Part : 3 [ U & Z ]
Part : 3 [ U & Z ]
Uni ❤️
ဝမ်ရိပေါ်အိပ်ယာနိုးလို့ဘေးကိုကြည့်လိုက်တော့အကောင်ပေါက်လေးက လက်တစ်ဖက်ကကိုယ့်လည်ပင်းကိုလာဖက်ထားပြီးခြေထောက်တစ်ဖက်ကတော့ကိုယ့်ခါးကိုလာခွထားသည် ။
အိပ်နေတဲ့ပုံလေးကချစ်ဖို့ကောင်းတာမို့အကောင်ပေါက်လေးမနိုးအောင်စားပွဲပေါ်ကဖုန်းကိုအသာလေးလှမ်းယူပြီးဓာတ်ပုံရိုက်ထားလိုက်သည် ။ ဓာတ်ပုံထဲမှာတော့နှစ်ယောက်လုံးပါအောင်ရိုက်ထားလိုက်သည် ။ ပထမဆုံးကိုယ့်အိမ်ကိုရောက်လာပြီးကိုယ်နဲ့အတူတူလာအိပ်တဲ့အနေနဲ့အမှတ်တရဖြစ်အောင်လို့ ။
အချိန်အားဖြင့် 7 နာရီထိုးနေပြီမလို့အကောင်ပေါက်ကိုနှိုးလိုက်သည် ။ နေမြင့်တဲ့အထိအိပ်တာအကျင့်ပါနေမှာစိုးလို့ စောစောနှိုးလိုက်သည် ။ အဲ့လိုပြောလို့ကိုယ်ကရောအစောထတာလားလို့မမေးနဲ့ ဝမ်ရိပေါ်ဆိုတဲ့ကျွန်တော်ကအိပ်ရတာဝါသနာတစ်ခု !
ကိုယ်ကသာနေမြင့်တဲ့အထိအိပ်မယ် အကောင်ပေါက်ကိုတော့သူ့လိုမဖြစ်စေချင်ဘူး ။ အဲ့ဒါကြောင့်သူ့ကိုအစောနှိုးပြီးမနက်စာသွားစားဖို့ပြောလိုက်တော့အိပ်ချင်မူးတူးနဲ့ထသွားသည် ။ ကိုငယ်ရောမထသေးဘူးလားမေးနေလို့ခနနေလာခဲ့မယ်လို့မှာလိုက်ရတယ် ။
::
ဒေါက် ဒေါက် ဒေါက် !!!
အထဲကပြန်မဖြေသည်မို့ရှောင်းကျန့်လည်းတံခါးဖွင့်ကာကိုယ့်ဘာသာဝင်လာခဲ့လိုက်သည် ။ ကိုငယ်ကတော့အိပ်တုန်း ပြောတော့ခနနေဆင်းလာခဲ့မယ်ဆိုပြီးအခုထိအိပ်ကောင်းတုန်း !
" ကိုငယ် ကိုငယ် ကိုငယ် "
" ဟာ … တောက်စ် ဘာလဲ !!! "
ဝမ်ရိပေါ်ကသူအိပ်နေတုန်းလာနှိုးလို့သူအိပ်ရေးမဝသေးရင်စိတ်တိုတတ်သည် အော်တတ်သည် ဒါကိုအကောင်လေးကမှမသိသေး ။
အော်ပြီးသွားမှပြန်စဉ်းစားမိတာက ကိုငယ်ဆိုတဲ့ခေါ်သံ ဒါဆိုအကောင်ပေါက်လာနှိုးတာပေါ့ !
အဲ့အချိန်မှဝမ်ရိပေါ်ကမန်းကတန်းထလိုက်တော့ အကောင်ပေါက်ကဘေးမှာခေါင်းငုံ့ထားပြီးကျောက်ရုပ်ကြီးသဖွယ်မလှုပ်မယှက်ရပ်နေလေသည် ။
" အာ .. ကိုငယ်အိပ်ရေးမဝသေးလို့စိတ်တိုသွားတား sorry နော် "
" ဟုတ် .. ဟုတ်ကဲ့ အဲ့ဆိုသားသွားပြီနော် "
တော်တော်လန့်သွားတယ်ထင်တယ်ကောင်လေးက ..
ပြန်လှည့်ထွက်ဖို့ပြင်နေတဲ့ကောင်လေးကိုရိပေါ်ခေါ်လိုက်သည် ။
" အငယ် ! "
ဟင် ! ကိုငယ်ကငါ့ကို …
ငါဘယ်လိုခေါ်လိုက်မိတာလဲ ရှောင်းကျန့်ကို …
" အာ .. ဟို .. မင်းမကြိုက်ရင်ကိုငယ်မခေါ်တော့ဘူး "
" မဟုတ်ပါဘူးကြိုက်ပါတယ် ခေါ်ပါ "
" အော် … အင်း "
" ထတော့မယ်မလားကိုငယ် သားသွားနှင့်ပြီနော် "
" အင်းအင်း သွား "
အကောင်ပေါက်ထွက်သွားမှသက်ပြင်းချလိုက်မိသည် ဘယ်လိုတောင်ရုတ်တရက်ခေါ်မိသွားတာလဲ ။ အဲ့လိုခေါ်ဖို့လဲတခါမှမတွေးမိဘဲနဲ့ !
ဝမ်ရိပေါ်ခေါင်းခါလိုက်ရင်းမျက်နှာသစ်ဖို့ကုတင်ပေါ်ကကုန်းရုန်းထလိုက်သည် ။ အမှန်တော့သူအိပ်ရေးမဝသေး !
××××××××××
" ဝမ်လေး "
" ဗျာ ကိုကို "
" ကျန့်ကျန့်ရော "
" မသိဘူးလေ "
" အေးအေး "
ဧည့်ခန်းကဆိုဖာပေါ်မှာခြေပြစ်လက်ပြစ်ဂိမ်းဆော့နေတဲ့သူ့ကို ကိုကိုကလာမေးလေသည် ။ မသိဘူးဖြေလိုက်တော့ဘာမှမပြောဘဲအပေါ်ထပ်တတ်သွားလေသည် ။
ခနကြာတော့ကိုကိုနဲ့အကောင်ပေါက်နှစ်ယောက်သားအပေါ်ကဆင်းလာကြသည် ။ ကိုကိုကတော့သူ့ကိုဘာမှမပြောဘဲအပြင်ထွက်သွားပေမဲ့အကောင်ပေါက်ကသူ့ဆီပြေးလာလေသည် ။
" ကိုငယ် "
ဝမ်ရိပေါ်ကအကြည့်နဲ့တင်ထူးလိုက်တော့ ..
" ကိုကြီးကသားအတွက်အင်္ကျီတွေဘောင်းဘီတွေသွားဝယ်ပေးမလို့တဲ့ "
" အင်း သွားလေ "
" ကိုငယ်မလိုက်ဘူးလားဟင် "
" ကိုကိုကမင်းကိုခေါ်တာလေ "
" … "
အဲ့တာလေးပဲပြောရသေးတယ်ခေါင်းလေးငုံ့ပြီးထွက်သွားလေရဲ့ .. ဘာမှလဲမပြောပါဘဲနဲ့ဘာဖြစ်သွားတယ်လဲမသိပါဘူး ။
ကိုကိုကရောဘာလဲ လူကိုတောင်ဘာစကားမှမပြောဘူး !
ဒါဟာ 12 အရွယ်ကလေးတစ်ယောက်က အစ်ကိုအရင်းကသူ့ကိုမဟုတ်ဘဲတခြားတစ်ယောက်ကိုအာရုံပိုစိုက်နေလို့မနာလိုဖြစ်နေခြင်းမျိုးလား .. ကိုယ်တိုင်တောင်မသိဘူး ။
Ring ...
" အေး "
📱 ရိပေါ်ရေ ငါ့မာမီကအိမ်မှာမုန့်လုပ်ထားတယ်တဲ့ အဲ့တာနင့်ကိုစားအုံးမလားတဲ့ 📱
" ဘာမုန့်လဲ "
📱 အုန်းနို့ခေါက်ဆွဲ 📱
" နင်လာပို့မှာလား ငါလာစားရမှာလား "
📱 နင်ဘယ်လိုလုပ်ချင်လို့လဲ 📱
" လာပို့ "
📱 အေးအေး လာခဲ့မယ် 📱
တီ ~ ~ ~
သူမကတော့မူကြိုကတည်းကအခုထိစာသင်ခန်းတစ်ခန်းထဲအတူတူတတ်လာကြတဲ့ငယ်သူငယ်ချင်း ချင်းယွဲ့ ။ အိမ်ချင်းကလည်းရင်းနှီးနေတာမို့သူ့အိမ်ကိုယ့်အိမ်လိုဝင်ထွက်နေတဲ့ကိစ္စကတော့မဆန်းတော့ဘူး ။
အိမ်ချင်းကလည်းသိပ်မဝေးတစ်လမ်းကျော်ဆိုတော့သူမရောက်လာတာကမြန်သည် ။ လက်ထဲကငါးဆင့်ချိုင့်ကိုကြီးကြီးထံလွှဲပေးလိုက်ပြီးသူမနဲ့ကျွန်တော်ကတော့ဧည့်ခန်းမှာထိုင်ရင်းစနောက်နေကြသည် ။ ကျွန်တော်ကသူများတွေနဲ့ဆိုခပ်တည်တည်ခပ်တန်းတန်းနေပေမဲ့ သူမနဲ့ဆိုရင်တော့ပြောင်စပ်စပ်ပဲ ။
ကြီးကြီးကအုန်းနို့ခေါက်ဆွဲပြင်ပေးပြီးတော့လာခေါ်တော့သူမကသူလည်းမစားရသေးဘူးစားမယ်ဆိုတာနဲ့ထမင်းဝိုင်းမှာနှစ်ယောက်အတူတူထိုင်စားဖြစ်ကြသည် ။ ထိုအချိန်ခြံထဲမှကားသံကြားလိုက်ရသည် ။ ဦးငယ်လား ကိုကိုတို့လား ?
" ကိုငယ် "
အော် ကိုကိုတို့ ...
အကောင်ပေါက်ကမီးဖိုးခန်းထဲပြေးဝင်လာသည် ။ လက်ထဲမှာလဲဖော့ဘူးနဲ့ ဘာတွေဝယ်လာလည်းမသိ !
" ရိပေါ် အဲ့ကလေးက "
" အဲ့တာဦးငယ်မိတ်ဆွေရဲ့သား "
" အော် ချစ်စရာလေးနော်ကလေးက "
" ဟီးဟီး ကျေးဇူးပါမမ "
" ဟုတ်ကဲ့ရှင့် "
ဘာလဲ ! အဲ့အကောင်ပေါက်နဲ့တွေ့တဲ့လူတိုင်းနဲ့ခင်တတ်တာလား ?
သူပင်လယ်စာကြိုက်တယ်ဆိုတာကိုကိုပြောပြလို့ ဝယ်လာတာတဲ့လေ ။ ကိုယ်ကအုန်းနို့ခေါက်ဆွဲစားလို့ဗိုက်ကပြည့်နေပြီဘယ်လိုလုပ်စားဝင်တော့မလဲ ။ အဲ့တာနဲ့ပဲအဲ့အကောင်ပေါက်ကသူ့ဘာသာစားပစ်လိုက်တယ်လေ ။
ချင်းယွဲ့ကလည်းချိုင့်ယူပြီးပြန်တော့မယ်ပြောတော့ အိမ်ကဒရိုင်ဘာဦးလေးကဦးငယ်ခေါ်သွားသည်မို့ ကိုယ်ပဲခြေလျင်လိုက်ပို့လိုက်ရသည် ။ အကောင်ပေါက်ကတော့အပေါ်တောင်မတက်သေးဘဲသူဝယ်လာတဲ့ပင်လယ်စာဘူးကိုသာအငမ်းမရစားပြီးကျန်ခဲ့လေရဲ့ ။ ဝယ်လာတဲ့အထုတ်တွေကိုကိုကိုကကြီးကြီးကိုခေါ်ပြီးသယ်ခိုင်းနေတာတော့တွေ့ခဲ့တယ် ။
ချင်းယွဲ့အမေကဇွတ်နေခိုင်းနေတာနဲ့ညနေခြောက်နာရီထိုးပြီးမှရိပေါ်တစ်ယောက်အိမ်ကိုပြန်လာခဲ့လိုက်သည် ။ အရင်ကလည်းအဲ့လိုပဲတခါတလေတနေကုန်ချင်းယွဲ့တို့အိမ်မှာနေတတ်သည်မို့အထူးအဆန်းတော့မဟုတ်ပေ ။ ရိပေါ်ခြံထဲဝင်ကာနီးခြံထဲကကားတစ်စီးထွက်သွားသည် ။
အိမ်ထဲရောက်တော့အားလုံးကသူ့ကိုမမြင်သလိုနဲ့ကိုယ့်အလုပ်ကိုလုပ်နေကြသည်မို့သူကလည်းအပေါ်တက်ပြီးကိုယ့်အခန်းထဲကိုယ်ဝင်ကာကုတင်ပေါ်မှာလှဲနေလိုက်သည် ။ ခနကြာတော့ရေချိုးလိုက်သည် ။ ရေချိုးပြီးသိပ်မကြာပါဘူးကြီးကြီးကထမင်းစားဖို့လာခေါ်တာကြောင့်အောက်ဆင်းလာခဲ့သည် ။
သူတို့အိမ်ရဲ့စည်းကမ်းတစ်ခုက မနက်စာနဲ့ညစာကိုမိသားစုအားလုံးအတူတူစားခြင်းဖြစ်သည် ။ နေ့လည်စာကတော့အလုပ်ကိုယ်စီနဲ့မို့စားလို့မရ ။ ညစာတော့အရေးကြီးတဲ့ပါတီတွေဘာတွေရှိရင်မိသားစုအားလုံးမစုံလဲရတယ် ။ အောက်မှာတော့လူစုံနေပြီထင်ပါရဲ့ အစောကချင်းယွဲ့တို့အိမ်ကပြန်လာကတည်းကဦးငယ်ရဲ့ကားကိုလဲခြံထဲမှာတွေ့ခဲ့တာကြောင့်ဦးငယ်ပြန်ရောက်နေပြီမှန်းလဲသိလိုက်သည် ။
ရိပေါ်ထမင်းစားခန်းထဲရောက်တော့သူထင်ထားသလိုနဲ့လွဲပါလေရော ။ ကိုကိုနဲ့ဟိုအကောင်ပေါက်ကမရောက်သေးဘူး ။ ဦးငယ်တစ်ယောက်ထဲထမင်းပန်းကန်တွေဟင်းပန်းကန်တွေနဲ့ရုပ်တည်ကြီးနဲ့ထိုင်နေလေသည် ။ လူမစုံလို့မစားရသေးတာမို့သူလဲရုပ်တည်ကြီးနဲ့ထိုင်နေလိုက်တယ် ။ မကြာပါဘူးကိုကိုနဲ့ဟိုအကောင်ပေါက်နဲ့ရောက်လာတော့မှထမင်းစားလိုက်ကြတော့တယ် ။
ထမင်းစားပြီတော့လည်းကျန်တဲ့သူတွေ ခြံထဲလမ်းလျှောက်နေမလား ဧည့်ခန်းထဲမှာTVကြည့်ကြမလား ဘာဆက်လုပ်နေကြမလဲဘာမှစိတ်မဝင်စားတာမို့ကိုယ့်အခန်းထဲကိုယ်ပြန်ဝင်လာခဲ့သည် ။ သိပ်မကြာပါဘူးကြီးကြီးကနွားနို့လာပို့သည်မို့အကောင်ပေါက်အတွက်နွားနို့ခွက်ကိုပါယူထားပြီးဒင်းအခန်းထဲသွားသောက်ရသည် ။
နွားနို့သောက်ပြီးတာနဲ့ဦးငယ်နဲ့ကိုကို့ကိုကန်တော့ဖို့နှစ်ယောက်လုံးသွားလိုက်သည် ။ ကန်တော့ပြီးတာနဲ့အကောင်ပေါက်ကိုလဲဂရုမစိုက်နိုင်ဘဲ ကိုယ့်အခန်းထဲကိုယ်ဝင်ပြီးအိပ်ပျော်အောင်အိပ်လိုက်သည် ။ ဒီညတော့ဘယ်သူနဲ့မှစကားမပြောချင်တာအမှန်ပဲ ။ သူ့အလိုလိုနေရင်းစိတ်မကြည်မလင်ဖြစ်နေတာ ။ အဲ့ဒါမျိုးဖြစ်တာကရိပေါ့်အတွက်အထူးအဆန်းတော့မဟုတ်ချေ အနည်းဆုံးတစ်ပတ်မှာတစ်ခါလောက်ကတော့အဲ့လိုဖြစ်နေကျပဲ ။
××××××××××
" ကျန့်ကျန့် "
" ဗျာ "
" ကျောင်းအသစ်မှာတတ်ရတဲ့ပထမဆုံးနေ့ကဘယ်လိုလဲ အဆင်ပြေရဲ့လား "
" ပြေပါတယ် ကိုကြီး "
" ဝမ်လေးနဲ့ရောတွေ့ရဲ့လား "
" ဟုတ် နေ့လည်ထမင်းစားတော့ကိုငယ်ကလာခေါ်တယ် "
" အော် အေးအေး အဆင်ပြေရင်ပြီးတာပါပဲ "
" ဟုတ်ကဲ့ .. ဒါဆိုသားသွားနားတော့မယ်နော် "
" အေးအေး သွားနား "
ဒီနေ့ကကျောင်းပထမဆုံးတတ်ရတဲ့နေ့ !
ထမင်းစားတဲ့နေရာမှာသူနဲ့ကိုငယ်အတူတူစားနေတော့ ကောင်မလေးတွေကကိုငယ့်ကိုကြည့်နေကြတာ ကိုငယ်ကတော့မပြောတတ်ဘူးသူကတော့တအားရှက်နေတာ ။ အကြည့်ခံရတာသူမဟုတ်ပေမဲ့ ရှက်သည် ။
စာသင်ခန်းထဲမှာတော့သူငယ်ချင်းအသစ်တွေအများကြီးရခဲ့တယ် ။ အဲ့ထဲကနှစ်ယောက်နဲ့ကတော့တော်တော်လေးခင်သွားခဲ့တယ် ။ အတူတူထိုင်ရလို့လည်းပါကောင်းပါလိမ့်မည် ။ ထမင်းတောင်အတူတူစားကြဖို့ပြောတာကို ကိုငယ်နဲ့စားရမည်မို့ငြင်းလိုက်ရသည် ။
ကိုငယ်ကထူးဆန်းတယ် ..
သူ့ကိုခင်သလိုလိုနဲ့မခင်ပြန်ဘူး ။ စကားလည်းလိုတာထပ်ပိုပြီးသိပ်မပြောဘူး ။ ညဆိုလည်းနွားနို့အတူတူလာသောက်တယ် ဦးငယ်နဲ့ကိုကြီးကိုကန်တော့ဖို့အတူတူသွားကြတယ် ။ မနက်ဆိုကျောင်းအတူတူသွားတယ် အပြန်အတူတူပြန်တယ် ။ ဒီလောက်ပဲရင်းရင်းနှီးနှီးသိပ်မရှိသလိုခံစားရတယ် ကိုကြီးနဲ့ကိုမတူဘူး အဲ့ဒီကိုငယ်က ။
ဒေါက် ဒေါက် !!
" ဝင်ခဲ့လို့ရတယ် "
" ကိုငယ် ~ "
ရှောင်းကျန့် ကိုငယ့်အခန်းထဲကိုအရဲစွန့်ပြီးဝင်ခဲ့လိုက်တယ် နည်းနည်းတော့ကြောက်နေတယ် ။
" အော် .. ရှောင်းကျန့် လာလေ "
ရိပေါ်ကအိပ်နေရာမှငုတ်တုတ်ထထိုင်တော့ ရှောင်းကျန့်ကလည်းကုတင်အစွန်းကိုလာထိုင်လေသည် ။
" ပြောစရာရှိလို့လား "
" ဟုတ် "
" ပြောလေ "
" ကိုယ်ငယ်သားကိုအလိုမရှိဘူးလားဟင် "
ဘယ်လို !
" ဘာလို့အဲ့လိုမေးတာလဲ "
" စိတ်ထဲမှာတမျိုးကြီးမလို့ "
" အလိုမရှိဘူးရယ်လို့တော့မဟုတ်ပါဘူး "
" ဒီအိမ်ရောက်လာတာကိုမနှစ်သက်ဘူးမလား "
" … "
ဒီကောင်လေးအပေါ်သူတစ်ခါမှအဲ့လိုမတွေးခဲ့ဖူးပါဘူး ။
" ဘာလို့သားကိုမခင်တာလဲ "
" ကိုငယ်ကဘယ်သူ့ကိုမှသိပ်မခင်တတ်ဘူး "
" အာ …… "
ဘာလို့လဲတော့မသိဘူး ရှောင်းကျန့်ဝမ်းနည်းသလိုကြီးဖြစ်နေတယ် .. အဲ့ဒါကြောင့်ခေါင်းငုံ့ထားလိုက်ပြီးပဲအသံထွက်ရုံဆိုတယ်လေးပဲနှုတ်ဆက်ပြီးကိုယ့်အခန်းထဲကိုယ်ပြန်လာခဲ့လိုက်သည် ။
ဒီညတော့စိတ်ထဲနေလို့မကောင်းတာနဲ့တံခါးလော့ချပြီးအိပ်ပစ်လိုက်တယ် ။ ကိုငယ်နွားနို့လာတိုက်တာသိပေမဲ့လည်းတံခါးထဖွင့်မပေးဘဲအိပ်ပျော်နေသလိုနေလိုက်တယ် ။ ကိုကြီးတို့ကိုလည်းသွားကန်တော့တဲ့အစီအစဉ်ပျက်သွားတယ် ။
#############
Zawgyi ❤️
ဝမ္ရိေပၚအိပ္ယာႏိုးလို႔ေဘးကိုၾကၫ့္လိုက္ေတာ့အေကာင္ေပါက္ေလးက လက္တစ္ဖက္ကကိုယ့္လည္ပင္းကိုလာဖက္ထားၿပီးေျခေထာက္တစ္ဖက္ကေတာ့ကိုယ့္ခါးကိုလာခြထားသည္ ။
အိပ္ေနတဲ့ပံုေလးကခ်စ္ဖို႔ေကာင္းတာမို႔အေကာင္ေပါက္ေလးမႏိုးေအာင္စားပြဲေပၚကဖုန္းကိုအသာေလးလွမ္းယူၿပီးဓာတ္ပံုရိုက္ထားလိုက္သည္ ။ ဓာတ္ပံုထဲမွာေတာ့ႏွစ္ေယာက္လံုးပါေအာင္ရိုက္ထားလိုက္သည္ ။ ပထမဆံုးကိုယ့္အိမ္ကိုေရာက္လာၿပီးကိုယ္နဲ႔အတူတူလာအိပ္တဲ့အေနနဲ႔အမွတ္တရျဖစ္ေအာင္လို႔ ။
အခ်ိန္အားျဖင့္ 7 နာရီထိုးေနၿပီမလို႔အေကာင္ေပါက္ကိုႏိႈးလိုက္သည္ ။ ေနျမင့္တဲ့အထိအိပ္တာအက်င့္ပါေနမွာစိုးလို႔ ေစာေစာႏိႈးလိုက္သည္ ။ အဲ့လိုေျပာလို႔ကိုယ္ကေရာအေစာထတာလားလို႔မေမးနဲ႔ ဝမ္ရိေပၚဆိုတဲ့ကြၽန္ေတာ္ကအိပ္ရတာဝါသနာတစ္ခု !
ကိုယ္ကသာေနျမင့္တဲ့အထိအိပ္မယ္ အေကာင္ေပါက္ကိုေတာ့သူ႔လိုမျဖစ္ေစခ်င္ဘူး ။ အဲ့ဒါေၾကာင့္သူ႔ကိုအေစာႏိႈးၿပီးမနက္စာသြားစားဖို႔ေျပာလိုက္ေတာ့အိပ္ခ်င္မူးတူးနဲ႔ထသြားသည္ ။ ကိုငယ္ေရာမထေသးဘူးလားေမးေနလို႔ခနေနလာခဲ့မယ္လို႔မွာလိုက္ရတယ္ ။
::
ေဒါက္ ေဒါက္ ေဒါက္ !!!
အထဲကျပန္မေျဖသည္မို႔ေရွာင္းက်န႔္လည္းတံခါးဖြင့္ကာကိုယ့္ဘာသာဝင္လာခဲ့လိုက္သည္ ။ ကိုငယ္ကေတာ့အိပ္တုန္း ေျပာေတာ့ခနေနဆင္းလာခဲ့မယ္ဆိုၿပီးအခုထိအိပ္ေကာင္းတုန္း !
" ကိုငယ္ ကိုငယ္ ကိုငယ္ "
" ဟာ … ေတာက္စ္ ဘာလဲ !!! "
ဝမ္ရိေပၚကသူအိပ္ေနတုန္းလာႏိႈးလို႔သူအိပ္ေရးမဝေသးရင္စိတ္တိုတတ္သည္ ေအာ္တတ္သည္ ဒါကိုအေကာင္ေလးကမွမသိေသး ။
ေအာ္ၿပီးသြားမျွပန္စဉ္းစားမိတာက ကိုငယ္ဆိုတဲ့ေခၚသံ ဒါဆိုအေကာင္ေပါက္လာႏိႈးတာေပါ့ !
အဲ့အခ်ိန္မွဝမ္ရိေပၚကမန္းကတန္းထလိုက္ေတာ့ အေကာင္ေပါက္ကေဘးမွာေခါင္းငံု႔ထားၿပီးေက်ာက္ရုပ္ႀကီးသဖြယ္မလႈပ္မယွက္ရပ္ေနေလသည္ ။
" အာ .. ကိုငယ္အိပ္ေရးမဝေသးလို႔စိတ္တိုသြားတား sorry ေနာ္ "
" ဟုတ္ .. ဟုတ္ကဲ့ အဲ့ဆိုသားသြားၿပီေနာ္ "
ေတာ္ေတာ္လန႔္သြားတယ္ထင္တယ္ေကာင္ေလးက ..
ျပန္လွၫ့္ထြက္ဖို႔ျပင္ေနတဲ့ေကာင္ေလးကိုရိေပၚေခၚလိုက္သည္ ။
" အငယ္ ! "
ဟင္ ! ကိုငယ္ကငါ့ကို …
ငါဘယ္လိုေခၚလိုက္မိတာလဲ ေရွာင္းက်န႔္ကို …
" အာ .. ဟို .. မင္းမႀကိဳက္ရင္ကိုငယ္မေခၚေတာ့ဘူး "
" မဟုတ္ပါဘူးႀကိဳက္ပါတယ္ ေခၚပါ "
" ေအာ္ … အင္း "
" ထေတာ့မယ္မလားကိုငယ္ သားသြားႏွင့္ၿပီေနာ္ "
" အင္းအင္း သြား "
အေကာင္ေပါက္ထြက္သြားမွသက္ျပင္းခ်လိုက္မိသည္ ဘယ္လိုေတာင္ရုတ္တရက္ေခၚမိသြားတာလဲ ။ အဲ့လိုေခၚဖို႔လဲတခါမွမေတြးမိဘဲနဲ႔ !
ဝမ္ရိေပၚေခါင္းခါလိုက္ရင္းမ်က္ႏွာသစ္ဖို႔ကုတင္ေပၚကကုန္းရုန္းထလိုက္သည္ ။ အမွန္ေတာ့သူအိပ္ေရးမဝေသး !
××××××××××
" ဝမ္ေလး "
" ဗ်ာ ကိုကို "
" က်န႔္က်န႔္ေရာ "
" မသိဘူးေလ "
" ေအးေအး "
ဧၫ့္ခန္းကဆိုဖာေပၚမွာေျချပစ္လက္ျပစ္ဂိမ္းေဆာ့ေနတဲ့သူ႔ကို ကိုကိုကလာေမးေလသည္ ။ မသိဘူးေျဖလိုက္ေတာ့ဘာမွမေျပာဘဲအေပၚထပ္တတ္သြားေလသည္ ။
ခနၾကာေတာ့ကိုကိုနဲ႔အေကာင္ေပါက္ႏွစ္ေယာက္သားအေပၚကဆင္းလာၾကသည္ ။ ကိုကိုကေတာ့သူ႔ကိုဘာမွမေျပာဘဲအျပင္ထြက္သြားေပမဲ့အေကာင္ေပါက္ကသူ႔ဆီေျပးလာေလသည္ ။
" ကိုငယ္ "
ဝမ္ရိေပၚကအၾကၫ့္နဲ႔တင္ထူးလိုက္ေတာ့ ..
" ကိုႀကီးကသားအတြက္အက်ႌေတြေဘာင္းဘီေတြသြားဝယ္ေပးမလို႔တဲ့ "
" အင္း သြားေလ "
" ကိုငယ္မလိုက္ဘူးလားဟင္ "
" ကိုကိုကမင္းကိုေခၚတာေလ "
" … "
အဲ့တာေလးပဲေျပာရေသးတယ္ေခါင္းေလးငံု႔ၿပီးထြက္သြားေလရဲ့ .. ဘာမွလဲမေျပာပါဘဲနဲ႔ဘာျဖစ္သြားတယ္လဲမသိပါဘူး ။
ကိုကိုကေရာဘာလဲ လူကိုေတာင္ဘာစကားမွမေျပာဘူး !
ဒါဟာ 12 အရြယ္ကေလးတစ္ေယာက္က အစ္ကိုအရင္းကသူ႔ကိုမဟုတ္ဘဲတျခားတစ္ေယာက္ကိုအာရံုပိုစိုက္ေနလို႔မနာလိုျဖစ္ေနျခင္းမ်ိဳးလား .. ကိုယ္တိုင္ေတာင္မသိဘူး ။
Ring ...
" ေအး "
📱 ရိေပၚေရ ငါ့မာမီကအိမ္မွာမုန႔္လုပ္ထားတယ္တဲ့ အဲ့တာနင့္ကိုစားအံုးမလားတဲ့ 📱
" ဘာမုန႔္လဲ "
📱 အုန္းႏို႔ေခါက္ဆြဲ 📱
" နင္လာပို႔မွာလား ငါလာစားရမွာလား "
📱 နင္ဘယ္လိုလုပ္ခ်င္လို႔လဲ 📱
" လာပို႔ "
📱 ေအးေအး လာခဲ့မယ္ 📱
တီ ~ ~ ~
သူမကေတာ့မူႀကိဳကတည္းကအခုထိစာသင္ခန္းတစ္ခန္းထဲအတူတူတတ္လာၾကတဲ့ငယ္သူငယ္ခ်င္း ခ်င္းယြဲ႔ ။ အိမ္ခ်င္းကလည္းရင္းႏွီးေနတာမို႔သူ႔အိမ္ကိုယ့္အိမ္လိုဝင္ထြက္ေနတဲ့ကိစၥကေတာ့မဆန္းေတာ့ဘူး ။
အိမ္ခ်င္းကလည္းသိပ္မေဝးတစ္လမ္းေက်ာ္ဆိုေတာ့သူမေရာက္လာတာကျမန္သည္ ။ လက္ထဲကငါးဆင့္ခ်ိဳင့္ကိုႀကီးႀကီးထံလႊဲေပးလိုက္ၿပီးသူမနဲ႔ကြၽန္ေတာ္ကေတာ့ဧၫ့္ခန္းမွာထိုင္ရင္းစေနာက္ေနၾကသည္ ။ ကြၽန္ေတာ္ကသူမ်ားေတြနဲ႔ဆိုခပ္တည္တည္ခပ္တန္းတန္းေနေပမဲ့ သူမနဲ႔ဆိုရင္ေတာ့ေျပာင္စပ္စပ္ပဲ ။
ႀကီးႀကီးကအုန္းႏို႔ေခါက္ဆြဲျပင္ေပးၿပီးေတာ့လာေခၚေတာ့သူမကသူလည္းမစားရေသးဘူးစားမယ္ဆိုတာနဲ႔ထမင္းဝိုင္းမွာႏွစ္ေယာက္အတူတူထိုင္စားျဖစ္ၾကသည္ ။ ထိုအခ်ိန္ၿခံထဲမွကားသံၾကားလိုက္ရသည္ ။ ဦးငယ္လား ကိုကိုတို႔လား ?
" ကိုငယ္ "
ေအာ္ ကိုကိုတို႔ ...
အေကာင္ေပါက္ကမီးဖိုးခန္းထဲေျပးဝင္လာသည္ ။ လက္ထဲမွာလဲေဖာ့ဘူးနဲ႔ ဘာေတြဝယ္လာလည္းမသိ !
" ရိေပၚ အဲ့ကေလးက "
" အဲ့တာဦးငယ္မိတ္ေဆြရဲ့သား "
" ေအာ္ ခ်စ္စရာေလးေနာ္ကေလးက "
" ဟီးဟီး ေက်းဇူးပါမမ "
" ဟုတ္ကဲ့ရွင့္ "
ဘာလဲ ! အဲ့အေကာင္ေပါက္နဲ႔ေတြ့တဲ့လူတိုင္းနဲ႔ခင္တတ္တာလား ?
သူပင္လယ္စာႀကိဳက္တယ္ဆိုတာကိုကိုေျပာျပလို႔ ဝယ္လာတာတဲ့ေလ ။ ကိုယ္ကအုန္းႏို႔ေခါက္ဆြဲစားလို႔ဗိုက္ကျပၫ့္ေနၿပီဘယ္လိုလုပ္စားဝင္ေတာ့မလဲ ။ အဲ့တာနဲ႔ပဲအဲ့အေကာင္ေပါက္ကသူ႔ဘာသာစားပစ္လိုက္တယ္ေလ ။
ခ်င္းယြဲ႔ကလည္းခ်ိဳင့္ယူၿပီးျပန္ေတာ့မယ္ေျပာေတာ့ အိမ္ကဒရိုင္ဘာဦးေလးကဦးငယ္ေခၚသြားသည္မို႔ ကိုယ္ပဲေျခလ်င္လိုက္ပို႔လိုက္ရသည္ ။ အေကာင္ေပါက္ကေတာ့အေပၚေတာင္မတက္ေသးဘဲသူဝယ္လာတဲ့ပင္လယ္စာဘူးကိုသာအငမ္းမရစားၿပီးက်န္ခဲ့ေလရဲ့ ။ ဝယ္လာတဲ့အထုတ္ေတြကိုကိုကိုကႀကီးႀကီးကိုေခၚၿပီးသယ္ခိုင္းေနတာေတာ့ေတြ့ခဲ့တယ္ ။
ခ်င္းယြဲ႔အေမကဇြတ္ေနခိုင္းေနတာနဲ႔ညေနေျခာက္နာရီထိုးၿပီးမွရိေပၚတစ္ေယာက္အိမ္ကိုျပန္လာခဲ့လိုက္သည္ ။ အရင္ကလည္းအဲ့လိုပဲတခါတေလတေနကုန္ခ်င္းယြဲ႔တို႔အိမ္မွာေနတတ္သည္မို႔အထူးအဆန္းေတာ့မဟုတ္ေပ ။ ရိေပၚၿခံထဲဝင္ကာနီးၿခံထဲကကားတစ္စီးထြက္သြားသည္ ။
အိမ္ထဲေရာက္ေတာ့အားလံုးကသူ႔ကိုမျမင္သလိုနဲ႔ကိုယ့္အလုပ္ကိုလုပ္ေနၾကသည္မို႔သူကလည္းအေပၚတက္ၿပီးကိုယ့္အခန္းထဲကိုယ္ဝင္ကာကုတင္ေပၚမွာလွဲေနလိုက္သည္ ။ ခနၾကာေတာ့ေရခ်ိဳးလိုက္သည္ ။ ေရခ်ိဳးၿပီးသိပ္မၾကာပါဘူးႀကီးႀကီးကထမင္းစားဖို႔လာေခၚတာေၾကာင့္ေအာက္ဆင္းလာခဲ့သည္ ။
သူတို႔အိမ္ရဲ့စည္းကမ္းတစ္ခုက မနက္စာနဲ႔ညစာကိုမိသားစုအားလံုးအတူတူစားျခင္းျဖစ္သည္ ။ ေန့လည္စာကေတာ့အလုပ္ကိုယ္စီနဲ႔မို႔စားလို႔မရ ။ ညစာေတာ့အေရးႀကီးတဲ့ပါတီေတြဘာေတြရိွရင္မိသားစုအားလံုးမစံုလဲရတယ္ ။ ေအာက္မွာေတာ့လူစံုေနၿပီထင္ပါရဲ့ အေစာကခ်င္းယြဲ႔တို႔အိမ္ကျပန္လာကတည္းကဦးငယ္ရဲ့ကားကိုလဲၿခံထဲမွာေတြ့ခဲ့တာေၾကာင့္ဦးငယ္ျပန္ေရာက္ေနၿပီမွန္းလဲသိလိုက္သည္ ။
ရိေပၚထမင္းစားခန္းထဲေရာက္ေတာ့သူထင္ထားသလိုနဲ႔လြဲပါေလေရာ ။ ကိုကိုနဲ႔ဟိုအေကာင္ေပါက္ကမေရာက္ေသးဘူး ။ ဦးငယ္တစ္ေယာက္ထဲထမင္းပန္းကန္ေတြဟင္းပန္းကန္ေတြနဲ႔ရုပ္တည္ႀကီးနဲ႔ထိုင္ေနေလသည္ ။ လူမစံုလို႔မစားရေသးတာမို႔သူလဲရုပ္တည္ႀကီးနဲ႔ထိုင္ေနလိုက္တယ္ ။ မၾကာပါဘူးကိုကိုနဲ႔ဟိုအေကာင္ေပါက္နဲ႔ေရာက္လာေတာ့မွထမင္းစားလိုက္ၾကေတာ့တယ္ ။
ထမင္းစားၿပီေတာ့လည္းက်န္တဲ့သူေတြ ၿခံထဲလမ္းေလ်ွာက္ေနမလား ဧၫ့္ခန္းထဲမွာTVၾကည့္ၾကမလား ဘာဆက္လုပ္ေနၾကမလဲဘာမွစိတ္မဝင္စားတာမို႔ကိုယ့္အခန္းထဲကိုယ္ျပန္ဝင္လာခဲ့သည္ ။ သိပ္မၾကာပါဘူးႀကီးႀကီးကႏြားႏို႔လာပို႔သည္မို႔အေကာင္ေပါက္အတြက္ႏြားႏို႔ခြက္ကိုပါယူထားၿပီးဒင္းအခန္းထဲသြားေသာက္ရသည္ ။
ႏြားႏို႔ေသာက္ၿပီးတာနဲ႔ဦးငယ္နဲ႔ကိုကို႔ကိုကန္ေတာ့ဖို႔ႏွစ္ေယာက္လံုးသြားလိုက္သည္ ။ ကန္ေတာ့ၿပီးတာနဲ႔အေကာင္ေပါက္ကိုလဲဂရုမစိုက္ႏိုင္ဘဲ ကိုယ့္အခန္းထဲကိုယ္ဝင္ၿပီးအိပ္ေပ်ာ္ေအာင္အိပ္လိုက္သည္ ။ ဒီညေတာ့ဘယ္သူနဲ႔မွစကားမေျပာခ်င္တာအမွန္ပဲ ။ သူ႔အလိုလိုေနရင္းစိတ္မၾကည္မလင္ျဖစ္ေနတာ ။ အဲ့ဒါမ်ိဳးျဖစ္တာကရိေပါ့္အတြက္အထူးအဆန္းေတာ့မဟုတ္ေခ် အနည္းဆံုးတစ္ပတ္မွာတစ္ခါေလာက္ကေတာ့အဲ့လိုျဖစ္ေနက်ပဲ ။
××××××××××
" က်န႔္က်န႔္ "
" ဗ်ာ "
" ေက်ာင္းအသစ္မွာတတ္ရတဲ့ပထမဆံုးေန့ကဘယ္လိုလဲ အဆင္ေျပရဲ့လား "
" ေျပပါတယ္ ကိုႀကီး "
" ဝမ္ေလးနဲ႔ေရာေတြ့ရဲ့လား "
" ဟုတ္ ေန့လည္ထမင္းစားေတာ့ကိုငယ္ကလာေခၚတယ္ "
" ေအာ္ ေအးေအး အဆင္ေျပရင္ၿပီးတာပါပဲ "
" ဟုတ္ကဲ့ .. ဒါဆိုသားသြားနားေတာ့မယ္ေနာ္ "
" ေအးေအး သြားနား "
ဒီေန့ကေက်ာင္းပထမဆံုးတတ္ရတဲ့ေန့ !
ထမင္းစားတဲ့ေနရာမွာသူနဲ႔ကိုငယ္အတူတူစားေနေတာ့ ေကာင္မေလးေတြကကိုငယ့္ကိုၾကၫ့္ေနၾကတာ ကိုငယ္ကေတာ့မေျပာတတ္ဘူးသူကေတာ့တအားရွက္ေနတာ ။ အၾကၫ့္ခံရတာသူမဟုတ္ေပမဲ့ ရွက္သည္ ။
စာသင္ခန္းထဲမွာေတာ့သူငယ္ခ်င္းအသစ္ေတြအမ်ားႀကီးရခဲ့တယ္ ။ အဲ့ထဲကႏွစ္ေယာက္နဲ႔ကေတာ့ေတာ္ေတာ္ေလးခင္သြားခဲ့တယ္ ။ အတူတူထိုင္ရလို႔လည္းပါေကာင္းပါလိမ့္မည္ ။ ထမင္းေတာင္အတူတူစားၾကဖို႔ေျပာတာကို ကိုငယ္နဲ႔စားရမည္မို႔ျငင္းလိုက္ရသည္ ။
ကိုငယ္ကထူးဆန္းတယ္ ..
သူ႔ကိုခင္သလိုလိုနဲ႔မခင္ျပန္ဘူး ။ စကားလည္းလိုတာထပ္ပိုၿပီးသိပ္မေျပာဘူး ။ ညဆိုလည္းႏြားႏို႔အတူတူလာေသာက္တယ္ ဦးငယ္နဲ႔ကိုႀကီးကိုကန္ေတာ့ဖို႔အတူတူသြားၾကတယ္ ။ မနက္ဆိုေက်ာင္းအတူတူသြားတယ္ အျပန္အတူတူျပန္တယ္ ။ ဒီေလာက္ပဲရင္းရင္းႏွီးႏွီးသိပ္မရိွသလိုခံစားရတယ္ ကိုႀကီးနဲ႔ကိုမတူဘူး အဲ့ဒီကိုငယ္က ။
ေဒါက္ ေဒါက္ !!
" ဝင္ခဲ့လို႔ရတယ္ "
" ကိုငယ္ ~ "
ေရွာင္းက်န႔္ ကိုငယ့္အခန္းထဲကိုအရဲစြန႔္ၿပီးဝင္ခဲ့လိုက္တယ္ နည္းနည္းေတာ့ေၾကာက္ေနတယ္ ။
" ေအာ္ .. ေရွာင္းက်န႔္ လာေလ "
ရိေပၚကအိပ္ေနရာမွငုတ္တုတ္ထထိုင္ေတာ့ ေရွာင္းက်န႔္ကလည္းကုတင္အစြန္းကိုလာထိုင္ေလသည္ ။
" ေျပာစရာရိွလို႔လား "
" ဟုတ္ "
" ေျပာေလ "
" ကိုယ္ငယ္သားကိုအလိုမရိွဘူးလားဟင္ "
ဘယ္လို !
" ဘာလို႔အဲ့လိုေမးတာလဲ "
" စိတ္ထဲမွာတမ်ိဳးႀကီးမလို႔ "
" အလိုမရိွဘူးရယ္လို႔ေတာ့မဟုတ္ပါဘူး "
" ဒီအိမ္ေရာက္လာတာကိုမႏွစ္သက္ဘူးမလား "
" … "
ဒီေကာင္ေလးအေပၚသူတစ္ခါမွအဲ့လိုမေတြးခဲ့ဖူးပါဘူး ။
" ဘာလို႔သားကိုမခင္တာလဲ "
" ကိုငယ္ကဘယ္သူ႔ကိုမွသိပ္မခင္တတ္ဘူး "
" အာ …… "
ဘာလို႔လဲေတာ့မသိဘူး ေရွာင္းက်န႔္ဝမ္းနည္းသလိုႀကီးျဖစ္ေနတယ္ .. အဲ့ဒါေၾကာင့္ေခါင္းငံု႔ထားလိုက္ၿပီးပဲအသံထြက္ရံုဆိုတယ္ေလးပဲႏႈတ္ဆက္ၿပီးကိုယ့္အခန္းထဲကိုယ္ျပန္လာခဲ့လိုက္သည္ ။
ဒီညေတာ့စိတ္ထဲေနလို႔မေကာင္းတာနဲ႔တံခါးေလာ့ခ်ၿပီးအိပ္ပစ္လိုက္တယ္ ။ ကိုငယ္ႏြားႏို႔လာတိုက္တာသိေပမဲ့လည္းတံခါးထဖြင့္မေပးဘဲအိပ္ေပ်ာ္ေနသလိုေနလိုက္တယ္ ။ ကိုႀကီးတို႔ကိုလည္းသြားကန္ေတာ့တဲ့အစီအစဉ္ပ်က္သြားတယ္ ။
#############