Part : 6 [ U & Z ]
Part : 6 [ U & Z ]
Uni ❤️
ကျိုးချန်တစ်ယောက်ထမင်းစားပွဲထိပ်မှာထိုင်နေရင်းတော်တော်ကိုအေးတိအေးစက်နိုင်နေတဲ့အခြေအနေနဲ့ဘေးကနှစ်ယောက်ကိုသတိထားမိလိုက်သည် ။
" ဝမ်လေး .. ကျန့်ကျန့် .. "
" ဗျာ "
နှစ်ယောက်လုံးကိုဆက်တိုက်ခေါ်လိုက်သည်မို့ နှစ်ယောက်လုံးကတပြိုင်တည်းထူးလာသည် ။
" ကျောင်းတတ်ရတာအဆင်ပြေကြရဲ့လား "
" ပြေပါတယ်ကိုကြီး "
" မဆိုးပါဘူး "
ရှောင်းကျန့်ကပြေတယ်လို့ဆိုလိုက်ပေမဲ့ ဝမ်ရိပေါ်ကတော့ပြေတယ်မထင်ပါဘူး အဖြေကိုပဲကြည့်လေ မဆိုးပါဘူးတဲ့ ။
" မဆိုးပါဘူးဆိုတော့အဆင်မပြေတာလည်းရှိတယ်ပေါ့ "
" ဘယ်အရာမှပြီးပြည့်စုံနေတာမှမဟုတ်တာ အကုန်အဆင်ပြေတယ်လို့ရှိပါ့မလား .. အဲ့ဒါကြောင့်မဆိုးပါဘူးလို့ပြောတာပါ "
" ဟားးဟားး .. ငါ့ညီကတော့ပြောလိုက်ရင်ဒဲ့ပဲကွာ "
ရှောင်းကျန့်ကတော့သူတို့ဘယ်လိုပုံတွေဘယ်လိုမျက်နှာတွေဖြစ်နေကြမလဲစိတ်မဝင်စားချင်တော့တာနဲ့ကြီးကြီးလာချပေးတဲ့ထမင်းပန်းကန်တွေထဲဦးချပြီး ကိုယ့်ပန်းကန်ထဲကထမင်းနဲ့ဟင်းကိုသာတိတ်တိတ်လေးငုံ့ပြီးစားနေလိုက်တယ် ။
မနေ့ကသန့်စင်ခန်းထဲကကိစ္စဖြစ်ပြီးကတည်းကဒီနေ့မနက်အခုချိန်ထိကိုငယ်နဲ့စကားမပြောဖြစ်သေး ။ နမ်းလို့စိတ်ဆိုးတာလားမေးရင်တော့မဟုတ်ဘူးလို့ပဲဖြေရမယ် ။ နမ်းတာကတော့ညီအစ်ကိုအချင်းချင်းပဲဘာစိတ်မှလည်းမရှိဘူး ။
အဲ့ဒါဆိုဘာလို့စကားမပြောသလဲမေးရင်ရော ?
အဖြေကတစ်ခုတည်းရယ် .. သူကိုယ့်ကိုအရင်ကတည်းကအလိုမရှိဘူးလို့ထင်ခဲ့တုန်းကသူကပြောတယ်ထင်ရာလျှောက်မတွေးနေနဲ့ သူ့ပါးစပ်ကပြောမှသာအဲ့ဒါဟာအမှန်တဲ့ ။
အခုသူ့ပါးစပ်ကပြောတယ်လေ " မင်းတစ်ခုခုဖြစ်ရင် ခေါ်စောင့်ရှောက်ထားတဲ့ငါတို့အပြစ်လာမှာ အဲ့တော့မင်းဘာသာမင်းထိန်းသိမ်းပါ " တဲ့ ။ စိုးရိမ်လို့မဟုတ်ဘဲသူအပြစ်ပြောခံရမှာစိုးလို့ဆိုတော့ သူတို့အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေမဲ့ကိစ္စမျိုးကိုရှောင်ဖို့ကသာကိုယ့်တာဝန်ဖြစ်တယ် ။
ကိုကြီးကတော့ကိုယ့်ကိုသူ့ညီအရင်းတစ်ယောက်လိုချစ်ပေမဲ့ ကိုငယ်ကတော့အစကတည်းကညီတစ်ယောက်လိုသဘောမထားဘူးထင်ပါရဲ့ .. ဒီအိမ်ကိုစရောက်လာကတည်းကကိုငယ်ကခပ်တည်တည်ပဲနေတယ် လိုတာထက်ပိုပြီးစကားအရမ်းမပြောဘူး ။
သူကကိုယ့်ကိုညီတစ်ယောက်လိုသဘောမထားနိုင်ရင်တောင်သူကကိုယ့်ကျေးဇူးရှင် .. အဲ့ဒီအတွက်ကျေးဇူးပြန်မဆပ်နိုင်ရင်တောင်သူတို့မျက်နှာကိုအိုးမဲသုပ်တဲ့ပုံစံမျိုးတော့မလုပ်ပါဘူး ။ အခုကိုယ့်ဘက်ကအဲ့လိုနေရင်ရပြီ ။
ကိုကြီးကိုအဖေတစ်ယောက်လိုအစ်ကိုအရင်းတစ်ယောက်လိုချစ်လို့အရင်လိုမျိုးပဲဆက်နေမယ် ။ ကိုငယ်နဲ့ကတော့တစ်အိမ်တည်းနေနေပေမဲ့သူစိမ်းလိုများဖြစ်သွားတော့မလားပဲ .. ဘာလို့အဲ့ဒီလိုပြောရသလဲဆိုတော့ ကိုငယ့်ရဲ့သဘောထားကိုသိသွပြီမလို့လေ ။ ကိုငယ်နဲ့သူကရှေ့လျှောက်မေးထူးခေါ်ပြောပဲဆက်ဆံဖြစ်တော့မယ်ထင်တယ် ။
" ကျန့်ကျန့် ဘာတွေတွေးနေတာလဲ "
" ဟို .. ဒီလိုပါပဲကိုကြီး "
" အေးအေး ညီအစ်ကိုနှစ်ယောက်တည့်အောင်နေကြနော် ကျောင်းမှာလည်းတစ်ယောက်နဲ့တစ်ယောက်စောင့်ရှောက်ကြ "
" … "
" ကိုကြီးသွားတော့မယ် ဒီနေ့နဲနဲအရေးကြီးလို့ "
" ဟုတ်ကဲ့ကိုကြီး " " ဟုတ်ကိုကို "
ကိုကိုထွက်သွားတာနဲ့အစကတည်းကစားဖို့စိတ်မပါတဲ့ထမင်းဝိုင်းကထလိုက်ပြီးဒီနေ့ကျောင်းမလိုက်ဖြစ်တော့တဲ့အကြောင်းဒရိုင်ဘာဦးလေးကိုပြောပြီးတာနဲ့အပေါ်ထပ်ကိုတတ်ခဲ့လိုက်သည် ။
အငယ်ကတော့ဘာမှမပြောဘူး ။ သူလည်းကိုယ့်ကိုစကားမပြောချင်ဘူးနဲ့တူတယ် သူ့ကိုနမ်းလိုက်လို့များမပြောချင်တာလား ။ အဲ့လိုဆိုရင်သူ့သူငယ်ချင်းကောင်နမ်းတာကျဘာလို့ဘာမှမဖြစ်ရတာလဲ ။
ကိုယ့်ကျမှလာစိတ်ဆိုးနေတယ် တရားကျဖို့ကောင်းလိုက်တာ !
ဒေါက် ဒေါက် !!
" ဝင်လာလို့ရတယ် "
ဝင်လာလို့ရတယ်လို့ကြားတာနဲ့ရှောင်းကျန့်လည်းကိုငယ့်အခန်းထဲဝင်သွားလိုက်တော့ကိုငယ်ကကုတင်ပေါ်မှာလှဲနေလေသည် ။
" ဘာပြောစရာရှိလို့လဲ "
" စာမေးပွဲကနီးနေပြီဆိုတော့ကိုငယ့်ကိုကျောင်းမပြတ်စေချင်ဘူး "
စကားသာပြောနေပေမဲ့ကိုယ့်ကိုစကားမပြောချင်မှန်းစိတ်ဆိုးနေမှန်းအသိသာကြီး .. ဟွန်း ! အဲ့တာနဲ့များကျောင်းတတ်ဖို့လာခေါ်နေသေးတယ် ။
" ဒီလာ "
ကိုငယ်ကဒီလာဆိုပြီးကုတင်ကိုပုတ်ပြလေသည် ။ ဘာဖြစ်လဲသွားလိုက်ရုံပေါ့ ညီအစ်ကိုနှစ်ယောက်အရင်ကလည်းအတူတူအိပ်ကြတာပဲ ။
အွန်း ~ တကယ်တမ်းသွားထိုင်လိုက်တော့လည်းသူကပက်လက်ကိုယ်ကငုတ်တုတ်ဆိုတော့နည်းနည်းတော့တမျိုးဖြစ်နေတယ် ။
" အိပ်လေ "
အော် .. ကျောင်းသွားဖို့လာခေါ်တာကိုအိပ်ဖို့အဖော်လာညှိတာကျနေတာပဲ ..
" လာအိပ်လေ "
ရှောင်းကျန့်လည်းခနဝင်အိပ်လိုက်တော့သည် ။ နှစ်ယောက်လုံးကဘာစကားမှမပြောဘဲပက်လက်အိပ်ရင်းမျက်နှာကျက်ကိုသာကြည့်နေကြသည် ။
သေချာတာကတော့မတူညီတဲ့အတွေးတစ်ခုစီကိုတွေးနေကြမှာပေါ့ ။ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ကသူနမ်းလိုက်လို့စိတ်ဆိုးနေမှာသေချာသည်ပေါ့ ။ ရှောင်းကျန့်ကတော့ ကိုငယ်ကသူ့ကိုတကယ့်ညီအစ်ကိုလိုချစ်လို့မဟုတ်ဘဲသူတို့သိက္ခာအတွက်ကြောင့်စိုးရိမ်ပေးသည်ပေါ့ ။
ဖျက်ခနဲဆိုသလိုဝမ်ရိပေါ်ကမွှေ့ယာပေါ်တံတောင်နဲ့ထောက်ကာရှောင်းကျန့်မျက်နှာပေါ်အုပ်မိုးလိုက်သည် ။ ရှောင်းကျန့်ကတော့အံ့ဩမှုနဲ့အတူမျက်လုံးကလေးပြူးနေမှာအသေအချာ ။
" ကိုငယ့်ကိုစိတ်ဆိုးနေတာလား "
" ဗျာ !! "
ဘာကိုစိတ်ဆိုးရမှာလဲသူ့ကို ..
ဒါကရော ဘာလုပ်နေတာလဲ ညီအစ်ကိုဆိုပေမဲ့ဘယ်ညီအစ်ကိုမှတော့ဒီလိုပုံစံကြီးမနေကြဘူးလေ ။ သူများမြင်ရင်လဲမကောင်းဘူးမလား ။
" မနေ့ကကိုငယ်နမ်းတာကိုစိတ်ဆိုးနေတာလားလို့ "
" အာ .. အဲ့တာကစိတ်ဆိုးစရာမှမဟုတ်တာကိုငယ်ကလည်း "
" အဲ့ဒါဆိုစကားကဘာလို့မပြောတာလဲ "
" ဟို … ဟို … "
အင်တင်တင်ဖြစ်နေတဲ့ရှောင်းကျန့်ကိုကြည့်တာနဲ့ဝမ်ရိပေါ်တို့နားလည်လိုက်ပြီ ။ ရှောင်းကျန့်အတွေးလွန်ပြီးသူ့ကိုမခေါ်တာဆိုတာ ။
" ဘာလဲပေါက်ကရတွေတွေးနေပြန်ပြီလား ကိုငယ်ဘာပြောထားလဲ .. ဟမ် .. "
" ပေါက်ကရတွေမတွေးပါဘူး အခုဟာကကိုငယ့်ပါးစပ်ကကိုယ်တိုင်ပြောတာမဟုတ်ဘူးလား .. ဖယ်ပါ အဲ့လိုကြီးမမိုးထားပါနဲ့ "
" ကိုငယ်ကိုယ်တိုင်ပြောတာဆိုပေမဲ့ ကိုငယ်ပြောချင်တဲ့သဘောနဲ့ အငယ်တွေးနေတဲ့သဘောကရောတူနိုင်ပါ့မလား "
" မသိဘူးဗျာ အပေါ်ကဖယ် "
" အိုကေဗျာ ဖယ်ပြီ "
" အွန့် ! "
ကိုယ်လဲသူဖယ်ခိုင်းလို့ဖယ်လိုက်တာပါပဲ ဒါပေမဲ့မွှေ့ယာပေါ်မှာကိုယ့်လက်ကချော်သွားတော့သူ့အပေါ်ကိုပြိုကျသွားပြီး သူ့နှုတ်ခမ်းနဲ့ကိုယ့်နှုတ်ခမ်းကထပ်တူကျသွားပါလေရော …
တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့် ~~~
" အွန့် ! မြန်မြန်မဖယ်ဘူး "
အစကတော့နှစ်ယောက်သားအူတူတူဖြစ်နေပြီး ခနနေမှရှောင်းကျန့်ကသတိဝင်လာပြီးသူ့အပေါ်ထပ်လျက်ဖြစ်နေတဲ့ရိပေါ့်ကိုယ်လုံးကိုတွန်းဖယ်လိုက်သည် ။ ပြီးတာနဲ့ချက်ချင်းထထိုင်လိုက်သည် ။
" အဟမ်း ! ကိုငယ်မလိုက်ချင်လည်းနေတော့ သွားပြီ "
" ခန "
ရှောင်းကျန့်လည်းတစ်ကိုယ်လုံးထူပူနေတာကြောင့် ကိုငယ့်အခန်းထဲကထွက်မလို့ကို လက်ကောက်ဝတ်ကိုထပ်မံဆွဲထားပြန်သည် ။
" အငယ့်နှုတ်ခမ်းကတော်တော်လေးနူးညံ့တယ် "
" ဗျာ !! "
ကိုငယ့်ရုပ်ကတမျိုးကြီးမလို့ဆက်မပြောတော့ဘဲကျောင်းသွားဖို့အောက်ထပ်ကိုအမြန်ဆင်းလာခဲ့လိုက်သည် ။ မနေ့ကပါးကိုနမ်းတာကတော့ညီအစ်ကိုချင်းမို့လက်ခံနိုင်သေးတယ် အခုကနှုတ်ခမ်းဆိုတော့မဟုတ်သေးဘူးလေ ။
ညီအစ်ကိုချင်းမို့ပါးနမ်းတာကမရှက်ပေမဲ့ နှုတ်ခမ်းကတော့ရှက်တယ်လေ မတော်တဆပဲဆိုအုံးတော့ …
ဘာတဲ့ .. နူးညံ့တယ်တဲ့ အားးးးးးး ရူးတော့မှာပဲငါတော့ …
ကိုငယ်တော်တော်နောက်တယ် သူများရှက်နေမှန်းသိရက်နဲ့ …
" ဟားးးးးး ဟားးးးးး ရှက်သွားတာလားကွာ "
ဝမ်ရိပေါ်သဘောတကျအော်ရယ်ပြီးရေချိုးခန်းထဲဝင်ပြီးရေချိုးလိုက်သည် ။ ကျောင်းသွားဖို့တော့အစီအစဉ်တကယ်မရှိတာ အငယ်ကလည်းသူ့ကိုထပ်မစောင့်တော့ပါဘူး ခြံထဲကထွက်သွားတဲ့ကားသံကိုကြားလိုက်တယ်လေ ။
သူကလည်းသူပဲ ဟိုကနမ်းမိတာတောင်ရှက်သွားပါတယ်ဆိုထပ်စလိုက်သေးတယ် ။ မရည်ရွယ်ဘဲနမ်းမိတယ်ဆိုပေမဲ့တကယ်ကိုနူးညံ့တာ ။ သူမျက်နှာကြီးနီပြီးရှက်နေမှန်းသိလို့တမင်ကိုစလိုက်တာ ။
ဝမ်ရိပေါ်တို့ကံဇာတာတတ်သလားမမေးနဲ့ အရင်နေ့ကပါးကိုနမ်းလိုက်တာနောက်နေ့စကားမပြောဘဲအရှောင်ခံရတယ် ။ နောက်နေ့ပြန်ခေါ်တော့ နှုတ်ခမ်းကိုမတော်တဆနမ်းမိတော့ တစ်ပတ်လောက်ထိစကားလုံးဝမပြောတော့ဘူးတဲ့လေ … ဟားးးးးးး ဝမ်ရိပေါ် ဝမ်ရိပေါ် …
ကျောင်းကားအတူတူစီးတာတောင်သူစိမ်းလိုနေနေတဲ့အငယ်ကချစ်စရာလည်းတကယ်ကောင်းသည် ။ ဒီတစ်ပတ်လုံးလဲမျက်လုံးချင်းစုံအောင်တောင်မကြည့်ဘူး ။ ဒီလောက်အရှက်သည်းနေတဲ့အငယ့်ကိုထပ်စချင်လို့တမင်အကြည့်ချင်းလိုက်စုံဖို့ကြိုးစားတာတောင်ရအောင်ရှောင်သေးတာ ။
သူကဘာတွေဒီလောက်ရှက်နေတာမှန်းလဲမသိ …
#############
နေကကောင်းလိုက်မကောင်းလိုက်ဖြစ်နေတာမလို့ စာရေးဖို့ mood မဝင်တာနဲ့ update မပေးဖြစ်တာ …
အခုကစပြီးပုံမှန်တင်ပေးတော့မှာပါ …
စောင့်နေပေးကြတဲ့သူတွေကိုတကယ်ကျေးဇူးတင်ပါတယ် …
#############
Zawgyi ❤️
က်ိဳးခ်န္တစ္ေယာက္ထမင္းစားပြဲထိပ္မွာထိုင္ေနရင္းေတာ္ေတာ္ကိုေအးတိေအးစက္ႏိုင္ေနတဲ့အေျခအေနနဲ႔ေဘးကႏွစ္ေယာက္ကိုသတိထားမိလိုက္သည္ ။
" ဝမ္ေလး .. က်န႔္က်န႔္ .. "
" ဗ်ာ "
ႏွစ္ေယာက္လံုးကိုဆက္တိုက္ေခၚလိုက္သည္မို႔ ႏွစ္ေယာက္လံုးကတၿပိဳင္တည္းထူးလာသည္ ။
" ေက်ာင္းတတ္ရတာအဆင္ေျပၾကရဲ့လား "
" ေျပပါတယ္ကိုႀကီး "
" မဆိုးပါဘူး "
ေရွာင္းက်န႔္ကေျပတယ္လို႔ဆိုလိုက္ေပမဲ့ ဝမ္ရိေပၚကေတာ့ေျပတယ္မထင္ပါဘူး အေျဖကိုပဲၾကၫ့္ေလ မဆိုးပါဘူးတဲ့ ။
" မဆိုးပါဘူးဆိုေတာ့အဆင္မေျပတာလည္းရိွတယ္ေပါ့ "
" ဘယ္အရာမွၿပီးျပၫ့္စံုေနတာမွမဟုတ္တာ အကုန္အဆင္ေျပတယ္လို႔ရိွပါ့မလား .. အဲ့ဒါေၾကာင့္မဆိုးပါဘူးလို႔ေျပာတာပါ "
" ဟားးဟားး .. ငါ့ညီကေတာ့ေျပာလိုက္ရင္ဒဲ့ပဲကြာ "
ေရွာင္းက်န႔္ကေတာ့သူတို႔ဘယ္လိုပံုေတြဘယ္လိုမ်က္ႏွာေတျြဖစ္ေနၾကမလဲစိတ္မဝင္စားခ်င္ေတာ့တာနဲ႔ႀကီးႀကီးလာခ်ေပးတဲ့ထမင္းပန္းကန္ေတြထဲဦးခ်ၿပီး ကိုယ့္ပန္းကန္ထဲကထမင္းနဲ႔ဟင္းကိုသာတိတ္တိတ္ေလးငံု႔ၿပီးစားေနလိုက္တယ္ ။
မေန့ကသန႔္စင္ခန္းထဲကကိစၥျဖစ္ၿပီးကတည္းကဒီေန့မနက္အခုခ်ိန္ထိကိုငယ္နဲ႔စကားမေျပာျဖစ္ေသး ။ နမ္းလို႔စိတ္ဆိုးတာလားေမးရင္ေတာ့မဟုတ္ဘူးလို႔ပဲေျဖရမယ္ ။ နမ္းတာကေတာ့ညီအစ္ကိုအခ်င္းခ်င္းပဲဘာစိတ္မွလည္းမရိွဘူး ။
အဲ့ဒါဆိုဘာလို႔စကားမေျပာသလဲေမးရင္ေရာ ?
အေျဖကတစ္ခုတည္းရယ္ .. သူကိုယ့္ကိုအရင္ကတည္းကအလိုမရိွဘူးလို႔ထင္ခဲ့တုန္းကသူကေျပာတယ္ထင္ရာေလ်ွာက္မေတြးေနနဲ႔ သူ႔ပါးစပ္ကေျပာမွသာအဲ့ဒါဟာအမွန္တဲ့ ။
အခုသူ႔ပါးစပ္ကေျပာတယ္ေလ " မင္းတစ္ခုခုျဖစ္ရင္ ေခၚေစာင့္ေရွာက္ထားတဲ့ငါတို႔အျပစ္လာမွာ အဲ့ေတာ့မင္းဘာသာမင္းထိန္းသိမ္းပါ " တဲ့ ။ စိုးရိမ္လို႔မဟုတ္ဘဲသူအျပစ္ေျပာခံရမွာစိုးလို႔ဆိုေတာ့ သူတို႔အတြက္ဝန္ထုပ္ဝန္ပိုးျဖစ္ေစမဲ့ကိစၥမ်ိဳးကိုေရွာင္ဖို႔ကသာကိုယ့္တာဝန္ျဖစ္တယ္ ။
ကိုႀကီးကေတာ့ကိုယ့္ကိုသူ႔ညီအရင္းတစ္ေယာက္လိုခ်စ္ေပမဲ့ ကိုငယ္ကေတာ့အစကတည္းကညီတစ္ေယာက္လိုသေဘာမထားဘူးထင္ပါရဲ့ .. ဒီအိမ္ကိုစေရာက္လာကတည္းကကိုငယ္ကခပ္တည္တည္ပဲေနတယ္ လိုတာထက္ပိုၿပီးစကားအရမ္းမေျပာဘူး ။
သူကကိုယ့္ကိုညီတစ္ေယာက္လိုသေဘာမထားႏိုင္ရင္ေတာင္သူကကိုယ့္ေက်းဇူးရွင္ .. အဲ့ဒီအတြက္ေက်းဇူးျပန္မဆပ္ႏိုင္ရင္ေတာင္သူတို႔မ်က္ႏွာကိုအိုးမဲသုပ္တဲ့ပံုစံမ်ိဳးေတာ့မလုပ္ပါဘူး ။ အခုကိုယ့္ဘက္ကအဲ့လိုေနရင္ရၿပီ ။
ကိုႀကီးကိုအေဖတစ္ေယာက္လိုအစ္ကိုအရင္းတစ္ေယာက္လိုခ်စ္လို႔အရင္လိုမ်ိဳးပဲဆက္ေနမယ္ ။ ကိုငယ္နဲ႔ကေတာ့တစ္အိမ္တည္းေနေနေပမဲ့သူစိမ္းလိုမ်ားျဖစ္သြားေတာ့မလားပဲ .. ဘာလို႔အဲ့ဒီလိုေျပာရသလဲဆိုေတာ့ ကိုငယ့္ရဲ့သေဘာထားကိုသိသြၿပီမလို႔ေလ ။ ကိုငယ္နဲ႔သူကေရ႔ွေလ်ွာက္ေမးထူးေခၚေျပာပဲဆက္ဆံျဖစ္ေတာ့မယ္ထင္တယ္ ။
" က်န႔္က်န႔္ ဘာေတြေတြးေနတာလဲ "
" ဟို .. ဒီလိုပါပဲကိုႀကီး "
" ေအးေအး ညီအစ္ကိုႏွစ္ေယာက္တၫ့္ေအာင္ေနၾကေနာ္ ေက်ာင္းမွာလည္းတစ္ေယာက္နဲ႔တစ္ေယာက္ေစာင့္ေရွာက္ၾက "
" … "
" ကိုႀကီးသြားေတာ့မယ္ ဒီေန့နဲနဲအေရးႀကီးလို႔ "
" ဟုတ္ကဲ့ကိုႀကီး " " ဟုတ္ကိုကို "
ကိုကိုထြက္သြားတာနဲ႔အစကတည္းကစားဖို႔စိတ္မပါတဲ့ထမင္းဝိုင္းကထလိုက္ၿပီးဒီေန့ေက်ာင္းမလိုက္ျဖစ္ေတာ့တဲ့အေၾကာင္းဒရိုင္ဘာဦးေလးကိုေျပာၿပီးတာနဲ႔အေပၚထပ္ကိုတတ္ခဲ့လိုက္သည္ ။
အငယ္ကေတာ့ဘာမွမေျပာဘူး ။ သူလည္းကိုယ့္ကိုစကားမေျပာခ်င္ဘူးနဲ႔တူတယ္ သူ႔ကိုနမ္းလိုက္လို႔မ်ားမေျပာခ်င္တာလား ။ အဲ့လိုဆိုရင္သူ႔သူငယ္ခ်င္းေကာင္နမ္းတာက်ဘာလို႔ဘာမွမျဖစ္ရတာလဲ ။
ကိုယ့္က်မွလာစိတ္ဆိုးေနတယ္ တရားက်ဖို႔ေကာင္းလိုက္တာ !
ေဒါက္ ေဒါက္ !!
" ဝင္လာလို႔ရတယ္ "
ဝင္လာလို႔ရတယ္လို႔ၾကားတာနဲ႔ေရွာင္းက်န႔္လည္းကိုငယ့္အခန္းထဲဝင္သြားလိုက္ေတာ့ကိုငယ္ကကုတင္ေပၚမွာလွဲေနေလသည္ ။
" ဘာေျပာစရာရိွလို႔လဲ "
" စာေမးပြဲကနီးေနၿပီဆိုေတာ့ကိုငယ့္ကိုေက်ာင္းမျပတ္ေစခ်င္ဘူး "
စကားသာေျပာေနေပမဲ့ကိုယ့္ကိုစကားမေျပာခ်င္မွန္းစိတ္ဆိုးေနမွန္းအသိသာႀကီး .. ဟြန္း ! အဲ့တာနဲ႔မ်ားေက်ာင္းတတ္ဖို႔လာေခၚေနေသးတယ္ ။
" ဒီလာ "
ကိုငယ္ကဒီလာဆိုၿပီးကုတင္ကိုပုတ္ျပေလသည္ ။ ဘာျဖစ္လဲသြားလိုက္ရံုေပါ့ ညီအစ္ကိုႏွစ္ေယာက္အရင္ကလည္းအတူတူအိပ္ၾကတာပဲ ။
အြန္း ~ တကယ္တမ္းသြားထိုင္လိုက္ေတာ့လည္းသူကပက္လက္ကိုယ္ကငုတ္တုတ္ဆိုေတာ့နည္းနည္းေတာ့တမ်ိဳးျဖစ္ေနတယ္ ။
" အိပ္ေလ "
ေအာ္ .. ေက်ာင္းသြားဖို႔လာေခၚတာကိုအိပ္ဖို႔အေဖာ္လာၫွိတာက်ေနတာပဲ ..
" လာအိပ္ေလ "
ေရွာင္းက်န႔္လည္းခနဝင္အိပ္လိုက္ေတာ့သည္ ။ ႏွစ္ေယာက္လံုးကဘာစကားမွမေျပာဘဲပက္လက္အိပ္ရင္းမ်က္ႏွာက်က္ကိုသာၾကၫ့္ေနၾကသည္ ။
ေသခ်ာတာကေတာ့မတူညီတဲ့အေတြးတစ္ခုစီကိုေတြးေနၾကမွာေပါ့ ။ ဝမ္ရိေပၚကေတာ့ ေရွာင္းက်န႔္ကသူနမ္းလိုက္လို႔စိတ္ဆိုးေနမွာေသခ်ာသည္ေပါ့ ။ ေရွာင္းက်န႔္ကေတာ့ ကိုငယ္ကသူ႔ကိုတကယ့္ညီအစ္ကိုလိုခ်စ္လို႔မဟုတ္ဘဲသူတို႔သိကၡာအတြက္ေၾကာင့္စိုးရိမ္ေပးသည္ေပါ့ ။
ဖ်က္ခနဲဆိုသလိုဝမ္ရိေပၚကေမႊ့ယာေပၚတံေတာင္နဲ႔ေထာက္ကာေရွာင္းက်န႔္မ်က္ႏွာေပၚအုပ္မိုးလိုက္သည္ ။ ေရွာင္းက်န႔္ကေတာ့အံ့ဩမႈနဲ႔အတူမ်က္လံုးကေလးျပဴးေနမွာအေသအခ်ာ ။
" ကိုငယ့္ကိုစိတ္ဆိုးေနတာလား "
" ဗ်ာ !! "
ဘာကိုစိတ္ဆိုးရမွာလဲသူ႔ကို ..
ဒါကေရာ ဘာလုပ္ေနတာလဲ ညီအစ္ကိုဆိုေပမဲ့ဘယ္ညီအစ္ကိုမွေတာ့ဒီလိုပံုစံႀကီးမေနၾကဘူးေလ ။ သူမ်ားျမင္ရင္လဲမေကာင္းဘူးမလား ။
" မေန့ကကိုငယ္နမ္းတာကိုစိတ္ဆိုးေနတာလားလို႔ "
" အာ .. အဲ့တာကစိတ္ဆိုးစရာမွမဟုတ္တာကိုငယ္ကလည္း "
" အဲ့ဒါဆိုစကားကဘာလို႔မေျပာတာလဲ "
" ဟို … ဟို … "
အင္တင္တင္ျဖစ္ေနတဲ့ေရွာင္းက်န႔္ကိုၾကၫ့္တာနဲ႔ဝမ္ရိေပၚတို႔နားလည္လိုက္ၿပီ ။ ေရွာင္းက်န႔္အေတြးလြန္ၿပီးသူ႔ကိုမေခၚတာဆိုတာ ။
" ဘာလဲေပါက္ကရေတြေတြးေနျပန္ၿပီလား ကိုငယ္ဘာေျပာထားလဲ .. ဟမ္ .. "
" ေပါက္ကရေတြမေတြးပါဘူး အခုဟာကကိုငယ့္ပါးစပ္ကကိုယ္တိုင္ေျပာတာမဟုတ္ဘူးလား .. ဖယ္ပါ အဲ့လိုႀကီးမမိုးထားပါနဲ႔ "
" ကိုငယ္ကိုယ္တိုင္ေျပာတာဆိုေပမဲ့ ကိုငယ္ေျပာခ်င္တဲ့သေဘာနဲ႔ အငယ္ေတြးေနတဲ့သေဘာကေရာတူႏိုင္ပါ့မလား "
" မသိဘူးဗ်ာ အေပၚကဖယ္ "
" အိုေကဗ်ာ ဖယ္ၿပီ "
" အြန႔္ ! "
ကိုယ္လဲသူဖယ္ခိုင္းလို႔ဖယ္လိုက္တာပါပဲ ဒါေပမဲ့ေမႊ့ယာေပၚမွာကိုယ့္လက္ကေခ်ာ္သြားေတာ့သူ႔အေပၚကိုၿပိဳက်သြားၿပီး သူ႔ႏႈတ္ခမ္းနဲ႔ကိုယ့္ႏႈတ္ခမ္းကထပ္တူက်သြားပါေလေရာ …
တစ္စကၠန႔္ ႏွစ္စကၠန႔္ သံုးစကၠန႔္ ~~~
" အြန႔္ ! ျမန္ျမန္မဖယ္ဘူး "
အစကေတာ့ႏွစ္ေယာက္သားအူတူတူျဖစ္ေနၿပီး ခနေနမွေရွာင္းက်န႔္ကသတိဝင္လာၿပီးသူ႔အေပၚထပ္လ်က္ျဖစ္ေနတဲ့ရိေပါ့္ကိုယ္လံုးကိုတြန္းဖယ္လိုက္သည္ ။ ၿပီးတာနဲ႔ခ်က္ခ်င္းထထိုင္လိုက္သည္ ။
" အဟမ္း ! ကိုငယ္မလိုက္ခ်င္လည္းေနေတာ့ သြားၿပီ "
" ခန "
ေရွာင္းက်န႔္လည္းတစ္ကိုယ္လံုးထူပူေနတာေၾကာင့္ ကိုငယ့္အခန္းထဲကထြက္မလို႔ကို လက္ေကာက္ဝတ္ကိုထပ္မံဆြဲထားျပန္သည္ ။
" အငယ့္ႏႈတ္ခမ္းကေတာ္ေတာ္ေလးႏူးညံ့တယ္ "
" ဗ်ာ !! "
ကိုငယ့္ရုပ္ကတမ်ိဳးႀကီးမလို႔ဆက္မေျပာေတာ့ဘဲေက်ာင္းသြားဖို႔ေအာက္ထပ္ကိုအျမန္ဆင္းလာခဲ့လိုက္သည္ ။ မေန့ကပါးကိုနမ္းတာကေတာ့ညီအစ္ကိုခ်င္းမို႔လက္ခံႏိုင္ေသးတယ္ အခုကႏႈတ္ခမ္းဆိုေတာ့မဟုတ္ေသးဘူးေလ ။
ညီအစ္ကိုခ်င္းမို႔ပါးနမ္းတာကမရွက္ေပမဲ့ ႏႈတ္ခမ္းကေတာ့ရွက္တယ္ေလ မေတာ္တဆပဲဆိုအံုးေတာ့ …
ဘာတဲ့ .. ႏူးညံ့တယ္တဲ့ အားးးးးးး ရူးေတာ့မွာပဲငါေတာ့ …
ကိုငယ္ေတာ္ေတာ္ေနာက္တယ္ သူမ်ားရွက္ေနမွန္းသိရက္နဲ႔ …
" ဟားးးးးး ဟားးးးးး ရွက္သြားတာလားကြာ "
ဝမ္ရိေပၚသေဘာတက်ေအာ္ရယ္ၿပီးေရခ်ိဳးခန္းထဲဝင္ၿပီးေရခ်ိဳးလိုက္သည္ ။ ေက်ာင္းသြားဖို႔ေတာ့အစီအစဉ္တကယ္မရိွတာ အငယ္ကလည္းသူ႔ကိုထပ္မေစာင့္ေတာ့ပါဘူး ၿခံထဲကထြက္သြားတဲ့ကားသံကိုၾကားလိုက္တယ္ေလ ။
သူကလည္းသူပဲ ဟိုကနမ္းမိတာေတာင္ရွက္သြားပါတယ္ဆိုထပ္စလိုက္ေသးတယ္ ။ မရည္ရြယ္ဘဲနမ္းမိတယ္ဆိုေပမဲ့တကယ္ကိုႏူးညံ့တာ ။ သူမ်က္ႏွာႀကီးနီၿပီးရွက္ေနမွန္းသိလို႔တမင္ကိုစလိုက္တာ ။
ဝမ္ရိေပၚတို႔ကံဇာတာတတ္သလားမေမးနဲ႔ အရင္ေန့ကပါးကိုနမ္းလိုက္တာေနာက္ေန့စကားမေျပာဘဲအေရွာင္ခံရတယ္ ။ ေနာက္ေန့ျပန္ေခၚေတာ့ ႏႈတ္ခမ္းကိုမေတာ္တဆနမ္းမိေတာ့ တစ္ပတ္ေလာက္ထိစကားလံုးဝမေျပာေတာ့ဘူးတဲ့ေလ … ဟားးးးးးး ဝမ္ရိေပၚ ဝမ္ရိေပၚ …
ေက်ာင္းကားအတူတူစီးတာေတာင္သူစိမ္းလိုေနေနတဲ့အငယ္ကခ်စ္စရာလည္းတကယ္ေကာင္းသည္ ။ ဒီတစ္ပတ္လံုးလဲမ်က္လံုးခ်င္းစံုေအာင္ေတာင္မၾကၫ့္ဘူး ။ ဒီေလာက္အရွက္သည္းေနတဲ့အငယ့္ကိုထပ္စခ်င္လို႔တမင္အၾကၫ့္ခ်င္းလိုက္စံုဖို႔ႀကိဳးစားတာေတာင္ရေအာင္ေရွာင္ေသးတာ ။
သူကဘာေတြဒီေလာက္ရွက္ေနတာမွန္းလဲမသိ …
#############
ေနကေကာင္းလိုက္မေကာင္းလိုက္ျဖစ္ေနတာမလို႔ စာေရးဖို႔ mood မဝင္တာနဲ႔ update မေပးျဖစ္တာ …
အခုကစၿပီးပံုမွန္တင္ေပးေတာ့မွာပါ …
ေစာင့္ေနေပးၾကတဲ့သူေတြကိုတကယ္ေက်းဇူးတင္ပါတယ္ …
#############