Part : 7 [ U & Z ]
Part : 7 [ U & Z ]
Uni❤️
" အင့် !! "
ကိုငယ်ကဒီနေ့ဘာဖြစ်နေတာလဲမသိ ကားပေါ်ကဆင်းကတည်းကလက်ကိုအားနဲ့ညှစ်ပြီးသူ့အခန်းထဲကိုဆွဲခေါ်လာလေသည် ။ အခန်းထဲရောက်တာနဲ့နံရံကိုအားနဲ့ကပ်ချလိုက်တာများ ကျောကိုအောင့်တတ်သွားတာပဲ ~
" ကိုငယ်ဒါဘာလုပ် အွန့် !! "
တွေးလို့မဆုံးသေးဘူး သူ့လက်နှစ်ဖက်ကိုသူ့မျက်နှာရဲ့တစ်ဖက်စီမှာရှိတဲ့နံရံကိုကပ်ထားပြီး နှုတ်ခမ်းကိုအတင်းလာနမ်းလေသည် ။
နမ်းရင်းနဲ့သူ့လက်နှစ်ဖက်ကိုအပေါ်ကိုမြှောက်လိုက်ပြီးကိုငယ်ကသူ့လက်တစ်ဖက်တည်းနဲ့ချုပ်ကိုလိုက်သည် ။ ကျန်တဲ့တစ်ဖက်နဲ့ ရှောင်းကျန့်ဆံပင်တွေကြားထဲထိုးကာခေါင်းကိုထိန်းပြီးနမ်းနေလေသည် ။
ရသလောက်အင်အားရှိသမျှရုန်းပေမဲ့လည်းကိုငယ်ဆိုတာသူယှဉ်နိုင်တဲ့လူတစ်ယောက်မဟုတ်တော့ ဘယ်လိုမှငြင်းမရ ~
တဖြည်းဖြည်းနဲ့ကိုငယ့်အနမ်းတွေကကြမ်းတမ်းလာပြီးသူ့ခံတွင်းထဲအထိပါကိုငယ့်လျှာကကျူးကျော်လာသည် ။ ကိုယ်ကလည်းအယောင်ယောင်အမှားမှားနဲ့ဝင်ခွင့်ပေးလိုက်မိတာလဲပါတာပေါ့ ။
နမ်းတာအားပြင်းလာတာနဲ့အမျှကိုငယ့်ရဲ့အသက်ရှုသံပြင်းပြင်းနဲ့လေငွေ့ပူပူတွေကရှောင်းကျန့်မျက်နှာပေါ်မှာဖြန့်ကျက်လာသည် ။ ထို့နောက်ကိုငယ်ကချုပ်ထားတဲ့သူ့လက်တွေကိုလွှတ်ပေးပြီး သူ့ခါးကိုတင်းနေအောင်ဖက်ထားပြန်သည် ။
ကိုငယ်ကဘယ်သူနဲ့နမ်းဖူးလို့ဒီလောက်ထိကျွမ်းကျင်နေရတာလဲ ။ ငါကရောဘာလို့ရုန်းဖို့ဆန္ဒမရှိတော့တာလဲ လက်ကလည်းရုန်းဖို့မကြိုးစားမိတဲ့အပြင်ကိုငယ့်ကျောပြင်ကိုပါဖက်ထားနေမိသည် ။ ငါ ကိုငယ့်အနမ်းတွေအောက်မှာကျရှုံးသွားပြီလား ။ ဘယ်လိုမှမဖြစ်နိုင်ဘူး ဖြစ်လဲမဖြစ်သင့်ဘူး ။
ဒါကကိုယ့်အစ်ကို ကျေးဇူးရှင်ဆိုလည်းမမှားဘူး ကျရှုံးဖို့ဆိုတာဘယ်လိုမှမသင့်တော်ဘူး ။ ပြီးတော့ငါကယောက်ျားလေးတစ်ယောက်ကိုလည်း 1500 အချစ်မျိုးနဲ့ချစ်မဲ့သူမှမဟုတ်တာ ။ အဲ့တာတွေခနထားအုံး အခုကိုငယ့်အနမ်းတွေကပုံမှန်မဟုတ်တော့သလိုကိုယ်ကလည်းဒူးတွေမခိုင်ချင်တော့ဘူး ။
သူလဲကျတော့မည် ဒူးတွေတကယ်မခိုင်တော့ဘူး ..
အဲ့ကျမှရှောင်းကျန့်လည်းဝမ်ရိပေါ်ကျောပြင်ကိုထုပြီးရပ်ပေးဖို့သတိပေးရတော့သည် ။ သူထုလိုက်တော့ကိုငယ်ကရပ်ပေးလေသည် ။ ဒူးတင်မခိုင်ချင်တော့တာမဟုတ် အသက်ရှူပါကျပ်နေလေပြီ ။ ဘာလို့ဒီလိုတွေဆက်ဆံနေတာလဲလို့တွေးမိပြီးငိုကလည်းငိုချင်လာသည် ။
" အာ … ကိုငယ်စိတ်လွတ်သွားတယ်ကွာ sorry "
" ဘာလို့ဒီလိုလုပ်ရတာလဲကိုငယ် .. အငယ့်ကိုဘယ်လိုသဘောထားနေတာလဲ ကိုငယ့်ညီတစ်ယောက်လိုမသတ်မှတ်ပေးနိုင်ရင်တောင် အထင်သေးသလိုမျိုးမပြုမူပါနဲ့ ~ "
" အငယ့်ကိုအထင်သေးသလိုပြုမူတာမဟုတ်ပါဘူး "
" မဟုတ်ရင်အခုကဘာလဲ ! "
" ကျစ် ! အဲ့ဒါဘိုဝန်ဆိုတဲ့မင်းသူငယ်ချင်းနဲ့မင်းနဲ့နမ်းနေတာမြင်လို့ "
" ဘယ်တုန်းကနမ်းလို့လဲသူနဲ့ အမြဲလူကိုစွတ်စွဲတယ် ~ "
" မျက်လုံးနဲ့မြင်တာကွ စွတ်စွဲတာမဟုတ်ဘူး "
" မျက်လုံးနဲ့မြင်တိုင်းအမှန်လို့ပြောလို့ရသလား "
" အရင်တခါကလည်းမင်းပါးကိုနမ်းသွားတာမဟုတ်လို့လား ငါသေချာမြင်လိုက်တာပဲလေ "
" အဲ့တစ်ခါပဲလေ "
" ဟွန်း ! တစ်ခါနမ်းဖူးရင်နောက်တစ်ခါမနမ်းတော့ဘူးလို့ငါဘယ်လိုယုံရမလဲ "
" အဲ့လိုအမြဲလူကိုသံသယနဲ့ကြည့်တယ်မြင်တယ် ~ "
" ယုံအောင်နေရင်သံသယဝင်စရာဘာအကြောင်းမှမရှိဘူး "
" ဘယ်လိုနေနေမယုံတဲ့လူကဘယ်တော့မှယုံမှာမဟုတ်ဘူး ~ မယုံလို့လည်းကျွန်တော့်နောက်ကိုလူလွှတ်ထားတာမလား ~ "
" မင်း !! "
" ကျွန်တော့်ကိုမယုံကြည်တဲ့သူနဲ့ဘာစကားမှဆက်မပြောချင်ဘူး ကျွန်တော်ကကျွန်တော့်ကိုမယုံကြည်တဲ့လူတွေဆိုအရမ်းမုန်းတာ "
" ရှောင်းကျန့် !!! "
သူ့နာမည်ကိုအော်လိုက်တော့ခန္ဓာကိုယ်ကတစ်ချက်တွန့်သွားလေသည် ။ ဒါကျတော့လန့်တယ် ကိုယ့်ကိုတစ်ခွန်းမကျန်ပြန်အော်ထားတာကျတော့သူမဟုတ်တဲ့အတိုင်း !
" မင်းကဘာမို့လို့ငါ့ကိုတစ်ခွန်းမကျန်ပြန်ပတ်နေတာလဲ ဟမ် !! "
" မပြောရဲပါဘူးကြောက်ပါတယ် "
" ငါ့ကိုလာခနဲ့မနေနဲ့ ကြောက်လို့ပဲငါ့ကိုတစ်ခွန်းမကျန်ပြန်အော်နေတာပေါ့ဟုတ်လား !! "
ခနဲ့တဲ့တဲ့မျက်နှာဘေးကတကယ်ကိုင်ပေါက်ပစ်ချင်စရာ ..
" ကိုငယ်ကရောလူကိုဘယ်လိုတွေလာဆက်ဆံနေတာလဲ အော်တာမှားသလား !! "
" တောက်စ် !! ငါမင်းကိုနမ်းတယ်ဆ်ိုတာက တခြားသူမင်းကိုနမ်းတာမကြိုက်လို့ကွ !! "
" အဲ့ဒါဆိုကိုငယ်ကရောဘာလို့နမ်းလဲ ကျွန်တော်ကြိုက်ချင်မှကြိုက်မှာပေါ့ !! "
" အော် မင်းအကောင်တွေနမ်းတာကျကြိုက်လို့ငြိမ်ခံပြီးမှ ငါနမ်းတော့ကျပြန်ပြောနေတာပေါ့ !! "
စိတ်တိုလိုက်တာဆိုတာ ..
သူကျနမ်းလို့ရတယ်ပေါ့ သူများကျမရဘူးပေါ့ သူပြောသမျှနားထောင်နေရအောင်ကိုယ်နဲ့သူကဘာမလို့လဲ ..
ညီအစ်ကိုဆိုပေမဲ့သူကရောညီလို့သတ်မှတ်လို့လား လူကိုသူ့ဂုဏ်သိက္ခာလောက်တောင်မခင်တွယ်ပဲနဲ့ ..
အခုကရောသူ့သိက္ခာအတွက်ပဲတဲ့လား ..
" ဘယ်သူနဲ့မှမနမ်းဘူးလို့ပြောနေတာလေ ကိုငယ်မကြားလိုက်လို့လား !! "
" အဲ့ဒါဆိုမင်းတို့နှစ်ယောက်ပူးကပ်ပြီးဘာလုပ်နေကြတာလဲစာကြည့်တိုက်မှာ ! "
" ကျွန်တော့်မျက်လုံးထဲအမှုန်ဝင်သွားလို့သူကမှုတ်ပေးတဲ့အချိန်ပဲပူးကပ်သွားတာ အဲ့တာပဲမြင်သွားသလားတော့မသိဘူး ယုံချင်ယုံမယုံချင်နေ ယုံမှာမဟုတ်မှန်းလည်းသိတယ် ! "
" တော်တော်ကိုစွာနေတယ်ပေါ့မင်း !! "
" အွန့် ! "
တဖန်သူ့ခါးကိုအားနဲ့ဆွဲဖက်လိုက်ပြီးလက်တစ်ဖက်ကသူ့ခေါင်းကိုအားနဲ့ထိန်းကိုင်ပြီးသူ့နှုတ်ခမ်းကိုထပ်နမ်းနေပြန်သည် ။
ဒီတစ်ခါတော့ရှောင်းကျန့်ကငြိမ်ခံမနေတော့ဘဲဝမ်ရိပေါ်ရဲ့ကျောပြင်တွေကိုအားရှိသလောက်ထုရိုက်နေလိုက်သည် ။
အဲ့တာလည်း ဝမ်ရိပေါ်တို့ကမဖြုံဘူး ထုစမ်းပါစေကြိုက်သလောက် .. ဘယ်လောက်ထုနိုင်မှာမလို့လဲ ကျောပြင်စုတ်တဲ့အထိလား ကျောက်ကပ်ကွာတဲ့အထိလား အဟွန်း !!!
နောက်တစ်ခါကပ်ကပ်မလန်ရဲအောင်တော့လုပ်ထားအုံးမှ .. သင်းကအကြီးအကြီးမှန်းမသိ ဘာလဲ ပြန်ခံပြောတာတောင်မဖြစ်သင့်တာကိုပြန်တောင်အော်နေသေးတာ ..
ရှောင်းကျန့်လဲထုတာတောင်မလွှတ်ပေးဘဲအတင်းနမ်းနေတဲ့လူကိုကြံရာမရတဲ့အဆုံး သူ့ခြေဖမိုးကိုအားနဲ့တက်နင်းချလိုက်မှ အားး ခနဲအော်ကာနမ်းတာရပ်ပေးလာသည် ။
" အငယ် မင်းဘယ်လိုလုပ်လိုက်တာလဲ "
" က်ိုငယ်ကရော မကြိုက်တာကိုဘာလို့လုပ်နေလဲ "
" တောက်စ် !! မင်း ... ထွက်သွားးးး !!! "
အားနဲ့အော်ချလိုက်တော့ ရှောင်းကျန့်ကိုယ်လေးတွန့်သွားသည် ။ ထို့နောက်မပြေးရုံတမယ်အခန်းထဲကထွက်သွားသည် ။
သူနမ်းတာကိုတအားတွေဖြစ်ပျက်နေတာမြင်တော့ဝမ်ရိပေါ်တို့စိတ်ကတိုချင်လာသည် ။ အခုကကိုယ်အမြင်မှားတယ်ပဲထား .. အရင်တစ်ခေါက်ကလည်းကိုယ်နမ်းတော့ကျတပတ်လောက်စကားမပြောဘူး တခြားအတွေးတွေကြောင့်မခေါ်ဘူးဆိုအုံးတော့ သူ့ကိုနမ်းလိုက်တာကိုလဲစိတ်ခုသွားမှာအမှန်ပဲ ။
အဲ့တုန်းကဟိုအကောင်နမ်းပြီးပြေးသွားတာကျရုပ်ကပြုံးတုန်းတုန်းနဲ့ ကိုယ့်ကျမှလုံးဝခါးသီးနေတာ ဘယ်လိုတောင်စိတ်တိုစရာကောင်းလိုက်သလဲ ။ ငိုတောင်ငိုတယ်တဲ့ မင်းတောင်ဒီလောက်ခါးခါးသီးသီးဖြစ်နေသေးတာပဲ .. ငါကရောမင်းနဲ့မခေါ်ပဲမနေနိုင်ဘူးထင်လို့လား စောင့်ကြည့်နေလိုက်ပါ ငါနဲ့မင်းတစ်အိမ်ထဲမှာနေပေမဲ့ငါ့မျက်နှာကိုတောင်မင်းမမြင်စေရဘူးရှောင်းကျန့် ။
" အဟင့် ~ "
လူကိုဘာလို့အမြဲမယုံကြည်ဖြစ်နေတာတဲ့လဲ ..
အနောက်မှာလဲသူ့လူတွေလွှတ်ထားသေးတယ် သူကိုယ်တိုင်လဲလူကိုအားရင်အားသလိုစောင့်ကြည့်နေသေးတယ် အဲ့လောက်စောင့်ကြည့်နေတာကိုလဲအမြဲတမ်းမယုံမကြည်နဲ့ သံသယတွေပဲအမြဲတမ်းဝင်နေတယ် ။
လူကိုယ်လဲသူပြောချင်သလိုပြောတယ် ဆက်ဆံချင်သလိုဆက်ဆံတယ် ပြီးရင်သူ့ဂုဏ်သိက္ခာပဲသူခင်တွယ်တယ် မြတ်နိုးတယ် ။ ညီတစ်ယောက်လိုသဘောမထားနိုင်ရင်လဲကိုယ့်ဘာသာလူကိုမရှိသလိုဆက်ဆံနေပါ့လား အခုတော့တမင်လိုက်ပြီးသူ့ကိုယ်သူလဲဒုက္ခရှာနေပြီး ကိုယ့်ကိုလည်းဒုက္ခပေးနေတာ ။
ဒီတစ်ခါတော့တကယ်ကိုစိတ်ဆိုးတယ် .. လူကိုမယုံကြည်လို့ အမြဲသံသယဝင်နေလို့ .. ဘဝမှာအမုန်းဆုံးကကိုယ့်ကိုမယုံကြည်ဘဲသံသယဝင်တာကိုပဲ .. လူတွေရဲ့အမြင်ကိုဂရုမစိုက်ဘူးဆိုပေမဲ့ ကိုယ့်ဘေးနားကအရင်းနှီးဆုံးလို့ထင်ရတဲ့သူတွေကမယုံကြည်ရင်တော့ စိတ်လဲပျက်သလိုဝမ်းလဲနည်းတယ် ။
နမ်းတာကိုရောစိတ်မဆိုးဘူးလားမေးရင်တော့ မသိဘူး .. သူနမ်းတာကိုအပြစ်လို့လဲမြင်မရဘူး စိတ်လဲမဆိုးတတ်ဘူး ညီအစ်ကိုချင်းမလို့လားတော့မပြောတတ်ဘူး နည်းနည်းအနေရခက်တာကလွဲရင်တော့အဆင်ပြေပါတယ် ။
××××××××××
" ကြီးကြီး "
ရှောင်းကျန့်ကမနက်စာပြင်နေတဲ့ကြီးကြီးကိုခေါ်ပြီးတော့ထမင်းဝိုင်းမှာဝင်ထိုင်လိုက်သည် ။
" အော် အားကျန့် ကျောင်းသွားဖို့တောင်ပြင်ပြီးပြီလား "
" ဟုတ်ကြီးကြီး "
ပါးစပ်ကသာကြီးကြီးမေးတာကိုဖြေနေတာမျက်စိကအပေါ်ထပ်ကဆင်းလာမဲ့ကိုကြီးနဲ့ကိုငယ့်ကိုမျှော်နေတာ …
" သားရဲ့အစ်ကိုနှစ်ယောက်ကိုရှာနေတာလား "
" မဆင်းလာကြသေးလို့ပါ "
" သားမနိုးသေးလို့ပြောမသွားတာထင်တယ် အားချန်ကကုပ္မဏီမှာဘာပြဿနာဖြစ်နေလဲမသိပါဘူး ညကလဲညည့်နက်မှပြန်လာတာ အခုလဲအစောကြီးထသွားတယ်လေ "
" အာ .. "
ရှောင်းကျန့်လဲခေါင်းလေးတငြိမ့်ငြိမ့်နဲ့နားထောင်လိုက်သည် ။ ညကကိုကြီးညည့်နက်မှပြန်လာတာတောင်သူမသိလိုက်ဘူး ။ ညကကိုငယ်နဲ့စကားများပြီးအခန်းထဲရောက်တော့ငိုပြီးတော့တခါတည်းအိပ်ပျော်သွားတာကို အဝတ်တောင်မလဲဘဲဒီတိုင်းအိပ်ပျော်သွားခဲ့တာ ။
" အားဝမ်ကတော့စာကြည့်တိုက်သွားစရာရှိလို့ဆိုပြီး ဒရိုင်ဘာကိုသူ့ကိုပထမတစ်ခေါက်လိုက်ပို့ဆိုပြီးအစောသွားတယ်ကွဲ့ "
" အာ .. အဲ့လိုတွေကိုးးး ကားကပြန်ရောက်ပြီလား သားလည်းမနက်စာစားပြီးတာနဲ့သွားတော့မှာ "
" ရောက်ပြီသား အားကျန့်ပြီးရင်သွားလို့ရပြီ "
" ဟုတ်ကြီးကြီး "
ဘာစာကြည့်တိုက်လဲ သူ့လိုလူကစာကြည့်တိုက်တဲ့အံ့ဩလို့ !
ရှောင်းကျန့်လည်းကြီးကြီးပြင်ပေးတဲ့မနက်စာကိုစားပြီးတော့အသင့်စောင့်နေတဲ့ကားပေါ်တတ်ပြီးကျောင်းသို့ထွက်လာခဲ့လိုက်သည် ။
နေ့လည်ထမင်းစားချိန်ကျောင်းဆင်းတော့လည်း ထမင်းစားတဲ့နေရာမှာကိုငယ်တို့အဖွဲ့ကိုမတွေ့မိဘူး ။ ဖန်ရှင်းကိုမင်းဘဲကြီးရောလို့မေးတော့သူတို့သူငယ်ချင်းတစ်ဖွဲ့လုံးအပြင်ထွက်စားကြတယ်တဲ့ ။
သူတို့ကိုယ်သူတို့တက္ကသိုလ်ကကျောင်းသားတွေများမှတ်နေကြလားတော့မပြောတတ် !
ညနေကျောင်းဆင်းတော့လည်း စာမေးပွဲအတွက်သူ့သူငယ်ချင်းစီနီယာယူဘင့်အိမ်စာလိုက်လုပ်အုံးမှာမို့နောက်တစ်ခေါက်ပြန်လာကြိုဖို့ဒရိုင်ဘာဦးလေးကိုမှာထားသည်တဲ့လေ ။ သူလားစာကိုတမင်အချိန်ပေးပြီးလုပ်မှာ !
ဒီနေ့တနေကုန်ရှောင်းကျန့်ဆိုတဲ့အကောင်ပေါက်နဲ့မတွေ့ရသေးဘူး ကိုယ်ကတမင်ရှောင်နေတာပေါ့ ။ သူကခါးခါးသီးသီးဖြစ်နေမှတော့ကိုယ့်ဘက်ကလည်းတွေ့စရာဘာအကြောင်းမှမရှိ ။ ဒါပေမဲ့တမင်ရှောင်နေရတာတော့ပင်ပန်းတယ် ။
တစ်ရက်လောက်ကတော့အကြောင်းပြချက်ပေးလို့ကောင်းပေမဲ့နေ့တိုင်းတော့အဆင်ပြေမှာမဟုတ် ။ အခုတောင်ကိုကြီးကကုပ္မဏီမှာအရမ်းအလုပ်ရှုပ်နေလို့ သူဒီလိုထမင်းအတူမစား ကျောင်းအတူမသွားဘဲနေလို့ရတာ ။ ကိုကြီးအရင်လိုပုံမှန်ပြန်ဖြစ်သွားရင်မနက်စာစားတဲ့အချိန် နဲ့ ညစာစားတဲ့အချိန်ဆိုဟိုတစ်ယောက်နဲ့တွေ့နေရအုံးမည် ။
ကဲ ! နောင်ခါလာနောင်ဈေးပေါ့ …
Zawgyi❤️
" အင့္ !! "
ကိုငယ္ကဒီေန့ဘာျဖစ္ေနတာလဲမသိ ကားေပၚကဆင္းကတည္းကလက္ကိုအားနဲ႔ၫွစ္ၿပီးသူ႔အခန္းထဲကိုဆြဲေခၚလာေလသည္ ။ အခန္းထဲေရာက္တာနဲ႔နံရံကိုအားနဲ႔ကပ္ခ်လိုက္တာမ်ား ေက်ာကိုေအာင့္တတ္သြားတာပဲ ~
" ကိုငယ္ဒါဘာလုပ္ အြန႔္ !! "
ေတြးလို႔မဆံုးေသးဘူး သူ႔လက္ႏွစ္ဖက္ကိုသူ႔မ်က္ႏွာရဲ့တစ္ဖက္စီမွာရိွတဲ့နံရံကိုကပ္ထားၿပီး ႏႈတ္ခမ္းကိုအတင္းလာနမ္းေလသည္ ။
နမ္းရင္းနဲ႔သူ႔လက္ႏွစ္ဖက္ကိုအေပၚကိုေျမႇာက္လိုက္ၿပီးကိုငယ္ကသူ႔လက္တစ္ဖက္တည္းနဲ႔ခ်ဳပ္ကိုလိုက္သည္ ။ က်န္တဲ့တစ္ဖက္နဲ႔ ေရွာင္းက်န႔္ဆံပင္ေတြၾကားထဲထိုးကာေခါင္းကိုထိန္းၿပီးနမ္းေနေလသည္ ။
ရသေလာက္အင္အားရိွသမ်ွရုန္းေပမဲ့လည္းကိုငယ္ဆိုတာသူယွဉ္ႏိုင္တဲ့လူတစ္ေယာက္မဟုတ္ေတာ့ ဘယ္လိုမျွငင္းမရ ~
တျဖည္းျဖည္းနဲ႔ကိုငယ့္အနမ္းေတြကၾကမ္းတမ္းလာၿပီးသူ႔ခံတြင္းထဲအထိပါကိုငယ့္လ်ွာကက်ူးေက်ာ္လာသည္ ။ ကိုယ္ကလည္းအေယာင္ေယာင္အမွားမွားနဲ႔ဝင္ခြင့္ေပးလိုက္မိတာလဲပါတာေပါ့ ။
နမ္းတာအားျပင္းလာတာနဲ႔အမ်ွကိုငယ့္ရဲ့အသက္ရႈသံျပင္းျပင္းနဲ႔ေလေငြ့ပူပူေတြကေရွာင္းက်န႔္မ်က္ႏွာေပၚမွာျဖန႔္က်က္လာသည္ ။ ထို႔ေနာက္ကိုငယ္ကခ်ဳပ္ထားတဲ့သူ႔လက္ေတြကိုလႊတ္ေပးၿပီး သူ႔ခါးကိုတင္းေနေအာင္ဖက္ထားျပန္သည္ ။
ကိုငယ္ကဘယ္သူနဲ႔နမ္းဖူးလို႔ဒီေလာက္ထိကြၽမ္းက်င္ေနရတာလဲ ။ ငါကေရာဘာလို႔ရုန္းဖို႔ဆႏၵမရိွေတာ့တာလဲ လက္ကလည္းရုန္းဖို႔မႀကိဳးစားမိတဲ့အျပင္ကိုငယ့္ေက်ာျပင္ကိုပါဖက္ထားေနမိသည္ ။ ငါ ကိုငယ့္အနမ္းေတြေအာက္မွာက်ရႈံးသြားၿပီလား ။ ဘယ္လိုမွမျဖစ္ႏိုင္ဘူး ျဖစ္လဲမျဖစ္သင့္ဘူး ။
ဒါကကိုယ့္အစ္ကို ေက်းဇူးရွင္ဆိုလည္းမမွားဘူး က်ရႈံးဖို႔ဆိုတာဘယ္လိုမွမသင့္ေတာ္ဘူး ။ ၿပီးေတာ့ငါကေယာက္်ားေလးတစ္ေယာက္ကိုလည္း 1500 အခ်စ္မ်ိဳးနဲ႔ခ်စ္မဲ့သူမွမဟုတ္တာ ။ အဲ့တာေတြခနထားအံုး အခုကိုငယ့္အနမ္းေတြကပံုမွန္မဟုတ္ေတာ့သလိုကိုယ္ကလည္းဒူးေတြမခိုင္ခ်င္ေတာ့ဘူး ။
သူလဲက်ေတာ့မည္ ဒူးေတြတကယ္မခိုင္ေတာ့ဘူး ..
အဲ့က်မွေရွာင္းက်န႔္လည္းဝမ္ရိေပၚေက်ာျပင္ကိုထုၿပီးရပ္ေပးဖို႔သတိေပးရေတာ့သည္ ။ သူထုလိုက္ေတာ့ကိုငယ္ကရပ္ေပးေလသည္ ။ ဒူးတင္မခိုင္ခ်င္ေတာ့တာမဟုတ္ အသက္ရႉပါက်ပ္ေနေလၿပီ ။ ဘာလို႔ဒီလိုေတြဆက္ဆံေနတာလဲလို႔ေတြးမိၿပီးငိုကလည္းငိုခ်င္လာသည္ ။
" အာ … ကိုငယ္စိတ္လြတ္သြားတယ္ကြာ sorry "
" ဘာလို႔ဒီလိုလုပ္ရတာလဲကိုငယ္ .. အငယ့္ကိုဘယ္လိုသေဘာထားေနတာလဲ ကိုငယ့္ညီတစ္ေယာက္လိုမသတ္မွတ္ေပးႏိုင္ရင္ေတာင္ အထင္ေသးသလိုမ်ိဳးမျပဳမူပါနဲ႔ ~ "
" အငယ့္ကိုအထင္ေသးသလိုျပဳမူတာမဟုတ္ပါဘူး "
" မဟုတ္ရင္အခုကဘာလဲ ! "
" က်စ္ ! အဲ့ဒါဘိုဝန္ဆိုတဲ့မင္းသူငယ္ခ်င္းနဲ႔မင္းနဲ႔နမ္းေနတာျမင္လို႔ "
" ဘယ္တုန္းကနမ္းလို႔လဲသူနဲ႔ အၿမဲလူကိုစြတ္စြဲတယ္ ~ "
" မ်က္လံုးနဲ႔ျမင္တာကြ စြတ္စြဲတာမဟုတ္ဘူး "
" မ်က္လံုးနဲ႔ျမင္တိုင္းအမွန္လို႔ေျပာလို႔ရသလား "
" အရင္တခါကလည္းမင္းပါးကိုနမ္းသြားတာမဟုတ္လို႔လား ငါေသခ်ာျမင္လိုက္တာပဲေလ "
" အဲ့တစ္ခါပဲေလ "
" ဟြန္း ! တစ္ခါနမ္းဖူးရင္ေနာက္တစ္ခါမနမ္းေတာ့ဘူးလို႔ငါဘယ္လိုယံုရမလဲ "
" အဲ့လိုအၿမဲလူကိုသံသယနဲ႔ၾကၫ့္တယ္ျမင္တယ္ ~ "
" ယံုေအာင္ေနရင္သံသယဝင္စရာဘာအေၾကာင္းမွမရိွဘူး "
" ဘယ္လိုေနေနမယံုတဲ့လူကဘယ္ေတာ့မွယံုမွာမဟုတ္ဘူး ~ မယံုလို႔လည္းကြၽန္ေတာ့္ေနာက္ကိုလူလႊတ္ထားတာမလား ~ "
" မင္း !! "
" ကြၽန္ေတာ့္ကိုမယံုၾကည္တဲ့သူနဲ႔ဘာစကားမွဆက္မေျပာခ်င္ဘူး ကြၽန္ေတာ္ကကြၽန္ေတာ့္ကိုမယံုၾကည္တဲ့လူေတြဆိုအရမ္းမုန္းတာ "
" ေရွာင္းက်န႔္ !!! "
သူ႔နာမည္ကိုေအာ္လိုက္ေတာ့ခႏၶာကိုယ္ကတစ္ခ်က္တြန႔္သြားေလသည္ ။ ဒါက်ေတာ့လန႔္တယ္ ကိုယ့္ကိုတစ္ခြန္းမက်န္ျပန္ေအာ္ထားတာက်ေတာ့သူမဟုတ္တဲ့အတိုင္း !
" မင္းကဘာမို႔လို႔ငါ့ကိုတစ္ခြန္းမက်န္ျပန္ပတ္ေနတာလဲ ဟမ္ !! "
" မေျပာရဲပါဘူးေၾကာက္ပါတယ္ "
" ငါ့ကိုလာခနဲ႔မေနနဲ႔ ေၾကာက္လို႔ပဲငါ့ကိုတစ္ခြန္းမက်န္ျပန္ေအာ္ေနတာေပါ့ဟုတ္လား !! "
ခနဲ႔တဲ့တဲ့မ်က္ႏွာေဘးကတကယ္ကိုင္ေပါက္ပစ္ခ်င္စရာ ..
" ကိုငယ္ကေရာလူကိုဘယ္လိုေတြလာဆက္ဆံေနတာလဲ ေအာ္တာမွားသလား !! "
" ေတာက္စ္ !! ငါမင္းကိုနမ္းတယ္ဆ္ိုတာက တျခားသူမင္းကိုနမ္းတာမႀကိဳက္လို႔ကြ !! "
" အဲ့ဒါဆိုကိုငယ္ကေရာဘာလို႔နမ္းလဲ ကြၽန္ေတာ္ႀကိဳက္ခ်င္မွႀကိဳက္မွာေပါ့ !! "
" ေအာ္ မင္းအေကာင္ေတြနမ္းတာက်ႀကိဳက္လို႔ၿငိမ္ခံၿပီးမွ ငါနမ္းေတာ့က်ျပန္ေျပာေနတာေပါ့ !! "
စိတ္တိုလိုက္တာဆိုတာ ..
သူက်နမ္းလို႔ရတယ္ေပါ့ သူမ်ားက်မရဘူးေပါ့ သူေျပာသမ်ွနားေထာင္ေနရေအာင္ကိုယ္နဲ႔သူကဘာမလို႔လဲ ..
ညီအစ္ကိုဆိုေပမဲ့သူကေရာညီလို႔သတ္မွတ္လို႔လား လူကိုသူ႔ဂုဏ္သိကၡာေလာက္ေတာင္မခင္တြယ္ပဲနဲ႔ ..
အခုကေရာသူ႔သိကၡာအတြက္ပဲတဲ့လား ..
" ဘယ္သူနဲ႔မွမနမ္းဘူးလို႔ေျပာေနတာေလ ကိုငယ္မၾကားလိုက္လို႔လား !! "
" အဲ့ဒါဆိုမင္းတို႔ႏွစ္ေယာက္ပူးကပ္ၿပီးဘာလုပ္ေနၾကတာလဲစာၾကၫ့္တိုက္မွာ ! "
" ကြၽန္ေတာ့္မ်က္လံုးထဲအမႈန္ဝင္သြားလို႔သူကမႈတ္ေပးတဲ့အခ်ိန္ပဲပူးကပ္သြားတာ အဲ့တာပဲျမင္သြားသလားေတာ့မသိဘူး ယံုခ်င္ယံုမယံုခ်င္ေန ယံုမွာမဟုတ္မွန္းလည္းသိတယ္ ! "
" ေတာ္ေတာ္ကိုစြာေနတယ္ေပါ့မင္း !! "
" အြန႔္ ! "
တဖန္သူ႔ခါးကိုအားနဲ႔ဆြဲဖက္လိုက္ၿပီးလက္တစ္ဖက္ကသူ႔ေခါင္းကိုအားနဲ႔ထိန္းကိုင္ၿပီးသူ႔ႏႈတ္ခမ္းကိုထပ္နမ္းေနျပန္သည္ ။
ဒီတစ္ခါေတာ့ေရွာင္းက်န္႔ကၿငိမ္ခံမေနေတာ့ဘဲဝမ္ရိေပၚရဲ့ေက်ာျပင္ေတြကိုအားရိွသေလာက္ထုရိုက္ေနလိုက္သည္ ။
အဲ့တာလည္း ဝမ္ရိေပၚတို႔ကမၿဖံဳဘူး ထုစမ္းပါေစႀကိဳက္သေလာက္ .. ဘယ္ေလာက္ထုႏိုင္မွာမလို႔လဲ ေက်ာျပင္စုတ္တဲ့အထိလား ေက်ာက္ကပ္ကြာတဲ့အထိလား အဟြန္း !!!
ေနာက္တစ္ခါကပ္ကပ္မလန္ရဲေအာင္ေတာ့လုပ္ထားအံုးမွ .. သင္းကအႀကီးအႀကီးမွန္းမသိ ဘာလဲ ျပန္ခံေျပာတာေတာင္မျဖစ္သင့္တာကိုျပန္ေတာင္ေအာ္ေနေသးတာ ..
ေရွာင္းက်န႔္လဲထုတာေတာင္မလႊတ္ေပးဘဲအတင္းနမ္းေနတဲ့လူကိုႀကံရာမရတဲ့အဆံုး သူ႔ေျခဖမိုးကိုအားနဲ႔တက္နင္းခ်လိုက္မွ အားး ခနဲေအာ္ကာနမ္းတာရပ္ေပးလာသည္ ။
" အငယ္ မင္းဘယ္လိုလုပ္လိုက္တာလဲ "
" က္ိုငယ္ကေရာ မႀကိဳက္တာကိုဘာလို႔လုပ္ေနလဲ "
" ေတာက္စ္ !! မင္း ... ထြက္သြားးးး !!! "
အားနဲ႔ေအာ္ခ်လိုက္ေတာ့ ေရွာင္းက်န႔္ကိုယ္ေလးတြန႔္သြားသည္ ။ ထို႔ေနာက္မေျပးရံုတမယ္အခန္းထဲကထြက္သြားသည္ ။
သူနမ္းတာကိုတအားေတျြဖစ္ပ်က္ေနတာျမင္ေတာ့ဝမ္ရိေပၚတို႔စိတ္ကတိုခ်င္လာသည္ ။ အခုကကိုယ္အျမင္မွားတယ္ပဲထား .. အရင္တစ္ေခါက္ကလည္းကိုယ္နမ္းေတာ့က်တပတ္ေလာက္စကားမေျပာဘူး တျခားအေတြးေတြေၾကာင့္မေခၚဘူးဆိုအံုးေတာ့ သူ႔ကိုနမ္းလိုက္တာကိုလဲစိတ္ခုသြားမွာအမွန္ပဲ ။
အဲ့တုန္းကဟိုအေကာင္နမ္းၿပီးေျပးသြားတာက်ရုပ္ကၿပံဳးတုန္းတုန္းနဲ႔ ကိုယ့္က်မွလံုးဝခါးသီးေနတာ ဘယ္လိုေတာင္စိတ္တိုစရာေကာင္းလိုက္သလဲ ။ ငိုေတာင္ငိုတယ္တဲ့ မင္းေတာင္ဒီေလာက္ခါးခါးသီးသီးျဖစ္ေနေသးတာပဲ .. ငါကေရာမင္းနဲ႔မေခၚပဲမေနႏိုင္ဘူးထင္လို႔လား ေစာင့္ၾကၫ့္ေနလိုက္ပါ ငါနဲ႔မင္းတစ္အိမ္ထဲမွာေနေပမဲ့ငါ့မ်က္ႏွာကိုေတာင္မင္းမျမင္ေစရဘူးေရွာင္းက်န႔္ ။
" အဟင့္ ~ "
လူကိုဘာလို႔အၿမဲမယံုၾကည္ျဖစ္ေနတာတဲ့လဲ ..
အေနာက္မွာလဲသူ႔လူေတြလႊတ္ထားေသးတယ္ သူကိုယ္တိုင္လဲလူကိုအားရင္အားသလိုေစာင့္ၾကၫ့္ေနေသးတယ္ အဲ့ေလာက္ေစာင့္ၾကည့္ေနတာကိုလဲအၿမဲတမ္းမယံုမၾကည္နဲ႔ သံသယေတြပဲအၿမဲတမ္းဝင္ေနတယ္ ။
လူကိုယ္လဲသူေျပာခ်င္သလိုေျပာတယ္ ဆက္ဆံခ်င္သလိုဆက္ဆံတယ္ ၿပီးရင္သူ႔ဂုဏ္သိကၡာပဲသူခင္တြယ္တယ္ ျမတ္ႏိုးတယ္ ။ ညီတစ္ေယာက္လိုသေဘာမထားႏိုင္ရင္လဲကိုယ့္ဘာသာလူကိုမရိွသလိုဆက္ဆံေနပါ့လား အခုေတာ့တမင္လိုက္ၿပီးသူ႔ကိုယ္သူလဲဒုကၡရွာေနၿပီး ကိုယ့္ကိုလည္းဒုကၡေပးေနတာ ။
ဒီတစ္ခါေတာ့တကယ္ကိုစိတ္ဆိုးတယ္ .. လူကိုမယံုၾကည္လို႔ အၿမဲသံသယဝင္ေနလို႔ .. ဘဝမွာအမုန္းဆံုးကကိုယ့္ကိုမယံုၾကည္ဘဲသံသယဝင္တာကိုပဲ .. လူေတြရဲ့အျမင္ကိုဂရုမစိုက္ဘူးဆိုေပမဲ့ ကိုယ့္ေဘးနားကအရင္းႏွီးဆံုးလို႔ထင္ရတဲ့သူေတြကမယံုၾကည္ရင္ေတာ့ စိတ္လဲပ်က္သလိုဝမ္းလဲနည္းတယ္ ။
နမ္းတာကိုေရာစိတ္မဆိုးဘူးလားေမးရင္ေတာ့ မသိဘူး .. သူနမ္းတာကိုအျပစ္လို႔လဲျမင္မရဘူး စိတ္လဲမဆိုးတတ္ဘူး ညီအစ္ကိုခ်င္းမလို႔လားေတာ့မေျပာတတ္ဘူး နည္းနည္းအေနရခက္တာကလြဲရင္ေတာ့အဆင္ေျပပါတယ္ ။
××××××××××
" ႀကီးႀကီး "
ေရွာင္းက်န႔္ကမနက္စာျပင္ေနတဲ့ႀကီးႀကီးကိုေခၚၿပီးေတာ့ထမင္းဝိုင္းမွာဝင္ထိုင္လိုက္သည္ ။
" ေအာ္ အားက်န႔္ ေက်ာင္းသြားဖို႔ေတာင္ျပင္ၿပီးၿပီလား "
" ဟုတ္ႀကီးႀကီး "
ပါးစပ္ကသာႀကီးႀကီးေမးတာကိုေျဖေနတာမ်က္စိကအေပၚထပ္ကဆင္းလာမဲ့ကိုႀကီးနဲ႔ကိုငယ့္ကိုေမ်ွာ္ေနတာ …
" သားရဲ့အစ္ကိုႏွစ္ေယာက္ကိုရွာေနတာလား "
" မဆင္းလာၾကေသးလို႔ပါ "
" သားမႏိုးေသးလို႔ေျပာမသြားတာထင္တယ္ အားခ်န္ကကုပၼဏီမွာဘာျပႆနာျဖစ္ေနလဲမသိပါဘူး ညကလဲညၫ့္နက္မျွပန္လာတာ အခုလဲအေစာႀကီးထသြားတယ္ေလ "
" အာ .. "
ေရွာင္းက်န႔္လဲေခါင္းေလးတၿငိမ့္ၿငိမ့္နဲ႔နားေထာင္လိုက္သည္ ။ ညကကိုႀကီးညၫ့္နက္မျွပန္လာတာေတာင္သူမသိလိုက္ဘူး ။ ညကကိုငယ္နဲ႔စကားမ်ားၿပီးအခန္းထဲေရာက္ေတာ့ငိုၿပီးေတာ့တခါတည္းအိပ္ေပ်ာ္သြားတာကို အဝတ္ေတာင္မလဲဘဲဒီတိုင္းအိပ္ေပ်ာ္သြားခဲ့တာ ။
" အားဝမ္ကေတာ့စာၾကၫ့္တိုက္သြားစရာရိွလို႔ဆိုၿပီး ဒရိုင္ဘာကိုသူ႔ကိုပထမတစ္ေခါက္လိုက္ပို႔ဆိုၿပီးအေစာသြားတယ္ကြဲ႔ "
" အာ .. အဲ့လိုေတြကိုးးး ကားကျပန္ေရာက္ၿပီလား သားလည္းမနက္စာစားၿပီးတာနဲ႔သြားေတာ့မွာ "
" ေရာက္ၿပီသား အားက်န႔္ၿပီးရင္သြားလို႔ရၿပီ "
" ဟုတ္ႀကီးႀကီး "
ဘာစာၾကၫ့္တိုက္လဲ သူ႔လိုလူကစာၾကၫ့္တိုက္တဲ့အံ့ဩလို႔ !
ေရွာင္းက်န႔္လည္းႀကီးႀကီးျပင္ေပးတဲ့မနက္စာကိုစားၿပီးေတာ့အသင့္ေစာင့္ေနတဲ့ကားေပၚတတ္ၿပီးေက်ာင္းသို႔ထြက္လာခဲ့လိုက္သည္ ။
ေန့လည္ထမင္းစားခ်ိန္ေက်ာင္းဆင္းေတာ့လည္း ထမင္းစားတဲ့ေနရာမွာကိုငယ္တို႔အဖြဲ႔ကိုမေတြ့မိဘူး ။ ဖန္ရွင္းကိုမင္းဘဲႀကီးေရာလို႔ေမးေတာ့သူတို႔သူငယ္ခ်င္းတစ္ဖြဲ႔လံုးအျပင္ထြက္စားၾကတယ္တဲ့ ။
သူတို႔ကိုယ္သူတို႔တကၠသိုလ္ကေက်ာင္းသားေတြမ်ားမွတ္ေနၾကလားေတာ့မေျပာတတ္ !
ညေနေက်ာင္းဆင္းေတာ့လည္း စာေမးပြဲအတြက္သူ႔သူငယ္ခ်င္းစီနီယာယူဘင့္အိမ္စာလိုက္လုပ္အံုးမွာမို႔ေနာက္တစ္ေခါက္ျပန္လာႀကိဳဖို႔ဒရိုင္ဘာဦးေလးကိုမွာထားသည္တဲ့ေလ ။ သူလားစာကိုတမင္အခ်ိန္ေပးၿပီးလုပ္မွာ !
ဒီေန့တေနကုန္ေရွာင္းက်န႔္ဆိုတဲ့အေကာင္ေပါက္နဲ႔မေတြ့ရေသးဘူး ကိုယ္ကတမင္ေရွာင္ေနတာေပါ့ ။ သူကခါးခါးသီးသီးျဖစ္ေနမွေတာ့ကိုယ့္ဘက္ကလည္းေတြ့စရာဘာအေၾကာင္းမွမရိွ ။ ဒါေပမဲ့တမင္ေရွာင္ေနရတာေတာ့ပင္ပန္းတယ္ ။
တစ္ရက္ေလာက္ကေတာ့အေၾကာင္းျပခ်က္ေပးလို႔ေကာင္းေပမဲ့ေန့တိုင္းေတာ့အဆင္ေျပမွာမဟုတ္ ။ အခုေတာင္ကိုႀကီးကကုပၼဏီမွာအရမ္းအလုပ္ရႈပ္ေနလို႔ သူဒီလိုထမင္းအတူမစား ေက်ာင္းအတူမသြားဘဲေနလို႔ရတာ ။ ကိုႀကီးအရင္လိုပံုမွန္ျပန္ျဖစ္သြားရင္မနက္စာစားတဲ့အခ်ိန္ နဲ႔ ညစာစားတဲ့အခ်ိန္ဆိုဟိုတစ္ေယာက္နဲ႔ေတြ့ေနရအံုးမည္ ။
ကဲ ! ေနာင္ခါလာေနာင္ေဈးေပါ့ …