ဒီအိမ်မှာရှိတဲ့သူတွေအားလုံးကမိသားစုတွေလိုပဲတဲ့ ။ ခြံစောင့်ဦးလေးရယ် ကားမောင်းတဲ့ဦးလေးရယ် ဒီအဒေါ်ကြီးရယ် ထမင်းချက်မမတစ်ယောက်ရယ်ရှိတယ်တဲ့ ။
ဟင်းးးးးးး ငါဘယ်လိုနေရပါ့မလဲ မနေရဲဘူး !
" သားငယ်လေး "
" ဗျာ "
" ဘာမှလျှောက်မတွေးနဲ့ နေသားကျသွားမှာပါ "
ကြီးကြီးကသူ့အတွေးတွေကိုသိနေသည့်အလား ဘာမှလျှောက်မတွေးဖို့ပြောလာသည် ။
" ဟုတ်ကဲ့ "
" ကြီးကြီးကို အားချန်နဲ့အားဝမ်ခေါ်သလိုကြီးကြီးလို့ခေါ်လို့ရတယ်နော် "
" ဟုတ်ကဲ့ ကြီးကြီး "
" အင်းအင်း .. အခုတော့သားခနအိပ်လိုက်အုံးနော် ပင်ပန်းနေတယ်မဟုတ်လား "
" ဟုတ်ကဲ့ "
ကြီးကြီးကလည်းသူ့ကိုသိပ်ပြီးမှအောက်ပြန်ဆင်းသွားသည် ။ သူအိပ်ပျော်ပြီးထင်ပြီး ကြီးမေကပြန်ထွက်သွားတာဖြစ်သည် ။သူဘယ်လိုလုပ်အိပ်ပျော်ပါ့မလဲ အကောင်းစားကုတင်ကြီး မွေ့ယာကြီးနဲ့အကောင်းစားအသုံးအဆောင်တွေကြားမှာ …
မကြာပါဘူး သူပင်ပန်းထားတော့အိပ်ပျော်သွားသည် ။ သူဘယ်လောက်ထိအိပ်ပျော်သွားလည်းမသိပါဘူး ။ ကြီးကြီးပြန်လာနှိုးမှပဲတစ်ရေးနိုးတော့သည် ။
" သားငယ်လေး ညနေမိုးချုပ်ရင်ဖျားလိမ့်မယ် ထတော့နော် ... အောက်မှာဥိီးငယ်တို့ကိုကြီးတို့လည်းစောင့်နေတယ် "
" ဟုတ်ကဲ့ကြီးကြီး "
သူတို့လှေကားအရှည်ကြီးကနေဆင်းလာတော့ဧည့်ခန်းထဲမှာကိုကြီးအားချန်က TV ကြည့်နေသည် ။ အဝတ်အစားကတော့အိမ်နေရင်းပေါ့ပေါ့ပါးပါးပုံစံပဲ ။ ဦးငယ်ကတော့စာဖတ်နေသည် ။ ဟိုကိုကြီးကတော့ ခြေနှစ်ဖက်ကိုဆင်းပြီးဆိုဖာအရှည်ပေါ်မှာကန့်လန့်ပြတ်မှီရင်းဖုန်းကြည့်နေသည် ။ ဂိမ်းဆော့နေတယ်ထင်တယ် ။
ရှောင်းကျန့်ဒီအိမ်ကြီးမှာတကယ်မနေရဲပါ ကြောက်သည် ။ ကိုကြီးတို့လိုပြည့်စုံနေတာမျိုးတွေ့ရင်အားငယ်မိသည် ။
" ကလေးလေးထိုင် "
လူတိုင်းအပေါ်ဖော်ရွေပုံရတဲ့ကိုကြီးအားချန်ကသူ့ဘနားကိုခေါ်ထိုင်ခိုင်းတော့ သူလည်းကုပ်ကုပ်လေးသွားထိုင်မိတယ် ။
ဟိုကိုကြီးကတော့ဖုန်းအဆော့မပျက် !
" ဝမ်လေး "
" ဗျာ "
" ဖုန်းချတော့လေ စကားပြောရအောင် "
" ဟုတ် "
အမယ် ... အဲ့လူကြီးကကိုကြီးအားချန်စကားကျနားထောင်တယ် တစ်ခွန်းပဲ !
" ကလေးလေး … ကလေးလေးနာမည်တွေမခေါ်တတ်မှာစိုးလို့ကိုကြီးကပြောပြမယ် .. ကိုကြီးကိုကိုကြီးလို့ပဲခေါ်လို့ရတယ် ဟိုကိုကြီးကိုတော့ကိုငယ်လို့ခေါ်ပေါ့အဆင်ပြေရဲ့လား "
" ဟုတ်ကဲ့ ပြေပါတယ်ကိုကြီး "
" ကိုကြီးကတော့ကျန့်ကျန့်လို့ခေါ်မယ်နော်ရလား "
" ဟုတ်ကိုကြီး "
" ကဲ အားကျန့် "
" ဗျာ ဦးငယ် "
" ညာဘက်ကမတ်တပ်ရပ်နေတဲ့ဦးဦးနာမည်ကဦးရှင်းတဲ့ ဦးငယ်တို့ခြံကိုစောင့်ရှောက်ပေးတာ .. ဘယ်ဘက်ကဦးဦးကဦးမုတဲ့သူကကားမောင်းပေးတဲ့ဦးဦး .. ဒီကကြီးကြီးကဒေါ်လှတဲ့ ဟိုမမကမဘုတ်ဘုတ်တဲ့သူတို့ကထမင်းချက်ပေးပြီးအိမ်သန့်ရှင်းရေးလုပ်ပေးကြတာ မှတ်ထားအုံးနော် "
" ဟုတ်ကဲ့ဦးငယ် "
ဝမ်ရိပေါ်ကတော့ သူတို့စကားဝိုင်းထဲဝင်မပါဘဲ နှုတ်ခမ်းထော်ထော် ထော်ထော်နဲ့စကားပြောနေတဲ့ကောင်လေးကိုသာကြည့်နေမိသည် ။
" မိတ်ဆက်ပြီးသွားပြီဆိုတော့ထမင်းစားကြတာပေါ့ ဒေါ်လှရေထမင်းပြင်လို့ရပြီနော် "
" ဟုတ်ကဲ့ဆရာ "
" လာသွားစားကြရအောင် "
ထမင်းဝိုင်းရောက်တော့လည်းထိုအကောင်ပေါက်ကို ကိုကိုကဟင်းတွေသေချာထည့်ပေးနေတာနဲ့ ထိုအကောင်ပေါက်လေးကဟင်းတွေမြင်ပြီးအံ့ဩနေလေရဲ့ ။
သူ့ဘဝလေးကလဲ …
သူတို့ထမင်းစားပြီးတော့ညမှောင်နေပြီမို့ရိပေါ်လည်းကိုယ့်အခန်းကိုယ်ပြန်လာခဲ့လိုက်သည် ။ ခနကြာတော့တံခါးခေါက်သံကြားရသည် ကြီးကြီးနွားနို့လာပို့တာထင်ပါရဲ့ ။
" ကြီးကြီး ဗန်းထဲကနောက်တစ်ခွက်ကရှောင်းကျန့်အတွက်လား "
မမေးလဲသိပါသည် ကိုကိုကနွားနို့မှမကြိုက်တာ ဦးငယ်ကလည်းကော်ဖီပဲသောက်တတ်တာ !
" ဟုတ်တယ်အားဝမ် ကလေးကအရမ်းလဲပိန်နေတာအဟာရလဲမပြည့်ဝဘူး "
" မနက်ကြီးမေဈေးသွားရင်အဟာရရှိမဲ့မုန့်တွေဝယ်ခဲ့လိုက်ပေါ့ သူကငယ်သေးတော့သရေစာတော့မက်မာပဲ အဲ့တော့အဟာရရှိမဲ့ဟာတွေဝယ်ထားပေးလိုက်ပေါ့ "
" အင်း ကြီးမေလဲစဉ်းစားမိတယ် ဆရာ့ကိုပြောမလို့စဉ်းစားနေတာ "
" အင်း ဦးငယ်ဆီကဈေးဖိူးပိုတောင်းလိုက်ပေါ့ "
" အားဝမ်လဲညည့်နက်ထိနေမနေနဲ့ ကြီးကြီးသွားတော့မယ် "
" ဟုတ်ကဲ့ "
* ဒီကလေးကစိတ်ထားကောင်းပြီးသူများအပေါ်နားလည်တတ်ကြင်နာတတ်ပေမဲ့အသက်အရွယ်နဲ့မလိုက်စကားနည်းပြီးအနေတည်တယ် .. အခုတော့တစ်ခါမှစကားအများကြီးမပြောဖူးပေမဲ့သူ့ညီအသစ်စက်စက်လေးအတွက်စကားတွေအများကြီးပြောလိုက်တာပဲ .. အားဝမ်လေးလေကုန်သွားအုံးမယ်ကွယ် "
ရိပေါ်လဲချက်ချင်းပဲနွားနို့ကိုမော့သောက်ပြီးတော့အိပ်ခါနီးကိုကို့နဲ့ဥိီးငယ်ကိုကန်တော့ရမှာမို့ ကိုကိုနဲ့ဦးငယ်အခန်းဆီသွားဖို့တံခါးဖွင့်လိုက်တော့ ရှောင်းကျန့်အခန်းထဲကအခုမှထွက်လာတဲ့ကြီးမေကိုမြင်လိုက်ရသည် ။
လက်ထဲကနွားနို့ကလည်းလုံးဝမလျော့သေး ဟိုအကောင်ပေါက်ကမသောက်ဖူးထင်တယ် ။
" ကြီးမေ ရှောင်းကျန့်ကမသောက်ဖူးလား "
" ဟုတ်တယ်သား ချော့တိုက်နေတာကိုမသောက်ဖူး မကြိုက်ဘူးမသောက်ချင်ဘူးပဲလုပ်နေတာ "
" ကျွန်တော့်ကိုပေး "
" အားချန်ဆီသွားဖို့မဟုတ်လား "
" ကိုကိုလဲသူလေ့လာစရတွေလေ့လာနေတာပြီးမှာမဟုတ်သေးဘူး ပြီးမှသွားလိုက်မယ် "
" အေးအေး ရော့ ! ပြီးမှဖန်ခွက်တွေပြန်လာသိမ်းတော့မယ် "
" ဟုတ်ကဲ့ "
* အင်း … ကိုကိုနဲ့သူက ညီအစ်ကိုနှစ်ယောက်ထဲရှိတာမို့ချစ်ကြတာလည်းအရမ်းပဲ ဂရုစိုက်ကြတာလည်းအရမ်းပဲ ! ကိုကိုနဲ့သူကတစ်ခုခုဆိုအချင်းချင်းဦးစားပေးကြသည် ! ဘယ်အရာဖြစ်ဖြစ်ကိုကို့ဘဝမှာသူကပထမ သူ့ဘဝမှာကိုကိုကပထမ !
အခုတော့မထင်မှတ်ပဲ ကိုကို့ကိုကန်တော့မဲ့ကိစ္စကိုနောက်ရွှေ့ပြီး ရှောင်းကျန့်ကိုနွားနို့တိုက်ဖို့ဦးစားပေးလိုက်မိသည် *
ရှောင်းကျန့်အခန်းတံခါးကိုခေါက်လိုက်တော့ ..
" ဖွင့်ထားတယ်ဗျ "
အထဲကအသံကြားမှသူဝင်သွားလိုက်သည် ။ ဖွင့်ထားမှန်းသူသိပါသည် လေးစားသမှုနဲ့တံခါးအရင်ခေါက်လိုက်တာပါ ။
" ကိုငယ် !!! "
အကောင်ပေါက်ကသူ့ဆီကိုကိုယ်လာတာကိုအံ့ဩနေပုံရသည် ။ ကုတင်ပေါ်မှာငုတ်တုတ်ထိုင်ကာကိုယ့်ကိုပြူးပြူးလေးကြည့်နေသည် ။ ကိုယ်လဲသူ့ဘေးဝင်ထိုင်လိုက်သည် ။
" ကိုယ်ငယ်ဘာပြောမလို့လဲဟင် "
" နွားနို့တိုက်မို့ "
" ဟင် ! သားမကြိုက်ဘူး "
" ဘာလို့မကြိုက်တာလဲ "
" ဟင့်အင်း ဒီတိုင်းမကြိုက်တာ "
" နွားနို့သောက်မှအားရှိမှာပေါ့ ကိုငယ်တောင်နွားနို့သောက်လို့အားရှိလာတာ "
အားပါးပါး ငါတော်တော်နူးညံ့နေတာပဲ .. ကိုယ့်ကိုယ်ကိုတောင်ကိုငယ်တဲ့ အားးးး ရှက်စရာကောင်းလိုက်တာ ..
" ကိုယ်ငယ်ကနွားနို့သောက်တယ်ပေါ့ "
" အင်း အစောကတင်သောက်ပြီးတာ "
" လူကြီးတွေလဲသောက်လို့ရတယ်ပေါ့ "
နွားနို့ကိုကလေးတွေပဲသောက်ရမယ်လို့သူ့ကိုဘယ်သူပြောထားလည်းမသိ !
ဒါပေမဲ့ကိုယ်လည်းကလေးပဲရှိသေးတာကို သူ့စိတ်ထဲလူကြီးလို့ထင်နေလားမသိဘူး ။
" ကိုငယ်က 12 နှစ်ပဲရှိသေးတာကို လူကြီးမှမဟုတ်တာ "
" ဟွန့် ! ကိုငယ်ကအကြီးကြီးပဲ သားကျတော့သေးသေးလေး "
" ဟမ် !! အော် !! အင်း အဲ့တာနွားနို့သောက်လို့လေ "
ဒီကလေးကတော့စကားကိုရှေ့မလွတ်နောက်မလွတ်နဲ့ !
" ဟမ် !! ဟုတ်လား ? အ့ဆိုသောက်မယ် ပေး "
ကိုယ့်လက်ထဲကနွားနို့ခွက်ကိုလက်လှမ်းလာသည်မို့ ပေးလိုက်တော့အစောကမကြိုက်ဘူးဆိုတဲ့ကောင်လေးက တဂွတ်ဂွတ်နဲ့အသံတွေမြည်အောင်သောက်နေလေရဲ့ ။
" နောက်နေ့တွေကျရင်ကိုငယ်နဲ့အတူတူသောက်လို့ရလားဟင် "
" ကိုငယ်နဲ့အတူသောက်ချင်တာလား "
" ဟုတ်ကဲ့ "
" အင်း အတူတူသောက်မယ် "
" ဟုတ်ကဲ့ "
" မင်းကိုကြည့်ရတာ အိမ်ကလူတွေကိုစိမ်းပြီးကြောက်နေပုံရတယ် ဘာမှကြောက်စရာမလိုဘူး အဲ့လူတွေကမင်းရဲ့မိသားစုတွေပဲ "
" ဟုတ်ကဲ့ "
" ရောက်ခါစမို့နေမှာပါ နောက်ဆိုရင်းရင်းနှီးနှီးနေပေါ့ "
" ဟုတ် "
" ဒါပေမဲ့ ငါ့ကိုကျမစိမ်းသလိုပဲ "
" ဟို … သားကကိုငယ့်ကိုစမြင်ကတည်းကကြောက်တာ မခေါ်ရဲဘူး "
" အော် "
" ဒါပေမဲ့စကားလည်းပြောချင်တယ်ခေါ်လည်းခေါ်ချင်တယ် "
" အော့ "
" အဲ့ဒါကြောင့်အရဲစွန့်ပြီးစကားပြောနေတာ "
" မင်းကလူလည်ပဲ "
" ဟီးဟီး "
" အိပ်တော့ စောစောအိပ် "
" … "
" အိပ်ရောအိပ်ရဲရဲ့လား "
" … "
" ကိုငယ်နဲ့အိပ်မလား "
" တကယ်လား "
ဒီကလေးနှယ် !! အိပ်တော့လို့ပြောတုန်းကခေါင်းကြီးငုံ့ပြီးဘာမှမပြောဘူး ကိုယ်နဲ့အိပ်မလားဆိုတော့မျက်လုံးလေးပြူးပြီးခပ်သွက်သွက်ထဖြေလေရဲ့ ။
" အင်း တကယ် "
" ဟီးဟီး အိပ်မယ် "
" ထ ! ကိုငယ့်အခန်းမှာအိပ်မယ် အခုတော့ဥိီးငယ်နဲ့ကိုကို့ဆီသွားပြီးကန်တော့ကြမယ် "
" ဟင် "
" အိပ်ခါနီးမို့အကြီးကိုကန်တော့တာလေ သိလား "
" ဟုတ် သိတယ် "
" အွန်း သွားမယ် "
ရိပေါ်ကုတင်ပေါ်ကဆင်းပြီး အကောင်ပေါက်ကိုစောင့်ခေါ်လိုက်သည် ။ ထို့နောက်ဦးငယ်အခန်းကိုအရင်ဆုံးသွားလိုက်သည် ။ ပြီးမှကိုကို့အခန်းကိုသွားလိုက်သည် ။
ဦးငယ်နဲ့ကိုကိုကတောဘအံ့ဩနေကြတယ် ကိုယ်နဲ့အကောင်ပေါက်တစ်ရက်ထဲနဲ့ခင်သွားကြလို့တဲ့ ။ တခြားသူတွေဆိုအံ့ဩမှာမဟုတ်ပေမဲ့ တူဝရီးချင်းညီအစ်ကိုချင်းတောင်စကားနည်းတဲ့ကိုယ်က အဲ့အကောင်ပေါက်နဲ့ချက်ချင်းခင်သွားတော့အံဩနေကြမှာပေါ့ ။
ကိုယ့်ဘာသာတောင်တွေးမရဘူး အစကစကားနည်းပြီးသူစိမ်းနဲ့သိပ်မပတ်သတ်တတ်တာကို အခုတော့အကောင်ပေါက်နဲ့စကားတွေအများကြီးပြောပြီးချက်ချင်းခင်သွားသည်မလား ။ ဦးငယ်နဲ့ကိုကို့ကိုနှစ်ယောက်လုံးကန်တော့ပြီးတော့ အခန်းကိုပဲပြန်လာခဲ့လိုက်သည် ။ အခန်းထဲရောက်တော့ကုတင်ပေါ်တတ်လိုက်ပြီးအကောင်ပေါက်ကိုပါခေါ်လိုက်သည် ။
" ရှောင်းကျန့် လာ "
ကုတင်ပေါ်တတ်လာတဲ့ကောင်လေးကနှုတ်ခမ်းကြီးစူနေလေရဲ့ !
" ဘာတွေနှုတ်ခမ်းစူနေတာလဲ "
" ကိုငယ်ကရှောင်းကျန့်လို့ခေါ်တာလေ "
" ရှောင်းကျန့်ကိုရှောင်းကျန့်လို့မခေါ်လို့ဘယ်လိုခေါ်ရမှာလဲ "
" ကိုကြီးတောင်ကျန့်ကျန့်လို့ခေါ်တာ "
" ကိုငယ်က ကိုကို့လိုမျိုးကျန့်ကျန့်လို့လိုက်ခေါ်ရမှာလား "
" ဟင့်အင်း "
" အင်းလေ အဲ့ဒါကြောင့်သူများခေါ်သလိုမခေါ်တာပေါ့ "
" … "
" နှုတ်ခမ်းကြီးစူမနေနဲ့အိပ်တော့ "
" ဟုတ် "
ဒါတောင်နှုတ်ခမ်းကစူထားတုန်း !
ငါဘယ်အချိန်ကဒီလောက်နူးညံ့သွားတာလဲ အစထဲကကြမ်းတမ်းတဲ့သူမဟုတ်ပေမဲ့လည်းအခုလိုလဲဘယ်တုန်းကမှနူးညံ့မနေခဲ့ပါဘူး ။ ဒီအကောင်ပေါက်ကြောင့်နဲ့ငါမလုပ်ဖူးတာတွေတစ်ညထဲနဲ့အများကြီးလုပ်လိုက်မိပြီ ။ နောက်ဆိုဘယ်လိုတွေပြောင်းလဲလာအုံးမလဲမပြောတတ်တော့ဘူး ။
ဟူးးးးးးးးးးး ရှောင်းကျန့်ရာ …
ငယ်သေးတော့အိပ်ယာစိမ်းလို့အိပ်မပျော်တာတွေမရှိဘူးထင်ပါရဲ့ ။ အရွယ်နဲ့မလိုက်စိတ်ပင်ပန်းထားတာရော မွေ့ယာကအိစက်နေတာရောပေါင်းပြီးချက်ချင်းကိုအိပ်ပျော်သွားတာပဲ ။ကိုယ့်ဘက်ကိုလှည့်ပြီးကွေးကွေးလေးအိပ်နေတဲ့အကောင်ပေါက်ကိုကြည့်လိုက်တော့ အကောင်ပေါက်ကအလှလေးရယ် ။
ကောင်လေးမို့လှတယ်လို့သုံးလို့အဆင်ပြေရဲ့လားဆိုတာမသိပေမဲ့ ထိုကောင်လေးကတော့တကယ်ကိုလှတာ ။ ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်ရင်ပိုလှလာမှာပဲ ။ အကောင်ပေါက်မျက်နှာကိုသေချာကြည့်နေမိသည် ။ ဖြူဖြူအုအု နူးနူးညံ့ညံ့လေးနဲ့ချစ်စရာလည်းကောင်းသည် ။
မြင်သူတကာချစ်မဲ့ရုပ်မျိုး !
သူ့ကိုအားလုံးကဝိုင်းချစ်ကြ ဂရုစိုက်ကြမှာမို့သူ့အတွက်သိပ်တော့စိတ်မပူပါဘူး ။ သူလာခဲ့တဲ့ဘဝကိုလဲဘယ်သူကမှပြန်ပြောနေမှာမဟုတ်ဘူး ။ သူ့ကိုနှိမ်မဲ့သူလည်းမရှိဘူး ဘယ်သူမှလဲမနှိမ်စေရဘူး ဒါကသူတစ်ယောက်ထဲအတွေးမဟုတ်ဘူး ဦးငယ်နဲ့ကိုကိုလဲအ့လိုပဲတွေးမှာ ။
သူ့ကိုယ်သူလည်းအားငယ်နေစရာမလိုဘူး ။ အားငယ်စိတ်လည်းမဝင်စေရဘူး ။ အားငယ်စိတ်မဝင်အောင်လည်းဘေးကနေတဖွဖွပြောပေးနေရမယ် ။
အခုတော့ကိုယ့်အိပ်ချိန်ရောက်ပြီမို့အိပ်ရတော့မယ် ။
###########
Zawgyi❤️
ေဒၚလွက ဆရာနဲ႔ပါလာတဲ့ထိုကေလးေလးကိုၾကည့္မိေတာ့ ကေလးေလးပံုစံကေၾကာက္ေနပံုေပၚေနသည္ ။ အိမ္ႀကီးကိုၾကၫ့္ၿပီးသူရိွန္ေနတာလည္းပါလိမ့္မည္ ။ ကေလးကလူမွန္းသိတတ္စကတည္းက ေျပလည္ခဲ့တဲ့မိသားစုကေပါက္ဖြားခဲ့တာမဟုတ္ေတာ့ ဒီလိုမေနဖူးတာေၾကာင့္အားမ်ားငယ္ေနမလား ။
ဦးငယ္နဲ႔ကိုႀကီးအားခ်န္ကၿပံဳးၿပံဳးေလးနဲ႔သေဘာေကာင္းမဲ့ပံုေပါက္သေလာက္ဟိုကိုႀကီးတစ္ေယာက္ကသေဘာမေကာင္းဘူးလားမသိဘူး ။ သေဘာမေကာင္းေလာက္ေပမဲ့ရုပ္ကေတာ့ေခ်ာတယ္ ။
ဦးငယ္တို႔ကိုႀကီးတို႔ကေတာ္ေတာ္ခ်မ္းသာၾကတယ္ထင္တယ္ ။ အိမ္ႀကီးကလဲအႀကီးႀကီး ။ ေလွကားေတြကလဲမိုက္တယ္ ။ ကားႀကီးကလည္းမိုက္တယ္ ။ ငါ့ကိုေရခ်ိဳးေပးေနတဲ့အေဒၚႀကီးေျပာျပတာေတာ့ ကိုႀကီးတို႔ကလည္းမိဘေတြမရိွေတာ့ဘူးတဲ့ ။ ဒါေပမဲ့ဒီအိမ္မွာရိွတဲ့သူေတြအားလံုးကမိသားစုေတြလိုပဲတဲ့ ။ ၿခံေစာင့္ဦးေလးရယ္ ကားေမာင္းတဲ့ဦးေလးရယ္ ဒီအေဒၚႀကီးရယ္ ထမင္းခ်က္မမတစ္ေယာက္ရယ္ရိွတယ္တဲ့ ။
ဟင္းးးးးးး ငါဘယ္လိုေနရပါ့မလဲ မေနရဲဘူး !
" သားငယ္ေလး "
" ဗ်ာ "
" ဘာမွေလ်ွာက္မေတြးနဲ႔ ေနသားက်သြားမွာပါ "
ႀကီးႀကီးကသူ႔အေတြးေတြကိုသိေနသၫ့္အလား ဘာမွေလ်ွာက္မေတြးဖို႔ေျပာလာသည္ ။
" ဟုတ္ကဲ့ "
" ႀကီးႀကီးကို အားခ်န္နဲ႔အားဝမ္ေခၚသလိုႀကီးႀကီးလို႔ေခၚလို႔ရတယ္ေနာ္ "
" ဟုတ္ကဲ့ ႀကီးႀကီး "
" အင္းအင္း .. အခုေတာ့သားခနအိပ္လိုက္အံုးေနာ္ ပင္ပန္းေနတယ္မဟုတ္လား "
" ဟုတ္ကဲ့ "
ႀကီးႀကီးကလည္းသူ႔ကိုသိပ္ၿပီးမွေအာက္ျပန္ဆင္းသြားသည္ ။ သူအိပ္ေပ်ာ္ၿပီးထင္ၿပီး ႀကီးေမကျပန္ထြက္သြားတာျဖစ္သည္ ။သူဘယ္လိုလုပ္အိပ္ေပ်ာ္ပါ့မလဲ အေကာင္းစားကုတင္ႀကီး ေမြ့ယာႀကီးနဲ႔အေကာင္းစားအသံုးအေဆာင္ေတြၾကားမွာ …
မၾကာပါဘူး သူပင္ပန္းထားေတာ့အိပ္ေပ်ာ္သြားသည္ ။ သူဘယ္ေလာက္ထိအိပ္ေပ်ာ္သြားလည္းမသိပါဘူး ။ ႀကီးႀကီးျပန္လာႏိႈးမွပဲတစ္ေရးႏိုးေတာ့သည္ ။
" သားငယ္ေလး ညေနမိုးခ်ဳပ္ရင္ဖ်ားလိမ့္မယ္ ထေတာ့ေနာ္ ... ေအာက္မွာဦးငယ္တို႔ကိုႀကီးတို႔လည္းေစာင့္ေနတယ္ "
" ဟုတ္ကဲ့ႀကီးႀကီး "
သူတို႔ေလွကားအရွည္ႀကီးကေနဆင္းလာေတာ့ဧၫ့္ခန္းထဲမွာကိုႀကီးအားခ်န္က TV ၾကၫ့္ေနသည္ ။ အဝတ္အစားကေတာ့အိမ္ေနရင္းေပါ့ေပါ့ပါးပါးပံုစံပဲ ။ ဦးငယ္ကေတာ့စာဖတ္ေနသည္ ။ ဟိုကိုႀကီးကေတာ့ ေျခႏွစ္ဖက္ကိုဆင္းၿပီးဆိုဖာအရွည္ေပၚမွာကန႔္လန႔္ျပတ္မွီရင္းဖုန္းၾကၫ့္ေနသည္ ။ ဂိမ္းေဆာ့ေနတယ္ထင္တယ္ ။
ေရွာင္းက်န႔္ဒီအိမ္ႀကီးမွာတကယ္မေနရဲပါ ေၾကာက္သည္ ။ ကိုႀကီးတို႔လိုျပၫ့္စံုေနတာမ်ိဳးေတြ့ရင္အားငယ္မိသည္ ။
" ကေလးေလးထိုင္ "
လူတိုင္းအေပၚေဖာ္ေရြပံုရတဲ့ကိုႀကီးအားခ်န္ကသူ႔ဘနားကိုေခၚထိုင္ခိုင္းေတာ့ သူလည္းကုပ္ကုပ္ေလးသြားထိုင္မိတယ္ ။
ဟိုကိုႀကီးကေတာ့ဖုန္းအေဆာ့မပ်က္ !
" ဝမ္ေလး "
" ဗ်ာ "
" ဖုန္းခ်ေတာ့ေလ စကားေျပာရေအာင္ "
" ဟုတ္ "
အမယ္ ... အဲ့လူႀကီးကကိုႀကီးအားခ်န္စကားက်နားေထာင္တယ္ တစ္ခြန္းပဲ !
" ကေလးေလး … ကေလးေလးနာမည္ေတြမေခၚတတ္မွာစိုးလို႔ကိုႀကီးကေျပာျပမယ္ .. ကိုႀကီးကိုကိုႀကီးလို႔ပဲေခၚလို႔ရတယ္ ဟိုကိုႀကီးကိုေတာ့ကိုငယ္လို႔ေခၚေပါ့အဆင္ေျပရဲ့လား "
" ဟုတ္ကဲ့ ေျပပါတယ္ကိုႀကီး "
" ကိုႀကီးကေတာ့က်န႔္က်န႔္လို႔ေခၚမယ္ေနာ္ရလား "
" ဟုတ္ကိုႀကီး "
" ကဲ အားက်န႔္ "
" ဗ်ာ ဦးငယ္ "
" ညာဘက္ကမတ္တပ္ရပ္ေနတဲ့ဦးဦးနာမည္ကဦးရွင္းတဲ့ ဦးငယ္တို႔ၿခံကိုေစာင့္ေရွာက္ေပးတာ .. ဘယ္ဘက္ကဦးဦးကဦးမုတဲ့သူကကားေမာင္းေပးတဲ့ဦးဦး .. ဒီကႀကီးႀကီးကေဒၚလွတဲ့ ဟိုမမကမဘုတ္ဘုတ္တဲ့သူတို႔ကထမင္းခ်က္ေပးၿပီးအိမ္သန႔္ရွင္းေရးလုပ္ေပးၾကတာ မွတ္ထားအံုးေနာ္ "
" ဟုတ္ကဲ့ဦးငယ္ "
ဝမ္ရိေပၚကေတာ့ သူတို႔စကားဝိုင္းထဲဝင္မပါဘဲ ႏႈတ္ခမ္းေထာ္ေထာ္ ေထာ္ေထာ္နဲ႔စကားေျပာေနတဲ့ေကာင္ေလးကိုသာၾကၫ့္ေနမိသည္ ။
" မိတ္ဆက္ၿပီးသြားၿပီဆိုေတာ့ထမင္းစားၾကတာေပါ့ ေဒၚလွေရထမင္းျပင္လို႔ရၿပီေနာ္ "
" ဟုတ္ကဲ့ဆရာ "
" လာသြားစားၾကရေအာင္ "
ထမင္းဝိုင္းေရာက္ေတာ့လည္းထိုအေကာင္ေပါက္ကို ကိုကိုကဟင္းေတြေသခ်ာထၫ့္ေပးေနတာနဲ႔ ထိုအေကာင္ေပါက္ေလးကဟင္းေတျြမင္ၿပီးအံ့ဩေနေလရဲ့ ။
သူ႔ဘဝေလးကလဲ …
သူတို႔ထမင္းစားၿပီးေတာ့ညေမွာင္ေနၿပီမို႔ရိေပၚလည္းကိုယ့္အခန္းကိုယ္ျပန္လာခဲ့လိုက္သည္ ။ ခနၾကာေတာ့တံခါးေခါက္သံၾကားရသည္ ႀကီးႀကီးႏြားႏို႔လာပို႔တာထင္ပါရဲ့ ။
" ႀကီးႀကီး ဗန္းထဲကေနာက္တစ္ခြက္ကေရွာင္းက်န႔္အတြက္လား "
မေမးလဲသိပါသည္ ကိုကိုကႏြားႏို႔မွမႀကိဳက္တာ ဦးငယ္ကလည္းေကာ္ဖီပဲေသာက္တတ္တာ !
" ဟုတ္တယ္အားဝမ္ ကေလးကအရမ္းလဲပိန္ေနတာအဟာရလဲမျပည့္ဝဘူး "
" မနက္ႀကီးေမေဈးသြားရင္အဟာရရိွမဲ့မုန႔္ေတြဝယ္ခဲ့လိုက္ေပါ့ သူကငယ္ေသးေတာ့သေရစာေတာ့မက္မာပဲ အဲ့ေတာ့အဟာရရိွမဲ့ဟာေတြဝယ္ထားေပးလိုက္ေပါ့ "
" အင္း ႀကီးေမလဲစဉ္းစားမိတယ္ ဆရာ့ကိုေျပာမလို႔စဉ္းစားေနတာ "
" အင္း ဦးငယ္ဆီကေဈးဖိူးပိုေတာင္းလိုက္ေပါ့ "
" အားဝမ္လဲညၫ့္နက္ထိေနမေနနဲ႔ ႀကီးႀကီးသြားေတာ့မယ္ "
" ဟုတ္ကဲ့ "
* ဒီကေလးကစိတ္ထားေကာင္းၿပီးသူမ်ားအေပၚနားလည္တတ္ၾကင္နာတတ္ေပမဲ့အသက္အရြယ္နဲ႔မလိုက္စကားနည္းၿပီးအေနတည္တယ္ .. အခုေတာ့တစ္ခါမွစကားအမ်ားႀကီးမေျပာဖူးေပမဲ့သူ႔ညီအသစ္စက္စက္ေလးအတြက္စကားေတြအမ်ားႀကီးေျပာလိုက္တာပဲ .. အားဝမ္ေလးေလကုန္သြားအံုးမယ္ကြယ္ *
ရိေပၚလဲခ်က္ခ်င္းပဲႏြားႏို႔ကိုေမာ့ေသာက္ၿပီးေတာ့အိပ္ခါနီးကိုကို႔နဲ႔ဦးငယ္ကိုကန္ေတာ့ရမွာမို႔ ကိုကိုနဲ႔ၪီးငယ္အခန္းဆီသြားဖို႔တံခါးဖြင့္လိုက္ေတာ့ ေရွာင္းက်န႔္အခန္းထဲကအခုမွထြက္လာတဲ့ႀကီးေမကိုျမင္လိုက္ရသည္ ။
လက္ထဲကႏြားႏို႔ကလည္းလံုးဝမေလ်ာ့ေသး ဟိုအေကာင္ေပါက္ကမေသာက္ဖူးထင္တယ္ ။
" ႀကီးေမ ေရွာင္းက်န႔္ကမေသာက္ဖူးလား "
" ဟုတ္တယ္သား ေခ်ာ့တိုက္ေနတာကိုမေသာက္ဖူး မႀကိဳက္ဘူးမေသာက္ခ်င္ဘူးပဲလုပ္ေနတာ "
" ကြၽန္ေတာ့္ကိုေပး "
" အားခ်န္ဆီသြားဖို႔မဟုတ္လား "
" ကိုကိုလဲသူေလ့လာစရေတြေလ့လာေနတာၿပီးမွာမဟုတ္ေသးဘူး ၿပီးမွသြားလိုက္မယ္ "
" ေအးေအး ေရာ့ ! ၿပီးမွဖန္ခြက္ေတျြပန္လာသိမ္းေတာ့မယ္ "
" ဟုတ္ကဲ့ "
* အင္း … ကိုကိုနဲ႔သူက ညီအစ္ကိုႏွစ္ေယာက္ထဲရိွတာမို႔ခ်စ္ၾကတာလည္းအရမ္းပဲ ဂရုစိုက္ၾကတာလည္းအရမ္းပဲ ! ကိုကိုနဲ႔သူကတစ္ခုခုဆိုအခ်င္းခ်င္းဦးစားေပးၾကသည္ ! ဘယ္အရာျဖစ္ျဖစ္ကိုကို႔ဘဝမွာသူကပထမ သူ႔ဘဝမွာကိုကိုကပထမ !
အခုေတာ့မထင္မွတ္ပဲ ကိုကို႔ကိုကန္ေတာ့မဲ့ကိစၥကိုေနာက္ေရႊ့ၿပီး ေရွာင္းက်န႔္ကိုႏြားႏို႔တိုက္ဖို႔ဦးစားေပးလိုက္မိသည္ *
ေရွာင္းက်န႔္အခန္းတံခါးကိုေခါက္လိုက္ေတာ့ ..
" ဖြင့္ထားတယ္ဗ် "
အထဲကအသံၾကားမွသူဝင္သြားလိုက္သည္ ။ ဖြင့္ထားမွန္းသူသိပါသည္ ေလးစားသမႈနဲ႔တံခါးအရင္ေခါက္လိုက္တာပါ ။
" ကိုငယ္ !!! "
အေကာင္ေပါက္ကသူ႔ဆီကိုကိုယ္လာတာကိုအံ့ဩေနပံုရသည္ ။ ကုတင္ေပၚမွာငုတ္တုတ္ထိုင္ကာကိုယ့္ကိုျပဴးျပဴးေလးၾကၫ့္ေနသည္ ။ ကိုယ္လဲသူ႔ေဘးဝင္ထိုင္လိုက္သည္ ။
" ကိုယ္ငယ္ဘာေျပာမလို႔လဲဟင္ "
" ႏြားႏို႔တိုက္မို႔ "
" ဟင္ ! သားမႀကိဳက္ဘူး "
" ဘာလို႔မႀကိဳက္တာလဲ "
" ဟင့္အင္း ဒီတိုင္းမႀကိဳက္တာ "
" ႏြားႏို႔ေသာက္မွအားရိွမွာေပါ့ ကိုငယ္ေတာင္ႏြားႏို႔ေသာက္လို႔အားရိွလာတာ "
အားပါးပါး ငါေတာ္ေတာ္ႏူးညံ့ေနတာပဲ .. ကိုယ့္ကိုယ္ကိုေတာင္ကိုငယ္တဲ့ အားးးး ရွက္စရာေကာင္းလိုက္တာ ..
" ကိုယ္ငယ္ကႏြားႏို႔ေသာက္တယ္ေပါ့ "
" အင္း အေစာကတင္ေသာက္ၿပီးတာ "
" လူႀကီးေတြလဲေသာက္လို႔ရတယ္ေပါ့ "
ႏြားႏို႔ကိုကေလးေတြပဲေသာက္ရမယ္လို႔သူ႔ကိုဘယ္သူေျပာထားလည္းမသိ !
ဒါေပမဲ့ကိုယ္လည္းကေလးပဲရိွေသးတာကို သူ႔စိတ္ထဲလူႀကီးလို႔ထင္ေနလားမသိဘူး ။
" ကိုငယ္က 12 ႏွစ္ပဲရိွေသးတာကို လူႀကီးမွမဟုတ္တာ "
" ဟြန္႔ ! ကိုငယ္ကအႀကီးႀကီးပဲ သားက်ေတာ့ေသးေသးေလး "
" ဟမ္ !! ေအာ္ !! အင္း အဲ့တာႏြားႏို႔ေသာက္လို႔ေလ "
ဒီကေလးကေတာ့စကားကိုေရ႔ွမလြတ္ေနာက္မလြတ္နဲ႔ !
" ဟမ္ !! ဟုတ္လား ? အ့ဆိုေသာက္မယ္ ေပး "
ကိုယ့္လက္ထဲကႏြားႏို႔ခြက္ကိုလက္လွမ္းလာသည္မို႔ ေပးလိုက္ေတာ့အေစာကမႀကိဳက္ဘူးဆိုတဲ့ေကာင္ေလးက တဂြတ္ဂြတ္နဲ႔အသံေတျြမည္ေအာင္ေသာက္ေနေလရဲ့ ။
" ေနာက္ေန့ေတြက်ရင္ကိုငယ္နဲ႔အတူတူေသာက္လို႔ရလားဟင္ "
" ကိုငယ္နဲ႔အတူေသာက္ခ်င္တာလား "
" ဟုတ္ကဲ့ "
" အင္း အတူတူေသာက္မယ္ "
" ဟုတ္ကဲ့ "
" မင္းကိုၾကၫ့္ရတာ အိမ္ကလူေတြကိုစိမ္းၿပီးေၾကာက္ေနပံုရတယ္ ဘာမွေၾကာက္စရာမလိုဘူး အဲ့လူေတြကမင္းရဲ့မိသားစုေတြပဲ "
" ဟုတ္ကဲ့ "
" ေရာက္ခါစမို႔ေနမွာပါ ေနာက္ဆိုရင္းရင္းႏွီးႏွီးေနေပါ့ "
" ဟုတ္ "
" ဒါေပမဲ့ ငါ့ကိုက်မစိမ္းသလိုပဲ "
" ဟို … သားကကိုငယ့္ကိုစျမင္ကတည္းကေၾကာက္တာ မေခၚရဲဘူး "
" ေအာ္ "
" ဒါေပမဲ့စကားလည္းေျပာခ်င္တယ္ေခၚလည္းေခၚခ်င္တယ္ "
" ေအာ့ "
" အဲ့ဒါေၾကာင့္အရဲစြန႔္ၿပီးစကားေျပာေနတာ "
" မင္းကလူလည္ပဲ "
" ဟီးဟီး "
" အိပ္ေတာ့ ေစာေစာအိပ္ "
" … "
" အိပ္ေရာအိပ္ရဲရဲ့လား "
" … "
" ကိုငယ္နဲ႔အိပ္မလား "
" တကယ္လား "
ဒီကေလးႏွယ္ !! အိပ္ေတာ့လို႔ေျပာတုန္းကေခါင္းႀကီးငံု႔ၿပီးဘာမွမေျပာဘူး ကိုယ္နဲ႔အိပ္မလားဆိုေတာ့မ်က္လံုးေလးျပဴးၿပီးခပ္သြက္သြက္ထေျဖေလရဲ့ ။
" အင္း တကယ္ "
" ဟီးဟီး အိပ္မယ္ "
" ထ ! ကိုငယ့္အခန္းမွာအိပ္မယ္ အခုေတာ့ဦးငယ္နဲ႔ကိုကို႔ဆီသြားၿပီးကန္ေတာ့ၾကမယ္ "
" ဟင္ "
" အိပ္ခါနီးမို႔အႀကီးကိုကန္ေတာ့တာေလ သိလား "
" ဟုတ္ သိတယ္ "
" အြန္း သြားမယ္ "
ရိေပၚကုတင္ေပၚကဆင္းၿပီး အေကာင္ေပါက္ကိုေစာင့္ေခၚလိုက္သည္ ။ ထို႔ေနာက္ၪီးငယ္အခန္းကိုအရင္ဆံုးသြားလိုက္သည္ ။ ၿပီးမွကိုကို႔အခန္းကိုသြားလိုက္သည္ ။
ဦးငယ္နဲ႔ကိုကိုကေတာဘအံ့ဩေနၾကတယ္ ကိုယ္နဲ႔အေကာင္ေပါက္တစ္ရက္ထဲနဲ႔ခင္သြားၾကလို႔တဲ့ ။ တျခားသူေတြဆိုအံ့ဩမွာမဟုတ္ေပမဲ့ တူဝရီးခ်င္းညီအစ္ကိုခ်င္းေတာင္စကားနည္းတဲ့ကိုယ္က အဲ့အေကာင္ေပါက္နဲ႔ခ်က္ခ်င္းခင္သြားေတာ့အံဩေနၾကမွာေပါ့ ။
ကိုယ့္ဘာသာေတာင္ေတြးမရဘူး အစကစကားနည္းၿပီးသူစိမ္းနဲ႔သိပ္မပတ္သတ္တတ္တာကို အခုေတာ့အေကာင္ေပါက္နဲ႔စကားေတြအမ်ားႀကီးေျပာၿပီးခ်က္ခ်င္းခင္သြားသည္မလား ။ ဦးငယ္နဲ႔ကိုကို႔ကိုႏွစ္ေယာက္လံုးကန္ေတာ့ၿပီးေတာ့ အခန္းကိုပဲျပန္လာခဲ့လိုက္သည္ ။ အခန္းထဲေရာက္ေတာ့ကုတင္ေပၚတတ္လိုက္ၿပီးအေကာင္ေပါက္ကိုပါေခၚလိုက္သည္ ။
" ေရွာင္းက်န႔္ လာ "
ကုတင္ေပၚတတ္လာတဲ့ေကာင္ေလးကႏႈတ္ခမ္းႀကီးစူေနေလရဲ့ !
" ဘာေတြႏႈတ္ခမ္းစူေနတာလဲ "
" ကိုငယ္ကေရွာင္းက်န႔္လို႔ေခၚတာေလ "
" ေရွာင္းက်န႔္ကိုေရွာင္းက်န႔္လို႔မေခၚလို႔ဘယ္လိုေခၚရမွာလဲ "
" ကိုႀကီးေတာင္က်န႔္က်န႔္လို႔ေခၚတာ "
" ကိုငယ္က ကိုကို႔လိုမ်ိဳးက်န႔္က်န႔္လို႔လိုက္ေခၚရမွာလား "
" ဟင့္အင္း "
" အင္းေလ အဲ့ဒါေၾကာင့္သူမ်ားေခၚသလိုမေခၚတာေပါ့ "
" … "
" ႏႈတ္ခမ္းႀကီးစူမေနနဲ႔အိပ္ေတာ့ "
" ဟုတ္ "
ဒါေတာင္ႏႈတ္ခမ္းကစူထားတုန္း !
ငါဘယ္အခ်ိန္ကဒီေလာက္ႏူးညံ့သြားတာလဲ အစထဲကၾကမ္းတမ္းတဲ့သူမဟုတ္ေပမဲ့လည္းအခုလိုလဲဘယ္တုန္းကမွႏူးညံ့မေနခဲ့ပါဘူး ။ ဒီအေကာင္ေပါက္ေၾကာင့္နဲ႔ငါမလုပ္ဖူးတာေတြတစ္ညထဲနဲ႔အမ်ားႀကီးလုပ္လိုက္မိၿပီ ။ ေနာက္ဆိုဘယ္လိုေတြေျပာင္းလဲလာအံုးမလဲမေျပာတတ္ေတာ့ဘူး ။
ဟူးးးးးးးးးးး ေရွာင္းက်န႔္ရာ …
ငယ္ေသးေတာ့အိပ္ယာစိမ္းလို႔အိပ္မေပ်ာ္တာေတြမရိွဘူးထင္ပါရဲ့ ။ အရြယ္နဲ႔မလိုက္စိတ္ပင္ပန္းထားတာေရာ ေမြ့ယာကအိစက္ေနတာေရာေပါင္းၿပီးခ်က္ခ်င္းကိုအိပ္ေပ်ာ္သြားတာပဲ ။ကိုယ့္ဘက္ကိုလွၫ့္ၿပီးေကြးေကြးေလးအိပ္ေနတဲ့အေကာင္ေပါက္ကိုၾကၫ့္လိုက္ေတာ့ အေကာင္ေပါက္ကအလွေလးရယ္ ။
ေကာင္ေလးမို႔လွတယ္လို႔သံုးလို႔အဆင္ေျပရဲ့လားဆိုတာမသိေပမဲ့ ထိုေကာင္ေလးကေတာ့တကယ္ကိုလွတာ ။ ျပၫ့္ျပၫ့္ၿဖိဳးၿဖိဳးေလးျဖစ္ရင္ပိုလွလာမွာပဲ ။ အေကာင္ေပါက္မ်က္ႏွာကိုေသခ်ာၾကၫ့္ေနမိသည္ ။ ျဖဴျဖဴအုအု ႏူးႏူးညံ့ညံ့ေလးနဲ႔ခ်စ္စရာလည္းေကာင္းသည္ ။
ျမင္သူတကာခ်စ္မဲ့ရုပ္မ်ိဳး !
သူ႔ကိုအားလံုးကဝိုင္းခ်စ္ၾက ဂရုစိုက္ၾကမွာမို႔သူ႔အတြက္သိပ္ေတာ့စိတ္မပူပါဘူး ။ သူလာခဲ့တဲ့ဘဝကိုလဲဘယ္သူကမျွပန္ေျပာေနမွာမဟုတ္ဘူး ။ သူ႔ကိုႏိွမ္မဲ့သူလည္းမရိွဘူး ဘယ္သူမွလဲမႏိွမ္ေစရဘူး ဒါကသူတစ္ေယာက္ထဲအေတြးမဟုတ္ဘူး ဦးငယ္နဲ႔ကိုကိုလဲအ့လိုပဲေတြးမွာ ။
သူ႔ကိုယ္သူလည္းအားငယ္ေနစရာမလိုဘူး ။ အားငယ္စိတ္လည္းမဝင္ေစရဘူး ။ အားငယ္စိတ္မဝင္ေအာင္လည္းေဘးကေနတဖြဖြေျပာေပးေနရမယ္ ။
အခုေတာ့ကိုယ့္အိပ္ခ်ိန္ေရာက္ၿပီမို႔အိပ္ရေတာ့မယ္ ။
###########